Chapter ( 148 ) _ နှစ်ယောက် ယှဉ်တိုက်ခြင်း

4.8K 950 11
                                    

Chapter ( 148 ) _  နှစ်ယောက် ယှဉ်တိုက်ခြင်း


ရှီလီတစ်ယောက် ဒီအခိုက်အတန့်မှာ ကြောင်အ မိန်းမော သွားမိသည်။

ရှုန်းယယ်က ဘယ်လိုဖြစ်ပြီး  သားရဲဘုရင်ဖြစ်သွားတာလဲ။
 ရှုန်းယယ်က တကယ်ကြီး သားရဲဘုရင် ဖြစ်လာခဲ့တာလား ?

ရှီလီရဲ့စိတ်ထဲမှာ သူ့အတိတ်ဘဝကို ပြန်ရောက်သွားသလိုပဲ။

အဲ့ဒီအချိန်တုန်းက  သူတို့နှစ်ယောက်က အတူကျင့်ကြံခဲ့ပြီး  ရှုန်းယယ်က သူနဲ့ အဆင့်ညီတဲ့ သားရဲဘုရင်ဖြစ်လာဖို့  နောက်ထပ် အချိန် နှစ်နှစ်ခန့်ကြာမြင့် ခဲ့သည်။ အဲဒီနောက်ပိုင်း သူတို့နှစ်ယောက်က သားရဲဘုရင်ကိုယ်စီဖြစ်လာပေမယ့် သူတို့ တိုက်ခိုက်ကာ လေ့ကျင့်တိုင်း သရေကျအောင် တိုက်နိုင်ပေမယ့် သူ့ခွန်အားက ရှုန်းယယ်နဲ့ မညီမျှဘူးဆိုတာ သူ တကယ်သိခဲ့ရတယ်။

ရှုန်းယယ်သည် သားရဲဘုရင်ဖြစ်လာပြီနောက်ပိုင်း လေ့ကျင့်မှုကို ဘယ်တော့မှ မရပ်ခဲ့ဘူး။ ရှုန်းယယ်က ငတုံးတစ်ယောက်လိုပဲ သားရဲဘုရင်ဖြစ်ပြီး ကိုယ်တိုင် အမဲလိုက်ဖို့မလိုအပ်တဲ့အချိန်မှာတောင် သူ့ကို အမဲလိုက်ဖို့ ရှုန်းယယ်က အတင်းအကျပ်ပြောလေ့ရှိတယ်။
 

ရှုန်းယယ်က ဘဝမှာ သက်တောင့်သက်သာနဲ့  ဘယ်လိုပျော်ရွင်အောင် နေရမှန်း မသိတဲ့သူတစ်ယောက်ပဲ။

ရှီလီက သူ့အတိတ်ဘဝအကြောင်းကို တွေးရင်း အသက်မရှူနိုင်တော့ပေ။ ရှုန်းယယ်က သူ့ထက် အမြဲသာလွန်နေခဲ့ပြီး   သူ့အပေါ် ဖိအားတွေ ပေးနေသည့် တောင်ကြီးတစ်လုံး လိုမျိုး အမြဲတမ်း သူ့ကို စိတ်မသက်မသာဖြစ်စေသည်။

နောက်ပိုင်း သူတို့ သားရဲဘုရင်တွေ ဖြစ်ပြီး အနှစ် 50 နီးပါးကြာပြီးနောက် ရှုန်းယယ် အသက်ကြီးပြီး သေဆုံးသွားတော့မှ သူလည်း ကောင်းကောင်း အနားယူနိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့အချိန်မှာ သူလည်း အသက်ကြီးလို့ ကောင်ငယ်လေး၊ ကောင်မလေးတွေနဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားပေမယ့် အသုံးမဝင်တော့ဘူး!

သူ ပြန်လည်မွေးဖွားလာပြီးနောက် သူ့ကို စိတ်ကျေနပ်မှု အရှိဆုံးအရာ တစ်ခု ကတော့ ခုအချိန်မှာ ရှိတဲ့ ရှုန်းယယ်က ခွန်အားပိုင်းဆိုင်ရာမှာ သူ့ထက် အားနည်းတာပဲဖြစ်တယ်။ သူက သားရဲဘုရင်ဖြစ်လာပြီးနောက်ပိုင်း  သူ့သန်မာမှုနဲ့ အဆင့်ကို ရှုန်းယယ်ရှေ့မှာ ထုတ်ဖော်ကြွားဝါဖို့ကို တကယ်ကို မစောင့်နိုင်တော့ဘူး။

ဒါပေမယ့်... ရှုန်းယယ်လည်း သားရဲဘုရင် ဖြစ်လာခဲ့တာလား?

သူ အဝေးကို မောင်းထုတ်ဖို့   ကြိုးစားခဲ့ရတဲ့ အိပ်မက်ဆိုးကြီးက နောက်ထပ်တဖန် ပြန်ပေါ်လာခဲ့ပြီ။

ဒါကိုတွေးပြီး ရှီလီရဲ့ အမူအရာက အရမ်း ရုပ်ဆိုးလာတယ်။

ဒါပေမယ့် ရှန်ယွဲ့က ရှုန်းယယ်ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့တယ်။
  "မင်းက ဝက်ဝံကြီးမျိုးနွယ်ရဲ့ မျိုးနွယ်စုအကြီးအကဲလား။ မိုက်မဲတဲ့အလုပ်ကို မလုပ်ပါနဲ့"

ဒါက ဘယ်လို မိုက်မဲတဲ့ အလုပ်မျိုးလဲ။ ဒါက နောက်ထပ် သားရဲဘုရင် တစ်ယောက်လေ။

ရှီလီသည် ရှန်ယွဲ့ရဲ့စကားကို ကြားတော့ သူမကို ဟောက်ချင်ပေမယ့် အခုအခြေနေက အဲ့လိုပြောနိုင်စွမ်းမရှိသေးလို့ သူ့အဖြစ်က ရှက်စရာကောင်းလွန်းလှသည်...

ရှုန်းယယ်က ရှန်ယွဲ့ရဲ့ အကြံပေးချက်ကို လျစ်လျူရှုပြီး ရှီလီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

 "ငါ မင်းနဲ့ တိုက်ချင်တယ်။ မင်း လက်ခံမလား၊ လက်မခံဘူးလား"

ရှုန်းယယ်က ဆက်ပြောလာတဲ့အခါ ရှီလီ က  ဘာပြောရမှန်း မသိဖြစ်နေ သေးသည်။ တိုက်ခိုက်ဖို့ကို သူ လက်ခံလား လက်မခံဘူးလား.....

ရှီလီက သဘောမတူချင်ဘူး။ သူ့ရဲ့ သားရဲဘုရင် စွမ်းအားတွေက မတည်ငြိမ်သေး ဘူး။ ရှုန်းယယ်အတွက်တော့... ရှုန်းယယ်က သားရဲဘုရင် ဖြစ်လာလည်း သေချာပေါက် သူရဲ့ ခွန်အားက အမြဲတမ်း ခိုင်မာနေမှာ ဖြစ်တယ်။

ရှီလီက ငြင်းချင်ပေမယ့် သူတို့ပတ်ဝန်းကျင်က သာမန်လူတွေက ရှုန်းယယ်ရဲ့ ခွန်အားကို မခံစားလိုက်ရလို့ ပြောနေကြတယ်။

 "ဒီလူက ရူးနေတာလား။ သူက ခြင်္သေ့သားရဲဘုရင်ကို တကယ်တိုက်ချင်နေတာ။"

"ခြင်္သေ့သားရဲဘုရင်ပြောခဲ့တဲ့စကားက အမှန်ပဲလား"

"ဝက်ဝံကြီးမျိုးနွယ်က လူတွေအကုန်လုံး ကျိုးကျီပြောတာကို နားထောင် ကြတယ်။  ဒါဆို သူက ကြံ့သားရဲဘုရင်ရဲ့ဖခင်နဲ့ အတူရှိနေလို့ ကျိုးကျီရဲ့ရာထူးက တကယ် အဲ့လို အဆင့်မြင့်နေတာလား?"

"သူက ယောက်ျားလေးမဟုတ်လား... ဘာလို့ ယောကျာ်း နှစ်ယောက်က အတူတူ တွဲနေတာလဲ"

"ကျိုးကျီက တော်တော်ကြည့်ကောင်းတာပဲ"

......

ရှီလီနောက်သို့ လိုက်လာသော သားရဲဘုရင်များ အားလုံးသည် ထိုမှတ်ချက်များကို ကြားလိုက်ကြပြီး စကားမပြောဘဲ နေကြပေမယ့် ရှီလီက သူတို့ စကားကို ကြားလိုက်သောအခါ ဒေါသတကြီး ဖြစ်လာခဲ့သည်။

ရှုန်းယယ်က သူရဲ့ တိရိစ္ဆာန်ရုပ်သဏ္ဍာန်ကို ချက်ချင်း ပြောင်းလဲလိုက်ချိန် သူ့ဆီက   စွမ်းအင်လှိုင်းများကို ထုတ်လွှင့်ကာ မြေကြီးကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ကာ သူတို့ပတ်ဝန်းကျင်ရှိ လူများအားလုံးကို စွမ်းအားထုတ်လွှင့် လိုက်သည်။ အတင်းအဖျင်းပြောသူတွေဟာ ဒီစွမ်းအင်ရဲ့ သက်ရောက်မှုကြောင့် ဆက်တိုက်ပြန်ဆုတ်သွားခဲ့ပြီး ဖင်ထိုင်လျက်လဲကျကုန်သည်။

အနီးနားက တဲအိမ်တချို့တောင် ပြိုကျသွားကုန်တယ်။

အညိုရောင်ဝက်ဝံကြီးသည် မကျေမနပ်ဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားလောက်တဲ့ ကျယ်လောင်သော ဟောက်သံတစ်ခု ထုတ်လိုက်သည်။  တစ်ချက်ကိုက်လိုက်ရုံဖြင့် လူတစ်ကိုယ်လုံးကို စားပစ်လို့ ရလောက်အောင် ကျယ်ဝန်းသော ပါးစပ်ကြီးကို မြင်လိုက်ရချိန်မှာ အတင်းပြောနေတဲ့ လူတစ်စုလုံး ကြောက်သေးပါလောက်အောင် ကြောက်ရွံ့နေကြသည်။  

အနီးနားက ရှန်ယွဲ့က လဲကျလုနီးပါးဖြစ်သွားပြီး သူမ မျက်နှာထက်မှာ သွေးရောင် ပျောက်ဆုံးမတတ်ဖြစ်နေသည်။

ဒါပေမယ့် ဝက်ဝံကြီးမျိုးနွယ်ကလူအားလုံးက အဆင်ပြေနေတယ်။ ရှုန်းယယ်က နေ့တိုင်းဆန်ဖွပ်ပြီး စွမ်းအားထိန်းချုပ်နည်းကို လေ့ကျင့်ထားတဲ့အတွက် အခု သူ့စွမ်းအားကို ဝက်ဝံကြီးမျိုးနွယ်က လူတွေအပေါ် သက်ရောက်မှု မရှိအောင် သေချာ ထိန်းထားနိုင်သည်။

"ရှုန်းယယ်.... ငါ အဆင်ပြေတယ်။ မင်း စိတ်မဆိုးပါနဲ့။"

 ကျိုးကျီက ရှုန်းယယ်ကို ချော့ပေးရင်း ရယ်မောလိုက်ပြီး သူတို့ပတ်ဝန်းကျင်က လူတွေကို လှည့်ကာ ပြောလိုက်သည်။

 "လူတိုင်း မိုက်မဲတဲ့စကားတွေ ရပ်ပစ်မယလို့ ကျွန်တေ် မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ အိမ်ထောင်ဖက်က သားရဲဘုရင်ဖြစ်တာကြောင့် ဝက်ဝံကြီး မျိုးနွယ်  က ဒီလိုကောင်းမွန်တဲ့ အဆင့်ကို ပိုင်ဆိုင်နိုင်တာပါ။  "

သူတို့ပတ်ဝန်းကျင်ကလူတွေ- "......"
အဲဒါကို သူတို့ကအခုမှ သိလိုက်ရတာလေ..... သူတို့က အတင်းအဖျင်းကိုပဲ ကြားခဲ့ပြီး ဝက်ဝံကြီးရဲ့အကြီးကဲက သားရဲဘုရင်တစ်ပါးလိုမှ မနေတော့ သူတို့လည်း ဘယ်လိုသိနိုင်ပါ့မလဲ။ အတင်းဖျင်းတွေကို ယုံမိကြတာပေါ့.....
 

ကျိုးကျီက ဟိုင်ဖုန်း ကို လက်ညှိုးထိုးပြပြီး ဆက်ရှင်းပြလိုက်သည်။

 "ဒီလူက ကြံ့သားရဲဘုရင်ရဲ့ အဖေ လုံးဝမဟုတ်ပေမယ့် သူကတော့ ကြံ့သားရဲဘုရင်ရဲ့ သားနဲ့ မွေးစား မြေးအဖိုး ဆက်ဆံရေးရှိတယ်။ ကျွန်တော်နဲ့ သူက ဘာမှမဆိုင်ဘူး။"

သူတို့ပတ်ဝန်းကျင်ကလူတွေ- "......" ဒီလိုဖြစ်သွားတာကိုး....

ဟိုင်ဖုန်း က ကျိုးကျီ ရှင်းပြနေတာကို ကြားပြီး သူတို့က ပတ်သတ်မှု မရှိဘူးဆိုတာ ကြားလိုက်ရပြီးနောက်ပိုင်း သားရဲနတ်ဘုရား ကျောင်းတော်က သူ့ကို လာရန်ရှာရင် ကူကယ်ရာမဲ့ဖြစ်နေမှာကို ကြောက်စိတ်မွှန်စွာနဲ့ပဲ ဝင်ပြောလိုက်တယ်။

  "ငါတို့ကြားက တစ်ခုခုတော့ ရှိတယ်လေ! ငါတို့အရင်က သဘောတူထားတယ် မဟုတ်လား။ အနာဂတ်မှာ ငါ မင်းစကားကို နားထောင်မယ်၊ မင်း ငါ့အသက်ကို ကာကွယ်မယ် လို့ ပြောခဲ့တယ်လေ။"

ကျိုးကျီ - "......"

ကျိုးကျီ-  "ဟုတ်တယ်၊ ငါတို့မှာ တစ်ခုခုတော့ရှိတယ်။ ငါတို့ဆက်ဆံရေး နောက်လိုက်နဲ့ အထက်လူကြီးဆက်ဆံရေးပဲ"

သူတို့ပတ်ဝန်းကျင်ကလူတွေက "......" အဲဒါကို သူတို့ မြင်နိုင်ပါတယ်။

ကြံ့ သားရဲဘုရင် က ကျိုးကျီဟာ တကယ်ကို အထင်ကြီးစရာကောင်းပြီး အကျပ်တည်းကြုံနေချိန်မှာ ရှင်းလင်းအောင် လုပ်နိုင်စွမ်းရှိတယ်..... လို့တွေး နေသည်။  ဒါပေမယ့် ဟိုင်ဖုန်းက ကျိုးကျီရဲ့နောက်လိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး   ဘာကို ဆိုလိုတာလဲ။ ဟိုင်ဖုန်း ၊ မင်းဟာ သားရဲဘုရင် ဆိုတာကို မေ့သွားပြီလား ။ မင်းက သားရဲဘုရင် ဖြစ်ပေမဲ့ တခြားတစ်ယောက်ရဲ့ နောက်လိုက်တစ်ယောက် အနေနဲ့ပဲ ကျေနပ်နေတာလား ဟမ်။

ကြံ့သားရဲဘုရင်ရဲ့အကြည့်တွေက ကျိုးကျီကို စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။
 
ကျိုးကျီသည် သားရဲဘုရင်ဖြစ်ပြီး အလွန်အစွမ်းထက်သူဖြစ်ကြောင်း သူ ဟိုး အရင်ကတည်းက သိခဲ့သည်။ အခုတော့... ကျိုးကျီက သူ ထင်ထားတာ ထက်တောင် ပိုသန်မာနေပုံရတယ်။

ဟိုင်ဖုန်း ရဲ့ ခွန်အားကို သူတို့ ပတ်ဝန်းကျင်က လူတွေ မသိနိုင်ပေမယ့် ရှုန်းယယ်ရဲ့ ခွန်အားကို လူတိုင်း မြင်နိုင်ပါပြီ-- သူက ဒီလောက်ကြီးမားတဲ့ ဝက်ဝံတစ်ကောင်ဖြစ်နေမှတော့ သေချာပေါက် သားရဲဘုရင်ဖြစ်ရောပေါ့...


ဟိုင်ဖုန်း က သိပ်ဆွဲဆောင်မှု မရှိပေမဲ့ ရှုန်းယယ်က အရမ်းချောတယ် လို့တော့ ပြောလို့မရပါဘူး။

ကျိုးကျီသည် ရှုန်းယယ်ရဲ့အဖော်ဖြစ်တယ်။ ဒါကြောင့် ဟိုင်ဖုန်း နဲ့ သူ ဘယ်လို ပေါင်းသင်းနိုင်မလဲ။ ဟိုင်ဖုန်း သည် ရှုန်းယယ်ရဲ့နောက်လိုက်ဖြစ်နေလို့ အနား တောက်လျှောက်ကပ်နေတယ်ဆိုတာ အဓိပ္ပါယ်ရှိနိုင်တယ်။ ဒါကြောင့် ကျိုးကျီရောင်းဝယ်ဖောက်ကားသမျှ ပစ္စည်းအကုန်ကို ဟိုင်ဖုန်း သယ်ဆောင်ပေး နေတာ မဟုတ်လား။
 
ခြင်္သေ့သားရဲဘုရင်က တကယ်ကို မိုက်မဲတဲ့ စကားတွေပြောပြီး သူများကို အပုပ်ချနေတာပဲ။ တစ်ဖက်လူက သူ့ကို တိုက်ချင်တာ မထူးဆန်းတော့ဘူး။
 
ရှုန်းယယ်ရဲ့ အစွမ်းကြောင့် ထိတ်လန့်နေတဲ့လူတွေက အခု သူ့ကို ဒေါသမထွက်ရဲ တော့ဘူး။ နောက်ဆုံးတော့ သူတို့က သားရဲဘုရင် ရဲ့အိမ်ထောင်ဖက်အပေါ် ဝေဖန်ခဲ့မိတာကိုး.... ရှုန်းယယ်က သူတို့ကို ဘာမှ မလုပ်တာကိုပဲ တော်လှပြီ။
 
ခုအချိန်တော့ သူတို့က ရှီလီကို တိတ်တဆိတ် စက်ဆုပ်ရွံရှာနေမိပြီ။ တကယ်လို့  ခြင်္သေ့သားရဲဘုရင်ရဲ့ အဓိပ္ပါယ်မဲ့ စကားကြောင့်သာ မဟုတ်ရင် သူတို့က ဝက်ဝံသားရဲဘုရင်ကို စော်ကားလုနီးပါး လုပ်မိမှာတဲ့လား။
 ကြံ့သားရဲဘုရင်-  "ခြင်္သေ့သားရဲဘုရင်... မင်းရဲ့ အတွေးတွေက ညစ်ပတ်လွန်း တယ်။ ငါ့သားကို ကယ်တင်ခဲ့တဲ့အတွက် အဲဒီသားရဲဘုရင်နဲ့ ငါက မိတ်ဆွေကောင်းဖြစ်ခဲ့ပြီး သူတို့ရဲ့ မျိုးနွယ်စုအကြီးအကဲကလည်း သားရဲဘုရင်ပါ။"  

မျောက်ဝံ သားရဲဘုရင် - "ခြင်္သေ့သားရဲဘုရင်၊ ဝက်ဝံကြီးမျိုးနွယ်က အရမ်း ဆင်းရဲပြီး အားနည်းတယ်လို့ မင်း အမြဲပြောဖူးတယ်။ အဲ့ဒါ အမှန် မဖြစ်နိုင်ဘူး ထင်တယ်..."

ရှီလီက သွေးတွေ အန်ချင်နေမိတော့တယ်။ အခု ဘာဖြစ်နေမှန်း သူလည်း မသိတော့ဘူး!

ထိုအချိန်တွင်၊ သားရဲဘုရင်များသည် ရှီလီကို စိတ်မဝင်စားတော့ပေ။ အဲ့ဒီအစား  သူတို့သည် ကြံ့သားရဲဘုရင်ထံ လှည့်ကာ ပြောလိုက်ကြသည်။

 "နောက်ထပ် သားရဲဘုရင်ရှိဖို့ ငါတို့တွေ မမျှော်လင့်ထားမိဘူး"။

"အခုလူငယ်တွေအကုန်လုံး အံ့သြစရာကောင်းနေပြီ!"  

မျောက်ဝံ သားရဲဘုရင် သည် ပို၍ပင် ရိုးစင်းစွာပြောလိုက်သည်။

 "ကြံ့သားရဲ ဘုရင်၊ မင်း လုံးဝ မပြောပြခဲ့ဘူးနော်။ မင်း ငါတို့ကို ဒီလောက်ကြီးကျယ်တဲ့အကြောင်း မပြောပဲ လျှိုထားခဲ့တယ်!"

ကြံ့သားရဲဘုရင်- "သူတို့က ခပ်လျှိုလျှိုပဲ နေချင်ကြလို့ပါကွာ" လို့ ပြန်ဖြေလိုက် ရတယ်။

သူတို့စကားပြောနေတုန်း ရှုန်းယယ်က ရှီလီ ကို ထပ်ပြောလိုက်တယ်။

 "ရှီလီ၊ တိုက်ကြမယ်!"

ရှုန်းယယ်က ဟိန်းဟောက်ပြီး အားလုံးရဲ့ အာရုံစိုက်မှုကို သူနဲ့ ရှီလီဆီ ပြန် ဆွဲခေါ်သွားတယ်။ သားရဲဘုရင်  အချို့က ရှီလီကို ဝင်ပြောလိုက်သည်။
 "ရှီလီ၊ မင်းက တခြားသူရဲ့ အိမ်ထောင်ဖက်ကို စောစောပိုင်းက ပုတ်ခတ် စော်ကားလိုက်တာ၊ ဒါက တကယ်မှားတယ်။ တဖက်လူက မင်းနဲ့ တိုက်ချင်တာကို ငါတို့ နားလည်ပေးနိုင်တယ်။  ဒီလိုမျိုး ရင်ဆိုင် တိုက်ခိုက်လိုက်ရင် ပြေလည်သွားနိုင်တယ်။"  

"ခြင်္သေ့သားရဲဘုရင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလဲဆိုတာ ငါ အမြဲသိချင်ခဲ့တယ်။ ခြင်္သေ့သားရဲဘုရင်...မင်းရဲ့အစွမ်းကို  ငါတို့ကြည့်ရအောင်။"


"ဒီ ဝက်ဝံသားရဲဘုရင် ရဲ့ တိရစ္ဆာန်ပုံစံအသစ်က ကြံ့ သားရဲဘုရင် နဲ့ ယှဉ်လို့မရပေမယ့်၊ အဲဒါက တကယ့်ကို ကြီးမားနေသေးတယ်။ သူက သေချာပေါက် အရမ်းသန်မာရမယ်!"

......

သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း ဒီသားရဲဘုရင်တွေရဲ့စကားများကို သဘောတူ ကြသည်။

ရှုန်းယယ်ရဲ့ တောင်ကုန်းငယ်လေးလို အရွယ်အစားကို ကြည့်လိုက်သောအခါ ဝက်ဝံသားရဲဘုရင်လေးက အရမ်း သန်မာတယ်လို့ အားလုံးက ခံစားမိကြသည်။

ဒီဝက်ဝံသားရဲဘုရင်က ခြင်္သေ့သားရဲဘုရင်ကို တစ်ကြိမ်တည်းနဲ့ အနိုင်ယူနိုင် မယ်လို့လည်း အားလုံးက မျှော်လင့်ခဲ့ကြတယ်။ —ခြင်္သေ့သားရဲဘုရင် လျှောက်ပြောလို့သာ မဟုတ်ရင် သူက  ဝက်ဝံသားရဲ ဘုရင်ကို  ဘယ်လို စော်ကားသလို လုပ်မိမှာလဲ။ ဒီခြင်္သေ့က ပါးစပ်သရမ်းတာကိုး....

 အားလုံးက ရှီလီကို ရှုန်းယယ်နဲ့ တိုက်တာကို မြင်ချင်ပေမယ့် ရှီလီကတော့ မတိုက်ချင်ဘူး။ တိုက်ရင် ရှုံးမယ်ဆိုတာ သူ သိနေတယ်။  

"ရှုန်းယယ် ငါတို့ အတူတူကြီးပြင်းလာကြတလာဖြစ်လို့ မင်းနဲ့ငါ တိုက်မှာ မဟုတ်ဘူး။"

ရှီလီက ငယ်သံယောဇဉ်ကို ထောက်ရှုပြီး သဘောထားကြီးသလို ပုံစံနှင့်  ပြောလိုက်သည်။

သားရဲဘုရင်တွေက သူတို့ရဲ့တိရစ္ဆာန်ပုံစံဖြင့် စကားပြောနိုင်လို့ သူတို့ ပြောတာကို လူတိုင်း ကြားသိလိုက်ရသည်။ အညိုရောင်ဝက်ဝံကြီးက  ရှီလီကိုကြည့်ကာ ပြောခဲ့သည်။

"ငါတို့အတူကြီးပြင်းလာပေမယ့် မကြာခဏ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တာပဲ မဟုတ်လား "  

ရှီလီ- "မင်းအရင်က မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားပြီး ငါ့ကို နားလည်မှု လွဲအောင်လုပ်ခဲ့လို့ အားလုံးက  မင်းအပြစ်ပဲ။"

"မင်း ငါ့ကို တိုက်ရိုက်မေးလို့ရပေမယ့် ငါ့အိမ်ထောင်ဖက်ကို စော်ကားလို့မရဘူး!"
ရှုန်းယယ်က ပြတ်သားစွာ ပြောလိုက်သည်။  

ရှီလီ -  "ရှုန်းယယ်! ကျိုးကျီကို ကာကွယ်ဖို့ မင်းက ငါ့ကို တိုက်ဖို့ တောင်းဆိုနေတာလား။ ကောင်းပြီလေ..."

အခု သူ တကယ်ကို ဒေါသအရမ်းထွက်နေပြီ။
 
 ရှုန်းယယ်က ကျိုးကျီကို ဘာလို့ သိပ်ကောင်းနေရတာလဲ။

ရှီလီ နှင့် ရှုန်းယယ် ငြင်းခုံနေကြဆဲဖြစ်သော်လည်း ဟိုင်ဖုန်း က သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

"မင်းတို့တွေ ဘာလို့ ဒီလောက်ပြောစရာရှိနေတာလဲ။ စကားကို လျှော့ပြောလို့ မရဘူးလား။?" တိုက်ကြပါတော့.... အခု စတိုက်ပါတော့...ဟ

ရှုန်းယယ်သည် အဆုံးမရှိသော စကားများကို အဓိပ္ပါယ်မဲ့ လျှောက်ပြောနေတဲ့ လက်ဖြင့် ဖမ်းဆွဲလိုက်ရတော့မလားလို့ တွေးနေသည်။
 
ရှီလီ-  "ဒီမှာ မတိုက်ဘူး။ ဒီမှာ လူ အရမ်းများပြီး တခြားသူတွေလည်း ထိခိုက်နိုင်တယ်။"  

မျောက်ဝံ သားရဲဘုရင် - "ဒါဆို ငါတို့က တခြားတစ်နေရာကို ပြောင်းမယ်... ဒီတောင်ဘက် မုယောစပါးခင်းတွေနေရာကို သွားကြတပေါ့။ ကြံ့ သားရဲဘုရင် က အဲ့ဒီက မုယောစပါးကို စားခဲ့ပြီး အခု ပြန်မစိုက်ပျိုးရသေးဘူး။ လယ်ကွင်းက ကွပ်လပ်ဖြစ်နေတယ်"

ရှီလီ : "......"

"သွားကြရအောင်!"
ရှုန်းယယ်က ရှေ့က ထွက်သွားပြီး သူ့လမ်းမှာ ရပ်နေတဲ့သူတိုင်း က အပြေးအလွှား ရှောင်ပြီး နောက်က လိုက်ခဲ့ကြတယ်။

ဒီမြင်ကွင်းကို ဝက်ဝံကြီးမျိုးနွယ်စုမှ လူများက မြင်သောအခါတွင် သူတို့က ပက်လက်ကုလားထိုင်ပါသည် ထမ်းစင်ကို ချက်ချင်းရွှေ့ကာ ကျိုးကျီကို ပြောလိုက်တယ်။

 "ကျိုးကျီ   ငါတို့ မင်းကို အဲဒီကို သယ်သွားပေးရမလား။"  

ကျိုးကျီကို နေရာတိုင်း သူတို့က ထမ်းစင်နဲက သယ်သွားဖူးတယ်...

ကျိုးကျီက မငြင်းဘဲ  လက်ခံလိုက်သည်။

"ကောင်းပြီ"

နောက်ပိုင်းတွင်   အခြားလူများ မတ်တပ်ရပ်နေချိန်မှာ သူက ပက်လက် ကုလားထိုင်ပေါ် လှဲလျောင်းကာ  တိုက်ပွဲကို ကြည့်ရှုနိုင်တယ်လေ...

လူအုပ်ကြီးက  မုယောစပါးခင်းထဲကို ဝင်လာကြပြီး ဘေးကနေ စက်ဝိုင်းလို ဝိုင်းပတ်ကြည့်နေကြသည်။ ကျိုးကျီသည် လမ်းတစ်လျှောက်လုံး လူတိုင်း အားကျ မနာလိုဖြစ်ရတဲ့ ပစ်မှတ်ဖြစ်နေသည်။  

"ဝက်ဝံကြီးမျိုးနွယ်ထဲက ဒီ ကျိုးကျီက သားရဲဘုရင်ကို အဖော်အဖြစ် ထားရှိရတာ တကယ်ကို ကံကောင်းတယ်။"

"သူတို့က သူ့အပေါ် သိပ်ကောင်းတာပဲ... သူတို့က သူ့ကို ဒီအတိုင်း သယ်သွား ကြတယ်။"

"တကယ်လို့ ငါသာ အဖော်အဖြစ် သားရဲဘုရင်တစ်ကောင် ရနိုင်မယ်ဆိုရင်!"

......

ကျိုးကျီက လူတိုင်း မနာလိုဖြစ်နေတာကို ကြားတော့ တော်တော်ပျော်သွားတယ်။

အားလုံးက မုယောစပါးခင်းကို ရောက်တဲ့အခါ ရှုန်းယယ်က ပြောလိုက်တယ်။

 "ရှီလီ...မင်း အရင် တိုက်ခိုက်ပါ!"

နောက်တစ်ကြိမ် ထပ်ငြင်းရင် လူထုရဲ့အမြင်မှာ သူ သေချာပေါက် မျက်နှာပျက်ရတော့မယ်။  ရှီလီသည် မလွဲသာပဲ သူရဲ့တိရစ္ဆာန်ပုံစံကို  ပြောင်းလဲလိုက်ရသည်။

"ရှုန်းယယ် ငါ မင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားတယ်။ စောစောက ဖြစ်ပျက်ခဲ့တာက ငါ့အပြစ်ပဲ... ဒါဆို ငါ မင်းကို မတိုက်ပဲ နေလို့ရပြီလား "

ရှီလီက သူ့ဘက်က တထစ်လျှော့ပြီး ပြောလိုက်ရင်  ရှုန်းယယ်က သူ့ကို တိုက်တော့မှာ သေချာတယ်လို့ တွေးနေသည်။ ဒါပေမယ့် သူ ထင်တာမှား သွားတယ်။

ရှုန်းယယ်သည် အခုချိန်တွင် အလွန်ဒေါသထွက်နေခဲ့သည်။ သူက ရှီလီကို ဖမ်းကိုင်လိုက်ပြီး လေထဲ လွှင့်ပစ်လိုက်သည်။

 ခြင်္သေ့သားရဲဘုရင်က လေထဲ ပျံသန်းလိုက်ရတော့တယ်....

ခြင်္သေ့ကြီးသည် မုယောစပါးခင်းထဲသို့ ပြုတ်ကျပြီး သူ့ပတ်ဝန်းကျင်ကို ဖုန်တထောင်းထောင်း ထသွားစေခဲ့လို့   လူတိုင်း အံ့ဩသွားကြသည်။  

အဖြစ်ပျက်တွေက အရမ်းမြန်နေတော့ အဲဒါကို သူတို့ လိုက်မမှီတော့ဘူး။

ခြင်္သေ့သားရဲဘုရင်က ဒီလိုပဲ ရှုံးနိမ့်ခဲ့တာလား။

ရှုန်းယယ်သည်လည်း ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားမိလို့ ထပ်ပြောလိုက်တယ်။

  "ထစမ်း..မင်း ငါ့ကို ထပ်လာတိုက်စမ်းပါ"

ရှီလီ သည် ရှုန်းယယ်ကို မတိုက်ဝံ့ဘဲ ပြောလိုက်တော့သည်။

 "ငါ မင်းကို မတိုက်ဘူး... "  

"ငါ မင်းကို အနိုင်ရအောင် တိုက်ချင်တယ်!"
ရှုန်းယယ်က ပြောသည်။ ရှီလီ ပြန်ဖြေတာကို သူ မစောင့်ဘဲ ရှီလီဆီ တည့်တည့် ပြေးသွားသည်...။

ရှီလီကို ရှုန်းယယ်က နောက်တစ်ကြိမ် တွန်းလှဲ ပစ်လိုက်သည်။

ဒီလှုပ်ရှားမှုကြောင့် ရှုန်းယယ်ဟာ အဓိပ္ပါယ်မဲ့တယ်လို့ ခံစားရရုံတင်မကဘဲ စောင့်ကြည့်နေတဲ့လူတွေတောင် ငြီးငွေ့စရာကောင်းတယ်လို့ ခံစားခဲ့ရတယ်။

ဒီခြင်္သေ့သားရဲဘုရင်က နည်းနည်းလေးမှ အသုံးမဝင်ဘူး။ ဝက်ဝံသားရဲဘုရင် က သူ့အိမ်ထောင်ဖက်ကို စော်ကားပြောလို့ စိတ်ဆိုးပြီး တိုက်ခိုက်ချင်ပေမယ့် ခြင်္သေ့သားရဲဘုရင်က နှစ်ခါတိတိ လွှင့်ပစ်ခံရတာတောင် ငြင်းနေတုန်းပဲ။
 
ကျိုးကျီက ဘာကြောင့် ရှီလီက ပြန်မတိုက်ဝံ့ဘူးဆိုတာ သိပေမယ့် တမင်သက်သက် မေးလိုက်တယ်။

 "ရှီလီ မင်းက မတိုက်ချင်တာပဲလား ဒါမှမဟုတ် မင်း မနိုင်လောက်ဘူး ဆိုတာ သိနေလို့ မတိုက်ရဲတာလား?"

"သူက အနိုင်မရမှန်းသိလို့ မတိုက်ရဲတာဖြစ်နိုင်တယ်။  ငယ်ငယ်ကတောင် ရှုန်းယယ်ကို အနိုင်ယူနိုင်ခဲ့တာ မဟုတ်ဘူး။"
ရှုန်းချီ လည်း အဖြစ်မှန်ကို သိပြီး အလန့်တကြား ဝင်ပြောလိုက်သည်။

ရှီလီက သူရဲ့တိရစ္ဆာန်ပုံစံသို့ မပြောင်းပဲ လူပုံစံနဲ့သာဆိုရင် သူ့မျက်နှာက မည်းမှောင်နေမှာ သေချာတယ်။


*******-*********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now