Chapter ( 95 ) _ကျားကြီးမျိုးနွယ်ကို နောက်မှ လိုက်လံတိုက်ခိုက်ခြင်း

5.3K 976 13
                                    

Chapter ( 95 ) _ကျားကြီးမျိုးနွယ်ကို နောက်မှ လိုက်လံတိုက်ခိုက်ခြင်း


ရှုန်းယယ် က အခု တကယ်အကြီးကြီးပဲ။

သူ၏တိရစ္ဆာန်ပုံစံမှာ ပိုလာဝက်ဝံထက်ကြီးကာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဝက်ဝံမျိုးစိတ်ဖြစ်သည့် ကိုဒက်ကျွန်း အညိုရောင်ဝက်ဝံဖြစ်သည်။ အရွယ် ရောက်ပြီး ကိုဒက်ကျွန်းရှိ အညိုရောင်ဝက်ဝံတစ်ကောင်သည် ယေဘူယျအားဖြင့် နှစ်မီတာမှ ရှစ်မီတာအထိ အရပ်မြင့်ပြီး မျိုးစိတ်များထဲမှာ အထီးများသည် ပိုကြီးတတ်သည်။ ဆိုလိုသည်မှာ ဒီတိရစ္ဆာန်အမျိုးအစားဖြစ်သည့် သာမန်သားရဲတစ်ကောင်သည် ယေဘူယျအားဖြင့် အလျားနှစ်မီတာ မှ ငါးမီတာ ခန့်ရှိမည်ဟု ဆိုလိုသည်။ ပိုသန်မာတဲ့သူတွေက နှစ်မီတာ မှ ခုနစ်မီတာ လောက်ရှိလိမ့်မယ်။

အဆင့်နိမ့် သားရဲစစ်သည်တော် ဖြစ်လျှင် ဝက်ဝံညိုတွေက သုံးမီတာကျော်ရှိသည့် သာမန်ဝက်ဝံအညို၏ အမြင့်ဆုံးအရွယ်အစားသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အလယ်အလတ်အဆင့် သားရဲစစ်သည်တော် ဖြစ်လာပြီးနောက် ရှုန်းယယ် အရပ်ပိုမြင့်လာသည်။ သို့သော် သူသည် ယခုအချိန်တွင် အရပ်ငါးမီတာ မရှိသေးပေမယ့် သူ့အသွင်အပြင်က လူတွေကို ကြောက်လွန်းလို့ ရုတ်တရတ် သတိလစ်မတတ် ဖြစ်နေသည်၊ အဲဒီလူတွေရဲ့မျက်လုံးထဲမှာတော့ သူက ထူးထူးခြားခြား အရပ်ရှည်နေတယ်။ သူ၏အလေးချိန်သည် နှစ်တန်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒါပေမယ့် တန်ချိန်များစွာ အလေးချိန်ရှိပြီး မီတာဆယ်ဂဏန်းမြင့်သော ဒိုင်နိုဆောများ ရှိသေးသည်။ အဲဒါတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ သူက အများကြီး မကြီးသေးပါဘူး။ အဲဒီဒိုင်နိုဆောတွေထက်တောင် ပိုကြီးတဲ့ ဧရာမသားရဲကြီးတစ်ကောင်ကို သူ တွေ့ဖူးပြီး တောအုပ်တစ်ခုကို နင်းချေပစ်တဲ့ ဧရာမ အမွေးထူဆင်ကြီးက အနည်းဆုံး တန်ချိန်တစ်ရာလောက်ရှိပြီ။

ရှုန်းယယ် သည် လူတွေကို ဖြိုခွင်းပြီးတာနဲ့ တခြားသူတွေကို လာခေါ်ခိုင်းပြီး အဲဒီလူတွေကို ဖယ်ခိုင်းတယ်။ သူသည် သတ်ဖြတ်ခြင်းကို စိတ်မဝင်စားသော ကြောင့် ဒီလူများကို ဘုန်းတော်ကြီး ကိုင်တွယ်ဖြေရှင်ဖို့ မျိုးနွယ်သို့ ပြန်ခေါ်သွားခိုင်းခဲ့သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now