Chapter ( 160- 2 ) _ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ရှီလီ

5K 952 19
                                    

Chapter ( 160- 2 ) _ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ရှီလီ


ရှုန်းယယ်နှင့် ကျိုးကျီတို့သည် သားရဲနတ်ဘုရားကျောင်းတော် တွင်  စားသောက်နေချိန်တွင် သားရဲနတ်ဘုရားဘုရားကျောင်းအပြင်ဘက်တွင် မရေမတွက်နိုင်သောလူများက သားရဲနတ်ဘုရားအကြောင်း ဆွေးနွေးနေကြသည်။

"ဝက်ဝံကြီး မျိုးနွယ်  ရဲ့ လူမျိုးစုအကြီးအကဲရဲ့ အဖော်ဟာ သားရဲနတ်ဘုရားဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး!"

"ဝက်ဝံကြီး မျိုးနွယ်ရဲ့ မျိုးနွယ်စုအကြီးအကဲက ငယ်ငယ်ရွယ်ရွယ်နဲ့ သားရဲ ဘုရင်ဖြစ်လာနိုင်တာ အံ့သြစရာမရှိပါဘူး။"

"ဝက်ဝံကြီးမျိုးနွယ်ရဲ့ ဟိုင်ဖုန်း က သားရဲဘုရင်လို့လည်း ငါကြားတယ်။"

"ဝက်ဝံကြီးမျိုးနွယ်က တကယ်ကို အစွမ်းထက်တယ်။ ငါ သူတို့နဲ့ တွဲနိုင်ရင် ကောင်းမှာပဲ"

"အဲဒါကိုတောင် မတွေးပါနဲ့။ ကြံ့ သားရဲဘုရင် လို သားရဲဘုရင်  တွေသာ ဝက်ဝံကြီး မျိုးနွယ်  မှာ ပါဝင်နိုင်မှာ မဟုတ်လား။

......

ဟုတ်တာပေါ့.. လူတချို့က ဝက်ဝံကြီး မျိုးနွယ်ကို အားကျ မနာလို ဖြစ်နေချိန်မှာ တခြားသူတွေက စိုးရိမ်ကြတယ်။ အထူးသဖြင့် ယခင်တိုက်ပွဲတွင် သားရဲဘုရင်  အသတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာရရှိခဲ့သူများက သူတို့မျိုးနွယ်ကို ပြစ်ဒဏ်ချမလားဆိုပြီး စိုးရိမ်နေကြတယ်။

 သားရဲဘုရင်များပါရှိသည့် ဒီအနွယ်များသည် အလွန်မာနကြီးပြီး သေးငယ်သော အနွယ်များကို အလေးအနက်မထားခဲ့ကြသော်လည်း ယခုတွင် သူတို့သည် သူတို့ရဲ့ခြေထောက်များကြားတွင် အမြီးများကုတ်ကာ  နေထိုင်နေ ကြပြီး အားနည်းသူများကို အနိုင်ကျင့်ရန် သူတို့ရဲ့ သာလွန်သော အဆင့်အတန်းကို အသုံးမပြုဝံ့ကြပေ။

တစ်ချိန်တည်းမှာပင် ဝက်ဝံကြီး မျိုးနွယ်ကို သိရန်ကြိုးစားရင်း မရေမတွက်နိုင်သော လူများ ပြေးလွှားနေကြသည်။

ကြံ့သားရဲဘုရင်သည် အမြော်အမြင်ရှိ၍ ဒီအရာကိုမြင်သောအခါ၊ ဝက်ဝံကြီးနေထိုင်ရာ အရပ်ကို ပိတ်ကာ ပြင်ပမှ မည်သူ့ကိုမှ ဝင်ခွင့်မပြုပေ။

ထို့နောက်တွင် သူက ဟိုင်ဖုန်း ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ကျိုးကျီက သားရဲနတ်ဘုရားဖြစ်မယ်လို့ ငါ မထင်ထားမိဘူး..."

ဟိုင်ဖုန်း - "ကျွန်တော် မမျှော်လင့်ထားဘူး... ဒါက အရမ်းမိုက်တယ်။ တကယ်ဆို သူက သားရဲနတ်ဘုရားဆိုတာ စောစောက သိခဲ့ရင်၊ သူ့ကို သွားတိုက်ဖို့ ငါ ဘယ်လို ရွေးချယ်ရဲမှာလဲ"

 အကယ်၍ သူက အချိန်ကိုနောက်ဆုတ်နိုင်မယ်ဆိုရင် သူက ကျိုးကျီကို တိုက်ခိုက်ရန် မကြိုးစားဘဲ အစားကောင်းတွေပို့ခဲ့ရင်  ကျိုးကျီနှင့် သူရဲ့ဆက်ဆံရေးသည် ယခုအချိန်တွင် အထူးကောင်းမွန်နေတာ  ဖြစ်ကောင်းဖြစ်နိုင်သည် ။

တကယ်တော့ ရှုန်းချီ နဲ့ တခြားသူတွေက ကျိုးကျီကို သားရဲနတ်ဘုရားဖြစ်ဖို့ မမျှော်လင့်ထားခဲ့ကြဘူး။

 "သူဟာ သားရဲနတ်ဘုရားရဲ့တမန်လို့ပဲ ထင်ခဲ့ကြတယ်။ သူ တကယ် သားရဲနတ် ဘုရား ဖြစ်လိမ့်မယ်လို့ ငါတို့ မထင်ထားဘူး..."

"ကျိုးကျီက အများကြီးသိပြီး အရမ်းသန်မာတာ အံ့သြစရာမဟုတ်ပါဘူး!"

"ကျိုကျီက တခြားလူတွေနဲ့ မတူဘူးလို့ ငါ အရင်က ပြောဖူးတယ်။ သူက  သားရဲနတ်ဘုရား ဖြစ်နေလို့ကိုး...!"

......

အားလုံးက ကျိုးကျီ အကြောင်း  ပြောကြပြီး ရှုန်းယယ်ကိုလည်း အားကျနေသည်။

"ရှုန်းယယ်အရမ်းကံကောင်းတယ်! အစပိုင်းတုန်းက ကျိုးကျီမှာ နေစရာ နေရာတောင် မရှိဘူး။ ကျိုးကျီကို လာခေါ်ပြီး အိမ်မှာ နေခိုင်းတာ နည်းနည်းတော့ တုံးတယ်လို့ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ..."

ကြံ့သားရဲဘုရင်က ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည်၊

"ကျိုးကျီမှာ နေစရာနေရာမရှိတော့ဘူးလား"

ဝက်ဝံကြီး မျိုးနွယ်  မှလူအချို့က အဆင်မပြေသလိုခံစားရပြီး ပြောလိုက်သည်။

"ဟုတ်တယ်... အဲဒီတုန်းက သူ့အမေက အမဲလိုက်ရာက ပြန်မလာနိုင်တော့တဲ့ အချိန်  ရက်စက်ယုတ်မာတဲ့ လူမျိုးစုအကြီးအကဲက သူ့ကို ဂူထဲက ရွှေ့ခိုင်းပြီး သူ့လိုဏ်ဂူကို တခြားသူတွေ နေတဲ့ စုပေါင်း လှိုဏ်ဂူတွေထဲမှာ အိပ်ခိုင်းခဲ့တယ်  "

ကြံ့ သားရဲဘုရင် -  "အဲဒီလူမျိုးစုရဲ့ အကြီးအကဲက အခုထိ အဆင်ပြေနေသေးရဲ့လား" လို့ မေးလိုက်ပါတယ်။

"သူ အဆင်ပြေပါတယ်။ သူက ဘုန်းကြီးဖြစ်ဖို့ ဆက်လုပ်နေယ်။"
ဝက်ဝံကြီး မျိုးနွယ်  မှ ပုဂ္ဂိုလ်က ပြောသည်။

ကြံ့သားရဲဘုရင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ကျိုးကျီ ... တကယ်ကို ဒေါသကြီးတာပဲ!"

ဒီစကားကို ကြားသောအခါ ဝက်ဝံကြီးမျိုးနွယ်စုမှလူများအားလုံး ခေါင်းညိတ်ကြသည်။ ကျိုးကျီရဲ့ ဒေါသက အရမ်းကြီးတယ်လို့လည်း  ခံစားခဲ့ကြရသည်။

ဟိုင်ဖုန်း -  "သူ ရန်ဖြစ်တဲ့အခါ နည်းနည်းရူးသွားပေမယ့် သူ့ဒေါသက တကယ်ကြီးတယ်..."

 အဲဒီတုန်းက သူသာ အနိုင်ရခဲ့ရင် ကျိုးကျီဟာ သေပြီးသား ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကောင်းပြီ၊ ဒါက သူက အတွေးလွန်နေတာပါ။ တကယ်တော့ သူက ကျိုးကျီကို လုံးဝ အနိုင်မယူနိုင်ခဲ့ဘူးလေ...
ဝက်ဝံကြီးမျိုးနွယ်စုမှ လူအားလုံးအချိန်အတော်ကြာ စကားပြောခဲ့ကြပြီး နောက်ဆုံး ကျိုးကျီက  လူကောင်းတစ်ယောက်ဆိုပြီး နိဂုံးချုပ်လိုက် တော့တယ်။
 

ထိုအချိန်တွင် ကျိုးကျီနှင့် ရှုန်းယယ်စားသောက်ပြီးသွားခဲ့လေပြီ ။ စားသောက်ပြီး နောက် ကျိုးကျီက ရှုန်းယယ်ကိုကြည့်ကာ ပြောလိုက်သည်။

"ရှုန်းယယ် ဒီမှာ ခဏအနားယူလိုက်ဦး။ ငါ အပြင်ခဏသွားဦးမယ်။"

ရှုန်းယယ်က ချက်ချင်း သဘောတူလိုက်တယ်။ ကျိုးကျီက ရှုန်းယယ်ကို ပြုံးပြပြီး အပြင်ထွက်ပြီး မေးလိုက်သည်။

 "ရှီလီ ဘယ်မှာလဲ"  

ရှီလီကို ပြန်ခေါ်ဖို့ လူတွေကို သူပြောခဲ့တယ်။ အခု...သူ ပြန်သွားတွေ့ဖို့ အချိန်ရောက်ပြီ။ သူ ကြာကြာ စောင့်လျှင် ရှီလီသေတော့မယ်၊ သူ ဘာမှ မမေးလိုက်ရပဲ နေလိမ့်မယ်။

ရှီလီကို မနီးမဝေးက အခန်းကျဉ်းလေးမှာ ထားခဲ့ပြီး ကျိုးကျီရောက်လာချိန်မှာ သတိလစ်နေသေးတယ်။ အခန်းကျဉ်းလေးထဲမှာ အရမ်းမှောင်နေတယ်။ ကျိုးကျီက သူ့နောက်ကလူတွေကို တံခါးမဖွင့်ခင် ထွက်သွားဖို့ အမိန့်ပေးလိုက်တယ်။

တံခါးမှတဆင့် နေရောင်ခြည်သည် ရှီလီရဲ့မျက်နှာကို တောက်ပစေသည် ။ ကျိုးကျီက ဒီလူက စကားမပြောတဲ့အခါ သူက တော်တော်လေးကို ဆွဲဆောင်မှု ရှိနေတာကို တွေ့လိုက်ရတယ်။

သူရဲ့ဝိညာဉ်စွမ်းအားများဖြင့် အနီးနားတွင်မည်သူမှ မရှိဘူးဆိုတာ စစ်ဆေးပြီးနောက်  ကျိုးကျီက "ရှီလီ" ဟုအော်ခေါ်လိုက်သည်။

သူ အော်လိုက်ပြီး  ရှီလီရဲ့ကိုယ်ထဲကို စွမ်းအင်အနည်းငယ်ထည့် ပေး လိုက်သည်။ ရှီလီသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများကိုဖွင့်လိုက်ပြီး ကျိုးကျီကိုတွေ့လိုက် သောအခါ သူ့အမူအရာက ချက်ချင်းပင် ရူးသွပ်သွား ခဲ့သည်။ သူက ခုန်ထပြီး ကျိုးကျီကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။

ဒါပေမယ့် ကျိုးကျီက သူ့ကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သည်။

 "မင်းက သားရဲနတ်ဘုရားမဟုတ်ဘူး။မင်း ..... မဟုတ်ပါဘူး!"

 ရှီလီ ရုန်းကန်ခဲ့ရသော်လည်း ယခုအချိန်တွင် သူ့တွင် ခွန်အားများစွာ မကျန်တော့ပေ။

"မင်း ပြန်လည်မွေးဖွားလာခဲ့တယ် မဟုတ်လား "
ကျိုးကျီက ရှီလီကို အေးဆေးသက်သာစွာ ကြည့်ကာ ခပ်သာသာ မေးလိုက်သည်။

"မင်း ဘယ်လိုသိတာလဲ?" ရှီလီရဲ့မျက်ဝန်းအိမ်က ပြူးကျယ်သွားပြီး အံ့အားသင့်စွာ မေးခဲ့သည်။
 
"ဒါဆို မင်း ပြန်လည် မမွေးဖွားလာခင်မှာ မင်း ဘာတွေကြုံခဲ့လဲ"
ကျိုးကျီက သူ့ကို အမှန်တိုင်းဖြေဖို့  စိတ်စွမ်းအားများဖြင့် ရှီလီကို ဖိအားပေးလိုက်သည်။

ကျိုးကျီသည် အခြားသူများကို ထိန်းချုပ်ရန် သူရဲ့ စိတ်စွမ်းအားကို အသုံးပြုရတာ  မကြိုက်သော်လည်း ယခုအချိန်တွင် မည်သို့ပင် ပြုလုပ်ရလိမ့်မည်။ ရှီလီက စိတ်ဓါတ်ကြံ့ခိုင်သူ မဟုတ်လို့ ချက်ချင်း ကျိုးကျီရဲ့  ထိန်းချုပ်မှုအောက်သို့ ကျဆင်းသွားခဲ့သည်။ ထို့နောက် ကျိုးကျီကို သူ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြခဲ့တော့သည်။

ကျိုးကျီက သူ့အကြောင်းတွေ အများကြီးမေးပြီး ရှီလီပြောတာကို နားထောင်ပြီးတော့ ရင်ထဲက တင်းကျပ်သွားခဲ့သည်။  ရှီလီ မသိသော အရာများစွာ ရှိသော်လည်း ကျိုးကျီက ရှီလီသိခဲ့သည့်အရာများကို အခြေခံ၍ မူလ ကျိုးကျီရဲ့ယခင်ဘဝတွင် တွေ့ကြုံခဲ့ရသည့်အရာများကို ခန့်မှန်းနိုင်ခဲ့သည်။

သူတို့အရင်ဘဝတုန်းက ရှီလီ နဲ့ ရှုန်းယယ်လမ်းခွဲ ခဲ့တာ မဟုတ်တဲ့အတွက် သူ ရှုန်းယယ်ကို သဘောကျလာမှာ မဟုတ်သလို ရှုန်းယယ်နဲ့လည်း အများကြီး ပေါင်းသင်းဆက်ဆံတာ မလုပ်မိဖို့ သေချာတယ်။ သူ့မှာ မိတ်ဖက်ဆိုတာ မရှိရင် သူက အိမ်ထောင်ဖက်ကို လက်ဆောင်ပေးဖို့ သားရဲနတ်ဘုရား အသီးကို လိုချင်လိမ့်မည် မဟုတ်ပေ။

 ဒါဆိုရင် သူက သားရဲနတ်ဘုရားအသီးကို လိုက်မရှာဖြစ်လောက်ပေ။ ဒါကြောင့် ထိုသားရဲနတ်ဘုရားအသီးကို ရှန့်ထျန်းက ရရှိပြီး စားလိုက်နိုင်လိမ့်မည်။

ပြီးတော့... ရှန့်ထျန်း က မူလကျိုးကျီကို သတိပြုမိပြီး သူ့သားကို ခေါ်သွားခဲ့ လိမ့်မည်။ မူလ ကျိုးကျီရဲ့ ပင်ကိုယ်စရိုက်အရ သူက သူ့အဖေ ရှန့်ထျန်း နောက်ကို လိုက်သွားလိမ့်မည်။
 
ရှီလီ ရဲ့ အဆိုအရ ထိုအချိန်တွင် သူက ကျောက်ဂူထဲတွင် မနေထိုင်တော့ဘဲ သစ်လုံးတဲမှာ နေခဲ့လိမ့်မည်။  ရှန့်ထျန်းက ဆင်မျိုးနွယ်ရဲ့   သားရဲဘုရင်တစ်ပါး ဖြစ်သည်။ သူက ရှုန်းယယ်နှင့် မိတ်ဖက် ဖြစ်မလာလို့  ဝက်ဝံကြီးမျိုးနွယ်ကို ဂရုမစိုက်တော့ပဲ သေချာပေါက်  ရှန့်ထျန်း နောက်လိုက်သွားလိမ့်မည်။
 
ဆင်မျိုးနွယ်ကို ရောက်သွားတော့ သူ့ဘဝက    ဝက်ဝံကြီး မျိုးနွယ်  တွင်နေထိုင်ရတာထက်တော့   များစွာပိုမိုကောင်းမွန်ပါလိမ့်မည်။

ဒါပေမယ့် ရှန့်ထျန်း သေဆုံးပြီးနောက် ...

ရှန့်ထျန်းက လူကောင်းဖြစ်ပြီး သားဖြစ်သူကို ကောင်းကောင်းဆက်ဆံပေးလျှင် သူ အခက်ကြုံချိန် ယခင် ကျိုးကျီက သေချာပေါက် ကူညီပေးလိမ့်မည်။ ဒါပေမယ့် ရှန့်ထျန်းက သားဖြစ်သူအပေါ် မကောင်းရင်တော့.... ရှန့်ထျန်း ပြဿနာတွေ ကြုံလာရရင် သူလည်း   ကူညီဖို့ ခြေလှမ်းစမှာ မဟုတ်ဘူး။

နောက်ပိုင်းတွင်... အဖြစ်အပျက်တစ်ခုခုကြောင့် သူ့ကို သားရဲနတ်ဘုရား ကျောင်းတော် မှ လူများက ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် သားရဲနတ်ဘုရား  ဖြစ်လာနိုင်တယ်ဆိုတာ ကျိုးကျီ  ခန့်မှန်းမိခဲ့သည်။

ရှုန်းယယ်နှင့် ရှီလီ ရဲ့ ကျင့်ကြံနည်းကိုပြောရမယ်ဆိုရင် ဒါကိုလည်း သူက   သူတို့အတွက် ပေးထားသည့် အရာဖြစ်လိမ့်မည်။ ဂူထဲမှာ ဘာ့ကြောင့် ထွင်းထု ထားသလဲ ဆိုတာကတော့ ဖြည်းဖြည်းချင်း သင်ပေးဖို့ သူက စိတ်ရှည်သည်းခံမှု မရှိလို့ ဖြစ်နိုင်တယ်။

သူ့ကိုယ်ရည်ကိုယ်သွေးကို မှန်းဆပြီး လက်ရှိဘဝမှာ အခုအချိန်အထိ ဖြစ်ပျက်ခဲ့သည့်အရာအများစုကို ကျိုးကျီက ကျိုးကြောင်းကိုက်ညီစွာ စဉ်းစားပြီးဖြစ်သငည်။    သူ ခန့်မှန်းပြီးသည်နှင့် ... ကျိုးကျီသည် ရှီလီကို ကြည့်ရတာ လုံးဝ နှစ်သက်ဖွယ်မကောင်းဘူးဆိုတာ  တွေ့ရှိခဲ့သည်။

ရှီလီ မမွေးဖွားခင်မှာ သူက ရှုန်းယယ်နဲ့ တစ်သက်လုံး အဖော်ဖြစ်ခဲ့တာလား။ ဒီလိုတွေးမိပြီး ကျိုးကျီသည် ရှီလီ ကို မြေကြီးပေါ် လဲကျအောင် တွန်းပစ်လိုက် သည်။   ဒါပေမယ့် ဒီလိုလုပ်တာက  ရှီလီကို ခဏတာ နာကျင်စေရုံသာဖြစ်ပြီး ဘာမှ  ထိရောက်မှု မရှိနိုင်ပေ...

ကျိုးကျီသည် သူထည့်ပေးထားတဲ့ စွမ်းအားများကို ပြန်ယူခဲ့သည်။

ရှီလီသည် ယခုမှ  ထိန်းမနိုင်သိမ်းမရဖြစ်ကာ သတိဝင်လာသည်။ သူက ကျိုးကျီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
 
ကျိုးကျီ- "မင်းက ပြန်လည်မွေးဖွားလာပေမယ့် မင်း ဘဝက အရင်ကထက် ပိုပြီး  ရှုပ်ယှက်ခတ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"

ရှီလီ အံ့အားသင့်သွားသည်။

ကျိုးကျီ-  "မင်းအရင်ဘဝတုန်းက ရှုန်းယယ်အတွက်သာ မဟုတ်ခဲ့ဘူးဆိုရင် မင်းရဲ့ကျင့်ကြံနည်းစနစ်ကို ရယူပြီး သားရဲဘုရင်ဖြစ်လာဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး။ ဟိုတုန်းက မင်းရခဲ့ရတဲ့ အောင်မြင်မှုတွေက ရှုန်းယယ်ကြောင့်ပဲ။"

ရှီလီက သူ့ကိုယ်သူ သားရဲနတ်ဘုရားရဲ့ ချစ်ခင်ခြင်းကို ခံရသည့် အရေးပါ အရာရောက်တဲ့သူလို့ ထင်ပြီး လုပ်ဆောင်နေပေမယ့် တကယ့်တကယ်တော့ သူက ဘာကောင်မှ မဟုတ်ခဲ့ပေ။
 


********-********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now