Chapter (173.1 ) _ Parallel World (4) - အိမ်သစ်ကို ပြောင်းရွှေ့ခြင်း

3K 573 4
                                    

Chapter (173.1  ) _ Parallel World (4) - အိမ်သစ်ကို ပြောင်းရွှေ့ခြင်း


ဘုန်းတော်ကြီးချုပ် သည် သူ့ ပါးစပ်မှ သားရဲနတ်ဘုရားလို့ ထုတ်ခေါ်လုနီးပါး ဖြစ်သွားသည်။  သားရဲနတ်ဘုရားအရှင်က ဘာကြောင့် ဒီမှာရှိနေတာလဲ။ ဘာကြောင့် သူက သာမန်လူလို ဟန်ဆောင်နေရတာလဲ။

အရင်ရက်က သားရဲနတ်ဘုရားအရှင်က ရှီလီနဲ့ရှုန်းယယ်ကို ခွဲထုတ်ဖို့ ခိုင်းခဲ့တယ်။ ဒါကြောင့် အရှင်က ရှီလီကို နှစ်သက်တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ အရှင် နှစ်သက်တဲ့သူက ရှုန်းယယ်ဖြစ်နေသည်။
 
ဘုန်းတော်ကြီးချုပ် သည် အံ့သြတုန်လှုပ်မှုကြောင့် မလှုပ်နိုင်ဖြစ်နေချိန်တွင် ကျိုးကျီ  က စိတ်လှုပ်ရှားစွာ ဆက်လက်၍ ပြောခဲ့သည်။

 "အရှင် ဘုန်းတော်ကြီးချုပ်ကို ဒီမှာတွေ့ဖို့ မမျှော်လင့်ထားမိဘူး...ကျွန်တော်.... ..."

သူ့ပုံက ဘုန်းတော်ကြီးချုပ်ကို မြင်လိုက်ရလို့ အံ့သြထိတ်လန့်ပြီး စကားဆက်မပြောရဲ သည့် အသွင်ပေါ်နေသည်။
 

ဘုန်းတော်ကြီးချုပ် - "......"

အရှင်သားရဲနတ်ဘုရားကို ဖူးမျှော်ရန် သွားသည့်အခါတိုင်း အရှင်က သူ့ကို စကားအနည်းငယ်မျှသာ ပြောတတ်သည်... ယခုတော့ အရှင်က အမှန်တကယ်ပင် သာမန်လူလို အပြုအမူကို ပြုလုပ်ကာ ပြောဆိုခဲ့သည်...

ဘုန်းတော်ကြီးချုပ် သည် သူ ပြိုလဲတော့မည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် ကျိုးကျီ  က သူ့ကို မျက်စောင်းထိုးလိုက်သည်ကို သတိပြုမိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ကို စကားမပြောနိုင်အောင် တားဆီးထားသည့် စွမ်းအင်များ ပျောက်ကွယ်သွားသည်။

ဘုန်းတော်ကြီးချုပ်လည်း ထိုအခါမှ တကယ်ကို လဲကျသွားသည်။

"အရှင် ဘုန်းတော်ကြီး၊ ဘာဖြစ်လို့ပါလဲ" ရှုန်းယယ်  အနည်းငယ်စိုးရိမ်သွားကာ မေးလိုက်သည်။

ဘုန်းတော်ကြီးချုပ် သည် သူ့မျက်လုံးများကို လက်နှင့် အုပ်ကာ ပြောလိုက်သည်။

"ငါ အဆင်ပြေပါတယ်။ ငါ နည်းနည်း နေသိပ်မကောင်းလို့ပါ..."

"ဘုန်းတော်ကြီး  အနားယူချင်လို့လား။ ကျွန်တော် အရှင့်ကို လိုက်ပို့ပေးရမလား " ကျိုးကျီ  က မေးလိုက်သည်။

ဘုန်းတော်ကြီးချုပ် သည် ထိုစကားကို ကြားတော့ မဆိုင်းမတွ ငြင်းဆိုလိုက်သည်။

"မလိုပါဘူး။  မလိုပါဘူး။ ငါ နေကောင်းပါတယ်၊ ငါ အဆင်ပြေနေပါပြီ"

 သားရဲ  နတ်ဘုရား အရှင်က သူ့ကို ကူတွဲပေးတာကို သူ ဘယ်လို ခံယူရမှာလဲ။ မိုးကြိုးတွေ ပစ်ကုန်မှာပေါ့......
 

ဘုန်းတော်ကြီးချုပ် သည် နောက်ဆုံးတွင် သူ့ခြေထောက်ပေါ် သူ တည်တည်ငြိမ်ငြိမ် ရပ်လာနိုင်ခဲ့ပြီး သူ့ရှေ့က လူနှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးသည့် မြင်ကွင်းက မယုံနိုင်င်အောင်ကို ငေးကြည့်ကာ မယုံနိုင်အောင်  ခံစားလိုက်ရပြီး သူ လုံးဝ မိန်းမောတွေဝေနေမိသည်။

ဘုန်းတော်ကြီးချုပ် မှာ တစ်ခုခုမှားယွင်းနေပုံပေါ်သည်ဟုတွေးကာ  ရှုန်းယယ်  က  ပြောလိုက်သည်။

"ဘုရားကျောင်းထဲက တစ်ယောက်ယောက်ကို လှမ်းခေါ်ပြီး အရှင် ဘုန်းတော်ကြီးချုပ်ကို ကူပေးခိုင်းလိုက်ပါ့မယ် "  

ဘုန်းတော်ကြီးချုပ် သည် ငြင်းချင်သော်လည်း ကျိုးကျီ  က ထောက်ခံသံကို ကြားလိုက်ရသည်။

 "မှန်တယ်။ ဘုန်းတော်ကြီးချုပ်....အရှင့်ကို ကြည့်ရတာ သိပ်နေကောင်းပုံမပေါ်ဘူး။ အရှင် ပြန်သွားပြီး သေချာလေး နားလိုက်ပါလား   "

ဘုန်းတော်ကြီးချုပ် သည် ချက်ချင်း လက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ငါ ချက်ချင်းပြန်ပြီး အနားယူလိုက်ပါ့မယ်။"

မကြာမီ တစ်စုံတစ်ယောက်သည် ဘုန်းတော်ကြီးချုပ် ကို ကူညီပေးရန် ရောက်လာသည်။ ရှုန်းယယ်  က ဘုန်းတော်ကြီးကို စိုးရိမ်စွာမေးလိုက်သည်။

 "အရှင်ဘုန်းတော်ကြီးချုပ်....ဒီကို တစ်ခုခုလုပ်စရာရှိလို့ လာခဲ့တာလား။"

"ဘာမှ မဟုတ်ပါဘူး။ ငါ လမ်းလျှောက်ရင်း ဒီကို ရောက်လာတာပါ။"

 ဘုန်းတော်ကြီးချုပ် သည် ခြောက်သွေ့စွာ ရယ်မောပြီးနောက် သူ၏မျက်လုံးများကို  သူ့လက်ဖြင့် ဖုံးလိုက်သည်။  သူ၏ မျက်နှာပြင်ထက်က အမူအရာများကို မထိန်းနိုင်တော့မည်ကို စိုးရိမ်နေမိသည်။

ဘုန်းတော်ကြီးချုပ် သည် မကြာမီ သူတို့မြင်ကွင်းထဲက ကွယ်ပျောက်သွားခဲ့သည်။

ဘုန်းတော်ကြီးချုပ် သည် အနည်းငယ်ထူးဆန်းသည်ဟု ရှုန်းယယ်  ခံစားရသော်လည်း သူက ထိုအကြောင်းကို အလွန်အမင်း မစဉ်းစားခဲ့ပေ။ ဘုန်းတော်ကြီးချုပ်  ထွက်သွား ပြီးနောက် ကျိုးကျီကို ကြည့်ကာ ပြောလိုက်သည်။
"ကျိုးကျီ၊ မင်းလုပ်စရာတွေ ရှိတယ်မလား။ မင်း ဒီကို တစ်ချိန်လုံး လာနေရတာ အဆင်ပြေရဲ့လား"

ကျိုးကျီ  -  "ငါက  ဒီကိုမလာခင် အမြဲတမ်း အလုပ်ပြီးအောင် လုပ်ခဲ့တယ်"

 တကယ်တော့ ကျိုးကျီ  ဟာ အစမှာ သနားစရာကောင်းသူလို့ ဟန်ဆောင်ဖို့ စိတ်ကူးထားခဲ့ပေမယ့် သူ့ရဲ့ လက်ရှိပုံစံက ဒီလိုအပြုအမူအတွက် တကယ်ကို မသင့်တော်ဘူး။ ထို့အပြင်၊ သူတကယ်သနားစရာကောင်းတဲ့သူ ဟန်ဆောင်ထားရင် နောင်တခါ သူ့ သရုပ်မှန်ကို ရှင်းပြရန်လွယ်ကူမည်မဟုတ်ပေ။

"အဲဒါဆို ကောင်းတယ်။" ရှုန်းယယ်  က ပြောလိုက်သည်။

ကျိုးကျီ  က ရှုန်းယယ်ကို ပြုံးပြကာ ဆက်ပြောခဲ့သည်။

"ငါက ဝက်ဝံကြီးမျိုးနွယ်ကို သွားချင်တယ်လို့ တာဝန်ခံကို ပြောထားပြီးသားဆိုတော့ ငါ့ လက်ထဲမှာရှိတဲ့ အလုပ်ကို တခြားသူတွေကို လွှဲပေးပြီးသားပါ။ ငါ အခု လုပ်စရာ အလုပ် မရှိဘူး... မနက်ဖြန် ဒီကို ဟင်းအမယ်တွေ ယူလာပြီး မင်းကို လတ်လတ်ဆတ်ဆတ် ချက်ကျွေးမယ်"


ရှုန်းယယ်  လည်း ဝမ်းသာစွာပြောလိုက်သည်။

 "ကောင်းပြီ၊ ဒါပေမယ့် မင်း ပါဝင်ပစ္စည်းတွေ ယူလာဖို့ မလိုဘူး။ သားရဲနတ်ဘုရား ဗိမာန်တော်က လူတွေကို ပြင်ဆင်ထားခိုင်းလို့ရတယ်။"

ဘဝ နေထိုင်မှုနဲ့ပတ်သတ်ပြီး ရှုန်းယယ်ရဲ့လိုအပ်ချက်က ရှီလီလောက် မမြင့်မားပေ။ ဥပမာ ရှီလီက အစားသောက်ကို အရသာရှိတာကို စားချင်ပေမယ့် ရှုန်းယယ်ကတော့ ဗိုက်ဝရင် တော်ပြီလို့ တွေးထားသူ ဖြစ်သည်။


ရှီလီသည် အရသာရှိသော အစားအစာကို အဘယ်ကြောင့် စားချင်သည်ကို ရှုန်းယယ်  ရုတ်တရက် နားလည်သွားသည်။ အဲဒီဟင်းလျာ်တွေရဲ့ အရသာတွေက အရမ်းကောင်းပြီး လျှာရင်းမြက်လွန်းလှသည်!

ကျိုးကျီ  က လယ်မစိုက်နိုင်ရင်တောင် ဒီကို ယူလာပေးတဲ့ အစားစာတွေက အရမ်းကို စားကောင်းလွန်းလှသည်။ ကျိုးကျီ  ရဲ့ အစားအစာက အရမ်းအရသာရှိတယ်!

မည်သို့ပင်ဆိုစေကာမူ... ကျိုးကျီက သူ့ကိုယ်သူ  ပြုစုစောင်ရှောက်ရန် တတ်နိုင်သေးသည်ကို ရှုန်းယယ် သိလိုက်သည် ။  

ကျိုးကျီ  သည် ရှုန်းယယ်  နှင့် ဆွေးနွေးပြီးပြီးချင်း ထွက်ခွာသွားခဲ့သည်။ သူ နေရာအရပ်ကိုပြန်သွားပြီး အဲဒီကိုရောက်တဲ့အခါ တံခါးမှာ စောင့််နေတဲ့ ဘုန်းတော်ကြီးချုပ် ကို မြင်လိုက်ရသည်။

ကျိုးကျီ  သည် ဘုန်းတော်ကြီးချုပ် ရှေ့တွင် တစ်ခါတည်းပေါ်လာသည်။

"အရှင် !" ဘုန်းတော်ကြီးချုပ် သည် ချက်ချင်း ဒူးထောက်လိုက်သည်။

ကျိုးကျီ  က သူ့ကို ထူပေးဖို့ သူ့စွမ်းအားကိုသုံးပြီးနောက် ပြောလိုက်သည်။

 "ဒူးထောက်နေစရာ မလိုဘူး"  

"အရှင် ..." ဘုန်းတော်ကြီးချုပ် သည် စကားစပြီး တုံ့ဆိုင်းသွားခဲ့သည်။

ကျိုးကျီ  က ဘုန်းတော်ကြီးချုပ် ကို ကြည့်ရင်း မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ ပြောလိုက်သည်။

"ရှီလီ နဲ့ ရှုန်းယယ်တို့ရဲ့ မိတ်ဖက်ပြုထားတာကို သားရဲနတ်ဘုရား ပူဇော်မှုအတွင်း  သူတို့ ဆက်ဆံရေးကို ဖျက်သိမ်းလိမ့်မယ်။ ဒါကို မင်း ဆောင်ရွက်ပေးလိုက်ပါ"  

"ဟုတ်ကဲ့ပါ အရှင် ။" ဘုန်းတော်ကြီးချုပ် က ပြန်ဖြေလိုက်သည်။

" ရှုန်းယယ်ရဲ့အဆောင်မှာ အစားအသောက် ပြင်ဆင်နိုင်တဲ့ နေရာ တစ်နေရာ ရအောင် စီစဉ်ပေးထားလိုက်ဦး " ကျိုးကျီ  က ဆက်ပြောသည်  

"ဟုတ်ကဲ့ပါ..အရှင်။"

"မနက်ဖြန်၊ ရှုန်းယယ်က မင်းကို ချက်ပြုတ်ထားတဲ့ အစားအစာတွေ မပို့ခိုင်းဘဲ မချက်ရသေးတဲ့ အသားနဲ့ အသီးရွက်တွေကို ထပ်ပို့ခိုင်းလိမ့်မယ်။ ငါ့အတွက် ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေကို တစ်ခါတည်း ပို့ပေးပါ... မနက်ကျရင် ငါ့ကိုရှာပြီး အသီးအရွက်တွေ ယူလာပေးလို့ရတယ်။"

"ဟုတ်ကဲ့ပါ အရှင် ။"

ကျိုးကျီ  က အမိန့်အများကြီးပေးပြီးနောက် သူ့ကိုယ်သူ ဖန်တီးထားတဲ့ အဓိပ္ပါယ်မဲ့သော အထောက်အထားကိုလည်း ရှင်းပြပြီး နောက်ဆုံးတွင် ပြောလိုက်သည်။

 "မင်းသွားလို့ရပြီ"  

"ဟုတ်ပါတယ် အရှင် ...  ၊ ရှီလီ..." ဘုန်းတော်ကြီးချုပ် သည် ကျိုးကျီ  ကို ကြည့်ကာ မေးလိုက်သည်။

"သူက ရှုန်းယယ်  နဲ့ ခွဲခွာဖို့ပဲလိုတယ်။ တခြားဘာကိုမှ စိတ်ပူနေစရာ မလိုပါဘူး။"

ကျိုးကျီ  က ပြောသည်။ ရှီလီ၏ အပြုအမူသည် ရွံရှာဖွယ်ကောင်းသည်ဟု ကျိုးကျီ  က ခံစားခဲ့ရသော်လည်း သူက ရှုန်းယယ်ရဲ့ ဆက်ဆံရေးကို ဝင်ရောက်မစွက်ဖက်သင့်ပေ။  သူ အလွန်အကျွံ ပတ်သက်နေတယ်ဆိုရင် နောက်ပိုင်းမှာ  ရုန်းထွက်ဖို့ လွယ်မှာ မဟုတ်ဘူး။

"ဟုတ်ကဲ့ပါ အရှင် ။" ဘုန်းတော်ကြီးချုပ်  နောက်ဆုတ်ပြီး အရိုသေပေးလျက် ထွက်ခွာသွားခဲ့သည်။

ကျိုးကျီ  ထွက်သွားပြီးနောက် ဘုန်းတော်ကြီးချုပ် သည် အသက်ပြင်းပြင်းရှူကာ နောက်ဆုံးတွင် အနည်းငယ်နိုးထလာသလို ခံစားလိုက်ရသည်။

သားရဲနတ်ဘုရားအရှင်က ... သားရဲဘုရင်တစ်ပါးအပေါ် တကယ်ကို ချစ်မိသွားလေပြီ။

ရိုးရိုးသားသားပဲပြောရမယ်ဆိုရင် သားရဲ  နတ်ဘုရားက ထိုယောက်ျားကို ဘာကြောင့် စိတ်ကူးယဉ်ကာ ချစ်ခဲ့တာလဲ။ သူသာ အမျိုးသမီးများကို စိတ်ဝင်စားပါက၊ အနာဂတ်တွင် သူတို့တွေက နတ်ဘုရား ၏သားတော်များကို မွေးပေးနိုင်လိမ့်ဦးမည် မဟုတ်လား။
 
ဘုန်းတော်ကြီးချုပ် ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသော်လည်း၊ ဒီအခြေအနေသည် ရှီလီကဲ့သို့ ပေါ့ပျက်ပျက်ကောင်မျိုးက သားရဲနတ်ဘုရားရဲ့ မိတ်ဖက်အဖြစ် ရှိခြင်းထက် ဒီအခြေအနေက ပိုကောင်းကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။  

သို့သော် သားရဲနတ်ဘုရားသခင်က ရှုန်းယယ်  ကို နှစ်သက်သောကြောင့် ... တစ်ချိန်က ရှုန်းယယ်ကို စာနာခဲ့ဖူးသော ဘုန်းတော်ကြီးချုပ် သည် ယခု ရှီလီ ကို စတင်သနားလာသည်။

ဟုတ်တာပေါ့...သူ့မှာ အများကြီး စဉ်းစားဖို့ အချိန်မရှိဘူး။ လုပ်စရာတွေ အများကြီးရှိ နေသေးတယ်လေ။

ဘုန်းတော်ကြီးချုပ် သည် ကျိုးကျီ  ၏နေရာမှ ထွက်သွားပြီးနောက်၊ ရှုန်းယယ်  အတွက် အိမ်သစ်တစ်လုံး စီစဉ်ပေးရန် လူများကို ချက်ချင်း အမိန့်ပေးပြီးနောက် သားရဲနတ်ဘုရား  ကျောင်းတော်တွင် သားရဲဘုရားတည်ရှိကြောင်းကို သိသောလူအားလုံးကို ခေါ်ကာ အသိပေးလိုက်သည်။   

ဒီလူတွေက သားရဲလူသား ကုန်းမြေမှ ဘုန်းတော်ကြီးများ နှင့် အသက်ကြီးသော သားရဲဘုရင်နှစ်ပါးတို့ ပါဝင်သည်။  လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း၊ သားရဲဘုရင်တွေ အသစ်များသည် ကျိုးကျီ  ၏တည်ရှိမှုကို သတိမပြုမိတော့ပေ။ သို့သော် ဒီသားရဲဘုရင်နှစ်ယောက်ကတော့ အစောပိုင်းနှစ်များအတွင်း ကျိုးကျီ  ကို မြင်ဖူးခဲ့သည်။

ကျိုးကျီ  ၏ ညွှန်ကြားချက်အရ၊ ဘုန်းတော်ကြီးချုပ် သည် ကျိုးကျီ  ထံမှ သူ၏ အထောက်အထားကို ရှုန်းယယ် မသိအောင်  ဖုံးကွယ်ထားပုံအကြောင်း သူတို့ကို ပြောပြပြီး လျှို့ဝှက်ထားရန် တောင်းဆိုခဲ့သည်။

ဘုန်းတော်ကြီးချုပ် မှလွဲ၍ အခြားလူတိုင်း- "......"

သူတို့ ဘာကြားခဲ့လဲ။ ဗိမာန်တော်မှ တနေကုန် မထွက်လာသော သားရဲနတ်ဘုရား သခင်သည် သားရဲဘုရင်တစ်ပါးနောက်သို့ လိုက်လိုသတဲ့လား...

"အရှင်က ဘာကြောင် ဒီလိုလုပ်တာလဲ။ အဲဒီ ဝက်ဝံသားရဲဘုရင်က တစ်ခုခုမှားနေပြီလား"

 တစ်ယောက်ယောက်က မယုံနိုင်ဟန်ဖြင့် မေးလိုက်တယ်။  

ဘုန်းတော်ကြီးချုပ် သည် ကျိုးကျီ  အကြောင်း ဘာမှ မပြောဝံ့ပေ။ နောက်ဆုံးတွင်  သူတို့ကို အပြတ်ပြောလိုက်သည်။

"မင်းတို့ အရှင့် အရေးကိစ္စအတွက် စိတ်ပူနေစရာ မလိုဘူး။အရှင်က ငါတို့ကို ဝက်ဝံကြီးမျိုးုနွယ်က လူတွေကို စောင့်ရှောက်ပေးဖို့ မိန့်လိုက်တယ်"
 
ဒီလူတွေ နည်းနည်းတော့ အံ့ဩသွားပေမယ့် ဘုန်းတော်ကြီးချုပ်က အမိန့်ပေးလာလို့ အားလုံး သဘောတူလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် ဝက်ဝံကြီး မျိုးနွယ်  အကြောင်း သိချင်လာခဲ့သည်။  သားရဲဘုရားသခင်အတွက် ဒီဝက်ဝံကြီးမျိုးနွယ်က လူတွေကိုကွဲပြားစွာဆက်ဆံဖို့ အမိန့်ပေးသည်အထိ ဘာတွေ ဖြစ်နေတာလဲ။

ထို့အပြင် သားရဲဘုရားသခင်ကို မတွေ့တာကြာလှပြီ။ အခွင့်ရေးရရင် အရှင်နှင့် တွေ့ခွင့်ရလောက်သည်။  

တစ်ဖက်တွင်၊ သားရဲဘုရား၏အပြုအမူကြောင့်် ပဟေဠိဖြစ်ကျန်ခဲ့သော အုပ်စုတစ်စု ရှိသည်။ တစ်ဖက်တွင်၊ မူလက အိပ်ရန်စီစဉ်ထားသည့် ရှုန်းယယ်သည် သားရဲလူသား ကုန်းမြေမှ လူများက သူ့ဆီကို  အလည်အပတ်လာနေလို့ ဧည့်ခံပေကးနေရသည်။  

"ဘာတွေများ ဖြစ်နေလို့ပါလဲ?" ရှုန်းယယ်  က အံ့သြစွာ  မေးလိုက်သည်။

"မင်္ဂလာပါ ဝက်ဝံသားရဲဘုရင် ။ ငါတို့က သားရဲလူသား ကုန်းမြေကဖြစ်ပြီး မင်းအတွက် နောက်ထပ်နေစရာ အဆောင်တစ်ခု စီစဉ်ပေးထားတယ်ဆိုတာ မင်းကိုပြောဖို့ ဒီကို လာခဲ့တာ..."
အဖွဲ့၏ခေါင်းဆောင်ဖြစ်သည့် အဆင့်မြင့်  သားရဲစစ်သည်တော် က ပြုံးကာ ရိုသေစွာ ပြောလိုက်သည်။

"ဘာကြောင့်လဲ ...့?" ရှုန်းယယ်  က မေးလိုက်သည်။

"ဘာကြောင့််လဲဆိုတာတော့ ငါတို့လည်း ရှင်းရှင်းလင်းလင်းမသိပါဘူး။ ဘုန်းတော်ကြီးချုပ်  အမိန့်ရှိလို့ စီစဉ်လိုက်တာပါ"
 အဲဒီလူကပြောခဲ့သည်။


"ရှီလီနဲ့ တွဲနေရမှာလား" ရှုန်းယယ်  က မေးလိုက်သည်။

"မဟုတ်ဘူး၊ မင်းတစ်ယောက်တည်း ရွှေ့ပြီးနေဖို့ပဲ။ ခြင်္သေ့သားရဲဘုရင်က ဒီနေရာမှာ  ဆက်လက်နေထိုင်လိမ့်မယ်" အဲဒီလူက ပြန်ဖြေလိုက်သည်။
 

ရှုန်းယယ်  သည် ဘုန်းတော်ကြီးချုပ် ၏ လုပ်ရပ်ကြောင် ပဟေဠိဖြစ်ခဲ့သော်လည်း သူက ဒီစကားကို ကြားပြီးနောက် ရှင်းရှင်းလင်းလင်းဖြစ်လာသည်။

ရှီလီက သူ့အတွက် လက်တွဲဖော်အဖြစ် သူတို့ရဲ့ဆက်ဆံရေးကို ဖျက်သိမ်းပစ်ဖို့ ကြံစည်တယ်ဆိုတဲ့အချက်ကို ရှင်းပြမှသာ ဘုန်းတော်ကြီးချုပ်က ဒီလို စီစဉ်ပေးလိမ့်မည် ဖြစ်သည်။

  ဘုန်းတော်ကြီးချုပ် မနေ့က ကြွလာတာက ဒီအကြောင်းကို ပြောဖို့ မဖြစ်နိုင်ဘူးလား....

ရှုန်းယယ်  တွေးပြီးမေးလိုက်သည်။

 "ငါ့နေရာအသစ်က ဘယ်မှာလဲ"  

"အဲဒီလမ်း အကျော်လေးတင်ပါ.... ကျေးဇူးပြုပြီး..ဝက်ဝံသားရဲဘုရင် ကြွပါ... " အဲဒီလူကပြောခဲ့သည်။

ရှုန်းယယ်  သည် သားရဲလူသား ကုန်းမြေတွင် ပထမဆုံးနေထိုင်စဉ်တွင် သူနှင့်အတူ မည်သည့်အရာမှ ယူဆောင်လာခြင်းမရှိခဲ့ပေ။ ထိုအချိန်တွင် သူသည် သူ့အဝတ်အစားများကို သိမ်းဆည်းကာ တိုက်ရိုက်ထွက်သွားခဲ့သည်။ မကြာမီ ယခင်နေရာနှင့် ခပ်ဝေးဝေးရှိ အိမ်တစ်အိမ်သို့ ပို့ဆောင်ခံခဲ့ရသည်။

ဒီအိမ်သည် ခပ်ဝေးဝေးဖြစ်သော်လည်း ကျယ်လည်းကျယ်သလို ပတ်ဝန်းကျင်လည်း ကောင်းပြီး  အခန်းများစွာလည်း ရှိသည်။

"ဗိမာန်တော်အနီးမှာ အိမ်အလုံအလောက်မရှိလို့ ဒီမှာနေဖို့ ဝက်ဝံသားရဲဘုရင်ကိုပဲ ဒုက္ခပေးရတော့မယ်။"

ဒီအဆင့်မြင့် သားရဲစစ်သည်တော် က ရှင်းပြခဲ့သည်။  

"ဒီမှာက အရမ်းကောင်းပါတယ်။" ရှုန်းယယ်  က ပြောလိုက်သည်။ အဲဒီမှာ တကယ့်ကို အရမ်းကောင်းပါတယ်။ သားရဲလူသား ကုန်းမြေက အခြားသော အဆောင်များနှင့် အနည်းငယ်ဝေးသော်လည်း ဒီအိမ်သည် ယခင်က သူနေထိုင်ခဲ့သည့်အိမ်ထက် များစွာ သာလွန်သည်။

"ဝက်ဝံ သားရဲဘုရင် သဘောကျလို့ တော်ပါသေးတယ်။ ဒီနေရာက   ဘုန်းတော်ကြီးချုပ် မိသားစုရဲ့ အိမ်ဖြစ်ခဲ့ဖူးပေမယ့် အိပ်ယာနဲ့ အထဲက အသုံးဆောင်တွေ အားလုံးက  အသစ်ဖြစ်ပါတယ်။ ဝက်ဝံ သားရဲဘုရင် စိတ်ကြိုက် သုံးလို့ရပါတယ်။"

အဲဒီလူက  ပြည့်စုံစွာ ဆက်ပြောပြခဲ့သည်။ ရှုန်းယယ်  သည် ဒီအရာကိုကြားလိုက်ရ သောအခါ အံ့အားသင့်သွားသည်။ သားရဲလူသား ကုန်းမြေက သူ့ကို ဘုန်းတော်ကြီးချုပ် မိသားစု၏နေအိမ်ကို တခါတည်း ပေးလိုက်တာလား။  သူစိတ်မချမ်းသာမှာကို စိုးရိမ်နေ သလား။

တကယ်တော့ ဒီအတွက် သူ စိတ်မချမ်းသာခဲ့ပါဘူး။  

မှောင်နေပြီဖြစ်လို့ ရှုန်းယယ်  က အားလုံးကို ပြန်ခိုင်းလိုက်ပြီး အိမ်သစ်ရဲ့ အိပ်ခန်းထဲကို ဝင်လိုက်သည်။ ဒီအိမ်သည် အခြားသူများ၏ရနံ့ရှိသော်လည်း သေချာ သန့်စင်ပြီးကြောင်း သိသာထင်ရှားပြီး ရနံ့က အရမ်းဖျော့နေပြီ။  ဒါတင်မကဘဲ အိပ်ယာ၊ ပရိဘောဂ၊ စောင်နဲ့ တခြားအရာအားလုံးက အသစ်စက်စက်ပါပဲ။  သားရဲလူသား ကုန်းမြေသည် ဒီအရာအားလုံးကို   အမှန်တကယ် လုပ်ပေးတာ ဧည့်ဝတ်ကျေပွန်တာပဲလို့ တွေးတောနေခဲ့သည်။

ရှုန်းယယ်  သည် တောထဲတွင် နှစ်အတော်ကြာ လမ်းလျှောက်လာခဲ့ပြီး မည်သည့်နေရာမှာ မဆို အိပ်နိုင်သည့် အလေ့ကျင့်ရခဲ့သည်။ ဒီညတော့ သူ တကယ်ကို နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
 
နောက်နေ့မနက်စောစော အိပ်ယာကနိုးပြီး ရှီလီနဲ့ အရင်က အတူနေခဲ့တဲ့ အိမ်ဆီ ပြန်သွားခဲ့သည်။ သူက ကျိုးကျီနှင့် ချိန်းထားသဖြင့် ကျိုးကျီက သူ အိမ်ပြောင်းလာတာကို မသိလို့ သူ့ကို ရှာမတွေ့မှာကို သူ စိုးရိမ်နေခဲ့သည်။
 
သူနှင့် ရှီလီတို့ အတူတူနေထိုင်ခဲ့သော အိမ်သည် သူထွက်ခွာသွားသည့်အချိန်နှင့် အတူတူပင်။ ရှီလီသည် ထိုညက ပြန်မလာကြောင်း ထင်ရှားသည်။ ရှုန်းယယ်  က ထူးဆန်းတာကို လုံးဝ မတွေ့မိဘူး။ သူ သက်ပြင်းရှိုက်ရင်း အနည်းငယ်  ရယ်မောနေစဉ် ကျိုးကျီ  လာနေသည်ကို တွေ့လိုက်ရသည်။  

ကျိုးကျီ  သည် သူ့အသွင်အပြင်ကို အမြဲဂရုစိုက်ပြီး သူ့ကိုယ်သူ အလွန်သန့်ရှင်းစွာ ဝတ်စားဆင်ယင်ထားသည်။ သူ၏အဝတ်အစားများသည် ရိုးရိုးတိရိစ္ဆာန်အရေခွံများ ဖြစ်ပေမယ့်   သူတို့သည် အလွန်အသေးစိတ်ပြီး သူကိုယ်တိုင်ပြုလုပ်ထားတာ ဖြစ်နိုင်သည်။
 

"ငါ အိမ်ပြောင်းသွားပြီ။  အဲ့ဒီနေရာကိုသွားရအောင်။"

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now