Chapter ( 167-1 ) _ Extra 6 : သားလေးကို အနီးကပ် ကြီးကြပ်နေသည့် ရှီရှုး

4.3K 765 13
                                    

Chapter ( 167-1 ) _ Extra 6 : သားလေးကို အနီးကပ် ကြီးကြပ်နေသည့် ရှီရှုး


ရှီရှုး၏ တိရစ္ဆာန်ပုံစံမှာ အလက်မိုတယ်ရီယမ် ချိုတစ်ချောင်း ကြံ့တစ်မျိုးဖြစ်သည်။

ချိုတစ်ချောင်း ကြံ့များသည် အလွန်ကြီးမားပြီး ဆင်မျိုးနွယ်စု၏ ဆင်များထက် သေးငယ်ခြင်းမရှိပေ။ ရှီရှုးက ငယ်ငယ်က သူ့တိရစ္ဆာန်ပုံစံကို အမြဲဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ကြံ့အကြီးကြီးတွေ ရှိတယ်ဆိုတာ သူ သိလိုက်ရတယ်။ ချိုတစ်ချောင်း ကြံ့တွေက ကြီးမားပေမယ့် ထို ဧရာမ ကြံ့တွေနဲ့ ယှဉ်နိုင်ဖို့ အတော်လေးကို ဝေးကွာလှသည်။

ဧရာမကြံ့ကြီးတစ်ကောင်က ဘာဖြစ်နေလို့လဲ။ သူတို့က ကိုယ်ထည် နည်းနည်းပိုကြီး တာပဲ မဟုတ်ဘူးလား? သူတို့ရဲ့ ဦးခေါင်းများတွင် ရှည်လျားသောဦးချိုပင်မရှိသည့်အပြင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် ချိုတစ်ချောင်း ကြံ့ များ၏ချွန်ထက်သောသွားများလို အကိုက်ခံရလျှင် မခံမရပ်နိုင်အောင် ဒဏ်ရာမရစေပေ။

ကောင်းပြီ၊ ဧရာမကြံ့ကြီးတွေက အစွမ်းထက်တဲ့နေရာလည်းရှိပါတယ်။ သူတို့ရဲ့ဧရာမ ခန္ဓာကိုယ်ထုထည်သည် သေးငယ်သောလူကို ဖိချေပစ်ရန် လုံလောက်ပါပေတယ်။ ဒါက သူ့ကို သိပ်ပြီးထိခိုက်စေတယ်တော့ မဟုတ်ပေ။ ဒါပေမယ့် သူက အလယ်အလတ်အဆင့် သားရဲစစ်သည်တော် ဖြစ်နေတုန်းမှာ ကြံ့ကြီး မျိုးနွယ်က ထိုဧရာမကြံ့ကြီးက အဆင့်မြင့်သားရဲစစ်သည်ဖြစ်နေခဲ့သည်။ နောက်ဆုံး သူက အဆင့်မြင့်သားရဲ စစ်သည်ဖြစ်ချိန် ထိုလူက သားရဲဘုရင်တောင် ဖြစ်သွားခဲ့ပြီ။

အဆင့်မြင့်သားရဲစစ်သည်များစွာရှိနိုင်ပေမယ့် သားရဲဘုရင်ကို ရောက်နိုင်သူတွေက အရေတွက် အရမ်းနည်းပါးလှသည်။ ရှီရှုးက သူ့ကိုယ်သူ သားရဲဘုရင်ဖြစ်လာရန် အရည်အချင်းမရှိဟု မထင်ထားသောကြောင့် သူ့တင်ပါးကို ဖုတ်ဖတ်ခါပြီး တောရိုင်းမြေထဲသို့ ထွက်ခွာလာပြီး သားရဲလူသား ကုန်းမြေကို စွန့်ခွာခဲ့သည်။ ဒါဆိုရင် တဖက်လူက သူ့ကိုသေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူးမလား .....

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now