Chapter (103) _ အောင်မြင်မှုတွေနဲ့အတူ ဝက်ဝံလေးရဲ့ အိမ်ပြန်ခရီး

5.1K 959 5
                                    

Chapter (103) _ အောင်မြင်မှုတွေနဲ့အတူ ဝက်ဝံလေးရဲ့ အိမ်ပြန်ခရီး




ကျားကြီးမျိုးနွယ်စုမှ လူများ အားလုံး သေဆုံးခဲ့ကြသော်လည်း၊ တိရစ္ဆာန်အရိုးများနှင့် ပြားချပ်နေတဲ့ အသားပုံတွေအပါဝင် ခြေရာများကို ချန်ထားခဲ့သည်။ သိမ်းပိုက်ခံရသော မျိုးနွယ်စုအသီးသီးမှ ကျွန်များသည် ဒီအရာများကို မြင်ပေမယ့် မတုန်မလှုပ်ဖြင့် ဒိုင်နိုဆော အသားများကို ဆေးကြောပြီး သူတို့နှင့်အတူ ယူဆောင်လာရန် ကြံရွယ်ကာ အားလုံးကို သေချာပြင်ဆင်နေသည်။ ဆားနဲ့ ပတ်သက်ရင်... ကျားကြီး မျိုးနွယ်က ချင်းစန်း မျိုးနွယ်က ထွက်သွားတဲ့အခါ ဆားအများအပြား ယူဆောင်လာခဲ့ပြီး ရှုန်းယယ် က အဲဒါကို ပြန်ရလိုက်လို့ ဝမ်းသာသွားသည်။ ကျားကြီးမျိုးနွယ်က ဆားကို ကောင်းကောင်း ထုပ်ပိုးထားခဲ့လို့ ထိုဆားထုပ်ကြီးကို ရွှံ့ထဲကနေ ပြန်ဖော်ရပေမယ့် အထုပ်ထဲက ပါဝင်ပစ္စည်းများသည် နဂိုအတိုင်း ရှိနေသေးသည်။

ကျွန်များက ဆားထုပ်ကို တူးဖော်ပြီး သန့်စင်ထားသော အသားများကို အသား ဆားနယ်ခြောက် ပြုလုပ်ရန် ဒိုင်နိုဆောအသားကို စတင်အသုံးပြု ကြသည်။ အသား အစိုကိုလည်း သူတို့ကိုယ်တိုင် စားနိုင်သည် ။ ဒီကျွန်များအားလုံးသည် အခြေအနေဆိုးရွား နေပြီး ဒီ နေရာတွင် ရက်အနည်းငယ်နေထိုင်ပြီး ကောင်းမွန်စွာ စားနိုင်ပါက ခရီးဆက်ဖို့ သူတို့ အားလုံး ကျန်းမာလာလိမ့်မည်။

ဒီအသားတွေက ရှုန်းယယ် အတွက်လည်း အကျိုးရှိလှသည်။ အရင်ကတော့ သူတို့ဟာ ကျားကြီးမျိုးနွယ်တွေရဲ့ လူတွေကို လိုက်ရှာရင်း သစ်ခေါင်းထဲမှာ အိပ်ပြီး မဝရေစာသာ စားသောက်ခဲ့ရတယ်။ ရှုန်းယယ် သည် ကောင်းစွာ မစားရပေမယ့် အရမ်း အားစိုက် ထုတ်ခဲ့ရတယ်။ ဒါ့အပြင် အဆိပ်မိပြီး သွေးများစွာဆုံးရှုံးခဲ့ပြီး အခု သူရဲ့စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

လူတိုင်းဟာ အများကြီးစားပြီး အားဖြည့်ကြသည်။ ရှုန်းယယ် သည် ဝက်ဝံကြီးမျိုးနွယ်စု ရဲ့စည်းမျဉ်းအချို့ကို ကျွန်ဟောင်းများကနေတဆင့် မျှဝေပြောပြ ခဲ့သည်။ အဲဒီလူတွေက ဒီစည်းမျဉ်းတွေက တကယ်ကို လျှော့ပေါ့ပေးလွန်းတယ်လို့ ခံစားရတယ်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now