Chapter (71) - ငရုပ်ဆော့စ် နဲ့နှပ်ထားတဲ့ အသားကြော်

6.6K 1.2K 41
                                    

Chapter (71) - ငရုပ်ဆော့စ် နဲ့နှပ်ထားတဲ့ အသားကြော်


အနီရောင် အသီးက အရမ်းချစ်စရာကောင်းပေမယ့် ရှုန်းယယ် ရဲ့ ပါးစပ်ထဲရောက်တာနဲ့ ဝက်ဝံလေးခမျာ အမူအရာပြောင်းသွားပြီး ဂူထဲကနေ ကမူးရူးထိုးနဲ့ ချက်ခြင်း ပြေးထွက်လာတယ်။

ဒါက ဘယ်လို အရသာမျိုးလဲ !

သူ့ပါးစပ်က မီးလောင်နေသလို ခံစားနေရတယ်။ လျှာတစ်ခုလုံး သည်းမခံနိုင်လောက်အောင် ပူစပ်နာကျင်သွားပြီး သူ့မျက်လုံးများမှ မျက်ရည်များ ရုတ်တရက် စီးကျလာသည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် တိရစ္ဆာန်ပုံစံအသွင်ပြောင်းကာ ချိုင့်ဝှမ်းဆီသို့ ပြေးထွက်လာကာ မျိုးနွယ်စုအလယ်ရှိ ရေစည်ကြီးတွင် ခေါင်းကိုငုံ့ကာ ဗိုက်အပြည့် သောက်လိုက်ပြီးနောက် ပါးစပ်ထဲက အစပ် အရသာ ပျောက်အောင် တံတွေးတွေ ဆက်တိုက် ထွေးထုတ်လိုက်လေသည်။

အဲဒီအသီးက အဆိပ်သင့်နေတယ်။

ထိုကဲ့သို့သော အဆိပ်ရှိသော အသီးအနှံကို စားမိရင် ကိုယ်ထဲက အဆိပ်ဓါတ်ကို အမြန်ထုတ်ဖို့ ရေများများသောက်ရန် လိုအပ်သည်။

" ရှုန်းယယ် .... မင်းဘာဖြစ်နေတာလဲ"

ကျိုးကျီသည် လက်ထဲတွင် အသီးအရွက်အချို့နှင့် ပြန်လာခဲ့စဉ် မျက်ရည်ကျရင်း တံတွေးထွေးနေသည့် ရှုန်းယယ် ရဲ့ အပြုအမူကိုမြင်သောအခါ ချက်ချင်းပြေးသွားပြီး ရှုန်းယယ် ကိုစစ်ဆေးရန် သူ၏စိတ်ဝိညာဉ်စွမ်းအားများကိုအသုံးပြုခဲ့သည်။

ရှုန်းယယ် နေကောင်းတယ်။ သူ့ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူး။

"ဝူး......"

ရှုန်းယယ် ၏ဟောက်သံများပင် ပြောင်းလဲသွားသည်။ သူ့လျှာက အဆိပ်တွေကြောင့် ဖောင်းနေပြီလို့ ခံစားရတယ်။

ကျိုးကျီက အဆိပ်ဖြစ်နိုင်တဲ့ အသီးကို ယူလာတာပဲ။ သူက ဒါကိုမြင်တော့ ကျိုးကျီကို မမေးမိပဲ ဘာကြောင့် အသီးကို အမှတ်တမဲ့ စားလိုက်မိတာလဲ။

သူက အမဲလိုက်စဉ်တွင် သေဆုံးလိမ့်မည်မဟုတ်ပေမယ့် မတော်တဆ အစာအဆိပ်သင့်ပြီး သေသွားတော့မယ်။ အဲ့ဒါ မတရားဘူး!

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Donde viven las historias. Descúbrelo ahora