Chapter (79) - အချစ်ပြိုင်ဖက်

6.3K 1.1K 15
                                    

Chapter (79) - အချစ်ပြိုင်ဖက်


ကျူးကျန်း နှင့် အခြားလူများက မျက်လုံးများကို သံသယဝင်နေကြသည်။ ဒီလူတွေက အိုးတစ်လုံးလုံးကို မဖန်တီးနိုင်ပေမယ့် အိုးခွက်ပန်းကန်တွေကို ဖန်တီးနိုင်တုန်းပါပဲ။ အခု သူတို့မှာ မြေအိုးကွဲတွေတောင် ရှိတော့ မြေအိုးအစစ်က တကယ်ပဲ ပိုင်ဆိုင်ရဖို့ မဝေးတော့ဘူး၊ နောက်ထပ်အနည်းငယ်ကြိုးစားပြီးနောက်တွင် ဝက်ဝံကြီးမျိုးနွယ်က အိုးခွက်များကို ဖန်တီးနိုင်လိမ့်မယ်ဆိုတာ သေချာသည်။

ကျူးကျန်း သည် သူ့ရှေ့တွင် ပြန့်ကျဲနေသော အိုးခွက်များနှင့် ပြန့်ကျဲနေသော အိုးခြမ်းကွဲများကို ကြည့်ကာ မည်သို့သော အမူအရာမျိုး ပြသရမည်ကို မသိတော့ပေ။

သားရဲနတ် ဘုရားကျောင်း မှလူများက မြေအိုးသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ဆိုကြပြီး သားရဲနတ်ဘုရား၏ ကောင်းချီးပေးသည့် အရာဖြစ်သည်ဟု ပြောပေမယ့် မျိုးနွယ်စုများစွာသည် မြေအိုးအတွက် အဖိုးတန်ပစ္စည်းမျိုးစုံကို ရောင်းဝယ်ဖောက်ကားခဲ့ကြသည်...

သူတို့သည် ယခင်က အိုးခွက်ပန်းကန်များကို သုတေသနပြုပြီး သားရဲနတ် ဘုရားကျောင်း က ဘယ်လိုလုပ်တယ်ဆိုတာ သိချင်ခဲ့သည်။ ရလဒ်အနေနဲ့... မြေအိုးကို ရွှံ့စေးတုံးကို နယ်၊ ပုံသဏ္ဍာန်ပေါ်လာအောင် လုပ်ပြီး မီးဖုတ်လိုက်ရုံ ရိုးရိုးရှင်းရှင်းပဲ လုပ်ခဲ့ရုံလေးပဲ။

ဘုန်းတော်ကြီး ကျူးကျန်း ၏စကားကိုကြားသောအခါ သူသည် မြေအိုးခွံတစ်ပိုင်းကို ကောက်ယူပြီး မေးလိုက်သည်။

"ဒါက မြေအိုးလား"

"ဟုတ်တယ်၊ အဲ့ဒါ ထုတ်လုပ်မှု ဖြစ်စဉ်မှာ ကွဲအက်သွားတဲ့ မြေအိုးပဲ... မကွဲခဲ့ဘူး ဆိုရင် မြေအိုးခွက်ဖြစ်သွားလိမ့်မယ်။"

ကျူးကျန်း က ပြောသည်။ ကျိုးကျီ ကိုကြည့်လိုက်တော့ သူ့အကြည့်တွေက ရှုပ်ထွေးနေပြီး မေးလိုက်သည်။

"မင်းက... မင်းဟာ သားရဲနတ် ဘုရားကျောင်း ကလား။"

"မဟုတ်ဘူး" ကျိုးကျီ က ပြောသည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now