Chapter (60) - မုယောစပါး

6.6K 1.2K 25
                                    

Chapter (60) -  မုယောစပါး



ရှောင်ရှီး မျိုးနွယ်နှင့် ချင်းစန်းမျိုးနွယ်ကြားက အကွာအဝေးသည် ဝက်ဝံကြီးမျိုးနွယ်နှင့် ချင်းစန်း မျိုးနွယ်ကြားက အကွာဝေးထက် ပိုမိုနီးကပ်သော်လည်း ရက်တချို့သွားရဦးမည်ဖြစ်သည်။

 
ရှုန်းယယ် က ဒါတွေကို သိထားသည်။ ချင်းစန်းမျိုးနွယ်မှာ ရှိနေတဲ့ကျားကြီးမျိုးနွယ်က လူတွေက သူတို့နောက်ကို လိုက်လာမယ်ဆိုရင်တောင် ချက်ချင်းတော့ ရောက်မလာနိုင်သေးပေ။ ဒါကြောင့် သူတို့အဖွဲ့က စမ်းချောင်းမှာ ရေချိုးရင်းတစ်လက်စတည်း ကျိုးကျီစားဖို့အတွက် ငါးပါ ဖမ်းလိုက်တာဖြစ်သည်။

           လူသားပုံစံနဲ့ ငါးဖမ်းရတာ နည်းနည်းတော့ ခက်နေလို့ ရှုန်းယယ် က ချက်ချင်း ဝက်ဝံညိုလေး ဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ ငါးပေါင်းများစွာကို ဖမ်းမိသွားတယ်။

    ရှောင်ရှီး မျိုးနွယ်စုလို့ အမည်တွင်ရခြင်းမှာ သူတို့မျိုးနွယ်စုသည် စမ်းချောင်းနားတွင် တည်ရှိပြီး ချောင်းထဲတွင် ငါးအနည်းငယ်သာ ရှိနေသောကြောင့် ဖြစ်သည်။

ရှောင်ရှီး မျိုးနွယ်စုမှလူများသည် ငါးဖမ်းလေ့ရှိသော်လည်း အများစုမှာ ငါးမျှားခြင်းမပြုကြပေ။ ရှုန်းယယ် သည် ငါးများကို အလွယ်တကူဖမ်းနိုင်သည်ကို မြင်သောအခါ သူတို့အားလုံး သဘောကျသွားကြသည်။

    ရှုန်းချီက ဒါကိုမြင်တော့ မချီးကျူးပဲ မနေပေ။

  " ရှုန်းယယ် ....မင်း ငါးဖမ်းတဲ့အမြန်နှုန်းက တကယ်ကို မြန်လိုက်တာ၊  တကယ်ပဲ မင်းအရမ်းကို အစွမ်းထက်လွန်းတယ်၊ ဟူထျောက်က မင်းကို သတ်ပစ်ချင်ခဲ့ပေမယ့် သူ့မျက်ခွက်ကို တစ်ချက်လောက် ဖြတ်ရိုက်ပြီး သတ်ပစ်လိုက်နိုင်တယ် "
 
 ရှုန်းယယ် က ကျားကြီးမျိုးနွယ်ကို ချုံခိုတိုက်ခိုက်မယ်လို့ ထင်ထားပေမယ့် ရှုန်းယယ် က ချုံခိုမတိုက်ပဲ ရှောင်ရှီး မျိုးနွယ်က လူတွေအကုန်ကို သိမ်းကျုံးခေါ်ပြီး ပြန်လာခဲ့သည်။
 

    ယခင်တစ်ခေါက်က သူတို့ ဆားလဲလှယ်ဖို့ လာခဲ့စဉ်က ကျားကြီးမျုးနွယ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး သူတို့ဘက်က သေကြေဒဏ်ရာရခဲ့တာကို ပြန်တွေးရင် ရင်နာလာခဲ့သည်။ သူတို့ အရင်တခါလာခဲ့စဉ်က   အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခြင်းခံခဲ့ရကာ လူတွေလည်း စိတ်ဓာတ်ကျကာ မောပန်းနွမ်းနယ်ခဲ့ရသည်။

    "ဒါဟာ တကယ်ကို အံ့သြစရာကောင်းတယ်။"

ပေါင်ချိန်သည် ရှုန်းယယ် နှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် စိတ်ဝင်စားလာခဲ့သည်။ ရှုန်းချီ ၏စကားကို ကြားတော့ ရှုန်းယယ် ကို ချက်ချင်းချီးကျူးလိုက်ပြီး ပြောခဲ့သည်။


 " ရှုန်းယယ်  ....  ဒါက ငါတို့မျိုးနွယ်ထဲမှာ အလှပဆုံးမိန်းမပဲ၊ သူက မင်းကို အစေခံအဖြစ် ပြုစုပေးလိမ့်မယ်!"

    ပေါင်ချိန် ညွှန်ပြသော အမျိုးသမီးသည် တကယ်ကို လှပပါပေသည်။
ကျားကြီးမျိုးနွယ်က သူတို့မျိုးနွယ်ကို သိမ်းပိုက်ပြီးနောက်တွင်ပင် သူမသည် အခက်အခဲအနည်းငယ်ကို ခံစားခဲ့ရသော်လည်း သူမက  လှပနေဆဲဖြစ်သည်။ ထိုအချိန်တွင် သူမသည် စမ်းချောင်းထဲတွင် ရပ်ကာ ရေချိုးနေပြီး အရပ်ရှည်သွယ်သွယ်နှင့် ကြည့်ကောင်းလှသည်။ သူမ ရေချိုးနေသည်ကို  ထိုနေရာရှိ အမျိုးသားအများအပြားက စူးစိုက်စွာ  ကြည့်နေကြသည် ။

    ဒါပေမယ့် ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူး။ ထိုအမျိုးသမီး၏ သားရဲပုံသဏ္ဍာန်မှာ ကျားသစ်ဖြစ်သည်။ သူမသည် ကျားကြီးမျိုးနွယ်စု နှင့် တိုက်ခိုက်သောအခါတွင် သူမသည် ပထမဆုံး အပြင်ထွက်ကာ တိုက်ခိုက်ပေးခဲ့သည်။ ထိုအချိန်တွင် ကျားကြီးမျိုးနွယ်က လူတွေက သူတို့ရဲ့ သားရဲပုံစံကို အပြောင်းရသေးခင် သူမ သတ်ဖြတ်တာကို ခံခဲ့ရသည်။

 
    ဒါတောင်  တိုက်ပွဲမဖြစ်ခင် သူမရဲ့ ဘယ်ဘက်ရင်ဘတ်မှာ ဒဏ်ရာတစ်ခု ရထားပြီးခဲ့တာဖြစ်သည်။
 

    "ဟင့်အင်း..." ရှုန်းယယ်က ချက်ချင်းဖြေခဲ့သည်။
 

    " ရှုန်းယယ် မှာ မိတ်ဖက် ရှိပြီးနေပြီ ။" ရှုန်းချီက ပြောခဲ့သည်။
 

    "မိတ်ဖက်လား?" ပေါင်ချိန်က အံ့ဩသွားသည်။

    " ရှုန်းယယ် နဲ့ကျိုးကျီတို့က သားရဲနတ်ဘုရားရှေ့မှာ သက်သေထားပြီး တစ်သက်တာ လက်တွဲဖော် မိတ်ဖက်ပြုပြီးသွားခဲ့ပြီ။ သူတို့နှစ်ယောက်က  သေတပန် သက်တဆုံး ထာဝရ အတူတူနေသွားကြလိမ့်မယ်  "
ရှုန်းချီက ရှင်းပြခဲ့သည်။

 "ဒီလိုမျိုးရှိတာလား?" ပေါင်ချိန်က အံ့သြသွားသည်။

    "မင်းတို့ မျိုးနွယ်ထဲမှာ ဒီလိုမျိုး မရှိဘူးလား။" ရှုန်းချီ က မေးတယ်။

ရှောင်ရှီး မျိုးနွယ်တွင် ထိုသို့သော အရာမျိုး မရှိပေ။ သူတို့ဆီမှာ ဘုန်းကြီးပင် မရှိပါ။

    ရှုန်းချီ သည် သူတို့နှင့် စကားပြောနေခဲ့ပြီး ရုတ်ချည်း ဝက်ဝံကြီးမျိုးနွယ်က သာလွန်သော ခံစားချက်ကို ရလာသည်။

   ပြီးတော့ ရှောင်ရှီး မျိုးနွယ်က လက်တွဲဖော်အကြောင်းကို နားမလည်ဘူး၊ ပေါင်ချိန်  မိတ်ဆက်ပေးတဲ့ အမျိုးသမီးက ရှုန်းယယ် ကို ပြောခဲ့သည်။

"ငါ မင်းရဲ့ လက်တွဲဖော် မဖြစ်ချင်ဘူး၊ ငါ မင်းနဲ့ ကလေးယူချင်တယ်၊ မရဘူးလား?"

    "မဟုတ်ဘူး၊ ငါ့မှာ လက်တွဲဖော်ရှိတယ်။" ရှုန်းယယ် မဆိုင်းမတွပြောလိုက်သည်။

    ပေါင်ယွီ ဟုခေါ်သော အမျိုးသမီးသည် ရှုန်းယယ် က သဘောမတူသည်ကို မြင်လိုက်ရပြီးနောက် ပြောခဲ့သည်။

 "ကောင်းပြီ... မင်းရဲ့လက်တွဲဖော်က အရမ်းလှတဲ့ မိန်းမဖြစ်ရမယ်"


       ရှုန်းယယ် က စကား ဆက်မပြောဘဲ စမ်းချောင်းထဲမှ ထွက်လာတဲ့အခါ တိရစ္ဆာန်သားရေ ခါးဝတ်ကို ပြန် ဝတ်ထားပြီး ပြောခဲ့သည်။

 "ငါ့အဖော်ကို ရှာလိုက်ဦးမယ်" လို့ ပြောခဲ့တယ်။

ရှုန်းယယ် နဲ့ သူ့အဖွဲ့ဟာ ကျိုးကျီ နဲ့ တခြားသူတွေ စောင့်နေတဲ့နေရာကို ရောက်တဲ့အခါ နျိုအာ နဲ့ တခြားသူတွေက စိတ်အားထက်သန်စွာ ဆုတောင်းနေကြဆဲဖြစ်ပြီး တစ်စုံတစ်ယောက်ရောက်လာတာကို တွေ့လိုက်တာကြောင့် အရင်ဆုံး ရပ်ကာ အသင့်အနေထားဖြင့် စောင့်ကြိုနေကြသည်။

 သူတို့အဖွဲ့ က ရှုန်းယယ်   ရဲ့အသံကိုကြားတော့ ထခုန်လိုက်ကြပေမယ့် အကြာကြီး ထိုင်ပြီး ဆုတောင်းနေခဲ့လို့ ခြေထောက်ထုံကျင်ပြီး လဲကျသွားပြန်တယ်။.

 

    ရှုန်းယယ် က မကြာခင် သူတို့ဆီ ရောက်လာတယ်။

      "ကျိုးကျီ.... ငါ မင်းအတွက် ငါးဖမ်းလာလခဲ့တယ်" ရှုန်းယယ်  က တက်ကြွစွာ ပြောခဲ့သည်။

  "ဘာလို့ ဒီလောက်ကြာနေတာလဲ" ကျိုးကျီ က မေးသည်။

    "တစ်ခုခုလုပ်နေလို့.." ရှုန်းယယ် အနည်းငယ် ဂုဏ်ယူစွာဖြေခဲ့သည်။

    "ကျိုးကျီ... ရှုန်းယယ် က ငါတို့ကိုခေါ်သွားပြီး ကျားကြီးမျိုးနွယ်ထဲက လူတွေကို သတ်လိုက်တယ်... ရှုန်းယယ် က တကယ်ကို အံ့သြစရာကောင်းတဲ့ကောင်ပဲ!"

ရှုန်းချီက ကျိုးကျီရှေ့မှာ ရှုန်းယယ်ကို အမြန်ချီးကျူးလိုက်သည်။  မူလက ဒီအကြောင်းကို ကျိုးကျီကို ကိုယ်တိုင်ပြောပြချင်နေတဲ့ ရှုန်းယယ် ခမျာ ဆွံ့အသွားခဲ့သည်။

ရှုန်းယယ်  -  "..."

    "မင်းလည်း ဝက်ဝံကြီးမျိုးနွယ်ထဲက လူလား" ပေါင်ချန် က မေးခဲ့သည်။

    "ဟုတ်တယ်။" ကျိုးကျီက ပေါင်ချိန် နှင့် အခြားသူများကို ကြည့်လိုက်သည်။

    ရှုန်းယယ် ခေါ်သွားသည့် ဆားအသင်းက လူတွေက တိုက်ခိုက်ရေးတွင် အလွန်အားကောင်းကြသည်။ လူအများအပြား ဒဏ်ရာရရှိခဲ့သော်လည်း သူတို့ ဒဏ်ရာမှာ မပြင်းထန်ကြပေ။ ဒါပေမယ့် ရှောင်ရှီး မျိုးနွယ်စုမှလူများသည် ဒဏ်ရာအဟောင်းပေါ်မှာ ဒဏ်ရာ အသစ်ထပ်ရလာကြသည်။
  ဒဏ်ရာအနည်းအများရှိပြီး သူတို့ထဲမှ အချို့သည် တိုက်ပွဲအပြီးတွင် ဆုံးပါးကုန်ကြသည်။
      ဒီအခြေအနေတွေ အားလုံးပြီးသွားတော့ ဒီလူတွေက ရေချိုးဖို့ တကယ်သွားကြတယ် ဟုတ်လား။ အနာပိုးဝင်မှာကြောက်လို့လား....

     "ဒီတစ်ခါတော့ ငါ မင်းကို တကယ်ကျေးဇူးတင်ပါတယ်။ မင်းကြောင့်သာ မဟုတ်ရင် ငါတို့ ရှောင်ရှီး မျိုးနွယ်က ဘယ်သူမှ အသက်မရှင်နိုင်ဘူး" ပေါင်ချန်က ဉာဏ်အလင်းရလာပြီး ကျေးဇူးတင်စကားဆိုခဲ့သည်။

   ကျိုးကျီ -   "ဒါက ရှုန်းယယ် ကလုပ်ပေးတာပါ။ ရှုန်းယယ်ကို  ကျေးဇူးတင်ရမယ်။။ ဒါနဲ့ ခင်ဗျားရဲ့ ဒဏ်ရာတွေကို ပတ်တီးစည်းထားတာ ပိုကောင်းမယ်"

     "ပတ်တီးဟုတ်လား။အဲ့ဒါ ဘာလဲ?" ရှောင်ရှီး မျိုးနွယ်စုက လူတွေ အံ့သြနေကြတယ်။

     "ဒါတွေက ဆေးဖက်ဝင်အပင်တွေကို  အနာပေါ်မှာ လိမ်းထားပြီး အဝတ်ပတ်ထားတာကို ပြောတာ။"

     "အပင်တွေကို လိမ်းတာလား ?" ရှောင်ရှီးမျိုးနွယ်စုမှလူများသည် ပို၍ပင် ပဟေဋိဖြစ်နေကြသည်။

     ကျိုးကျီ သည် ဒီမျိုးနွယ်သည် ဝက်ဝံကြီးမျိုးနွယ်ထက် ပို၍ ရှေးကျသည့် မျိုးနွယ်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ပြတ်ပြတ်သားသားပြောရလျှင် ဝက်ဝံကြီးမျိုးနွယ်သည် လွန်ခဲ့သောနှစ်များစွာက ဘုန်းကြီးတစ်ပါးသာ မပိုင်ဆိုင်ခဲ့ဘူးဆိုရင်  သူတို့၏ဘဝသည် ယခုထက်ပင် ဆိုးရွားနေမည်မှာ သေချာပါသည်။

ဘုန်းကြီးအိုကြီးက သိပ်မသိပေမယ့် ဒီနေရာကလူတွေထက် ဗဟုသုတ ပိုစုံလင်သည်။
 

    ကျိုးကျီ သည် ဆေးဖက်ဝင်အပင်တချို့ကိုထုတ်ပြီး ပေးကာ ရှောင်ရှီး မျိုးနွယ်စုမှလူများကို ဝါးပြီး အနာပေါ်တင်ကာအုံထားစေသည်။ ပြီးတော့ သူက  အိုးတစ်လုံးကိုယူကာ ဆေးဖက်ဝင်အပင်တချို့ကို ကြိုကာ ဒဏ်ရာရသူကို ပန်းကန်လုံးတစ်လုံးစီ သောက်စေခဲ့သည်။

    သူ ပြုတ်လိုက်တဲ့ပစ္စည်းတွေက အဆိပ်ရှိပုံပေါ်ပေမယ့် ရှောင်ရှီးမျိုးနွယ်စုက လူတွေဟာ ဝက်ဝံကြီး မျိုးနွယ်စုက လူတွေအပေါ် ယုံမှားသံသယ မရှိကြတဲ့အတွက် အားလုံးက ဆေးကို တခါတည်း မော့သောက်လိုက်သြကသည်။

 ဒါပေမယ့် ဆေးအရသာကြောင့် အားလုံး မျက်မှောင်ကြုတ်မိကြသည်။

 ကျိုးကျီသည် အားလုံးတိတ်ဆိတ်စွာ နားနေချိန်မှာ အိုးထဲ ဆီထည့်ကာ ငါးစွပ်ပြုတ်ချက်ဖို့ ငါးကို အရင်ကြော်လိုက်သည်။ ပြီးတော့ လူတိုင်းက   သူတို့ကိုယ်သူတို့ ပူပူနွေးနွေးလေးဖြစ်အောင် ဟင်းချိုတစ်ပန်းကန် စီ ဝေပေးလိုက်သည်။
 

    "ဒါက မင်းအတွက်ပဲ၊ မင်း ပိုစားရမယ်။" ရှုန်းယယ် က ပြောပြီး အကြီးဆုံးငါးတုံးကို ကျိုးကျီ၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
 

    ရှုန်းယယ် သည် ကျိုးကျီကို လုံးဝ အာရုံစိုက်ကာ ကျွေးမွေးနေသည်။ ပေါင်ချိန်က ကျိုးကျီ၏ပုံစံကို သေချာအကဲခတ်ပြီး ရှုန်းချီကိုမေးလိုက်သည်။
  "ဒီကျိုးကျီဆိုတဲ့ တစ်ယောက်က မင်းတို့ မျိုးနွယ်ထဲမှာ သန်မာတဲ့လူလား"

    တစ်ချိန်တည်းမှာပင် ပေါင်ယွီက  ငါးစွပ်ပြုတ်သောက်ရင်း ပြောလိုက်သည်။

 "ဒီလိုလို အရသာရှိတဲ့ငါးကို တစ်ခါမှ မစားဖူးဘူး၊ မင်းက ကြည့်လို့ အရမ်းကောင်းတယ်... ငါ မင်းနဲ့ ကလေးယူချင်တယ်"

    ရှောင်ရှီးမျိုးနွယ်စုမှ လူများသည် ဝက်ဝံကြီးမျိုးနွယ်က လူတွေ နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ပေါင်ယွီက သူတို့နှင့် ပိုရင်းနှီးချင်သည်။ ရှုန်းယယ်နှင့် ကလေးမယူနိုင်ရင် ရှုန်းယယ်ထက်   ပိုအစွမ်းထက်ပုံရတဲ့ ကျိုးကျီ ကို ရွေးချယ်ခွင့်ရနိုင်သေးတယ်လေ။
 

   ရှုန်းယယ် -  "..."

ရှုန်းယယ်က ပေါင်ယွီ၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။

"ဒါက ငါ့လက်တွဲဖော်ပဲ"

    ပေါင်ယွီ၏မျက်နှာမှာ အံ့သြသွားသည်။

ရှောင်ရှီး မျိုးနွယ်က လူတွေက ဝက်ဝံကြီးမျိုးနွယ်က လူတွေထက်ကို ပိုဖြူစင်ကာ တုံးအကြသည်။   ယောကျာ်း နှစ်ယောက် ဘယ်လိုအတူနေနိုင်မလဲဆိုတာ နားမလည်နိုင်ဘူးဖြစ်နေသည်။

ယောကျာ်း နှစ်ယောက် အတူတူနေလို့ရလား ။ သူတို့ ကလေးမရနိုင်ဘူး မဟုတ်လား? မင်းတို့ အချင်းချင်း ဘာလို့တွဲနေတာလဲ။

    ကျိုးကျီ သည် သူတို့၏ အမူအရာများကို ကြည့်ပြီး မရယ်ပဲ မနေနိုင်တော့ပေ။

    ဒီနေရာက လူတွေက အစားအသောက်နဲ့ အဝတ်အစားအတွက်  ရုန်းကန်နေကြရတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို စဉ်းစားမှာ မဟုတ်ပါဘူး။ တခြားသူတွေနဲ့ ယှဉ်လိုက်ရင် ရှုန်းယယ် က လုံးဝကို အံ့သြစရာကောင်းနေတယ်။

    ဒါကို သူ သဘောကျတယ်။

    ငါးဟင်းချိုနှင့် အခြားအရာများကို စားပြီးနောက် ကျိုးကျီ က ဒဏ်ရာရသူ အနည်းငယ်ကို ညွှန်ပြကာ အခြားသူများကို သယ်သွားခိုင်းပြီး အားလုံးအတူတူ ခရီးဆက်လက် ထွက်ခွာလာကြသည်။

    သူတို့သည် ဝက်ဝံကြီးမျိုးနွယ်စု သို့ အမြန်ပြန်ရမည်။

    ဆားအသင်းမှာ ဒဏ်ရာရသူတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ မပျော်ကြဘူး။ ထို့အပြင် ရှုန်းယယ် နှင့် စကားပြောချင်သေးသည်။ ကျိုးကျီ သည် ရှုန်းယယ် ၏နောက်ကျောပေါ်ကနေ  မစီးဘဲ ရှုန်းယယ် နှင့်အတူ လမ်းလျှောက်လာခဲ့သည်။

    ရှုန်းယယ် က ကျိုးကျီကို ကျောပေါ် သယ်ရတာ ကြိုက်ပြီး ကျိုးကျီနဲ့ စကားပြောရတာ ပို ကြိုက်တယ်။ လမ်းလျှောက်လာတဲ့အခါ သူတို့ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့သည်။

 "ကျားကြီးမျိုးနွယ်က ငါတို့ကို တိုက်ခိုက်ချင်နေတာ။ ဘာလို့ ဒီလိုလုပ်ချင်ရတာလဲ"

    ကျိုးကျီ - "အစားစာကို လုယူချင်လို့ ဖြစ်မယ်။"  

   ရှုန်းယယ်-  "ဒါဆို ဘာလို့ သူတို့ဖာသာ လိုက်မရှာဘဲ တခြားမျိုးနွယ်စုတွေကို တိုက်ခိုက်ချင်တာလဲ"  

   ကျိုးကျီ -  "အခြားမျိုးနွယ်စုတွေကို လုယက်တာက  စားသောက်ဖို့အပြင် တခြားအကျိုးကျေးဇူးတွေလည်း ရှိနိုင်တယ်။"

ကျိုးကျီက ဝက်ဝံကြီးမျိုးနွယ်နှင့် ရှောင်ရှီး မျိုးနွယ်က မျိုးနွယ်စုငယ်များကို သိမ်းယူကာ ကျွန်ပြုတာ မရှိသေးပေမယ့် ကျားကြီးမျိုးနွယ်က ထိုကျွန်စနစ်ကို စတင် ကျင့်သုံးနေတာဖြစ်နိုင်သည်။သူတို့က မျိုးနွယ်စုငယ်တွေကို တိုက်ခိုက် သိမ်းပိုက်ပြီး ကျွန်ပြုကာ ခိုင်းစေကြသည်။

 
    မဟုတ်ရင် ရှောင်ရှီး မျိုးနွယ်စုထဲက လူငယ်တွေကို  ထိန်းသိမ်းထားတဲ့ သူတို့ရဲ့  အပြုအမူကို ဘယ်လို ရှင်းပြမလဲ။
 
ကျိုးကျီက အချိန်မတို်င်ခင် ဒီအကြောင်းရာကို    မျိုးနွယ်စုကလူတွေကို  ပြောဖို့ ပျင်းနေခဲ့ တယ်။

    ထိုအချိန်တွင် သူသည် အပြင်ဘက်ရှိ မျိုးနွယ်စုများကို နားမလည်သဖြင့် မျိုးနွယ်စုရှိလူများသည်လည်း ဒီလောက်   သိရန်မလိုအပ်ဟု ခံစားခဲ့ရသည်။ ဒုတိယအချက်မှာ ထိုအချိန်က သူသည် မျိုးနွယ်စုရှိလူများနှင့် တရင်းတနှီး မဆက်ဆံခဲ့ပေ။

    ယခုမူ ဝက်ဝံကြီးမျိုးနွယ်က လူတွေ နှင့် သူ၏ဆက်ဆံရေးသည် ပိုမိုနီးကပ်လာကာ ခွဲမရနိုင်တော့ပေ။

    "ကျိုးကျီ....သူတို့ဟာ ကျားကြီးမျိုးနွယ်က ဆိုတာ ဘယ်လိုသိတာလဲ" ရှုန်းယယ် က မေးသည်။

    "ငါသိတယ်။" ကျိုးကျီ က ရယ်မောပြီးပြောလိုက်သည်။ "သူတို့ရဲ့ အမူအရာတွေက တော်တော်သိသာပါတယ်"

    ကျိုးကျီ က သူ့ရဲ့ သုံးသပ်ချက်အကြောင်း အတိုချုံးပြောခဲ့ပါတယ်။

    ရှုန်းယယ် က ရင်ထဲကလာတဲ့ စကားတစ်ခွန်းကိုပြောခဲ့သည်။

 "မင်းက အရမ်းဉာဏ်ကောင်းတာပဲ! သားရဲနတ်ဘုရားက မင်းလို ကောင်းတဲ့လူကို ငါ့ဆီကို လက်ဆောင်ပေးခဲ့တာပဲ"  

    သားရဲ နတ်ဘုရားကို မယုံသော်လည်း ယခုတော့ ကျိုးကျီက ဘာမှ မပြောနိုင်တော့ပေ။   သားရဲနတ်ဘုရားသခင်ခမျာ သူ မလုပ်တဲ့ အလုပ်တွေအတွက် အထင်ကြီးခံနေရလို့ အတော်လေးကို  တုန်လှုပ်ချောက်ချားနေနိုင်သည်။ ကျိုးကျ၊ီက သားရဲနတ်ဘုရားကို အတော်လေး ကိုယ်ချင်းစာမိပါသည်။
 

    တစ်ရက်လောက် အလျင်စလို လျှောက်လာပြီးရင် စခန်းချဖို့ သူတို့  နေရာရှာကြတယ်။

ရှောင်ရှီးမျိုးနွယ်စုမှ လူများသည် အလွန်ပင်ပန်းနေကြသည်။ ထိုနေရာသို့ရောက်သောအခါ လူအချို့သည် လဲလျောင်းပြီး အိပ်နေကြသည်။ ဝက်ဝံကြီးမျိုးနွယ်စုသည် တဲတစ်ခုတည်ဆောက်ရန်အတွက် သစ်သားချောင်းနှင့် ဒိုင်နိုဆောအရေခွံကို အသုံးပြုခဲ့သည်။

    အချို့သော ဒိုင်နိုဆောအရေခွံများသည် အလွန်ကြီးမားပြီး အရေခွံအပိုင်းအစတစ်ခုသည် ရွက်ဖျင်တဲများဖြစ်အောင် ပြုလုပ်နိုင်ပြီး ရေစိုခံနိုင်မည်ဖြစ်သည်။ တကယ်အလုပ်ဖြစ်တာပဲဟု ရှောင်ရှီးမျိုးနွယ်က တွေးနေသည်။

         ရှောင်ရှီး မျိုးနွယ်စုမှလူများသည် မနာလိုစရာ အခြေနေများစွာကို မြင်တွေ့ခဲ့ရပြီး ဝက်ဝံကြီးမျိုးနွယ်သည် အလွန်အစွမ်းထက်ပုံပေါက်သည်ဟု ထင်သည်။ မြေတွင်းတူးပြီး တဲဆောက်ဖို့လည်း သိထားပေမယ့် သူတို့ ထွက်လာတဲ့ အခါမှာတော့ ဘာမှ မပါလာခဲ့ကြပေ။
 

ကျိုးကျီ သည် မပင်ပန်းဘဲ ရှုန်းယယ် ကို အသားကင်ပေးကာ ရှုန်းယယ် အတွက် ပျားရည်တစ်ပန်းကန်ကိုလည်း ထုတ်ပေးခဲ့သည်။

 
    ရှုန်းယယ် အရမ်းပျော်နေပြီး ပျားရည်ကိုသောက်နေရင်း  ရုတ်တရက် တစ်ခုခုကို တွေးမိတယ်။

 "ကျိုးကျီ.... ငါ မင်းကို ပေးစရာတစ်ခုရှိတယ်!"

   ရှုန်းယယ် က ရှောင်ရှီးမျိုးနွယ်စုက ရခဲ့သည့် မျိုးစေ့တစ်ထုပ်ကို  ယူလိုက်သည်။ အရင်က ကျိုးကျီကို တွေ့တာနဲ့ ပေးဖို့ စိတ်ကူးထားပေမယ့် ငါးဖမ်းနေတာနဲ့ ပေးဖို့ မေ့သွားခဲ့သည်။
 

     ရှုန်းယယ် က တိရိစ္ဆာန်အရေခွံအိတ်ကိုဖွင့်လိုက်ပြီးပြောခဲ့သည်။

 "ကျိုး....ဒါက စားလို့ရတယ်တဲ့၊ မင်းကြိုက်လား၊ မကြိုက်ဘူးလား"

           ကျိုးကျီသည် ရှုန်းယယ် နဲ့ တခြားသူတွေ ယူလာတဲ့ အိတ်လေးကို ဂရုမစိုက်ဘူး။ အခု ရှုန်းယယ် က ဖွင့်ပေးပြီး ကမ်းပေးလိုက်ချန်မှာ ကြည့်လိုက်တော့ သူ အံ့သြသွားတယ်။

     ဒီအိတ်က မုယောစပါးတွေနဲ့ ပြည့်နေတယ်။

     ကျိုးကျီ က အံ့သြသွားပြီး ပေါင်ချိန် ရဲ့ သက်ပြင်းချသံကိုကြားလိုက်ရသည်။

"ဒါက စားလို့ရပေမယ့် အရသာတော့ မကောင်းဘူး။ ဝါးရတာ ခက်တယ်၊ များများစားလို့ အဆင်မပြေဘူး"

      ဒီလူတွေက ဒီစပါးကို တခါတည်း ပါးစပ်ထဲ ထည့်ကာ ဝါးစားကြတာလား ?

*-****

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now