Stone-age Husband Raising Journal _ Chapter (20) - ဒုတိယအကို နျိုအာ

7.8K 1.5K 17
                                    

Stone-age Husband Raising Journal _ Chapter (20)  -   ဒုတိယအကို နျိုအာ


အရင်ဘဝမှာ  ရှီလီနှင့် ရှုန်းယယ်သည် ဘဝမှာ ကြုံတွေ့ရတဲ့လောကဓံကို အတူတူရင်ဆိုင်ခဲ့ကြသည်။   
ရှုန်းယယ် သူ့ကို  အရမ်းချစ်မှန်း ရှီလီ သိပေမယ့် သူတို့နှစ်ယောက်လုံး သားရဲဘုရင်များ ဖြစ်လာပြီး ဘဝကို အေးအေးဆေးဆေး  နေထိုင်လာနိုင်သည့် အချိန်တွင်  သူ့ မျက်လုံးတွေက အခြားသော နုနုငယ်ငယ် ပျိုမြစ်ပြီး ချစ်စရာကောင်းတဲ့ မိန်းမငယ်၊ ယောက်ျားငယ်လေးများကို ဝေ့ကြည့်ကာ စိတ်ဝင်စားခဲ့ပေမယ့် ရှုန်းယယ်က ဘယ်တုန်းကမှ အခြားလူကို စိတ်မဝင်စားပဲ သူ့ကိုပဲ တစိုက်မတ်မတ်ချစ်ခဲ့သည်။

 
ရှီလီ  ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှုန်းယယ်နဲ့ တစ်သာတစ်ယောက်တည်း ပေါင်းဖက်ကာ နေသည့် ဘဝကို မလိုချင်တော့ပေမယ့် သူ့နှလုံးသားထဲမှာ ရှုန်းယယ်ရှိနေတာကို မငြင်းနိုင်ပေ။

အခု ရှုန်းယယ်က သူ့ရှေ့မှောက်မှာပဲ အခြားလူ တစ်ယောက်နဲ့ တရင်းတနှီးလက်ကို ဆုပ်ကိုင်ထားသည် ကို မြင်တော့ ရှီလီက လုံးဝ လက်မခံနိုင်ပဲ သူတို့ဆီကို သွားကာ ဆုပ်ကိုင်ထားတဲ့ လက်တွေကို ခွဲထုတ်ပစ်လိုက်ချင်ပေမယ့် ရှုန်းယယ်တို့အနားတွင် လူတွေ ဝိုင်းအုံနေသည်။   အနားကပ်လို့မရလို့
ရှီလီ အတော်လေးကို ဒေါသထွက်နေသည်။

 ဘုန်းတော်ကြီးသည် ဝိုင်းထားတဲ့ လူအုပ်ကြီးကို   မောင်းထုတ်လိုက်သည်။

 "မင်းတို့ နျိုအာအနား သိပ်မကပ်ကြနဲ့... "

"အဘ ဘုန်းတော်ကြီး နျိုအာ အခု သတိပြန်ရလာပြီ ဆိုတော့  သူ ပြန်ကောင်းလာတော့မှာလား"

ရှုန်းယယ်က သေချာစေရန် ထပ်မေးလိုက်သည်။


"ငါလည်း မပြောတတ်သေးဘူး။  မင်းဂူကို ခေါ်သွားပြီး သူ့ကို သေချာ စောင့်ရှောက်လိုက်ပါလား"


နျိုအာသည် အသက် နှစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်လို့ မငယ်တော့သလို သူက   စကားနည်းပြီး ရုပ်ရည်က သာမာန်ပဲ ဖြစ်သည်။ သူ့ရဲ့နွားပုံစံ သားရဲက ခွန်အားကြီးပေမယ့်  တိုက်ရည်ခိုက်ရည် မရှိလို့ မျိုးနွယ်စုထဲက မိန်းမတွေက သူ့ကို စိတ်မဝင်စားကြပေ။ ဒါကြောင့် သူက မိတ်ဖက်မရှိပဲ တစ်ယောက်တည်းနေရသည်။ အခု သူ
ဒဏ်ရာ ရလာလို့  တစ်ယောက်တည်း နေခိုင်းလို့ မဖြစ်တော့ပေ။

 ရှုန်းယယ်က ခေါင်းညိတ်ကာ နျိုအာကို ကျောပိုးပြီး သူနေတဲ့ ဂူဆီကို ထမ်းပိုးကာ တက်ဖို့ပြင်လိုက်သည်။

 
"ရှုန်းယယ်...မင်း တကယ်ပဲ သူ့ကို မင်းဂူထဲကို ခေါ်သွားမလို့လား။ သူ တခုခုဖြစ်သွားမှာကို မင်း... စိတ်မပူဘူးလား ..သူက အခု....."

 ရှီလီသည် ရှုန်းယယ်က ကျိုးကျီကို သူ့ဂူထဲနေဖို့ ခေါ်သွားစဉ်က အရမ်းကို မကျေမနပ်ဖြစ်ပေမယ့် ကျိုးကျီရဲ့အဖေက ခွန်အားကြီးတဲ့ သားရဲဘုရင်ဖြစ်ပြီး မကြာခင် သူ့သားကို ပြန်လာခေါ်မှာ သိနေလို့ ကျိုးကျီကို ရန်မစရဲပေ။ ပြီးတော့ ဂူက အိပ်စရာ နှစ်ခု ခွဲထားပြီး အတူတူ မအိပ်မှန်းသိလို့ ငြိမ်နေတာ ဖြစ်သည်။ အခု သေခါနီး နျိုအာကို သူ့ဂူထဲကို ခေါ်သွားပြန်ပြီ။ မတော်လို့ နျိူအာက သေသွားခဲ့ရင်... သူတို့နေမယ့် ဂူထဲ လူသေတာကို ရှီလီက သဘောမကျလို့တားလိုက်သည်။

ရှီလီက စကားကို အတိအကျမပြောပေမယ့် သူ ဘာဆိုလိုသည်က ထင်ရှားနေသည်။ ရှုန်းယယ်သည်  မျက်နှာပျက်သွားပေမယ့် ရှီလီနှင့် ငြင်းခုံချင်စိတ်မရှိ လို့ သူ့ကို အေးစက်စွာ တချက်စိုက်ကြည့်ကာ သူ့အကိုကို ဂူထဲသို့ သယ်သွားခဲ့သည်။ ပြီးတော့ ဘုန်းတော်ကြီးဆီမှာ ဆေးတောင်းရန်ထွက်လာပြီး ဂူကို ပြန်ရောက်တော့ ကျိုးကျီက ဂူထဲရောက်နေလေပြီ။

 
ကျိုးကျီသည်  နျိုအာရဲ့ကိုယ်က  ပုတ်စပြုနေသော ဒဏ်ရာဆီက ထွက်နေသည့် အပုပ်နံ့ကို သဘော မကျပေ။ ဒီအပုပ်နံ့က သူရင်ဆိုင်ခဲ့ရသည့် ဖုတ်ကောင်တွေကို ပြန်လည်သတိရစေသည်။   အရင်ဘဝက ဒီအပုပ်နံ့တွေကို ကျင့်သားရနေပြီ ဆိုပေမယ့် မုန်းသည်။

 ဒီကိုကူးပြောင်းရောက်ရှိလာကတည်းက သူက ရက်ကြာနေတဲ့အသားတွေကို မစားတာကလည်း ဒီအနံ့တွေကြောင့်ဖြစ်သည်။


 သူ နျိုအာရဲ့အနံ့ကို မကြိုက်ပေမယ့် နျိုအာကို ရှုန်းယယ်က သူ့ဂူထဲ ခေါ်လာသည်ကို မကန့်ကွက်ပေ။ ဒီလူက သေမလိုဖြစ်နေလို့ ရှုန်းယယ်က သူ့အကိုကို ကယ်တင်ချင်တာ   ဖြစ်သင့်သည့် ကိစ္စလို့ တွေးထားသည်။

"ငါ ဂူထဲက ပြောင်းပေးရမလား"

ကျိုးကျီက အလိုက်တသိ မေးလိုက်သည်။ ရှုန်းယယ်က သူ့ကို သနားလို့ ခေါ်ခဲ့ပေမယ့် အခုတော့ လဲနေတဲ့လူက ပိုသနားဖို့ကောင်းသည်။

 
"ရတယ်... နျိုအာက သက်သာလာတဲ့ထိပဲ ခဏနေမှာ။ သက်သာလာရင် သူ့ဂူကို ပြန်လိမ့်မယ်"

ရှုန်းယယ်က ပြန်ဖြေလိုက်သည့်အသံထဲတွင် သူ့အကိုရဲ့ အဖြစ်ကို စိတ်မကောင်းလို့ ငိုချင်နေသလို အသံက နှာသံပါနေသည်။

 
"ကောင်းပြီ"

 ကျိုးကျီက ခေါင်းညိတ်လိုက်သည်။ သူက နျိုအာရဲ့ အနံ့ကို   မကြိုက်ပေမယ့် သိပ်မရေးမကြီးပေ။ စုပေါင်းဂူထဲက အသားပုပ်နံ့က ဒီထက်ပိုဆိုးသည်။

 ရှုန်းယယ်က နျိုအာကို ဂူထဲမှ အလင်းရောင်ရသည့် နေရာမှာ ချပေးပြီး ဆေးလိမ်းပေးရန် လုပ်သည်။

ကျိုးကျီက မနေနိုင်လို့ ဝင်ပြောလိုက်ရသည်။

  "သူ့ဒဏ်ရာက ပြည်တည်နေပြီ။ အရင်ဆုံး ဒဏ်ရာကို ရေနဲ့ ဆေးကြောပြီး ပုတ်နေတဲ့ အသားတွေကို  ဖယ်လိုက်ပါလား"

ကျိုးကျီသည် သူ နေထိုင်သော မျိုးနွယ်စုရဲ့လူနေမှု အဆင့်ကို ကြုံရင်ကြုံသလို မြှင့်တင်ပေးရန် ဆုံးဖြတ်ထားသည်။

 
"ဟုတ်သားပဲ။ အသားတွေ ပုပ်နေရင် လှီးထုတ်ပစ်ရမယ်လို့ အဘ ဘုန်းတော်ကြီး ပြောထားဖူးတယ်"

"ဒါဆို  ဘုန်းတော်ကြီးက ခုနက ဘာလို့ မလှီးထုတ် ခဲ့တာလဲ"

  ခုနတုန်းကဘုန်းတော်ကြီးက ပုပ်နေတဲ့ အသားကို လှီးထုတ်မည့် ဟန်မပေါ်ပေ။

"အဘဘုန်းတော်ကြီးက ငါ့ကို ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးထားဖူးတယ်။ ဒါကြောင့် ငါ လုပ်နိုင်တယ်ဆို တာ သူသိလို့ မလှီးခဲ့တာ။ "

 ရှုန်းယယ်က ဖြေပြီး ကျောက်ဓားတစ်ချောင်းကို ထုတ်ကာ အသားပုပ်ကို လှီးထုတ်ဖို့ ပြင်လိုက်လို့ ကျိုးကျီက ထပ်ပြောလိုက်ရသည်။

 " ဓားက အရမ်း ညစ်ပတ်နေတယ်။ ဒါကိုရေနွေးပူထဲ အရင် ဆေးရမှာ မဟုတ်ဘူးလား။  သူ့ရဲ့ ကိုယ်ကိုလည်း သန့်ရှင်းအောင် ရေပတ်တိုက်ပေးရမယ့်ပုံပဲ"


 
နျိုအာက  ခဏ သတိပြန်ရပြီး မျက်လုံးဖွင့်ခဲ့ပေမယ့် အခု ပြန်မှိတ်ကျသွားလို့ ရှုန်းယယ်က စိတ်ပူကာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ နျိုအာရဲ့ကိုယ်က အဖျားရှိနေသေးတဲ့အပြင် တကိုယ်လုံးပိန်ချုံးနေ သေးသည်။ မကြာခင် နျိုအာသေတော့မည်ကို သိနေလို့ ရှုန်းယယ်   ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။


ဒါကြောင့် ကျိုးကျီက ဒဏ်ရာက အသားပုပ်တွေကို လှီးထုတ်ရန်ပြောတော့ သူက လှီးရန်သဘောတူ လိုက်သလို ရေပတ်တိုက်ပေးရန် ပြောတော့ ရေပတ်တိုက်ပေးဖို့ပြင်လိုက်သည်။

 
ရှုန်းယယ်သည် ကျိုးကျီညွှန်ကြားသလို မီးပုံပေါ် ရေအိုးတစ်အိုးတင်ပြီး ဓားကိုထည့် ပြုတ်လိုက်သည်။ ပြီးတော့ နျိုအာ၏ ခန္ဓာကိုယ်ကို သပွတ်အူသုံးကာ  ရေနွေးဖြင့် သန့်ရှင်းပေးလိုက်သည်။
 သပွတ်အူခြောက်က အိုးတိုက်သည့် စတီးဖတ်လို ခပ်ကြမ်းကြမ်းဖြစ်လို့ ဒါနဲ့ရေပတ်တိုက်ခံရတာ အသားတော့ အတော်နာမှာပဲဟု ကျိုးကျီတွေးနေသည်။

 
ရှုန်းယယ်က ရေပတ်တိုက်နေရင်း ရှင်းပြလိုက်သည်။

"တကယ်တော့ နျိုအာနဲ့ငါက အဖေ တစ်ယောက် တည်းပဲ။ အရင်က ဆောင်းရာသီတုန်းက  ငါ ဗိုက်ဆာလွန်းလို့ အိပ်မရတဲ့အချိန်တွေတိုင်း သူက နွားပုံစံပြောင်းပေးပြီး ငါ့ကို သူ့ ဗိုက်ပေါ်မှာ အိပ်ခိုင်းခဲ့တယ်။ သူ အရွယ်ရောက်လို့ အမဲလိုက်အဖွဲ့ထဲ ဝင်သွားတော့လည်း ငါ့ကို အစာကောင်းကောင်း ကျွေးခဲ့တယ်"

နျိုအာသည် သေသွားပြီး  သားရဲနတ်ဘုရားရဲ့ ရင်ခွင်ဆီ ပြန်သွားရမှာ ဖြစ်ပြီး လူနည်းနည်းကပဲ သူ့ကိုမှတ်မိတော့မည်ကို တွေးမိရုံနဲ့   ရှုန်းယယ် ယူကြုံးမရဖြစ်နေမိသည်။


"ဟုတ်လား..."

ကျိုးကျီသည် ရှုန်းယယ်ပြောပြသည်ကို  သေချာ နားထောင်ပေးရင်း နျိုအာ၏ အခြေနေကို စိတ်စွမ်းအား နဲ့ စစ်ဆေးနေသည်။ နျိုအာက ဟိုသည်ရွှေ့သည်ကိုပင် ခံနိုင်ရည်ရှိသည်ဆိုတော့ သူ့ကိုယ်ထဲက အမြူတေက ပြန်ကွဲမည့်ပုံမပေါ် တော့ပေ။

 
နျိုအာကို သန့်ရှင်းပေးပြီး ဒဏ်ရာက ပုပ်နေတဲ့ အသားတွေကို လှီးထုတ်ပေးပြီးနောက်   ကျိုးကျီသည် ရှုန်းယယ်ကို ကျောက်အိုးကို ပြန်သွားဆေးရန် ပြောလိုက်ပြီး သူ၏ ကိုယ်ပိုင် ကျောက်ဓားကို ထုတ်ပြီး ငှက်ကုလားအုတ်သားအချို့ကို လှီးလိုက်သည်။ ထို့နောက် အသားနှင့် အရွက်များကို အိုးထဲ ရောထည့်၍ စွပ်ပြုတ်တစ်အိုးတည်ကာ နျိုအာကို ကျွေးစေသည်။


"သူ အစာစားလို့ ရပါ့မလား"

 ရှုန်းယယ် ငိုင်ကာမေးလိုက်မိသည်။ ဘာကြောင့်လဲဆိုတော့  နျိုအာ သတိရမလာသေးပေ။

"ရတယ်။. သူ့ ပါးစပ်ဆွဲဟပြီး လောင်းထည့်လိုက်"

ကျိုးကျီက ပြောလိုက်သည်။ ဒီနွားသိုးကြီးက ရက်အတော်ကြာ အစာငတ်ခဲ့ရလို့ အားပြတ်နေပြီး အစာမကျွေးမချင်း သူ ပြန်သတိရလာနိုင်မည် မဟုတ်ပေ။

 "မကျွေးခင် သူ့ကို ဆွဲထူလိုက်ဦး"


ရှုန်းယယ်သည် ကျိုးကျီ ညွှန်ကြားသည့်အတိုင်း လိုက်နာပြီး မတတ် တတတ်ဖြင့်   နျိုအာကို  အစာကျွေးလိုက်သည်။


"မင်း ဒီည အသားဘယ်လောက်စားချင်လဲ"

ကျိုးကျီသည် ရှုန်းယယ်အတွက် အသားကင်ပေးဖို့ ပြင်ရင်းမေးလိုက်သည်။


"ဒီလောက်"

ရှုန်းယယ်သည် သူ့လက်ဖြင့် ငါးကီလိုခန့် အရွယ်အစား ကို ပြလိုက်ပြီး မျက်မှောင်ကြုတ်ကာ ကျိုးကျီကို မေးလိုက်သည်။

 "မင်းဒီနေ့. အစားကော စားရဲ့လား"


"စားတယ်"

 ကျိုးကျီသည် ဌက်ကုလားအုတ်သား ငါးကီလိုခန့် လှီး၍ ကင်နေရင်း ဖြေလိုက်သည်။ ဒါပေမယ့် အသားတွေက သူ မနက်က အမဲလိုက်မသွားခင်က အတိုင်း မလျော့လို့ ကျိုးကျီ သူ့အသားကို ဘာမှ ယူမစားတာ သိလိုက်ရလို့ ရှုန်းယယ်က စိတ်မကောင်းဖြစ်သွားသည်။

 
 နျိုအာကို အစာကျွေးပြီးချိန် ကျိုးကျီ၏ အသားကင်လည်း ကျက်သွားသည်။ ရှုန်းယယ်သည် အသားကင်ကို  နှစ်ပိုင်းဖြဲလိုက်ပြီး တစ်ဝက်ကို ကျိုးကျီကို ပေးလိုက်သည်။

 "မင်းလည်း စားဦး။  မဟုတ်ရင် အားမရှိပဲ နေမယ်"

"ငါ ရက်ကြာနေတဲ့ အသားတွေကို မစားဘူး"  

ရှုန်းယယ် : "........"

ကျိုးကျီက ဒီလောက် အစားဂျေးများနေပုံနှင့် ဘယ်လို အသက်ရှင်နိုင်ပါ့မလဲ။ ဒါပေမယ့် ကျိုးကျီက သူ အသားပိုစားနိုင်ဖို့ ခုလို ပြောလိုက်သည်ဟု တွေးလိုက်မိသည်။ သူက အမှန်ကို ဖော်လိုက်ရင် ကျိုးကျီ ရှက်သွားမည်စိုးလို့ ငြိမ်ပြီးစဉ်းစားနေမိသည်။
 
 ပြီးတော့ အမဲလိုက်အဖွဲ့ ဒီနေ့ ဖမ်းမိလာသည့်ထဲမှာ  မြွေတစ်ကောင် ပါခဲ့တာကို သတိရသွားသည်။
ကျိုးကျီသည် ဒိုင်နိုဆောအသား မစားချင်ဘူးလို့ ပြောခဲ့ပေမယ့် မြွေသားစားခဲ့တာကို သတိရလိုက်သည်။

 ဒီနေ့မျိုးနွယ်စုထဲမှာ လူတိုင်းက ဝေစုအသားနည်းနည်းစီကို သွားယူက တိတ်ဆိတ်စွာ ထိုင်စားနေကြသည်။ မျိုးနွယ်စုထဲက လူ 2 ဒါဇင်လောက် သေသွားခဲ့လို့ လူတိုင်း ဝမ်းနည်းနေပေမယ့် ဆက်လက်အသက်ရှင်နိုင်ဖို့ အစားကိုတော့ စားရဦးမည်။

ရှုန်းယယ်က ရှုန်းဟော်ဆီက မြွေသား သွားယူပြီး
 ကျိုးကျီကို ကမ်းပေးရင်း ပြောလိုက်သည်။

 "ဒါ ဒီနေ့မှ ရလာတဲ့ လတ်လတ်ဆတ်ဆတ် အသား"

"ကျေးဇူးပဲ"

ကျိုးကျီသည် မြွေသားစွပ်ပြုတ်တစ်အိုး ချက်ကာ သူ  တစ်ဝက်  စားပြီး ကျန်တစ်ဝက်ကို  နျိုအာကို ကျွေးဖို့ ချန်ထားလိုက်သည်။ နျိုအာကက ပြန်လည် နာလန်ထူ နိုင်ဖို့ အစား များများစားဖို့ လိုအပ်နေသည်။ သူကတော့ နေ့လည်ကလည်းက   စွမ်းအင်ပေါများတဲ့ အရွက်တွေကို  စားခဲ့လို့ လုံလောက်နေပြီ။ စားပြီး  ကျိုးကျီက သူ့အိပ်ခန်း ဆီ ပြန်သွားခဲ့သည်။

ကျိုးကျီက သူ့အခန်းထဲရောက်မှ  နျိုအာရဲ့ အခြေနေကို  သူ့ စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ရင်း အပင်အချို့ ထုတ်စားလိုက်သည်။


သားရဲလူသားတွေက အရမ်း အသက်ပြင်းကြသည်။ နျိုအာ၏ ခန္ဓာကိုယ်ထဲက အမြူတေက မကွဲကြေ တော့ပဲ အခြေနေ ပြန်လည်တည်ငြိမ်သွား ကတည်းက သူ့အခြေနေလည်း တိုးတက်လာခဲ့သည်။

 
ကျိုးကျီ အခု သားရဲလူသားတွေရဲ့အမြူတေကို စိတ်ဝင်စားလာမိသည်။ ဖုတ်ကောင်တွေက သေသွားရင် အမြူတေကို ထုတ်ယူလို့ရပေမယ့် သားရဲလူသား တွေက သေသွားရင် အမြူတေတွေက ကွဲကြေ သွားသည်။ ဒီကမ္ဘာမှာ သားရဲလူသားတွေက သူတို့ကိုယ်ထဲက အမြူတေတွေရှိတယ်ဆိုတာ သိပုံမပေါ်ပေ။

 ကျိုးကျီသည် သူ၏ စိတ်စွမ်းအားအကုန်လုံးကို နျိုအာအတွက် သုံးခဲ့မေပယ့် မနက်နိုးလာတော့ စွမ်းအင်တွေ ပြန်လည်ပြည့်နေတာတာကိုတွေ့ရသည်။ ဒီကမ္ဘာတွင် စွမ်းအင်တွေ အရမ်းကိုပေါတာပဲ။

 
ထိုမနက်တွင် ကျိုးကျီက အရင်နိုးသော်လည်း အပြင်မထွက်ပေ။ ဂူပေါက်ဝ မီးပုံနားတွင် ရှုန်းယယ် နေရာချပေးခဲ့သော နျိုအာသည် မကြာခင်  နိုးလာပြီး လှုပ်လှုပ်ရှားရှားသံများ ထွက်ပေါ်လာသည်။
 ရှုန်းယယ် မကြာမီ နိုးလာမည်ဟု တွေးကာ ကျိုးကျီ မထပေ။

 
တကယ်လည်း ရှုန်းယယ် နိုးလာပြီး မေးလိုက်သည်။

 "နျိုအာ...အကို နိုးလာပြီလား"

နျိုအာက ရှုန်းယယ်ကို ကြည့်ကာ အသံအက်အက်ဖြင့် နူတ်ဆက်လိုက်သည်။

 "ရှုန်းယယ်......"

"ဘယ်လိုနေသေးလဲ။ အဘ ဘုန်းတော်ကြီးဆီ သွားချင်လား"

ရှုန်းယယ်က ချက်ချင်း ထူမပေးကာ  ပြောလိုက်သည်။

နျိုအာ : "ငါ အိမ်သာ သွားချင်တယ်"


ရှုန်းယယ်က  နျိုအာကို ခေါ်သွားမှ  ကျိုးကျီက သူ့အခန်းထဲမှ ထွက်လာပြီး စွပ်ပြုတ်အိုးတည်ရင်း အသားကင်လို့ မပြီးသေးခင်  ရှုန်းယယ်က နျိုအာကို ကျော  ပိုးကာ ဂူထဲ ပြန်ရောက်လာသည်။

 "ကျိုးကျီ ...နျိုအာ ပြန်ကောင်းသွားပြီ။   ရက်နည်းနည်းလောက် ထပ်နားလိုက်ရင် လုံးဝ ပျောက်သွားတော့မယ်တဲ့.... "


"ကောင်းတာပေါ့...."

ကျိုးကျီက အသားကင်ရင်း ပြောလိုက်သည်။


"အဘဘုန်းတော်ကြီးက  နျိုအာကို ရက်နည်းနည်းဆက်ပြီး  စောင့်ရှောက်ပေးဖို့ မှာလိုက်တယ်။ ဒါကြောင့် ဒီနေ့  ငါ အမဲလိုက် မသွားတော့ဘူး။ ပြီးမှ  မြစ်ဆိပ်နား သွားကြည့်ပြီး မင်း အတွက် ငါးဖမ်းပေးမယ်"

ရှုန်းယယ်က ပြောသည်။ ကျိုးကျီသည် အသား မစားချင်လို့ သူက တမင်သက်သက် ငါးသွားဖမ်းပေးရ မည်။ ငါးဖမ်းရတာ သူ့ အတွက် မခက်လှပေ။

 
"ဒဏ်ရာရထားတဲ့လူအတွက် ငါးစွပ်ပြုတ်က အကောင်းဆုံးပဲ"

 ကျိုးကျီ လည်း သဘောတူကာ  ကျက်သွားသည့် အသားကင်တုံးကို ရှုန်းယယ်ဆီ ကမ်းပေးလိုက်သည်။
ရှုန်းယယ်သည် ကျိုးကျီကို ကျေးဇူးတင်စွာ ကြည့်လိုက်လာသည်။


အရင်က ရှီလီ ဖောက်ပြန်ပြီး သူ့ကိုစွန့်ပစ်သွားချိန်မှာ ကျိုးကျီပဲ သူ့နားမှာ နေပေးခဲ့သည်။ မနေ့က နျိုအာ သေမလိုဖြစ်ပြိးသူ့ ဝမ်းနည်းပက်လက်ဖြစ်နေချိန်မှာ  ကျိုးကျီပဲ အတူရှိပေးခဲ့သည်။


ကျိုးကျီက စကားများများပြောရတာ မကြိုက်ပဲ ခွန်အားနည်းပေမယ့် သူ့အပေါ်ကို အရမ်းကောင်းတဲ့ သူဖြစ်သည်။ ပြီးတော့ ကျိုးကျီက သူ ထင်ထားသလို မထုံထိုင်းပေ။

 
=======

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now