Chapter (166-2 ) _ Extra 5 : ကြံ့သားရဲဘုရင်နဲ့ ရှီရှုး

4.9K 838 16
                                    

Chapter (166-2 ) _ Extra 5 : ကြံ့သားရဲဘုရင်နဲ့ ရှီရှုး (ချိုတစ်ချောင်းပါကြံ့ကြီး)

ကျိုးကျီက ဒီမျိုးနွယ်စုရှိ လူများကို ပိုမိုလေ့လာခွင့်ပေးရန် သဘောကျကာ ဒီလူတွေကို ဘယ်လိုစာဖတ်တတ်အောင် သင်ပေးရမလဲဆိုတာကိုလည်း သူက စပြီးစဉ်းစားနေခဲ့တယ်။

စကားလုံးတွေကို တစ်ခုပြီးတစ်ခု သင်ယူရတာ မလွယ်ပေမယ့် တချို့ကို ပုံပြင်တွေ ဒါမှမဟုတ် ကလေးကဗျာတွေကို ရေးပြနိုင်ရင် ပိုမြန်မြန် တတ်နိုင်လိမ့်မယ်... မဟုတ်ရင် ပထမတန်းကလေးရဲ့ သင်ရိုးညွှန်းတန်း စာအုပ်တွေမှာ မူကြိုတေးသွားတွေနဲ့ ပြည့်နှက်နေမှာ မဟုတ်ဘူးလား။

ရက်အနည်းငယ်ကြာပြီးနောက် ကျိုးကျီ သည် သစ်သားပြားတစ်စကို တွေ့ရှိပြီး ထိုပေါ်တွင် ကဗျာကို ရေးထွင်းခဲ့သည်။

"နွေဦးရောက်တော့မယ်၊

မြက်တွေစိမ်းလာပြီ။

ပန်းတွေပွင့်လာပြီ။

ဒိုင်နိုဆောတွေ ဥတွေ ဥနေတယ်။"

ဒုတိယနေ့ရောက်သော် သားရဲလူသား ကုန်းမြေ၏ ဘုန်းတော်ကြီးတွေက သူရေးထားတဲ့ ကဗျာကို အလွတ်ကျက်ပြီးဖြစ်သည်။

"နွေဦးရောက်တော့မယ်၊

မြက်တွေစိမ်းလာပြီ။

ပန်းတွေပွင့်လာပြီ။

ဒိုင်နိုဆောတွေ ဥတွေ ဥနေတယ်။"

အကြိမ်များစွာရွတ်ဆိုကြပြီး၊ ထို့နောက် ဝက်ဝံကြီး မျိုးနွယ် မှလူများလည်း ထပ်ခါထပ်ခါ ထိုကဗျာကို ရွတ်ဆိုနေကြသည်။

အချိန်အတော်ကြာတော့ လူတိုင်းက 'နွေဦးရောက်တော့မယ်' ဟု နေရာတိုင်းတွင် ကြွေးကြော်နေကြသည်။

သူတို့မှာ သားရဲဘုရင်တွေ နေ့တိုင်း အမဲလိုက်ထွက်ပြီး သားကောင်ကြီးကြီးတွေကို အမြဲ ပြန်ယူလာလို့ ဝက်ဝံကြီး မျိုးနွယ်စုမှလူများသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်များနေသော်လည်း ဆာလောင်နေမည်ကို စိုးရိမ်စရာမလိုတော့ပေ။ တောင်တန်းဝံပုလွေမျိုးနွယ်စုမှ သုံ့ပန်းများပင် နေ့တိုင်းဗိုက်အပြည့် စားရန် လုံလောက်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now