Chapter (145) _ ဝက်ဝံကြီးတွေက အရမ်းချမ်းသာတာပဲ....

5K 1K 23
                                    


Chapter (145) _   ဝက်ဝံကြီးတွေက အရမ်းချမ်းသာတာပဲ....



အပြင်က လူတွေက သူတို့အသံကို ထိန်းမထားလို့ အထဲမှာရှိတဲ့ ဝက်ဝံကြီးက လူတိုင်း ဒီစကားကို ကြားပေမယ့် ဘယ်သူက   အလေးအနက်မထားဘူး။ သာမန်မျိုးနွယ်စုငယ် လေးတွေက သားရဲလူသားကုန်းမြေကိုရောက်ပြီး သူတို့ ချမ်းသာကြွယ်ဝတာကို တွေ့လို့ မျိုးနွယ်စုငယ်လေးက လူတွေက သိမ်ငယ်လာလို့   စိတ်ဓါတ်ကျပြီး ရောင်းဝယ် ဖောက်ကားဖို့ လုပ်ထားတာတွေကို ပြန်သယ်သွားကုန်ကြတယ်။ သားရဲလူသားကုန်းမြေက လူတွေက တမင်သက်သက် ခုလို နှိမ်ချပြောဆိုပြီး ရောက်လာတဲ့ အားနည်းသူတွေကို  ဖယ်ရှားပစ်နေကြထင်တယ်လို့တောင် သူတို့ဖာသာတွေးလိုက်ကြတယ်။

 တကယ်တော့လည်း  သားရဲလူသားကုန်းမြေက လူတွေရဲ့ ဘဝက   ဝက်ဝံကြီးမျိုးနွယ်က သူတို့ ဘဝတွေနဲ့ သိပ်မကွာတာကို သူတို့ မျက်မြင်တွေ့လိုက်ရတယ်။ ဒီက လူတွေက ဗဟုသုတ ပိုရှိတာလောက်ပါပဲ။ ဒါပေမယ့် သူတို့ ဝက်ဝံကြီးမှာ သားရဲဘုရင် သုံးယောက်တောင် ရှိတယ်လေ။ ဒီနေရာက လူတွေက  ရှီလီလို သားရဲဘုရင်ကို ရတနာတစ်ပါးလို ကတ်ယူနေကြပေမယ့် ရှီလီကို သူတို့ လုံးဝစိတ်မဝင်စားကြဘူး။

ဒီလိုတွေးပြီး  ဝက်ဝံကြီးမျိုးနွယ်စုက လူတွေက သားရဲဘုရင်များများနဲ့ အတူနေဖူးတဲ့ အတွေ့အကြုံမရှိ၊ မသိနားမလည်တဲ့ ငတုံးတွေကို တုန့်ပြန်မနေတော့ပဲ သူတို့ လုပ်စရာရှိတာကို လုပ်နေကြတယ်။

တကယ်တော့ အစားသောက်ချက်ပြုတ်ဖို့ လုပ်နေတာပါ.... သူတို့က မနက်စောစော ပေါ့ပေါ့ပါးပါး အစားစာပဲ စားခဲ့ပြီး ခရီးဆက်လာခဲ့တာ။ အခုချိန်ထိ ဟုတ်တိပတ်တိ မစားရသေးလို့ ဗိုက်ဆာနေကြပြီ။  

သူတို့နေထိုင်တဲ့ အိမ်တွေဟာ အရမ်းသေးငယ်ပြီး ချက်ပြုတ်ဖို့ လုံလောက်အောင် မကျယ်ဝန်းလို့ ဝက်ဝံကြီး မျိုးနွယ်စုက   ကုန်စည်ဖလှယ်ဖို့အတွက် အသုံးပြုတဲ့ တဲထဲမှာ မီးဖိုတွေ ချက်ချင်းဖိုလိုက်ကြတယ်။ သူတို့က ဒီမှာ ရက်အနည်းငယ်နေထိုင်ကြမှာဖြစ်လို့   ကောင်းမွန်တဲ့ ချက်ပြုတ်စရာနေရာ အများကြီး  လိုအပ်တယ်။ ကျိုးကျီ တစ်ယောက်တည်း သုံးဖို့ မီးဖိုလည်း လိုအပ်တယ်။
 
အစောကြီးမဟုတ်တော့ဘဲ သူတို့ဘေးနားက မျောက်ဝံကြီးမျိုးနွယ်စုက လူတွေက မီးစဖိုပြီး   အသားကင်နေကြပြီ။ သားရဲနတ်ဘုရား ပူဇော်ပွဲမှာ ပါဝင်လာခဲ့ကြတဲ့ အခြားအနွယ်တွေ လည်း အလားတူလုပ်ဆောင်နေကြပေမယ့်  ဝက်ဝံကြီးမျိုးနွယ် အနီးတစ်ဝိုက်မှာ စပ်စူသူတွေကက များပြားစည်ကားနေတုန်းပဲ။
 
မကြာသေးမီရက်ကတည်းက ရောက်နေတဲ့သူတွေက ပျင်းလွန်းလို့ စိတ်ဝင်စားစရာကို ရှာပြီး အပျင်းပြေအောင်လုပ်ချင်နေကြတယ်။  ဒီဝက်ဝံကြီးမျိုးနွယ်က ကြံ့သားရဲဘုရင်ရဲ့ အာရုံစူးစိုက်မှုကို ရုတ်တရက်ရရှိခဲ့ပြီး ခြင်္သေ့သားရဲဘုရင်ကို နှင်ထုတ်ခဲ့တဲ့ တစ်ခုတည်းသော မျိုးနွယ်ဖြစ်တာက လူအားလုံးကို အရမ်း  ထူးဆန်းနေစေခဲ့တယ်။
 
"ကြံ့သားရဲဘုရင်ရဲ့အဖေက ဒီမျိုးနွယ်ထဲမှာ ရှိနေတယ်ဆိုတာ ငါကြားတယ်။ သူက ဘယ်သူလဲ?"

"သူတို့က ခြင်္သေ့သားရဲဘုရင်ကို မျိုးနွယ်ထဲက တကယ်မောင်းထုတ်ခဲ့တာလား။ သူတို့ ရူးနေကြတာလား?"

"ကြံ့သားရဲဘုရင်ရဲ့အဖေက သူနဲ့ အသက်အရွယ်တူတဲ့ပုံပေါက်တာ ဘယ်လိုဖြစ်တာလဲ။"

......

လူတွေကြားကို  ထွက်မလာခဲ့တဲ့ ကြံ့သားရဲဘုရင်- "......"

ကြံ့ သားရဲဘုရင်က ဟိုင်ဖုန်း  ကို စိုက်ကြည့်နေပေမယ့် သူက ဒီနေရာကနေ ထွက်သွားခြင်းမရှိပေ။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး သူလည်း ဘာက မဖြေရှင်းနိုင်ဘူး။  သူ့သားရဲ့ အတွေးတွေက ဝက်ဝံကြီးတွေရဲ့ အစားအစာတွေနဲ့ ပြည့်နေပြီး သူ့သားကို ဒီနေရာကနေ သူ မဆွဲထုတ်နိုင်တော့ဘူး။ လက်ရှိအခြေအနေ အပေါ်အခြေခံပြီး ကိုယ့်နေရာကိုသာ   မျောက်ဝံ သားရဲဘုရင် နဲ့ အခြားသားရဲဘုရင်တွေက စိတ်လှုပ်ရှားပြီး သူ့ကို လာမေးတာဖြစ်နိုင်တယ်။ ဒါကြောင့် သူက သူများ စပ်စုတာကို မဖြေချင်လို့ ဒီမှာ ပေပြီး နေနေတာပဲ။ သူက    သူက ဝက်ဝံကြီးမျိုးနွယ်စုရဲ့ အစားစာတွေကြောင့် ဒီကိုရောက်နေတာ မဟုတ်ဘူး!

ဝက်ဝံကြီးမျိုးနွယ်က လူတွေက ဘာကြောင့် ဒီလောက် တော်နေတာလဲ? အသီးရွက်တွေကို ကြော်လိုက်ရုံနဲ့ ဘာကြောင့် ဒီလောက် လျှာလည်ရလောက်အောင် အရသာရှိလာ ရတာလဲ?! သူက တစ်သက်လုံး အသီးရွက် အစိမ်းတွေပဲ စားခဲ့တာ။ အဲ့ဒါ အစားသောက်ကို ဖြုန်းတီးရာကျတာပဲ မဟုတ်လား?!

ကြံ့သားရဲဘုရင်က ဝက်ဝံကြီးမျိုးနွယ်စုက လူတွေကို ပြောလိုက်တယ်။

 "ပေါင်ပေ့က ဒီနေရာမှာ စားချင်နေလို့ မင်းတို့ သူ့အတွက် နောက်ထပ် ဟင်း နည်းနည်းချက်ပြီး ကြက်ဥ ထမင်းကြော်ကို သေချာလုပ်ပေးကြဦး  ။"

"ဟုတ်ကဲ့ပါ!"

ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက ကြည်ကြည်ဖြူဖြူ သဘောတူလိုက်ကြတယ်။  ဟိုင်ဖုန်း  က  လမ်းခရီးမှာ စားစရာနဲ့ပစ္စည်းအမြောက်အမြား စုဆောင်းခဲ့ပြီး ရှီ ပေါင်ပေ့ အတွက် စားစရာတွေကို ချက်ကျွေးရတာကို အရမ်း ပျော်ရွှင်နေခဲ့တယ်။  ကြံ့ သားရဲဘုရင် အတွက်တော့ သူက သားရဲဘုရင်ဖြစ်နေလို့ သူ့အတွက် အစားစာပိုချက်ပေးရတာ ဝက်ဝံကြီးက လူတွေအတွက်    ကြီးကြီးမားမား မဟုတ်ဘူး။ ဒီစကားကြောင့် ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက သူတို့သယ်လာတဲ့  ပါဆယ်ထုပ်ကြီးတွေကို စတင်ဖွင့်လှစ်ခဲ့ကြတယ်။

ပြင်ပက စပ်စုစိန်တွေက ဒီအဖြစ်အပျက်ကိုမြင်တော့ အရမ်း သိချင်နေကြတယ်။
ဒီဝက်ဝံမျိုးနွယ်စုကြီးက သူတို့နှင့်အတူ အများကြီး ယူလာတာ..ဘယ်လိုဟာတွေလဲ...
 
အထုပ်ဖြည်လိုက်ချိန် ပေါ်လာတာတွေက အသီးအရွက်အိတ်ကြီးတွေ၊ အသားများ၊ ဒိုင်နိုဆောဥတွေနဲ့  အခြားပါဝင်ပစ္စည်းတွေဖြစ်တယ်။
 
ဒါကိုမြင်တော့ အပြင်ဘက်က စပ်စုစိန်တွေဆီကနေ စိတ်ပျက်လက်ပျက် ညည်းတွားသံ ထွက်ပေါ်လာကြတယ်။  

ဒီကိုလာတဲ့ အချို့သော မျိုးနွယ်စုငယ်တွေက အရမ်း ဆင်းရဲပြီး အသားစားဖို့တောင် မတတ်နိုင်ကြပေမယ့်    သားရဲနတ်ဘုရား ပူဇော်ပွဲတွင် ပါဝင်ရန် လာခဲ့သူတွေက ရောင်ဝယ်ဖောက်ကားဖို့ ယူလာတဲ့အထဲမှာ အစားအသောက်တော့ မပါပေ။
 
ဝက်ဝံကြီးမျိုးနွယ်က လူတွေက  ဘယ်လိုလဲ။ တိရစ္ဆာန်သားရေ ပါဆယ်ထုပ်တစ်ခုပြီး တစ်ခုကို ဖွင့်လိုက်ပေမယ့်  အစားသောက်တွေကလွဲပြီး ဘာက ထွက်မလာဘူး။  တစ်ချို့အထုပ်ထဲမှာ  မြက်တွေတောင် ပါနေသေးတယ်... သူတို့ ဘယ်လောက်တောင် ဆင်းရဲမွဲတေလိုက်သလဲ !

ကြံ့ သားရဲဘုရင် ရဲ့ စိတ်က တကယ့်ကို ကောင်းလွန်းတယ်။ သူက ဒီလို ငမွဲတွေနဲ့ တကယ့်ကို အတူနေချင်တယ်...

စိတ်ဓာတ်အရမ်းကောင်းတယ်လို့ လူတိုင်းထင်နေတဲ့ ကြံ့သားရဲဘုရင်က အခု နည်းနည်းလောဘကြီးနေပြီ။ သူက  ဝက်ဝံကြီးမျိုးနွယ်က လုပ်တဲ့ အစားအစာကို အကန်တကယ်စားချင်နေတယ်လေ။
 
ကံမကောင်းစွာဖြင့်၊ ဝက်ဝံကြီးက လူတွေ ချက်တဲ့အစားအစာက ကျိုးကျီ နှင့် မယှဉ်နိုင်ဘူး။  ကျိုးကျီ ပြုလုပ်တဲ့ အစားအစာ... ဟိုင်ဖုန်းတောင် မစားနိုင်မှတော့ သူက တွေးတောင်  မတွေးရဲတော့ဘူး။

ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက မီးဖိုတွေကို ဖိုပီး အချို့က ပါဝင်ပစ္စည်းတွေကို ချက်ပြုတ်ဖို့ ပြင်ဆင်နေကြတယ်။ ကျူးကျန်းက စပါးခွံတွေကို ဖယ်ပစ်ဖို့ စပါးကို ဖွပ်နေတယ်။  ဒီအလုပ်ကို သာမန်လူများ မလုပ်နိုင်ဘဲ ဒါကို လုပ်နိုင်ဖို့အတွက် သူက ရှုန်းယယ်ဆီက စွမ်းအင်ထိန်းချုပ်နည်းကို သင်ယူခဲ့ရတယ်။
 
ရှုန်းယယ် က ဒီတာဝန်ကို ထမ်းဆောင်ရင်း သူ့ကို ပိုသန်မာစေပြီး သူ့စွမ်းအင်ကို ပိုလွယ်လွယ်ကူကူ သုံးနိုင်လာလိမ့်မယ်လို့  ပြောပြီးကတည်းက သူ အရမ်းပျော်နေခဲ့တယ်။

ပြပွဲကို ကြည့်ရှုနေကြသော ကြည့်ရှုသူများ- "ဒီအရပ်မြင့်မြင့်နဲ့ လူကြီးက ထမင်းချက်ဖို့ ပြင်ဆင်နေပုံပဲ"

"ဒီဝက်ဝံကြီးတွေရဲ့ လူမျိုးတွေက တကယ့်ကို ဆင်းရဲတယ်။ ထမင်းပဲ စားနိုင်ကြ ရှာတယ်... "

"ငါတို့တော့ ဘယ်လောက်ဆင်းရဲဆင်းရဲ့ ထမင်းတော့ လုံးဝမစားဘူးကွ"

......

ဒီလူတွေက ဆင်းရဲလွန်းလို့ ထမင်းပဲ  စားနိုင်တဲ့ဝက်ဝံကြီးမျိုးနွယ် က လူတွေကို သနားလာကြတယ်။ အဲ့ဒီအချိန်  ဝက်ဝံကြီး မျိုးနွယ်စုကလူတွေက မီးဖိုများ တပ်ဆင်ပြီးစီးကြပြီး အိုးများကို ထုတ်ကာ ဖိုပေါ်တင်လိုက်ကြတယ်။
 
အိုးတစ်လုံး၊ နှစ်အိုး၊ သုံးအိုး... စောစောက အချင်းချင်း ဆွေးနွေးနေကြသူတွေ အားလုံး တိတ်ဆိတ်သွားကြသည်။

ဒီဝက်ဝံကြီးမျိုးနွယ်စုက ဒီလောက်များတဲ့ မြေအိုးတွေကို ဘယ်က ရလာကြတာလဲ။
 သူတို့ ထုတ်နေတဲ့  အိုးခွက်တွေက မကုန်နိုင်သေးဘူး။  တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်... အိုး...လူတိုင်းမှာ တစ်အိုးစီ ရှိကြတယ် ဟုတ်လား။

ဝက်ဝံကြီးမျိုးနွယ်က အရမ်း ဆင်းရဲပြီး မသေရုံတမည်ပဲ နေထိုင်နေရတာ မဟတု်လား။ ဘယ်လိုဖြစ်ပြီး တန်ဖိုးကြီးလွန်းတဲ့ မြေအိုးခွက်တွေ  အများကြီးရှိတာလဲ။

အပြင်မှာ စိတ်ရှုပ်ထွေးစွာ  ကြည့်နေတဲ့ လူတွေက ချက်ချင်း ထိုနေရာက ခုန်ထွက်သွားကြပြီး  သူတို့ မျိုးနွယ်ဆီ   ချက်ခြင်း ပြန်ပြေးပြီး သတင်းပို့လိုက်ကြတယ်။
 
"ဝက်ဝံကြီးတွေမှာ အိုးခွက်တွေ အများကြီး ရှိတယ်! မြန်မြန်လာကြည့် !"

များမကြာမီအချိန်မှာတော့ ဝက်ဝံကြီးမျိုးနွယ် အပြင်ဘက်က ဝိုင်းအုံကြည့်နေသူတွေက ပိုမိုများပြားလာတယ်။

ရှုန်းချီ နှင့် အခြားသူများက  ဒီလူတွေဟာ အတွေ့အကြုံမရှိ၊ မသိနားမလည်ကြဘူးဆိုတာ ပိုသေချာသွားပြီလို့ တွေးနေတယ်။ ဒါကြောင့် ဒီလူတွေ ပြောတာကို သူတို့ စိုးရိမ်စရာ မလိုဘူး။ ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက စတင်ချက်ပြုတ်လိုက်ကြတယ်။

သူတို့ပတ်ဝန်းကျင်ကလူတွေက အသားကင်တွေချည်းပဲ ကင်နေကြပေမယ့် ဝက်ဝံကြီးက လူတွေ အသားကင်တဲ့ လုပ်ငန်းစဉ်က ပိုရှုပ်ထွေးနေတယ်။ အမဲသားကို ကင်ထား ရင်တောင် တခြားသူတွေထက် ဟင်းခတ်အမွှေးအကြိုင်တွေ ပိုထည့်ထား သေးတယ်။

ဒီကိုလာတဲ့ လမ်းတလျှောက်မှာ ကျိုးကျီက ဟင်းခတ်အမွှေးအကြိုင်များစွာကို တွေ့ရှိခဲ့ပြီး  သူက အခြားသူများ စားဖို့ ချက်ပြုတ်ပေးဖို့ ဆန္ဒမရှိပေမယ့်  ဟင်းခတ်အမွှေး အကြိုင်တွေကို အားလုံးဆီ မျှဝေပေးခဲ့တယ်။
 
ဒါကြောင့် အခု အသားကင်တဲ့ဖြစ်စဉ်က အခြားမျိုးနွယ်စုတွေနဲ့ လုံးဝကို ကွဲပြားသွားခဲ့တယ်။

"ဝက်ဝံကြီးတွေ ကင်တဲ့အသားက ဘာလို့ ဒီလောက်မွှေးနေရတာလဲ"

"အဲဒီလူက ထမင်းကို ဖွပ်နေတယ်... ဘယ်လောက် ဇီဇာကြောင်လိုက်လဲ"

"ဘာတွေ လုပ်နေကြတာလဲ"

"အသီးအရွက်တွေကို အသားနဲ့တွဲပြီး ချက်ထားတာဆိုတော့ အနံ့က အရမ်းကောင်းတယ်!"

......

မူလက ဝက်ဝံအနွယ်ကို နှိမ့်ချပြောဆိုသူ အားလုံးက ဒီအချိန်မှာ လေသံတွေ ပြောင်းလဲကုန်ပြီး အနားတိုးလို့ ချက်ထားတဲ့  အစားစားကို တောင်းစား ချင်နေကြတယ်။

တစ်စုံတစ်ဦးကလည်း ထုတ်ပြောလာခဲ့တယ်။
 "သူတို့မှာ မြေအိုးတွေ အများကြီးရှိလို့ တကယ်သုံးနိုင်ကြတာပဲ။ သူတို့ တကယ်ချမ်းသာတယ်!"

အမှန်ကိုပဲ ဝက်ဝံကြီးမျိုးနွယ် ရဲ့ လက်ရှိလုပ်ဆောင်မှုတွေက သူတို့ အရမ်း ချမ်းသာတယ်ဆိုတာ ပြသနေသလိုပဲ....

ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက အခြားသူတွေရဲ့ အတွေးကို လုံးဝ ဂရုမစိုက်ပဲ သူတို့အားလုံး ဟင်းချက်ဖို့ အလုပ်ရှုပ်နေကြတယ်။

ကျိုးကျီ လည်း အစားစား ချက်လုပ်နေတယ်။ ထိုနေ့တော့ သူက အခြားဟင်းလျာ အနည်းငယ်နှင့်အတူ အသားနှင့်ထမင်းကို ချက်စားရန် ကြံစည်ခဲ့သည်။ သူသည် အသားကျပ်တင် နဲ့ ထမင်းကို တခါတည်းပေါင်းထည့်ပြီး ချက်လိုက်ပြီး ထမင်းပေါင်း လုပ်ဖို့ ကြံထားတယ်။    အခြားဟင်းလျာများအတွက်မူ အမျိုးအစား နည်းနည်းပဲ လုပ်နိုင်တော့တယ်။
 
ရိုးရိုး ဒိုူင်နိုဆောဥ မွှေကြော်၊ ငရုတ်သီးကြော်၊ အသားကြော်၊ အရွက်ပြုတ်လုပ်ပြီးနောက် သူက ထမင်းချက်ဖို့ အချိန်ယူပြီး ပန်းကန်ငါးပန်းကန်၊ ခြောက်ပန်းကန်စာလောက် ချက်ဖို့အတွက် ရှုန်းယယ် လုပ်တဲ့ ပစ္စည်းတွေကို သုံးလိုက်တယ်။ သူတို့ထဲတွင် နှစ်ကြိမ်ချက်ထားတဲ့  ဝက်သားနှင့် ဆင်တူသော ဟင်းတစ်မျိုးလည်း ပါဝင်သည်။ ကြက်သွန်ဖြူ အတက်လေးတွေကို ရိုက်ပြားပြီး ထည့်ကြော်ထာလို့ ဟင်းက အရမ်းမွှေးနေတယ်။
 
ပြင်ပကကြည့်နေသူများ မနာလိုဖြစ်ရုံသာမက ဝက်ဝံကြီးမျိုးနွယ် က လူတွေတောင်  လောဘကြီးလာကြတယ်။ ကံမကောင်းစွာနဲ့ အဲ့ဒီဟင်းလျာတွေကို စားဖို့ သူတို့အလှည့် ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ဘူး...

ကြံ့ သားရဲဘုရင်က တံတွေးကို မြိုချပြီး စိတ်မကောင်းစွာနဲ့ ကျိုးကျီရဲ့ အစားသောက်ကို ငေးကြည့်နေရာကနေ  သူ့အကြည့်ကို လွှဲလိုက်တယ်။ ဒါကြောင့် ကျိုးကျီ က သူ့ကို နေ့တိုင်း အစာစာကျွေးဖို့ ဆန္ဒရှိမယ်ဆိုရင် သူက သေချာပေါက် ဝက်ဝံကြီးမျိုးနွယ် မှာ ပါဝင်မိမှာပဲ။
 
အခြားလူများက မနာလိုစွာကြည့်နေကြစဉ်၊ ကျိုးကျီ နှင့် ရှုန်းယယ် တို့က သူတို့ ညစာကို ကျေနပ်နှစ်သိမ့်စွာ စားသောက်လိုက်ကြတယ်။
 

ကျိုးကျီက  ဝက်သားဖြင့်ပြုလုပ်ထားတယ မဟုတ်တဲ့ နှစ်ကြိမ်နှပ်ထားတဲ့ အသားတုံးကို   ကိုက်ပြီး ရှုန်းယယ်ကိုပြောလိုက်တယ်။

"ရှီလီ... သူ တစ်ခုခုမှားနေပြီထင်တယ်"  

"ကျွန်တော်လည်း ထင်တယ်၊ သူ့ဦးနှောက်ထဲမှာ တစ်ခုခု မှားနေပြီ"
ရှုန်းယယ် က ပြောသည်။

ကျိုးကျီ : "......"
 ရှီလီရဲ့ ဦးနှောက်က တခုခု ဖြစ်မနေပေမယ့် အစောပိုင်းက သူ ထုတ်ပြလိုက်တဲ့ စွမ်းအားကနေတဆင့် သူ့ကိုယ်ထဲက အမြူတေမှာ စွမ်းအင်တွေ မတည်မငြိမ် ဖြစ်နေ တာကို ကျိုးကျီ အာရုံခံလိုက်ရတယ်။ ဒါကြောင့် ရှီလီက  ပြဿနာရှိနေတယ်လို့ ပြောနိုင်တာ ဖြစ်တယ်။
 
ရှန့်ထျန်း  နဲ့ ပထမဆုံး ထိတွေ့မိတဲ့အချိန်က အရမ်းထူးဆန်းတဲ့ အရာတစ်ခုကို သူတွေ့ရှိခဲ့ပြီး ရှန့်ထျန်း  ရဲ့ ခန္ဓာကိုယ်ထဲမှာ မတူညီတဲ့ စွမ်းအင် အမျိုးမျိုး ရှိနေတာကိုလည်း သိလိုက်တယ်။
 
တစ်ချိန်က သူက ရှန့်ထျန်းက ဒိုင်နိုဆောကိုယ်တွေထဲက အမြူတေက ပါတဲ့ စွမ်းအားကို အကုန် မစုပ်ယူနိုင်လို့ ခုလို စွမ်းအားမတည်ငြိမ်တာလို့ ထင်ခဲ့ပေမယ့် ဟိုင်ဖုန်းက   တိရစ္ဆာန်များစွာရဲ့အမြူတေကို စားခဲ့ပေမယ့် ပြဿနာမရှိသလို ကြံ့သားရဲဘုရင်ရဲ့ အမြူတေက အရမ်းကို တည်ငြိမ်ပြီး သန့်ရှင်းသပ်ရပ်တာကို သူ သိခဲ့တယ်။
 

ရှန့်ထျန်း  ၏ အမြူတေက... သေချာပေါက် ပြဿနာ ဖြစ်နေပြီ ။ ကျိုးကျီ သည် ယခုတစ်ကြိမ် သားရဲဘုရား ပူဇော်မှုအတွင်း ရှန့်ထျန်း  ကို ရင်ဆိုင်ရရင် ရှန့်ထျန်းရဲ့ အခြေအနေကို  တချက် ကြည့်ရှုရဦးမယ်လို့ တွေးနေခဲ့ပေမယ့် သူက ရှန့်ထျန်းနဲ့ မတွေ့ပဲ ရှန့်ထျန်း  နဲ့  ဆင်တူတဲ့  ပြဿနာရှိနေတဲ့  ရှီလီကို ရင်ဆိုင်ခဲ့ရတယ်။

အစောပိုင်းမှာ  ရှီလီက သူတို့ကို ဖိအားပေးဖို့ အတွက် သူ့စွမ်းအားကို  ထုတ်လွှတ်လိုက် တဲ့အချိန် ရှီလီရဲ့ စွမ်းအင်ထဲမှာ  ပြဿနာရှိနေတာကို ရိပ်မိခဲ့တယ်။
 
"ငါက  သူ့ဦးနှောက်အကြောင်း မပြောပါဘူး... ရှီလီရဲ့ ခန္ဓာကိုယ်မှာ ပြဿနာရှိပုံရတယ်။" ကျိုးကျီ က ပြောသည်။

"ဒါဆို သူ့ဦးနှောက်ရော သူ့ခန္ဓာကိုယ်မှာပါ ပြသနာတွေရှိနေပြီလား"
ရှုန်းယယ် အနည်းငယ် အံ့သြလာပြီး သူ့မျက်နှာတွင် စာနာသည့် အရိပ်ယောင် ပေါ်လာသည်။
(မသိဘူး...ရှီလီက အရူး - လို့ကို သတ်မှတ်ထားတဲ့ ဝက်ဝံလေး )

ကျိုးကျီ : "......"


***********-***********










ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now