Chapter (170 ) _ Parallel World (1) - အပြိုင်ကမ္ဘာ-1
ဆောင်းရာသီ ကုန်ဆုံးလို့ နွေဦးပေါက်ရောက်ခဲ့လေပြီ။ ဘာလိုလိုနဲ့ နှစ်သစ်ရောက်လာ ပြန်ပြီ....
နွေဦးရောက်လို့ ဒိုင်နိုဆောတွေ ဥဥနေပြီး.... ငှက်တွေက လက်တွဲဖော်တွေအတွက် တေးဆိုသံတွေ တစ်စီစီနဲ့ အော်မြည်နေသလို၊ သစ်ပင်တွေက အစိမ်းရောင် အညှောက်လေးများ ပေါက်နေကြပြီး သားရဲလူသားကုန်းမြေတစ်ခုလုံးက ရှင်သန်ခြင်း အရိပ်ယောင်တို့ဖြင့် ပြည့်နေတော့သည်။
သားရဲနတ်ဘုရားဗိမာန်တော်မှ လူတွေက စောစောထပြီး သူတို့ ကိုးကွယ်ရာ သားရဲနတ်ဘုရား၏ ဗိမာန်တော်ကို သန့်စင် ရှင်းလင်းကာ၊ သာရဲနတ်ဘုရားရုပ်ထုကို ဆေးကြော သုတ်သင်ကာ သားရဲဘုရားသခင်အတွက် ချီးမွမ်းသည့် သီချင်းများ သီဆိုကာ ကြွလာမည့် သားရဲဘုရားအတွက် ပူဇော်ရန် ပြင်ဆင်ကြသည်။
ဗိမာန်တော်ရှိ လူတိုင်း အလုပ်ရှုပ်နေကြသော်လည်း အားလုံးး ပျော်ရွှင်မြူးနေကြသည်။ တခြားသူတွေနဲ့ ကြုံတဲ့အခါ သူတို့မျက်နှာမှာ တောက်ပတဲ့ အပြုံးတွေနဲ့ အမြဲ နှုတ်ဆက်ကြသည်။
မဟုတ်ဘူး၊ အဲဒါ မမှန်ဘူး။ အလုပ်မအားတဲ့သူ တစ်ယောက်ရှိပေမယ့် သူက မပျော်မရွှင်ဖြစ်နေသည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က သားရဲလူသား ကုန်းမြေကို လူသစ်တွေ ပြောင်းလဲကာ အခြေချလာခဲ့ကြသဖြင့် လူဦးရေ တိုးပွားလာခဲ့သည်။
ဟိုးအရင်တုန်းက သားရဲလူသား ကုန်းမြေရှိ ဘုရားကျောင်း၏နောက်တွင် တောင်ကြီး တစ်ခုရှိခဲ့သည်။ ယခုတော့ ဘုရားကျောင်းနောက်ဘက် တောင်တန်းကြီး မရှိတော့ဘူး။
တောင်ပြိုကာ အိမ်များစွာ နှင့် ဘုရားကျောင်းပေါ်ကို ပိကျလာသဖြင့် ယခုအခါ ပိုကြီးသော ဘုရားကျောင်းတစ်ခုကို ထိုတောင်ကြီး ရှိခဲ့သည့် နေရာတွင် တည်ဆောက်ခဲ့သည်။
ဒီဘုရားကျောင်းသည် အလွန်ကျယ်ဝန်းပြီး မြင့်မားသောနံရံများဖြင့် ဝန်းရံထားသည်။ နံရံအပြင်ဘက်တွင် လူများစွာရှိသော်လည်း အထဲသို့ မည်သူမျှ မဝင်ရောက်ဖူးပေ။
သားရဲလူသား ကုန်းမြေမှ အောက်ခြေအဆင့် ဘုန်းတော်ကြီးများနဲ့ အစေခံများက ထို ဗိမာန်တော်သို့ ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေကြသည်။ သူတို့က ဘုရားကျောင်းတော်အထဲမှာ ဘာတွေရှိတယ် ဆိုတာ မသိပေမယ့် ဒါကို သိခွင့်ရှိသည့် အဆင့်မြင့် ဘုန်းတော်ကြီးများက ဒီနေရာအတွက် အံ့သြမှုတွေအပြည့်နဲ့ အမြဲ ကြည်ညိုစွာကြည့်ခဲ့သည်။
ဒီဗိမာန်တော်အတွင်း၌ ကြီးမြတ်၍ ထူးခြားသော သားရဲနတ်ဘုရားတစ်ပါး စံမြန်းနေထိုင်ခဲ့သည် ၊
ဒီအကြောင်းကို သိသူ အလွန်နည်းပါးပြီး သားရဲ နတ်ဘုရားသခင်သည် လူများကို မမြင်ချင်သလို သူ၏ ဖြစ်တည်မှုကို မသိစေလိုသောကြောင့် သူအကြောင်းကို အခြားသူများကို ဘယ်သမှ မပြောခဲ့ကြပေ။
ဒီဘုရားကျောင်းတော်သည် သားရဲနတ်ဘုရားကို ရိုသေကိုင်းရှိုင်းသူ အဆင့်မြင့်သောသူ အများစုသာလျှင် ဝင်ရောက်နိုင်သော စစ်မှန်သောဗိမာန်တော်ဖြစ်ကြောင်း အခြားသူများကို သူတို့ ပြောပြထားကြလိမ့်မည်။
ထို့ကြောင် အချိန်ကြာလာသည်နှင့် အမျှ၊ 'သားရဲနတ်ဘုရား ' သည် ဗိမာန်တော်အတွင်း အမှန်တကယ်နေထိုင်ကြောင်းကို လူအနည်းငယ်သာ သိခဲ့သည်။
ယနေ့အချိန်အထိ သားရဲနတ်ဘုရား၏အမည်မှာ ကျိုးကျီ ဖြစ်ကြောင်း သိသူအနည်းငယ်မျှသာ ရှိသေးသည်။
လူတိုင်းသည် သားရဲနတ်ဘုရား ပူဇော်ပွဲကို စောင်မျှော်နေကြစဉ်၊ ကျိုးကျီ သည် ဗိမာန်တော်၌ရှိနေပြီး ထိုပွဲကို တက်ဖို့ စိတ်ထဲတွင် ငြီးငွေ့လာသည်။
သူသည် လွန်ခဲ့သော အနှစ်သုံးဆယ်က ဒီကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်။
သူ ပထမဆုံးပြောင်းတုန်းက ဒီခန္ဓာကိုယ်က အသက်နှစ်ဆယ်ရှိပြီး အခုဆို သူက ငါးဆယ်ကျော်နေပြီ။ ပြောင်းရွှေ့လာချိန်မှာ သူ့ အသက်သုံးဆယ့်နှစ်နှစ်ရှိနေလို့ အခုအချိန်မှာတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အသက်က ခြောက်ဆယ့်နှစ် ရှိနေပြီဖြစ်သည်။ သူ အသက်ရှင်နေခဲ့တာ လုံလောက်ပြီလို့ ခံစားရတယ်။
သို့သော် သူက မသေချင်သေးသောကြောင့်် တစ်ရက်ပြီး တစ်ရက် ပျင်းရိစွာ နေထိုင်ရင်း စားနိုင်သည့် အခြားအစားအစာအသစ်များကို ရှာဖွေတွေ့ရှိလာခဲ့သည်။
ကျိုးကျီ သည် ကုတင်ပေါ်တွင် လဲလျောင်းရင်း သူ့အခန်း၏ ကျောက်ခေါင်မိုးကို စိုက်ကြည့်ရင်း သမ်းဝေနေခဲ့သည်။
သူက ဒီသားရဲကမ္ဘာသို့ ပထမဆုံးရောက်ရှိလာပြီး ထိုဝက်ဝံကြီးမျိုးနွယ်တွင် နိုးထ လာသောအခါ၊ သူက ဒီကမ္ဘာကြီးကို ချစ်မြတ်နိုးမှုအပြည့်ရှိခဲ့သည်။ ကံမကောင်းစွာပဲ၊ သူက သားရဲ ကမ္ဘာနင့် လုံး၀ ပေါင်းစည်းနိုင်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင်၊ အရာများစွာကို တွေ့ကြုံပြီးနောက်၊ သူက သားရဲကမ္ဘာက လူတွေနဲ့ ပို၍ပင် ဝေးကွာလာသည်ဟု ခံစားခဲ့ရသည်။
အခုအချိန်အထိ သူ့မှာ သူနဲ့ တကယ်စကားပြောနိုင်တဲ့လူတောင် မရှိခဲ့သလို တခြားသူတွေကို စကားပြောဖို့လည်း ပျင်းနေသေးတယ်။ တစ်ချိန်တုန်းကတော့ သူက ဒီလောကတွင် ကောင်းမွန်သောဘဝဖြင့် နေထိုင်ချင်ခဲ့သည်။
သူသည် ဝက်ဝံကြီး မျိုးနွယ် တွင်ရှိစဉ်က အစပိုင်းတွင် အရာရာကို ကျင့်သားရမနေဘဲ၊ သူ့ပတ်ဝန်းကျင်မှလူများက သူ့ကို ငတုံးဟု ထင်ကာ လျစ်လျူရှုခဲ့ခြင်းကြောင့်် သူက မျိုးနွယ်စုထဲသို့ မပေါင်းစည်း နိုင်ခဲ့ပေ။ သို့သော် ထိုနှစ်အကုန်တွင် သူသည် မျိုးနွယ်စု တဝိုက်တွင် လှည့်လည်ကာ သူ့အဖေဖြစ်သူ ရှန့်ထျန်း နဲ့ တွေ့ဆုံသောအခါတွင်၊ သူသည် ဒီကမ္ဘာကြီးကို ပိုင်နိုင်စွာ ပေါင်းစပ် နေနိုင်လာပြီးဟု ခံစားလာရတော့သည်။
ဒီကမ္ဘာမှာ သူ့အတွက် ခိုနားစရာ အိမ်တစ်လုံးရှိမယ်လို့ သူထင်ခဲ့တယ်။
ရှန့်ထျန်းနဲ့ပတ်သတ်ပြီးတော့လား....
သူတို့ ပထမဆုံး ဆုံတွေ့ချိန်မှာ ကျိုးကျီက သူ့ရဲ့စိတ်စွမ်း နဲ့ ထူးခြားတဲ့အပင်စွမ်းအင်ကို ပြသခဲ့မိလို့ ထင်တယ်... ရှန့်ထျန်းက သူ့ကို အရမ်းကောင်းကောင်းနဲ့ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။
ဝက်ဝံကြီးမျိုးနွယ်ကို စွန့်ခွာပြီး ဆင်မျိုးနွယ်ကို ရောက်တော့ အစောပိုင်းမှာ သူက ကောင်းကောင်းနေခဲ့ရသေးသည်။ သူက ရှန့်ထျန်းရဲ့ ကိုယ်ထဲက ဖြစ်နေတဲ့ ပြသနာကို မကူညီခင်အထိ ဒီလိုမျိုး ကောင်းမွန်စွာ နေခဲ့ရသည်။ သူက ရှန့်ထျန်းရဲ့ကိုယ်တွင်းက စွမ်းအင် မတည်ငြိမ်မှုကို ကုသဖို့ လုပ်လိုက်တဲ့အချိန်မှာ တခုခုမှားနေတာကို သိလိုက်ရတယ်။ ရှန့်ထျန်းက သူ့ကိုခေါ်လာတာက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးဆိုတာကို သူ့စိတ်စွမ်းအင်ဖြင့် သိလိုက်ရတယ်။
ဒါကြောင် သူက ဆင်မျိုးနွယ်က ထွက်လာပြီး သားရဲလူသား ကုန်းမြေကို ဦးတည်ပြီး စမ်းတဝါးဝါး ထွက်လာခဲ့တယ်။ သူ့ဆီမှာ အပင်စွမ်းရည်ရှိပြီး အပင်နဲ့ပတ်သတ်ပြီး အာရုံခံနိုင်စွမ်း မြင့်မားခဲ့သည်။ နှစ်နှစ်ကြာ လမ်းလျှောက်ပြီးနောက်၊ သူက စွမ်းအား မြင့်မားသည့် ပင်များစွာကို စားခဲ့ပြီး တဖြည်းဖြည်း အဆင့်တက်ကာ အဆင့်မြင့် သားရဲ သူရဲကောင်း ဖြစ်လာခဲ့သည်။
သူ့ရဲ့ ထိန်းချုပ်မှု လွတ်တတ်သည့် သူ့ ရောဂါကြောင် သူ့ခွန်အားကို လူအများအား သက်သေပြဖို့ စိတ်မဝင်စားခဲ့။ သို့သော်လည်း သူသည် အမဲလိုက်ခြင်း မပြုနိုင်ဘဲ အပင်မျိုးစုံကို စားခြင်းဖြင့် ရှင်သန်နိုင်သည်။ စွမ်းအင်ရှိသော အပင်များသည် သာမန်အပင်များထက် အရသာပိုကောင်းသည်...
ဒီအတိုင်းပဲ တွေးကာ စွမ်းအားမြင့်အပင်တွေကိုစားပြီး သူ့ရဲ့ခွန်အားတိုးလာသည်။ ဒီလိုနေလာခဲ့တာ ရှန့်ထျန်း က သူ့ကို ပြန်ရှာတွေ့တဲ့ အချိန်ထိပဲ။
ရှန့်ထျန်း က သူ့ကိုယ်ထဲက အမြူတေကို ဆက်မထိန်းနိုင်တော့ဘဲ သေတော့မည် ဖြစ်သည်။
ရှန့်ထျန်း သည် ရှိုက်ကြီးတငင် ငိုယိုကာ သူ့ကို ကယ်တင်ဖို့ ထပ်ခါတလဲလဲ တောင်းပန်ခဲ့ သည်။ နောက်ပိုင်းတွင် ကျိုးကျီ သည် မကူညီလိုကြောင်း သူ သိလိုက်သော အခါတွင် သူ့ကို တိုက်ခိုက်ပြီး သူ၏ ကြည်လင်သော အမြူတေကို ရယူရန် ရှန့်ထျန်းက ကြိုးစားခဲ့သည်—ရှန့်ထျန်း သည် ကျိုးကျီ ၏ အမြူတေက ထူးခြားသည့်အတွက် ကျိုးကျီရဲ့စွမ်းအားက ထူးခြားတာ ဖြစ်မည်ဟု ယုံကြည်ခဲ့သည်။
ရှန့်ထျန်း သည် သူ့ကို အထင်သေးပြီး နောက်ဆုံးတွင် သူ့လက်ထဲမှာ သေဆုံးသွားခဲ့သည်။ သူသည် ရှန့်ထျန်း ၏ အမြူတေ စုပ်ယူခဲ့ပြီး တစ်ရှိန်ထိုး အဆင့်မြင့်ကာ သားရဲဘုရင် ဖြစ်လာ ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် စွမ်းအားကို မထိန်းချုပ်နိုင်ပဲ စိတ်ဖောက်သွားကာ သားရဲဘုရင်တွေ ပူးပေါင်းသတ်ဖြတ်ချင်နေသည့် ဒိုင်နိုဆော တစ်ကောင်ကို သတ်ပစ်ခဲ့သည်...
သူနိုးလာသောအခါတွင် သူ့ပတ်ဝန်းကျင်တွင် လူများစွာရှိနေသည်ကို တွေ့ရှိခဲ့ပြီး သားရဲဘုရင် အဆင့်လောက်ရှိသည့် ဒိုင်နိုဆော၏ အမြူတေက စွမ်းအင်ကို သူ ချက်ချင်းစုပ်ယူလိုက်သည်။
ထိုအချိန်တွင် သူသည် သူ၏ ခွန်အားကို ပြန်လည်ရယူပြီး ထိုနေရာမှ လွတ်မြောက်ချင်ခဲ့ သည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ အရမ်းများနေပြီး မေ့လဲ သွားတယ်။ နောက်ဆုံးတွင်၊ သူသည် သားရဲလူသား ကုန်းမြေမှ လူများ၏ဖမ်းခြင်းကို ခံရပြီး သားရဲနတ်ဘုရား ဗိမာန်တော်မှ လူများက သူ့ကို ယခု သူတည်းခိုရာနေရာဖြစ်သည့် ဗိမာန်တော်နောက်ဘက်လှိုဏ်ဂူတွင် ပိတ်လှောင်ထားကြသည်။
ဟုတ်တာပေါ့.... သူအဲဒီမှာ တချိန်လုံးမနေချင်ခဲ့လို့ ထွက်ပြေးဖို့ အခွင့်ရေးကို ရှာတွေ့ခဲ့တယ်။ ထိုအချိန်တွင် သူသည် တောင်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ခဲ့သည်။
သားရဲလူသား ကုန်းမြေက သူ့ကို အလိုရှိလိမ့်မယ်လို့ သူ ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ သားရဲလူသား ကုန်းမြေက လူတွေက သူ့ကို ရူးသွပ်သွားအောင် လုပ်ဖို့ အခွင့်ရေးမပေးပဲ သူထွက်ပြေးဖို့သူ့ရဲ့ သူ၏တိရစ္ဆာန်ပုံစံသည် အရွယ်အစားကို အသေးမှ အကြီးသို့ ပြောင်းလဲလိုက်ချိန်မှာ ဒါကိုမြင်တဲ့ လူအားလုံးက တယောက်ပြီးတယောက် ဒူးထောက်ကာ သူ့ကို သားရဲနတ်ဘုရားအဖြစ် ဟစ်ကြွေးကာ အရိုသေးလိုက်ကြသည်။
သူသည် ထိုကဲ့သို့ဖြင့် သားရဲလူသားကုန်းမြေကြီးတစ်ခုလုံး ကိုးကွယ်ကြသည့် သားရဲ နတ်ဘုရား ဖြစ်လာခဲ့ခဲ့သည်။ သားရဲဘုရားဖြစ်ခြင်းအတွက် သူ့မှာ အကျိုးကျေးဇူးများစွာ ရှိခဲ့သည်။
သူတစ်ယောက်တည်း လမ်းလျှောက်သွားတဲ့အခါ သူ လိုချင်သလောက် အပင်များများ စားနိုင်ပေမယ့် အမဲလိုက်လို့မရတာကြောင် အသားမစားနိုင်ခဲ့ဘူး။ သို့သော် သူသည် သားရဲနတ်ဘုရား ဖြစ်လာပြီးနောက် သူ့အခြေနေက ကွဲပြားသွားသည်!
သူ သားရဲဘုရားဖြစ်လာပြီးကတည်းက သူ့ကို အသားမျိုးစုံကို နေ့တိုင်း ချက်ပြုတ်ကာ ကျွေးမွေးခဲ့ကြသည်။
ကျိုးကျီ သည် သားရဲလူသား ကုန်းမြေတွင် အစားအသောက်မျိုးစုံ စားနိုင်သည့်အတွက် အလွန်ကျေနပ်နေခဲ့သည်။ သူက ဒီနေရာတွင် တစ်နှစ်ပြီးတစ်နှစ် နေထိုင်ကာ စားသောက်ရန် အပင်အသစ်ရှာနိုင် လာခဲ့သည်။ ဒါပေမယ့် အချိန်ကြာလာတော့ သူက နေထိုင်ရတာ ပိုပို ပျင်းရိလာခဲ့သည်။
နောက်ဆုံးတော့ သူ့ဘဝက တစ်နေ့ပြီးတစ်နေ့ တူညီစွာပဲ ဖြတ်သန်းနေရသည်။
နေမင်းကြီးသည် အရှေ့အရပ်မှ ဖြည်းညှင်းစွာ တက်လာပြီး သူနေထိုင်ရာ ဗိမာန်တော် ဝင်းထရံဆီသို့ ရောက်လာချိန် တံခါးပွင့်လာပြီး တစ်စုံတစ်ယောက်ဝင်လာသည်။
ဒီလူသည် ကျိုးကျီ အတွက် သူစိမ်းမဟုတ်ပေ။ သူမသည် ယခုလက်ရှိ သားရဲလူသား ကုန်းမြေ၏ ဘုန်းတော်ကြိးချုပ် ၏သမီးဖြစ်သည်၊ လီရှင်း ဟုခေါ်သော အသက်ဆယ့်လေးနှစ်အရွယ်မိန်းကလေးဖြစ်သည်—သူမ၏တိရစ္ဆာန်ပုံစံမှာ ဗီဗာဖျံ ဖြစ်သည်။
ရှုပ်ထွေးသော အတွေးတွေ ရှိသော အရွယ်ရောက်ပြီးသူများ နဲ့ ပြောဆို ဆက်ဆံရန် စိတ်မရှည်လွန်းလို့ ကျိုးကျီက လွန်ခဲ့သော နှစ်အနည်းငယ်က သူ့ကို အစားအသောက် ယူဆောင်လာဖို့ ဒီမိန်းကလေးကို ခန့်ထားခဲ့သည်။
ဒီမိန်းကလေးက နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောရှိပြီး အစားအသောက် ယူလာတဲ့အခါ စကားအများကြီး မပြောခဲ့ပေ။ သူမသာ ဒီအတိုင်းသာ ဆက်သွားနိုင်ရင် ကျိုးကျီ က သူမကို ဒီအလုပ်ကို ဆက်လုပ်ခိုင်းဖို့ စီစဉ်ထားသည်။
ခြံထဲသို့ဝင်ပြီးနောက် လီရှင်း သည် ခြင်းတောင်းကို ခြံတံခါးဝတွင် ချထားပြီးနောက် အမြန်ထွက်လာခဲ့သည်။
ကျိုးကျီ သည် သူမ၏ အပြုအမူအတွက် အလွန်ကျေနပ်နေပါသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ဝိညာဉ်စွမ်းကို အသုံးပြုကာ တောင်းကိုတံခါးမှယူဆောင်လာရန် ရှည်လျားသောစပျစ်နွယ်ပင်ကို ဖန်တီးလိုက်သည်။ ခြင်းတောင်းအတွင်းတွင် သန့်စင်ပြီးသော အသားအချို့ရှိသည်။ ကျိုးကျီ က အဲဒါကို တစ်ချက်ကြည့်လိုက်ပြီး သူ့ခြံထဲကို လျှောက်လာခဲ့သည်။
နွေဦးပေါက်ရာသီဖြစ်သော်လည်း ဒီခြံအတွင်းရှိ အပင်များသည် စိမ်းလန်းစိုပြေပြီး ရှင်သန်နေဆဲဖြစ်သည်။ လအနည်းငယ်အကြာတွင် ရင့်မှည့်သလောက်သော အသီးအချို့ကို အကိုင်းအခက်များကို ဖုံးအုပ်ထားပြီးဖြစ်သည်။
ကျိုးကျီ သည် လမ်းလျှောက်ရင်း သူ့စိတ်ကြိုက် အသီးအရွက်အချို့ကို ကောက်ယူ လိုက်သည်။
သူ နေထိုင်ရာ တောင်ဘက်မျက်နှာစာမှ အကြီးဆုံးအခန်းတွင် သားရဲနတ်ဘုရား ၏ ရုပ်တု တစ်ခုရှိသည်။ သူ အိပ်တဲ့နေရာက အဲဒီအခန်းရဲ့အထက် ဒုတိယထပ်မှာဖြစ်သည်။
သူ့ အခန်းရဲ့ အနောက်ဘက်တွင် အခန်းငယ်အချို့ရှိသည်။ အချို့မှာ အလွတ် ဖြစ်သော်လည်း အခြားအခန်းအချို့ကို သူအသုံးပြုရန်အတွက် သန့်ရှင်းရေးလုပ်ခဲ့သည်။ ဥပမာကို ဘုရားကျောင်း၏ဘယ်ဘက်ခြမ်းတွင်အခန်းသည်မီးဖိုချောင်ဖြစ်သည်။
မီးဖိုချောင်တွင် မီးဖိုပေါင်းများစွာရှိပြီး မီးဖိုတစ်ခုစီတွင် အိုးတစ်လုံးစီ တင် ထားသည်။ ကျိုးကျီ သည် မြေအိုးကို သန့်စင်ပြီး အိုးထဲသို့ ရေထည့်ကာ စတင်ချက်ပြုတ်သည်။
သူသည် ဟင်းချက်သည်မှာ နှစ် 30 နီးပါးရှိပြီး သူ၏ ကျွမ်းကျင်မှုမှာ ကောင်းမွန်နေပြီဖြစ်သည်။ ထို့ကြောင့်် ဟင်းချက်ပြီးသည်နှင့် ကျိုးကျီ သည် မည်သည့်ပျော်ရွင်မှုမှ မရှိဟု ခံစားခဲ့ရသည်။
ထမင်းစားပြီးနောက် ကျိုးကျီ သည် သူ့အခန်းသို့ ပြန်သွားကာ အိပ်လိုက်ကာ ညနေအထိ ဒီအတိုင်းနေခဲ့တယ်။ ညမိုးချုပ်သောအခါတွင် အခြားတစ်ယောက်က သူ့ခြံတံခါးကို လာခေါက်သည်။ လာမည့်သူမှာ သားရဲလူသား ကုန်းမြေ၏ ဘုန်းတော်ကြီးချုပ် ဖြစ်သည်။
"အထဲဝင်ခဲ့ပါ" ကျိုးကျီ က သူ့အသံကို ကြားတော့ လှမ်းပြောရင်း စိုက်ကြည့်လိုက် သည်။
ဘုန်းတော်ကြီးချုပ် သည် တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်။ ခြံထဲတွင် ပွင့်လန်းနေသော အပင်များ၏ ရှုမငြီးသော မြင်ကွင်းကို ဝင်လာလာချင်း မြင်လိုက်ရစဉ် ဘုန်းတော်ကြီးချုပ် ၏ မျက်လုံးများသည် ရိုသေ ဆည်းကပ်မှုဖြင့် ပြည့်နှက်နေသည်။ သူသည် ခြံဝင်းအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လာကာ နောက်ဆုံးတွင် ကျိုးကျီ ၏ ရှေ့တွင် ဒူးထောက်ကာ ရိုသေစွာပြောလိုက်သည်။
"အရှင် သားရဲ နတ်ဘုရား ၊ ကျွန်တော် သတင်းပေးစရာ ရှိပါတယ်"
"ဘာလဲ?" ကျိုးကျီ က မေးလို်က်သည်။
"အရှင် ၊ သားရဲဘုရင်အသစ်နှစ်ပါးက အခု သားရဲနတ်ဘုရား ဗိမာန်တော်သို့ ရောက်ရှိလာပါပြီ" ဘုန်းတော်ကြိးချုပ် က ပြောလိုက်သည်။
"အိုး?" ကျိုးကျီ က သိပ်စိတ်မဝင်စားပဲ မေးလိုက်သည်။ "သူတို့က ဘယ်သူတွေလဲ"
"သူတို့ထဲက တစ်ယောက်က ရှီလီ လို့ခေါ်ပြီး နောက်တစ်ယောက်က ရှုန်းယယ် လို့ခေါ်ပါ တယ်။ သူတို့က ဝက်ဝံကြီး မျိုးနွယ်က မျိုးနွယ်စုအကြီးအကဲဖြစ်နဲ့ သူ့ရဲ့ မိတ်ဖက် အဖော်ဖြစ်ပါတယ်"
ဘုန်းတော်ကြိးချုပ် က ပြောတယ်။
ကျိုးကျီအတွက် ဒီနာမည်နှစ်ခုက စိမ်းသက်မနေပေ။
သူ ဒီကမ္ဘာကို ပထမဆုံးရောက်လာတုန်းက ဝက်ဝံကြီး မျိုးနွယ်မှာ ပေါ်လာတယ်။ ရှုန်းယယ် က သူ့ကို အသားတစ်ပိုင်း မပေးရင် ငတ်သေသွားနိုင်တယ်...
ကျိုးကျီ - "ဒီလူနှစ်ယောက်ကို ငါ သိတယ်။ သူတို့ တောရိုင်းမြေထဲကနေ ဒီကို ရောက်နေတာပါ... သူတို့ကို နည်းနည်းလောက် ဂရုစိုက်ပေးလိုက်ပါ။"
ဘုန်းတော်ကြိးချုပ် - "ဟုတ်ကဲ့ပါ အရှင် " ဟု လေးလေးစားစား ပြန်ပြောလိုက်သည်။
ဘုန်းတော်ကြီးချုပ် သည် မကြာမီ ထွက်ခွာသွားသော်လည်း ကျိုးကျီသည် ရှုန်းယယ် နဲ့ ရှီလီ ဟူသော အမည်များကို ကြားပြီးနောက် အတိတ်မှ အကြောင်းအရာအချို့ကို တွေးတော နေခဲ့သည်။
ဝက်ဝံကြီး မျိုးနွယ် သည် သေးငယ်သော မျိုးနွယ်စု ဖြစ်သော်လည်း မျိုးနွယ်စုတစ်ခုလုံး အတွင်းရှိ ဆက်ဆံရေးက အတော်လေးကို ကောင်းမွန်သည်။ အဲဒီတုန်းက သူ့ကို ဂူထဲကနေ နှင်ထုတ်ခံခဲ့ရပြီး မျိုးနွယ်စုရဲ့ ကလေးတွေဟာ သူ့အမေ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတော်တော်များများကို ခိုးယူသွားခဲ့ပေမယ့် မျိုးနွယ်အပေါ် ဆိုးရွားတဲ့ ခံစားချက်မျိုး မရှိခဲ့ဘူး။
အနည်းဆုံးတော့ သူ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့ အချိန်မှာပဲ မျိုးနွယ်စုက သူ့ကို မနှင်ထုတ်သေးပဲ ဆက်လက် လက်ခံထားဆဲဖြစ်သည်။ သူ့ရဲ့ ပိုင်ဆိုင်မှုကို ခိုးခဲ့တဲ့ ကလေးတွေက တကယ်တော့ တစ်ညလုံး အအေးဒဏ်ကြောင့်် တုန်ယင်နေသည့် အသက်ငယ်သေးသည့် မိဘမဲ့ ကလေးတွေဖြစ်ကြပြီး သူ့ဆီက ခိုးထားတာတွေကို သူတို့ကိုယ်လေးတွေကို ပတ်ပြီး အိပ်ပျော်ဖို့ ကြိုးစားနေကြလို့ သူက အဲ့ဒီကလေးတွေကို အပြစ်မတင်ဘူး။
သူတို့ဟာ တကယ်ကို ချစ်စရာကောင်းတဲ့ သားပေါက်လေးတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက သူ့ရဲ့ ဘဝက အဆင်မပြေဖြစ်ခဲ့ရပြီး ဘဝအတွက် မရှိမဖြစ်လိုအပ်တာတွေ အများကြီး ပျောက်ဆုံးနေတာကြောင့် သူက ဝက်ဝံကြီး မျိုးနွယ်မှာပဲ ဆက်နေထိုင်ခဲ့တယ်။ ဒါပေမယ့် ရှန့်ထျန်းနောက်ကို လိုက်လာပြီးနောက်ပိုင်း ဝက်ဝံကြီးမျိုးနွယ်စု ဖျက်ဆီးခံရ မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားမိပေ။
သားရဲနတ်ဘုရား ဖြစ်လာပြီးနောက် တောရိုင်းမြေသို့ ပြန်သွားချိန်မှာ ဝက်ဝံကြီးမျိုးနွယ်မရှိ တော့ကြောင်း သိလာရသည်။ ကျားကြီးမျိုးနွယ်က ဖျက်ဆီးခံခဲ့ရပြီး ဝက်ဝံကြီး မျိုးနွယ် ကို ဖျက်ဆီးခဲ့တဲ့ ကျားကြီးမျိုးနွယ်လည်း အဆင့်မြင့်သားရဲစစ်သည်ရှိနေသည့် တောင်တန်း ဝံပုလွေမျိုးနွယ်ကို မတော်တဆ စော်ကားမိလို့ နာက်ပိုင်းတွင် တောင်တန်းဝံပုလွေ မျိုးနွယ်စုမှ ဖျက်ဆီးတာကို ခံခဲ့ရသည်။
ဝက်ဝံကြီးမျိုးနွယ်ပျက်စီးခဲ့သည့်အတွက် ကျိုးကျီ က အဲဒီတုန်းက အရမ်းဝမ်းနည်းခဲ့တယ်။ နောက်ထပ် နှစ်နှစ်ကြာပြီးနောက်၊ သူက ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသော ဝက်ဝံကြီးမျိုးနွယ်ကို အမှတ်မထင်တွေ့ကာ သူတို့ကို ကူညီ ပေးလိုက်သည်။
သူက ရှုန်းယယ်ကို သဘောကျတာကြောင့် မျက်နှာကို အုပ်ပြီး ညသန်းခေါင်မှာ အပြင်ထွက်ပြီး ကျင့်ကြံနည်းကို သင်ပေးခဲ့တယ်။
ရှုန်းယယ် က သူ့ကို အရမ်းကျေးဇူးတင်တယ်။ တစ်ချိန်တည်းမှာပဲ ရှီလီက ကျင့်ကြံနည်းကို သင်ယူနိုင်မည်ဟု မျှော်လင့်ကာ သူ့ကို တင်ပေးဖို့ တောင်းဆိုခဲ့သည်။
သူ သဘောတူခဲ့ပေမဲ့ ရှီလီရဲ့စိတ်ဓါတ်ကို မကြိုက်တာကြောင် ကျင့်ကြံနည်းကို ဂူနံရံမှာ ထွင်းထုပြီး ရှုန်းယယ် ကို တဆင့် သင်ပေးဖို့ ပြောခဲ့တယ်။ ရှုန်းယယ်ကိုလည်း ဒီကိစ္စကို တခြားသူတွေကို မပြောဖို့လည်း သေချာမှားကြားခဲ့သည်။ ရှုန်းယယ် က အဲဒါအားလုံးကို သဘောတူခဲ့တယ်။
အဲဒီနောက်မှာတော့ အဲဒီလူနှစ်ယောက်ကို သူ ဂရုမစိုက်တော့ဘူး။ မထင်မှတ်ဘဲ၊ သူတို့နှစ်ဦးစလုံး သားရဲဘုရင်တွေ ဖြစ်လာခဲ့ကြသည်။
သူတို့က အရင်တုန်းက သူ သိသည့်လူများဖြစ်နေလို့ ကျိုးကျီက သားရဲလူသား ကုန်းမြေကလူတွေကို သူတို့ကို ကောင်းကောင်း ဆက်ဆံပေးဖို့ စကားအချို့ ပြောခဲ့သည်—ရှုန်းယယ် နှင့် ရှီလီ တို့မှာ ကျောထောက်နောက်ခံမရှိသဖြင့် သူတို့အတွက် စိတ်ပူနေမှာတော့ မဟုတ်ဘူး။
ကျိုးကျီ က အမိန့်ပေးပြီးနောက် ဒီကိစ္စကို လုံးဝ စိတ်ထဲက ထုတ်လိုက်သည်။
ဘုန်းတော်ကြီးချုပ် သည် တလေးတစား ဆုတ်ခွာသွားပြီးနောက် ကျိုးကျီ သည် ထကာ အိပ်ခန်းသို့ မပြန်မီ တစ်ခုခုစားလိုက်သည်။ ဒီကမ္ဘာသို့ရောက်ကတည်းက သူ၏အိပ်စက်မှုက သိပ်မကောင်းလှပေ။ သူ ကူးပြောင်းလာတဲ့ ကပ်ဆိုးကာလရဲ့ ဆယ်နှစ်တာကာလသည် သူ့အပေါ် ကြီးမားသောသြဇာလွှမ်းမိုးမှုရှိခဲ့သည်။ ထိန်းမနိုင်သိမ်းမရ သတ်ဖြတ်လိုသည့် စိတ်ရူးပေါက်ခြင်းအပြင်၊ သူ၏ အခြားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိခဲ့သည်။
ထိုညနေခင်းတွင် ထုံးစံအတိုင်း ကျိုးကျီ အိပ်မက်မက်လာခဲ့သည်။
ဒါပေမယ့် ဒီတစ်ခါ အိပ်မက်က နည်းနည်းတော့ ကွာတယ်။ အိပ်မက်ထဲတွင် မှိတ်တုတ်မှိတ်တုတ် ဓားတွေ၊ မီးလုံးတွေ မရှိ၊ သတ်ခြင်းလည်း မရှိပေ။
ဒါဟာ သိပ်ကို အံ့သြစရာကောင်းတဲ့ အိပ်မက်တစ်ခုပါပဲ။ ကြည့်ရှုသူတစ်ဦးအနေဖြင့် သူ့ကိုယ်သူ အခြား ပုံစံတစ်မျိုးဖြင့် ရှင်သန်နေထိုင်ခဲ့သည်ကို မြင်ခဲ့ရသည်။
ဒါတွေအားလုံးရဲ့ အဓိက အကြောင်းရင်းကတော့ ရှီလီ ဟာ ရုတ်တရက် စိတ်ပြောင်းလဲ သွားပြီး ရှုန်းယယ် နဲ့ လက်တွဲဖော်မဖြစ်ချင်တော့သည့် အတွက်ကြောင့်ဖြစ်သည်။
သူ့အမှတ်တရတွေ ထဲမှာတော့ ရှီလီ နဲ့ ရှုန်းယယ် တို့ဟာ အမြဲတမ်း ပျော်ရွှင်စရာ ကောင်းတဲ့ စုံတွဲလေးဖြစ်ခဲ့တယ်။
ရှုန်းယယ်က ရှီလီ အပေါ်ကို အရမ်းကောင်းပေးခဲ့ပြီး ရှီလီက ရှုန်းယယ် ကို ကြည်နူးစရာကောင်းတဲ့ အံ့သြလောက်စရာတွေ လုပ်ပေးခဲ့တယ်။ ရှုန်းယယ်က သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ပိုအလေးပေးခဲ့သူဖြစ်လို့ တစ်ယောက်ကို တစ်ယောက် ချစ်တဲ့လူနှစ်ယောက် အသေးဖွဲကိစ္စတွေနဲ့ ပတ်သက်ပြီး ငြင်းခုန်နေမှာ မဟုတ်ပါဘူး။
သို့သော် သူ့အိပ်မက်ထဲတွင် ရှီလီက ပြောင်းလဲသွားကာ တုန်လှုပ်ချောက်ချားလာသည်။ ထို့နောက် မထင်မှတ်ထားသော အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ရှုန်းယယ်က ကျိုးကျီကို ကူညီပေးခဲ့တယ်လို့ သူ့အိပ်မက်ထဲတွင် တွေ့ခဲ့သည်။ သူ့အိပ်မက်ထဲက ကျိုးကျီကလည်း ရှုန်းယယ်ကို ပိုအာရုံစိုက်ခဲ့တယ်။
နောက်ဆုံးတွင် သူက ဂူထဲမှ နှင်ထုတ်ခံရသောအခါ ရှုန်းယယ်က သူ့ကို အတူ နေထိုင်ရန် ဖိတ်ကြားခဲ့သည်။ အိပ်မက်ထဲမှာ သူ့ဘဝက သူ တကယ် ဖြတ်သန်းနေထိုင်ခဲ့ရသည့် ဘဝထက် အများကြီး ပိုကောင်းခဲ့သည်။
သူ့ဆီမှာ နေထိုင်ရန် သန့်ရှင်းသော လှိုဏ်ဂူတစ်ခုရှိပြီး ရှုန်းယယ်အတွက် စားသောက်ဖို့ အစာကို နေ့စဉ် ပြင်ဆင်ပေးခဲ့သည်။ ရှုန်းယယ်လည်း သူ့စားဖို့ ငါးဖမ်ပေးခဲ့သည်။ တကယ့်လက်တွေ့ဘဝတွင် ထိုစဉ်အချိန်တုန်းက သူ့မှာ ငါးစားဖို့ မတတ်နိုင်ခဲ့ပေ။
ကျိုးကျီ သည် အိပ်မက်ထဲက သူ့ကိုယ်ပွားကို မနာလိုဖြစ်မိနေသည်။
ဟိုတုန်းက သူ့ကိုယ်သူ အရူးတစ်ကောင်လို ဖြစ်အောင် လုပ်ခဲ့တဲ့ ရှီလီကို သူ ဘာကြောင် မဆုံခဲ့ရတာလဲ။ မဟုတ်ဘူး၊ ဒီရှီလီဟာ အရုးတစ်ကောင်တော့ မဟုတ်ဘူး... ကျိုးကျီ က ဒီလူဟာ ဝက်ဝံကြီးမျိုးနွယ်က လူတွေကို အထင်သေး နှိမ့်ချ ဆက်ဆံနေပုံကို တွေ့လိုက်ရသည်။
*******-*******
YOU ARE READING
ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)
Adventureကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed) Genre _ Adventure , Comedy , Fantasy, Historical ,Romance ,Slice of Life ,Yaoi မေး- မင်း နှစ်သက် သဘောကျတဲ့သူက သစ္စာမရှိတော့တဲ့အခါ မင်း ဘာလုပ်သင့်လဲ။ ဖြေ - နောက်တစ်ယောက်ရှာပါ။ ဒီတစ်ခါတ...