Chapter (164-1) _ Extra-3 - ခမ်းနားထည်ဝါသည့် အိမ်အပြန်ခရီး

4.7K 815 5
                                    

Chapter (164-1) _   Extra-3 -  ခမ်းနားထည်ဝါသည့် အိမ်အပြန်ခရီး


ရှုန်းယယ်  နဲ့ ကျိုးကျီ  ပြန်ရောက်ပြီလား။

ဘုန်းကြီးက သူတို့နှစ်ယောက်ကို အကြာကြီးစောင့်နေခဲ့ပြီး သတင်းကြားတာနဲ့ နှစ်ခါ မစဉ်းစားပဲ အပြင်ကိုပြေးထွက်လာခဲ့သည်။  တောင်တန်းဝံပုလွေမျိုးနွယ် က သူ့ကို မချေမငံတွေပြောနေလို့ ဘုန်းတော်ကြီး က စိတ်ဆိုးပြီး   အဲဒီအနွယ်ထဲက လူတွေနဲ့ လုံးဝ စကားမပြောချင်တော့ဘူး။

ဘုန်းတော်ကြီးက  အလွန်လျင်မြန်စွာ ပြေးထွက်သွားလို့ သူ့ကို မတားဆီးနိုင်ပဲကျန်ရစ် သော တောင်တန်းဝံပုလွေမျိုးနွယ်စုမှ လူများက အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ တောင်တန်းဝံပုလွေမျိုးနွယ်က မူလက ကျားကြီးမျိုးနွယ်ထက်   သေးငယ်သော မျိုးနွယ်စု ကြီးဖြစ်သည်။ အသားရေ မည်းမှောင်သော အဆီဖုံးသော လူငယ် ပြောခဲ့သည့် အတိုင်း   သူ၏ဖခင်၊ တောင်တန်းဝံပုလွေမျိုးနွယ်စု၏ မျိုးနွယ်စုအကြီးအဖြစ်ပြီး  အဆင့်မြင့် သားရဲစစ်သည်တော်ဖြစ်သည်။

တောင်ဝံပုလွေမျိုးနွယ်စု၏ မျိုးနွယ်စုအကြီးအကဲကို ရှီရှုးဟုခေါ်သည်။ သို့သော် သူသည်  အလက်မိုတယ်ရီယမ် ချိုတစ်ချေင်း ကြံ့ အစား ဖြစ်ခဲ့သည်။ အလက်မိုတယ်ရီယမ် ချိုတစ်ချေင်း ကြံ့သည် ပခုံးအမြင့် ၃ မီတာခွဲအထိရှိသော ကြံ့အမျိုးအစားဖြစ်သည်။ သူတို့၏ကိုယ်ထည်အလျားသည် ရှစ်မီတာအထိရှည်ပြီး အလေးချိန် ရှစ်တန်အထိရှိသည်။ သူတို့ နဖူးမှာ အရှည်နှစ်မီတာအထိ ပေါက်နိုင်တဲ့ ဦးချိုရှည်ကြီးလည်း ရှိတယ်။

ဒီလိုမျိုးစိတ်က ကုန်းပေါ်က သာမန်နို့တိုက်သတ္တဝါများထက် အနည်းငယ်သေးငယ် သော်လည်း ရှီရှုးသည်  အဆင့်မြင့်် သားရဲစစ်သည်တော် ပီသစွာ  သူသည် ဒိုင်နိုဆောများ ထက်လည်း ကြီးမားပြီး သူ၏တိရစ္ဆာန်ပုံစံမှာ သာမန်ထက် များစွာကြီးမားသည်။

ရှီရှုးသည် မူလက တောင်တန်းဝံပုလွေ မျိုးနွယ်မှ မဟုတ်ဘဲ သားရဲလူသား ကုန်းမြေမှ ဖြစ်သည်။ တောရိုင်းမြေထဲရောက်ပြီးနောက် လှည့်လည်သွားလာကာ တစ်ယောက်တည်း နေထိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နှင်းတောင်ကြီးအနီးသို့ မတော်တဆ ရောက်လာခဲ့ သည်။ နှင်းတောင်ကြီးပေါ်ရှိ တောင်တန်းဝံပုလွေ မျိုးနွယ်စုမှ လူများနှင့် ထိတွေ့ခဲ့ပြီး ယခင် တောင်တန်းဝံပုလွေ မှ မျိုးနွယ်စုအကြီးအကဲ၏   သမီးကို စတင်သဘောကျလာကာ တောင်တန်းဝံပုလွေမျိုးနွယ်သို့ ဝင်ရောက်ခဲ့သည်။

အစပိုင်းမှာတော့ ကျားကြီးမျိုးနွယ်မှ မာရှောင်ဟာ ဝက်ဝံကြီး မျိုးနွယ်ကိုလာရောက် စူးစမ်းပြီး အချက်အလက်တွေ ထပ်မံစုဆောင်းဖို့ ကြိုးစားတဲ့အခါ သူက နှင်းတောင်တန်း  က ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သို့သော်လည်း သူ လုပ်ကြံဖန်တီးထားတဲ့ နှင်းတောင်တန်း က တကယ့် တောင်တန်း ဝံပုလွေမျိုးနွယ်စုက အခု ဝက်ဝံကြီးတွေဆီ ရောက်လာခဲ့သည်။

သို့သော် ထိုလူငယ်ဖက်တီး၏ စကားများတွင် လွဲမှားမှုအချို့ ရှိခဲ့သည်။ ဥပမာအားဖြင့်၊ သူတို့သည် ဝက်ဝံကြီး မျိုးနွယ်  နှင့် မည်မျှဝေးသည်ဟူသော အမှန်တရားကို မပြောခဲ့ကြပေ—- နှင်းတောင်ကြီးမှ ဝက်ဝံကြီး မျိုးနွယ်  သို့ ခရီးထွက်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူခဲ့ရသည်။

ရှီရှုးက မြေအိုးလိုချင်တဲ့အတွက်ကြောင့်သာ မဟုတ်ရင်   ဒီအချိန် သူတို့ဒီကို လုံးဝ  မရောက်ဖူးလောက်ဘူး။

မည်းမှောင်သော အဆီတွေနဲ့ ဖက်တီးကောင်ကို လန့်ရှား  ဟုခေါ်သည်။ သူသည် ရှီရှုး၏ အကြီးဆုံးသားဖြစ်သည်။ သူ့တွင် အစွမ်းထက်သော ဖခင်တစ်ဦးရှိသော်လည်း၊ သူ့ဖခင်၏ တိရစ္ဆာန်ပုံစံကို အမွေဆက်ခံခြင်းမရှိခဲ့ဘဲ၊ သူ၏တိရစ္ဆာန်ပုံစံမှာ ဝံပုလွေဖြစ်သည်။

ဟုတ်တာပေါ့...သူ့အဖေရဲ့ဂရုစိုက်မှုကြောင့် သူ့တိရစ္ဆာန်ပုံစံက အတော်လေးကြီး နေတယ်ဆိုတာ  ငြင်းလို့မရပါဘူး။ လန့်ရှား  ၏ တိရစ္ဆာန်ပုံစံမှာ (Kenai Peninsula Wolf ) ကန်နိုင်း ပန်နီဆူလာ ဝံပုလွေ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အလျားက ပခုံးနားတွင် တစ်မီတာ မြင့်ပြီး အလေးချိန်မှာ ကီလိုဂရမ်တစ်ရာအထိ ရှိနိုင်သည်။ သူက  ဝံပုလွေ မျိုးကွဲများ ထဲတွင် အကြီးဆုံးဖြစ်ပြီး သူနဲ့ လိုက်ဖက်နိုင်သော ဝံပုလွေ အမျိုးအစားမှာ လန်းယင်၏ တိရစ္ဆာန်ပုံစံဖြစ်သည့် အာတိတ်ဝံပုလွေဖြစ်သည်။

သို့ရာတွင်၊ လူတစ်ဦး၏ တိရစ္ဆာန်ပုံစံသည် သူတို့၏ တိုက်ခိုက်ရေးစွမ်းကို ကို အမြဲတမ်း ကိုယ်စားမပြုပေ။ အနည်းဆုံးတော့ လန့်ရှား  နဲ့ လန်ယင်း ရဲ့ တိုက်ခိုက်ရေးစွမ်းက သိပ်မကောင်းပေ။ သူတို့မှာ တစ်ဖက်လပ် ဝံပုလွေကဲ့သို့  တူညီတဲ့ ခွန်စွမ်းကို ရနိုင်လျှင်ပင်     သာမာန် မီးခိုးရောင်ဝံပုလွေ ဖြစ်တဲ့ တစ်ဖက်လပ်ဝံပုလွေရဲ့ ပြိုင်ဖက် မဖြစ်နိုင်ပေ။ တစ်ဖက်လုပ်ဝံပုလွေလက်ချက်ဖြင့် သူတို့နှစ်ယောက် အသာလေး အသတ်ခံရနိုင်သည်။

ရှီရှုးက သူ့သားအကြီးဆုံးက အားနည်းလွန်းပြီး သူ့ကို မျိုးနွယ်ထဲက နှင်ထုတ်လိုက်တာ ကြောင့် လန့်ရှား  က သူ့အနွယ်ကနေ ထွက်သွားခဲ့ရတယ်။ ပြင်ပကမ္ဘာမှာ ကိုယ့်အားကိုယ်ကိုးပြီး   တွေ့ကြုံ ခံစားပြီးနောက် သူ့သားရဲ့ခွန်အားကို မြှင့်တင်ပေး ချင်ခဲ့တယ်။

သို့သော် လန့်ရှား သည် လေ့ကျင့်ရန် မလိုလားပေ။ မျိုးနွယ်စုမှ ထွက်ခွာပြီးနောက်တွင် သူသည် သူ့နောက်သို့လိုက်ရန် သူ့မိခင်စေလွှတ်လိုက်သော လူများနောက်တွင် ပုန်းအောင်းနေပြီး မျိုးနွယ်စုကို ပြန်လာနိုင်မည့်နည်းလမ်းကို နေ့တိုင်းစဉ်းစားနေခဲ့သည်။

သူက အပြင်ကမ္ဘာကြီးကို တွေ့ကြုံခံစားရင်း  ဝက်ဝံကြီးမျိုးနွယ်မှာ အိုးခွက်တွေ ရှိတယ်ဆိုတာ အမှတ်မထင် သိလိုက်ရတယ်။ ဖခင်သည် မြေအိုးကို နှစ်သက်ကြောင်း သိသဖြင့် ဝက်ဝံကြီးမျိုးနွယ်မှ အိုးခွက်များကို ရယူပြီး မျိုးနွယ်သို့ ပြန်ခွင့်ရရန် ဖခင်အား လဘ်ထိုးရန် ကြိုးပမ်းခဲ့သည်။
 
ဒါပေမယ့် လက်ရှိအခြေနေမှာတော့.......

ဝက်ဝံကြီးမျိုးနွယ်က ဘုန်းတော်ကြီးက သူတို့ကိုမြင်ပေမယ့် ဂရုမစိုက်ပဲ နောက်လှည့်ပြီး ပြေးသွားသဖြင့် လန့်ရှားက ဒေါသတကြီးပြောလိုက်သည်။

 "ဝက်ဝံကြီးက လူတွေက မုန်းဖို့ကောင်းလိုက်တာ။ သူတို့က ငါ့ကို လျစ်လျုရှုရဲတယ် !"

လန့်ရှားရဲ့နောက်လိုက်တွေက တစ်ယောက်ပြီးတစ်ယောက် ခေါင်းငြိမ့်လိုက်ကြသည်။

တကယ်တော့ (တောင်တန်းဝံပုလွေ) စန်းလန့်မျိုးနွယ်က မျိုးနွယ်စုငယ်လေးတစ်ခုသာ ဖြစ်ပြီး လန့်ရှားရဲ့ အဖေဖြစ်သူ ရှီရှုးက ဒီမျိုးနွယ်ထဲကို ပါဝင်လာပြီးနောက် ပတ်ဝန်းကျင်က အခြားမျိုးနွယ်စုငယ်တွေကို ဝါးမြိုပြီး အင်အားအတော်သင့် ရှိလာခဲ့သည်။

ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာကာ သူ့အဖေကို စွမ်းအားရှင်တစ်ဦးအဖြစ် လန့်ရှား က အမြဲတမ်းထင်ပြီး ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုငယ်များကိုအထင်သေးခဲ့သည်။   သူ့နောက်လိုက်တွေလည်း ဒီလိုပဲ စိတ်ကြီးဝင်နေကြသည်။
 

ဟုတ်ပါတယ်၊ သူတို့မှာ တခြားမျိုးနွယ်စုတွေကို အထင်သေးနှိမ့်ချဖို့ ခွန်အားတွေ ရှိပါနေ တယ်--လန့်ရှား  က သူနဲ့အတူ ခေါ်ဆောင်လာတဲ့ လူ 50 လောက်က မပျော့ညံ့ဘဲ ဝက်ဝံကြီးတွေ ရဲ့ အစွမ်းထက်တဲ့ အဆင့်နိမ့်တဲ့ သားရဲစစ်သည်တော်တွေထက်တောင် အားကောင်းသေးတယ်။
 
"ဒီဝက်ဝံကြီးမျိုးနွယ်က တကယ့်ကို အရှက်ကင်းမဲ့သူတွေပဲ။" လန့်ရှားက အေးစက်စွာ ဟစ်အော်လိုက်သည်။

သူနဲ့အတူ ဒီကိုလာခဲ့တဲ့ တောင်ဝံပုလွေမျိုးနွယ်စုက လူတွေက ဒါကိုကြားပြီး  မျက်နှာလို အားရပြောလိုက်သည်။

"သခင်လေး...... ဒီလူတွေက ကျွန်တော်တို့ အကြောင်းကို သိပ်မသိသေးဘူး။ သူတို့ကို သင်ခန်းစာပေးသင့်တယ်လို့ ထင်တယ်"

"ဟုတ်တယ်၊ အကြီးအကဲငယ်၊ ကျူပ်တို့တောင်ဝံပုလွေမျိုးနွယ်စုရဲ့ ခွန်အားကို တွေ့ကြုံ ခံစားခိုင်းရမယ်!"  

"နောက်မှ သူတို့ကို အိုးခွက်ပန်းကန်တွေ ကို အသာတကြည် ပေးခိုင်းရမယ်!"

တောင်ဝံပုလွေမျိုးနွယ်စုမှ လူများသည် ဒီကိစ္စကို စတင်ဆွေးနွေးကြပြီး၊ ထိုအချိန်တွင် ဘုန်းတော်ကြီးသည် မျိုးနွယ်နယ်မြေအပြင်ဘက်သို့ရောက်ရှိလာပြီး အလောတကြီး မေးလိုက်သည်။

 "ကျိုးကျီ  ဘယ်မှာလဲ? ရှုန်းယယ်  ဘယ်မှာလဲ"

တောင်ဝံပုလွေမျိုးနွယ်ကို ရင်မဆိုင်ချင်လို့ ဘုန်းတော်ကြီးနဲ့ အတူ ပြေးလာတဲ့ သူတွေလည်း ပါတယ်။     ရှုန်းဟော်လည်း အမောတကော မေးလိုက်သည်။

 "ကျိုးကျီ  ဘယ်မှာလဲ? ရှုန်းယယ်  ဘယ်မှာလဲ"

စာကျက်ဖို့ အမြဲမပြတ် ငြင်းဆန်နေတဲ့ ရှုန်းဟော်ကို ဘုန်းကြီးမြင်တာနဲ့ ဒေါသတွေ ပြည့်နှက်သွားတယ်။

 "ရှုန်းဟော်.. မင်းက အရမ်းအလုပ်များနေတယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား။ မင်း အခု ဒီကို ဘာကြောင့်လာတာလဲ?"  

"ဘုန်းတော်ကြီး၊ ရှုန်းယယ်  နဲ့ ကျိုးကျီ  ပြန်လာပြီလေ။ ကျုပ်က ဘယ်လောက် အရမ်းအလုပ်များနေရင်လည်း သူတို့ကို ကြိုဖို့ အချိန်ပေးဖို့လိုသေးတယ်!"

ရှုန်းဟော်က ပြေးလွှားရင်း ကြိုးပြေသွားလို့ သူ့ဆံပင်တွေကို   မတော်တဆ ဆွဲဖြတ်လိုက်မိတယ်။ အဲ့ဒါ ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်လဲ။

ဘုန်းတော်ကြီးက တိရစ္ဆာန်သားရေဦးထုပ်ကို ဝတ်ထားသဖြင့် ဆံပင်ကို လွယ်လွယ်နှင့် မထိမိစေသလို လွယ်လွယ်နဲ့လည်း မကျွတ်နိုင်ဘူး။
 
ကောင်းပြီ၊ ဒီအချိန်က ဆံပင်အကြောင်းပြောရမယ့်အချိန်မဟုတ်သေးဘူး... ဘုန်းကြီးနဲ့ ရှုန်းဟော်က သတင်းယူလာတဲ့သူကို ကြည့်ပြီး မေးလိုက်သည်။

"ရှုန်းယယ်  နဲ့ ကျိုးကျီ  ဘယ်မှာလဲ"  

" သူတို့လမ်းလျှောက်လာနေပြီး နေဝင်ချိန်မှာ ရောက်လောက်တယ်။ ကျွန်တော်တို့ ကင်းအဖွဲ့ သူတို့ကိုတွေ့လို့ ချက်ချင်း သတင်းလာပို့တာပါ"

နေမဝင်ခင်မှ ရောက်မယ်ဆိုရင် သူတို့ရောက်ဖို့ အချိန်အတော်ကြာ လိုနေသေးတယ်။ ဘုန်းတော်ကြီးက ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီးမေးလိုက်သည်။
 
 "သူတို့ ဘယ်လိုနေလဲ။ ဒဏ်ရာ မရကြဘူး မဟုတ်လား"

ကင်းလှည့်နေတဲ့ အဲဒီလူက ပြန်ဖြေသည်။

 "သူတို့ကြည့်ရတာ ပိုကြံ့ခိုင်လာတယ်။  သူတို့မှာ လူပိုများလာတယ်!"

ရှုန်းယယ်  နှင့် ကျိုးကျီ  တို့သည် ရုပ်ရည် ကြည့်ကောင်းရုံသာမက မယုံနိုင်လောက်အောင် ကိုယ်လက်ကြံ့ခိုင်ကာ အခြေနေ ကောင်းမွန်နေပုံရသည်။  

တကယ်တော့ သူ မပြန်လာချင်ခဲ့။ သူသည် ရှုန်းယယ်  နှင့် ကျိုးကျီ  တို့နှင့်အတူ သားရဲလူသား ကုန်းမြေသို့ လိုက်ခဲ့သူများနှင့် စကားပြောလိုပြီး ပြင်ပကမ္ဘာအကြောင်း ပိုမို မေးမြန်း လေ့လာချင်သော်လည်း ကင်းလှည့်အဖွဲ့တွင် အလျင်မြန်ဆုံး ပြေးနိုင်သူ ဖြစ်လို့ မျိုးနွယ်စုဆီကို သတင်းပို့ရန် ပြန်လာခဲ့ရသည်...

ဒီလူက ဒါကိုတွေးပြီး နည်းနည်းတော့ ဝမ်းနည်းသွားတယ်။

"လူတွေ ပိုများလာတာလား? သူတို့ နောက်ထပ် လူတွေကို ထပ်ပြီး ကယ်တင်ခဲ့သလား" ဘုန်းတော်ကြီးက အလန့်တကြား ပြောလိုက်သည်။

  "ငါတို့အမျိုးထဲမှာ လူတွေအများကြီးရှိနေတယ်။ ဒီထက်များရင် သူတို့ကို ကျွေးနိုင်ပါ့ မလား"

ရှုန်းဟော်-  "သူတို့ကို ဒီမှာ အခြေချလို့ မရဘူးဆိုရင် သူတို့ကို ချင်းစန်းမျိုးနွယ်ဆီကို လွှတ်ပြီး အဲဒီမှာ နေခိုင်းလို့ရတယ်။"  

"အဲ့ဒါဆို တော်တော်ဝေးတယ်။ ငါတို့ လူစု ကွဲသွားလျှင် သားရဲဘုရားကို ပူဇော်တဲ့အချိန် ငါ သူတို့ကို ဘယ်လို စုစည်းနိုင်မလဲ။  မျိုးနွယ်ထဲမှာ ဘုန်းတော်ကြီးဆိုလို့  ငါ့လို ဘုန်းကြီးအိုကြီးတစ်ယောက်ပဲ ကျန်တော့တယ်။   ငါ့အလုပ်မှာ ကူပေးမယ့် ဘယ်သူမှ မရှိဘူး..."

 ဘုန်းကြီးက ညည်းညူလိုက်ပြီး ရှုန်းဟော်ကို နေ့တိုင်း ဘုန်းတော်ကြီးတို့ တပ်အပ်သည့် ပညာကို စနစ်တကျ လေ့လာရန် ဆွဲဆောင်ဖို့ ကြိုးစားနေတယ်။

"ဘုန်းတော်ကြီး၊ ကျူပ် သူတို့ကို သွားတွေ့လိုက်တော့မယ်!"

ရှုန်းဟော်သည် ဘုန်းတော်ကြီး၏ ဆုံးမခြင်းကို နေ့တိုင်း နားမထောင်ချင်တော့လို့   ပြေးထွက်သွားသည်။

ဘုန်းကြီး-  "......"

ဘုန်းကြီးလည်း သွားချင်ပေမယ့် အခု သူ့မှာ အရိုးတွေ အိုနေပြီ။ ရှုန်းဟော်လောက် မြန်မြန်မပြေးနိုင်တာကြောင့် လိုက်မမီနိုင်ခဲ့ဘူး။  

ဒါတင်မကဘူး... တောင်ဝံပုလွေမျိုးနွယ်စုက လူတွေလည်း ချိုင့်ဝှမ်းထဲက ထွက်လာကြတယ်။

"ဝက်ဝံကြီးရဲ့ ဘုန်းကြီး၊ မင်း ငါတို့ကို ချိုင့်ထဲမှာ ထားခဲ့ပြီး ငါတို့ကို လျစ်လျူရှုခဲ့တယ်... အဲဒါ ဘာကိုဆိုလိုတာလဲ"

"ဟား...ဟား... အရေးကြီး လုပ်စရာ တစ်ခုခု ပေါ်လာလို့ကွ..."
ဘုန်းကြီးက ရယ်မောလိုက်သည်။

"မင်းတို့လို လူမျိုးငယ်လေးအတွက် ငါတို့ကို ဧည့်ခံတာထက် ဘာက ပိုအရေးကြီးလဲ"
 လန့်ရှားက မောက်မာစွာ မေးလိုက်သည်။

ဘုန်းကြီး- "......" သူ

တို့မျိုးနွယ်ထဲက ပေါ့ပေါ့ပါးပါး ကိစ္စမှန်သမျှက တောင်တန်းဝံပုလွေမျိုးနွယ်ကို ဧည့်ခံ ဖျော်ဖြေဖို့ထက် ပိုအရေးကြီးတယ်လို့ သူ ခံစားရတယ်။  

သို့သော်လည်း ဒီလန့်ရှား သည် အလွန်အစွမ်းထက်ပုံပေါက်ပြီး သူ့ကို ဧည့်မခံပဲ လျစ်လျူမရှုရဲပေ။ လန့်ရှား  ၏ဖခင်သည် အဆင့်မြင့ သားရဲစစ်သည်တော် ဖြစ်သော်လည်း သူတို့၏မျိုးနွယ်တွင် အလယ်အလတ်အဆင့် သားရဲစစ်သည်တာ်တွေ ဖြစ်သည့် ရှုန်းယယ်  နှင့် ကျူးကျန်း တို့သာရှိသည်။

ဆားရောင်းဝယ်ရန် ထွက်သွားသော ချင်းစန်းမျိုးနွယ်မှ လူများက ဝက်ဝံကြီးမျိုးနွယ်ကို ပြန်ရောက်လာချိန်မှာ သူတို့က ရှုန်းယယ်  နှင့် ကျိုးကျီ  တို့  သားရဲဘုရင်များဖြစ်ကုန်ပြီလို့ ပြောခဲ့ပေမယ့် ဘုန်းတော်ကြီးက  မယုံဝံ့ပေ။

"မင်း ငါတို့အတွက် အစားအသောက်တွေ မြန်မြန်ပြင်ထားရင် ပိုကောင်းမယ်။ မြေအိုးတွေရော! မြန်မြန်လာပြီး မင်းတို့ လုပ်ထားတဲ့ အိုးခွက်တွေကို ပေးတော့!"

လန့်ရှား က တောင်းဆိုတယ်။

ဘုန်းတော်ကြီးက ကူကယ်ရာမဲ့စွာဖြင့် သူ့လူတွေကို သွား၍ အစာချက်ခိုင်းသည်။ အိုးခွက်တွေကိုတော့... ကျိုးကျီ  နဲ့ ရှုန်းယယ်  ပြန်မလာမချင်း သူတို့စောင့်နေကာ ပေးဦးမည် မဟုတ်ပေ။
လန့်ရှား  သည် ဘုန်းကြီးအလုပ်လုပ်ဖို့ ထွက်သွားသည်ကိုကြည့်ကာ သူ့လက်အောက်ငယ်သားများကို ပြောလိုက်သည်။

 "ဒီလူမျိုးငယ်မျိုးတွေက အလုပ်လုပ်ရင် နှေးကွေးကြတယ်။   မင်း သူတို့ကို နည်းနည်းလောက် ပညာမပြနိုင်ရင် သူတို့က ကြိုးကြိုးစားစား လုပ်မှာ မဟုတ်ဘူး။"

လန့်ရှားနောက်လိုက်များ -   "အကြီးအကဲက ပညာရှိပါပေတယ်"

"ဟုတ်တယ်...မှန်တယ်!"  

"တစ်ခါတလေ၊ သူတို့ စကား နားမထောင်ရင် အကြိမ်တစ်ဒါဇင်လောက် ရိုက်နှက်ဖို့ လိုတယ်!"

......

ဘုန်းကြီးက လန့်ရှား  နဲ့ သူ့အဖွဲ့ကို ဧည့်ခံဖို့ လူတွေကို အစားအသောက် ပြင်ခိုင်းပြီး ကျိုးကျီ  နဲ့ တခြားသူတွေက သူတို့တွေ့ခဲ့တဲ့ ကင်းလှည့်သမားတွေနဲ့အတူ ဝက်ဝံကြီး တွေ နေတဲ့ဆီကို လမ်းလျှောက်ပြန်လာကြပါတယ်။

ဝက်ဝံကြီး မျိုးနွယ်  ၏ ကင်းလှည့်အဖွဲ့သည် သူတို့ကို ပထမဆုံးမြင်ရသောအခါတွင် သူတို့သည် အလွန်စိတ်လှုပ်ရှားနေပြီး စကားစမြည်ပြောရန် ဝိုင်းဖွဲ့နေကြသည်။ သူတို့က သားရဲ လူသားကုန်းမြေကို တကယ်သွားခဲ့တာလားလို့ မေးပြီး သားရဲလူသားကုန်းမြေက ဘယ်လိုလဲလို့ မေးနေကြတယ်။  

ယခုတော့ ထိုလူတွေက စကားမပြောတော့ဘဲ သူတို့ကို လုံးဝ ကြောင်တက်တက် နဲ့ ငေးကြည့်နေကြသည်။

"ကျိုးကျီ " လို့ နာမည်တပ်ခေါ်ပြီးတဲ့ နောက်  အဝတ်အစားဝတ်ထားတဲ့ လူတစ်စုက သားရဲနတ်ဘုရားရဲ့ နာမည်ကို တိုက်ရိုက်ခေါ်လို့ မရဘူးလို့ ပြောပြီး ပညာပေးဖို့ လာနေကြတယ်။

... သားရဲနတ်ဘုရားရဲ့ နာမည်ကို ခေါ်တာလား..... (OoO)
 

သားရဲနတ်ဘုရားကို နာမည်က ဘာလဲ... နတ်ဘုရားနာမည်ကို ဘယ်လိုခေါ်တယ်ဆိုတာတောင် သူတို့မသိတာ ..... ဘယ်လို ခေါ်မိလိုက်တာလဲ...

ဒီလူတွေက အစက ဘာပြောတယ်ဆိုတာ နားမလည်နိုင်ပေမယ့်... နောက်ဆုံးမှာ ကျိုးကျီ  က သားရဲနတ်ဘုရားဖြစ်ကြောင်း သိလိုက်ရတယ်။

ကျိုးကျီ  က  သားရဲနတ်ဘုရားဖြစ်နေတာလား... ဒါဆိုရင်  သူတို့ဟာ သားရဲနတ်ဘုရား ရှိတဲ့ မျိုးနွယ်ထဲမှာ နေထိုင်နေတာပေါ့....

ဝက်ဝံကြီး မျိုးနွယ်၏ ကင်းလှည့်အဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် ဘဝင်ကျပြီး အဓိက အဖွဲ့နောက်ကွယ်မှ မျက်လုံးမဖွင့်နိုင်အောင် ပျော်တပြုံးပြုံးဖြင့် လိုက်လာကြသည်။

"ငါတို့ရောက်ခါနီးပြီ။ နည်းနည်း အရှိန်မြှင့်လိုက်ရအောင်။" ကျိုးကျီ  ရုတ်တရက်ပြောလာသောကြောင့် သူတို့ မြန်မြန် လမ်းလျှောက်နေကြသည်။  

ကျိုးကျီ  ၏တောင်းဆိုချက်ကိုကြားသောအခါ ချက်ခြင်း တုံ့ပြန်ပြီး  လိုက်ပါလာသူများမှာ အရှိန်အဟုန်ဖြင့် အရှိန်မြှင့်လိုက်ကြသည်။

ဒီအဖွဲ့တွင်၊ မူလက လိုက်မမှီနိုင်ဆုံးဖြစ်ပြီး သူတို့ ပြန်တွဲပေးခဲ့ရသူတွေက   သားရဲလူသား ကုန်းမြေ၏ ဘုန်းတော်ကြီးတွေ ဖြစ်သည်။ သို့သော်၊ ဘုန်းတော်ကြီးတွေက သားရဲလူသား ကုန်းမြေမှ သူတို့နောက်သို့ လိုက်ခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များကို လမ်းမှာ  ဖြည်းဖြည်းချင်း လေ့ကျင့်ပေးသလို ဖြစ်ကာ တစ်ယောက်ပြီးတစ်ယောက် နေရောင်ခြည် ဒဏ် ခံခဲ့ရပြီး အသားရေတွေ  ညိုမဲလာပြီး ခန္ဓာကိုယ်တွေလည်း ကြံ့ခိုင်ကာ ဖောင်းကားလာကြတယ်။

ထို့အပြင် သူတို့သည် ငယ်စဉ်ကတည်းက ကောင်းမွန်စွာ စားခဲ့သော ဘုန်းကြီးများ ဖြစ်သည်။ သူတို့ရဲ့ တိရိစ္ဆာန်ပုံသဏ္ဍာန်က မကောင်းမွန်ဘူးဆိုရင်တောင် အဆိုးဆုံးတော့ မဟုတ်ဘူး။ ထိုအချိန်တွင် သူတို့ကို မှီအောင် လျင်မြန်စွာ လမ်းလျှောက်နိုင်ခဲ့ကြသည်။

ကောင်းလေစွ...ကောင်းလေစွ...အခုတော့ သူတို့အားလုံးက ဘုန်းကြီးများနှင့် မတူတော့ပါဘူး.....

ဘုန်းတော်ကြီးတွေ သည် စိတ်နှလုံးထဲကနေ သက်ပြင်းချကာ လမ်းလျှောက်သည့် အရှိန်အဟုန်ကို မြှင့်တင်ကြသည်။

သူတို့ လမ်းလျှောက်လာရင်း ရှုန်းဟော်ကို တွေ့လိုက်ရသည် ။

"ရှုန်းယယ် , ကျိုးကျီ , မင်း နောက်ဆုံးတော့ ပြန်လာပြီ!"

 ရှုန်းဟော်သည် ရှုန်းယယ်  နှင့် ကျိုးကျီ  ကိုမြင်သောအခါ စိတ်လှုပ်ရှားခဲ့ရသော်လည်း လူတစ်စုလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါတွင် သူ မြင်နေရသည့်အရာကို မယုံနိုင်လောက်အောင် ခံစားလာရသည်။

ရှုန်းယယ်  နှင့် ကျိုးကျီ  တို့ကို ဆားရောင်းဝယ်ဖောက်ကားရန် လိုက်သွားသော သူတို့၏ သားပေါက်ကလေးများအားလုံးက အဝတ်အစားများ ဝတ်ထားသည်။ ရှည်လျားသော ဝတ်ရုံကို သူတို့ကိုယ်ပေါ် ဝတ်စားဆင်ယင်လိုက်သောအခါ  အရင်က ရုပ်ရည်နဲ့ လုံးဝကို  မတူတော့ဘူး!

ကျိုးကျီ  နဲ့ ရှုန်းယယ်တော့လား...

  ရှုန်းယယ်  ရဲ့ ပြောင်းလဲမှုက ကြီးကြီးမားမားတော့ မဟုတ်ဘူး။ အုပ်စုထဲက လူ အများစုကတော့ ကြည့်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ထားပြီး သူ့ကိုယ်သူ ပိုတောက်ပအောင် လုပ်ထားပေမယ့် ကျိုးကျီကတော့... ...

ကျိုးကျီ  ရဲ့ ထိုင်ခုံလေးက အရမ်းလှတယ်။ သူသည် ကုလားထိုင်ပေါ်၌ လဲလျောင်းနေကာ အရပ်မြင့်မြင့်နှင့် အခြားသူများနှင့် မတူပေ။

တစ်ချိန်တည်းမှာပင်၊ အဖွဲ့အတွင်းရှိအခြားလူများကလည်း ရိုးရှင်းပုံမရပေ။  ထိုလူများထဲမှ အချို့မှာ ငယ်ရွယ်ကြပြီး အချို့မှာ အသက်ကြီးသည်။ အများစုသည် အဝတ်အစားများကို ဝတ်ဆင်ထားရုံသာမက အားလုံးက အလွန်ကြည့်ကောင်းလှသည်။

ရှုန်းယယ်  နဲ့ ကျိုးကျီ  က လူတချို့ကို ပြန်ခေါ်လာခဲ့တာကို ရှုန်းဟော်က သိထားပြီးသား ဖြစ်ပေမယ့် အဲဒီအချိန်မှာတော့ ဒီလူတွေကို ကျိုးကျီ  က အလုပ်လုပ်ဖို့ ပြန်ခေါ်လာတာ မဟုတ်လောက်ဘူးလို့ ထင်လာတယ်။ အခု ဒီလူတွေကို သူမြင်လိုက်တာနဲ့... သူတို့ က အောက်ခြေသိမ်း အလုပ်ကြမ်း မလုပ်နိုင်လောက်ဘူးလို့ တွေးမိတယ်။
 
ရှုန်းဟော်သည် မိမိကိုယ်မိမိ ဂရုစိုက်ပြီး အထူးသန့်ရှင်းပုံပေါ်သော ဘုန်းတော်ကြီးတွေ ကို ကြည့်ရှုနေစဉ် ဒီအကြောင်းကို စဉ်းစားနေခဲ့သည်။

******-******

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now