Chapter (158 ) _ မရှုံးနိုင်သော သားရဲနတ်ဘုရား ကျိုးကျီ

4.8K 1K 18
                                    


Chapter (158 ) _  မရှုံးနိုင်သော


သားရဲနတ်ဘုရားကျောင်းတော်က ဘယ်အချိန်ကတည်းက ပေါ်ပေါက်လာ သလဲဆိုတာ အတိအကျ မပြောနိုင်ပေမယ့် သေချာတာ တစ်ခုကတော့ – သားရဲနတ်ဘုရားနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတော်တော်များများက သားရဲ နတ်ဘုရားကျောင်းတော် မှ စတင်ခဲ့သည်။
 
ဟုတ်တာပေါ့...အဲဒါတွေက အစစ်လား ဒါမှမဟုတ် တမင် သတင်းလွှင့်ထားသလားဆိုတာတော့ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။

ဒါပေမယ့် သားရဲဘုရားရဲ့တည်ရှိမှု ဒဏ္ဍာရီများကို မယုံကြည်တဲ့  လူနည်းစု ရှိပေမယ့်    လူအများစုကတော့ ဒီပုံပြင်ကို ယုံကြည်ဆဲဖြစ်သည်။ အထူးသဖြင့် သားရဲနတ်ဘုရားကျောင်းတော် ရဲ့ ဘုန်းတော်ကြီးတွေက ဒီကိစ္စကို အထူး ယုံကြည်ကြသည်။ ပတ်ဝန်းကျင်ကလူတိုင်းက အဲဒါကို ယုံကြည်တဲ့အခါ သူတို့ကလည်း ဒီအရာကို လျစ်လျူမရှုထားနိုင်တော့ပေ။
 
သားရဲနတ်ဘုရားနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေထဲမှာ... မီးတောက်ပန်းတွေက သားရဲနတ်ဘုရားရဲ့ သွေးကနေ ဖြစ်တည်လာတာဖြစ်တယ်လို့ သားရဲလူသား ကုန်းမြေရှိ လူတိုင်းက သိထားကြသည်။
သို့ရာတွင်၊ သားရဲနတ်ဘုရားကျောင်းတော်မှာ အဖိုးတန် ရတနာများလို သဘောထားပြီး စောင့်ထိန်းထားတဲ့ ဒဏ္ဍာရီအချို့လည်း ရှိနေပြီး သားရဲနတ်ဘုရားကျောင်းတော် ရဲ့ ထိပ်တန်း ဘုန်းတော်ကြီးသာ ထိုအကြောင်းကို သိနိုင်ကြသည်။

အဆင့်မြင့် ဝါစဉ်ကြီးတဲ့ ဘုန်းတော်ကြီးအိုတွေထဲက တစ်ယောက်က   ဒူးထောက်ပြီး "အရှင် သားရဲနတ်ဘုရား" လို့ အော်ဟစ်လိုက်သည်။    သားရဲနတ်ဘုရားကျောင်းတော် ရဲ့ အဆင့်မြင့် ဘုန်းတော်ကြီးထဲမှ တစ်ဦးဖြစ်လို့ သူက သားရဲဘုရားအကြောင်း ဒဏ္ဍာရီအားလုံးကို ကြားသိခဲ့ပြီး သားရဲဘုရားရဲ့ သွင်ပြင် လက္ခဏာအားလုံးကို သိရှိခဲ့သည်။

သားရဲနတ်ဘုရားက အရမ်း တန်ခိုးကြီးလို့   သားရဲဘုရင်တွေတောင်  သူ့ရှေ့မှာ  ခုခံနိုင်စွမ်းမရှိသည့်အပြင် သားရဲနတ်ဘုရားက သူရဲ့တိရစ္ဆာန်ပုံစံအရွယ်အစားကို အလိုအလျောက်ပြောင်းလဲနိုင်သည်။

သားရဲနတ်ဘုရား ပေါ်လာသောအခါ အပင်တွေက သားရဲနတ်ဘုရားကို ကြိုဆိုရန် ပွင့်ဖူးလာကြသည်။ နှင်းတွေကျတဲ့နေ့တွေမှာတောင် သားရဲနတ်ဘုရားက နှင်းတွေအပေါ်မှာ ဖြည်းညှင်းစွာ ကြွလှမ်းလာတဲ့အခါ ပတ်ဝန်းကျင်က အပင်တွေက အဖူးအပွင့်တွေ ပွင့်လာမယ်လို့ ပြောကြတယ်...

ဒီလို ပြောထားတဲ့ အရာအားလုံးက အခု ဧရာမဆင်ကြီးတစ်ဝိုက်မှာ  ဖြစ်ပွားနေတာပဲ မဟုတ်လား။

ဘုန်းတော်ကြီးက စိတ်လှုပ်ရှားစွာ ဒူးထောက်ကာ သားရဲနတ်ဘုရားကို အရိုသေပေး အော်ဟစ်လိုက်သည်။ ဒီအခြေအနေကိုမြင်တော့ သူ့ပတ်ဝန်းကျင်က ဘုန်းကြီးတွေကလည်း တယောက်ပြီး တယောက် ဒူးထောက်ပြီး ကျိုးကျီကို အရိုသေပေးကာ သားရဲနတ်ဘုရား အရှင် လို့ အော်ဟစ်လိုက်ကြတယ်-- ဘုန်းတော်ကြီးအိုတွေက ဒီလိုပြောတဲ့အတွက် အဲဒီတန်ခိုးရှင်ဟာ သားရဲနတ်ဘုရားဖြစ်တယ်ဆိုတာ ဘယ်သူမှ သံသယမရှိတော့ဘူး။
 
ဒါက တကယ့်ကို သားရဲဘုရားရဲ့ပုံစံ အတိုင်းပဲ။

ဘုန်းကြီးများ အားလုံး အံ့မခန်းမြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေကြသည်။

သားရဲနတ်ဘုရား ဗိမာန်တော်မှ ဘုန်းတော်ကြီးသည် ပူဇော်ပွဲကို အနှောက်အယှက်ဖြစ်စေတဲ့ တိုက်ပွဲကို စစ်ဆေးရန် ရောက်ရှိလာသောအခါ၊ သားရဲလူသားကုန်းမြေကြီးမှ အနွယ်ကြီးများရဲ့ လူတွေက သူတို့နောက်သို့ လိုက်ခဲ့ကြသည်။ ယခုတွင် သားရဲနတ်ဘုရားဗိမာန်တော်ရဲ့ လူများက ဒူးထောက်ကာ သားရဲဘုရားကို အော်ဟစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့လည်း လိုက်ကာ ဒူးထောက်လိုက်ကြသည်။ သို့သော်၊ သူတို့အုပ်စုထဲတွင် ဖြူဖျော့ပြီး မျက်နှာ ညှိုးနွမ်းနေသော လူအနည်းငယ်လည်း ရှိနေသည်--  သားရဲနတ်ဘုရားဆီက အသတ်ခံရနိုင်တဲ့ ရိုက်နှက်ခံရလို့  သတိလစ်သွားနိုင်တဲ့ သားရဲဘုရင်တွေက သူတို့ရဲ့ မျိုးနွယ်မှ သားရဲဘုရင်တွေဖြစ်နေသည်။
 
သူတို့မျိုးနွယ်ရဲ့ သားရဲဘုရင်က သားရဲနတ်ဘုရားကို တစ်နည်းနည်းနဲ့ စော်ကားခဲ့မိတာလား။ ဒီလူတွေဟာ ဒီလိုတွေးမိပြီး အလွန်ကြောက်လန့်ပြီး သူတို့မျိုးနွယ် အဆုံးမသတ်ဖို့ကိုပဲ ဆုတောင်းနေကြတော့သည်။
 
ပြီးတော့... သူတို့ စိတ်ကူးထားတာထက် ပိုကြီးတဲ့ ဆင်ကြီးကြီးကို ရုတ်တရက် လှည့်ပြီး သားရဲဘုရင်တွေဆီကို ဦးတည်သွားနေတာကို တွေ့လိုက်ရတယ်။

 သားရဲဘုရင်က သူ သွားတဲ့ အရှိန်မြှင့်ပြီး အဖမ်းခံရမှာစိုးလို့ တက်သုတ်ရိုက်ပြေး ပေမယ့် သူ့ရှေ့ကို သစ်ပင်တစ်ပင်က ပေါက်လာပြီး သူ သွားတဲ့လမ်းကို ရုတ်တရက် ပိတ်ဆို့သွားခဲ့တယ်... သူ မလွတ်မြောက်နိုင်တော့လို့ သူ့ရှေ့က အခြားသားရဲဘုရင်တွေလို အတူတူအဆုံးသတ်ရတော့မယ်....
 
ဒုတိယသားရဲဘုရင်ကို ဖြုတ်ချပြီးနောက် တတိယ၊ စတုတ္ထနှင့် ပဉ္စမ သားရဲဘုရင် အားလုံးကိုလည်း ကျိုးကျီက လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။

ဧရာမဆင်ကြီးသည် ကောင်းကင်ကို မျက်နှာမူကာ ဟိန်းဟောက်ပြီးနောက် အခြားလူတစ်စုကိုတိုက်ခိုက်ဖို့ လုပ်လိုက်သည်။
 

ကျိုးကျီ ရူးသွပ်သွားပြီးနောက်တွင် သူ့ကို တိုက်ခိုက်ခြင်း မရှိသောသူများကို ထိခိုက်အောင် မလုပ်ခင် စွမ်းအားကြီးမားသောသူများထံ အရင်ဦးစွာ ဦးတည် သွားလေ့ရှိသည်။ ယခု... ဘုန်းတော်ကြီးချုပ် နှင့် သူရဲ့နောက်လိုက်တွေရဲ့ အလှည့်ဖြစ်သည်။

ဒီအရာအားလုံးသည် အချိန်တိုအတွင်း လျှပ်တပြက် ဖြစ်ပျက်ခဲ့သည်။ အရာ အားလုံး ကို သိသွားပြီးနောက် သားရဲနတ်ဘုရား ကျောင်းတော်က ဘုန်းတော်ကြီး ရဲ့ လူတွေဆီကို ကျိုးကျီ မရောက်နိုင်ခင် ဝက်ဝံကြီးက လူတွေက ချက်ချင်း ရောက်ချ လာခဲ့တယ်။

ဒါကလည်း ကျိုးကျီက အရင်ကတည်းက ကြိုတင်မှာကြားထားပြီးဖြစ်တယ်။ တကယ်လို့ သူ တိုက်ခိုက်မှုကို စတင်ချိန်မှာ သူနဲ့ ဝေးနိုင်သမှ ဝေးအောင် နေ ရမယ်။ သူ လုံးဝ မတိုက်ခိုက်နိုင်တဲ့အခြေနေကို ရောက်သွားရင် ရှုန်းယယ်က အမြန်ဆုံးရောက်ပြီး သူ့ကို လာကယ်တင်ဖို့ မှာထားပြီးသားဖြစ်တယ်။

သူ့ကို ထိန်းချုပ်ဖို့ လာမယ်ဆိုရင် သူ့ကိုယ်က ဆင်ပုံစံဖြစ်နေဆဲဖြစ်နေရင် မတိုက်ခိုက်သေးဖို့ မှာထားခဲ့သည်။ သူက လူသားပုံစံပြန်ပြောင်းသွားပြီး ခွန်အားနည်းသွားချိန်မှာ သူ့ကို လာထိန်းချုပ်ရင် အကောင်းဆုံးဖြစ်မယ်လို့ ရှုန်းယယယ်ကို ကြိုတင် မှာထားခဲ့သည်။
 
ကျိုးကျီက သူ့ကို ဒါတွေမှာထားပေမယ့် သူ စိတ်လွတ်သွားချိန်မှာ သတိမရတော့ပေ။
 

သို့သော် ရှုန်းယယ်သည် ဒီအရာအားလုံးကို သိနေပေမယ့် သူက အဝေးကို မသွားခဲ့ပေ။  ကြံ့သားရဲဘုရင်နှင့် ဟိုင်ဖုန်း တို့ကို ချိုင့်ဝှမ်းမှ ထွက်ခွာရန် ဦးဆောင်ပြီးနောက် သူတို့က ထိုနေရာ အနီးအနားရှိ တောင်တစ်လုံးကနေ အခြေအနေကို စောင့်ကြည့်ခဲ့ကြသည်။

သူတို့က အမြင့်မှာ မတ်တပ်ရပ်ပြီး ချိုင့်ဝှမ်းထဲက တိုက်ပွဲကို အသေးစိတ် မမြင်နိုင်ပေမယ့် ချိုင့်ဝှမ်းအပြင်မှာ ဖြစ်နေသည်ကိုတော့ အကုန် မြင်နေရသည်။
 
ကျိုးကျီက တကယ်ကို အစွမ်းထက်လွန်းတယ်။

ဟိုင်ဖုန်း က ကျိုးကျီဟာ သားရဲဘုရင် တွေကို   လွယ်လွယ်ကူကူ ရှင်းပစ်နေတာ တွေ့တော့ သူ က ကျိုးကျီကို ဆန့်ကျင်ဖို့ မကြိုးစားမိလို့ ချက်ခြင်းဝမ်းသာ သွားတယ်။ကျိုးကျီရဲ့ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ဆက်လက် ခုခံရမည့်အစား  သူက ကျိုးကျီရဲ့နောက်လိုက်ဖြစ်လာဖို့ ရွေးချယ်ပြီး ကျိုးကျီ အလိုရှိရာကို လုပ်ဆောင်ပေးခဲ့သည်။

မဟုတ်ရင်...သူ သေသွားတာ ကြာလှရောပေါ့...
 
ဒါဆို သူ့တိရစ္ဆာန်ပုံစံက ကြီးလာရင်ကော။ ကျိုးကျီက ပိုလို့တောင် ကြီးလာ နိုင်သေးတယ် မဟုတ်လား။ ပြီးတော့ ကျိုးကျီက အရွယ်အစားတောင် ပြောင်းနိုင် သေးတယ်။  

ဟိုင်ဖုန်း က သက်ပြင်းချရင်း တိုက်ပွဲအခြေနေကို သဘောကျမှု အပြည့်နှင့် ကြည့်နေပေမယ့် ကြံ့သားရဲဘုရင်ကတော့ ရှေ့ကမြင်ကွင်းကြောင့် လုံးဝ အံ့သြမင်သက်လို့နေသည်။

မျောက်ဝံ သားရဲဘုရင် အရိုက်ခံရတာကို သူ မြင်နေရပြီး သူက စိတ် ရှုပ်ထွေး နေသင့်ပေမယ့် အခု ကျိုးကျီက ဒီလိုမျိုး သားရဲနတ်ဘုရား ဖြစ်နေတာကို  သိရတော့  သူ့မှာ မျောက်ဝံ သားရဲဘုရင် ကို သနားဖို့ အချိန်မရှိတော့ဘူး။

သူ ကြောင်တက်တက်နဲ့ ငေးမောနေမိတယ်။

ကျိုးကျီက ရှုန်းယယ်ထက် အနည်းငယ် သန်မာလောက်တယ်လို့ သူထင်ခဲ့ပေမယ့်  ကျိုးကျီက  ဒီလောက် အားကောင်းလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ပေ။  မူလက ကျိုးကျီကို အမှန်တကယ် အရည်အချင်းမရှိသူလို့တောင် သူက  သံသယရှိ ခဲ့သည်... အရည်ချင်းမရှိဘူး ဆိုတဲ့ စကားက ကျိုးကျီနဲ့ ဝေးကွာလွန်းလှတယ်/
 (-_-)
 
ကျိုးကျီက ဒီလောက် အစွမ်းထက်မည်ဟု သူ မမျှော်လင့်ထားပေ... ဟိုင်ဖုန်းက ကျိုးကျီရဲ့ သူ့နောက်လိုက်ဖြစ်ချင်တာ အံ့သြစရာမရှိတော့ဘူး။ ရှုန်းယယ်က သူ့ကို  လှောင်ပြောင်ခဲ့တာ မဆန်းတော့ဘူး။ ဝက်ဝံကြီးမျိုးနွယ်စုက လူတွေက သူ့ကို လုံး၀ နာခံကြတယ်ဆိုတာ အံ့သြစရာမရှိတော့ဘူး။

ဝက်ဝံကြီး မျိုးနွယ်  မှာ သူ ပါဝင်နိုင်ခဲ့တာ အရမ်း ကံကောင်းလွန်းနေတယ်။

ကြံ့ သားရဲဘုရင်က ဝက်ဝံကြီး မျိုးနွယ်ရဲ့လူတစ်ဦးဖြစ်လာ နိုင်ခြင်းအတွက် ဂုဏ်ယူစ ပြုလာသည်။ ထိုအချိန်တွင်၊ ဝက်ဝံကြီးတွေက ကျိုးကျီကို သတိထား မိလိုက်သည်။  

"အဲ့ဒါ ကျိုးကျီမဟုတ်လား။"

"ကျိုးကျီက အရမ်းသန်မာလွန်းတယ်!"

 "ကျိုးကျီက အရွယ်အစားပြောင်းနိုင်မယ်လို့ မထင်ခဲ့ဘူး!"

......  

ရှုန်းချီ -  "ကျိုးကျီက ပိုတောင်သန်မာလာပုံရတယ်။ သူက သားရဲဘုရင်တွေကို  တစ်ချက်လှုပ်ရုံဖြင့် အနိုင်ယူခဲ့တယ်။ ဟိုအရင်တုန်းက သူ ဟိုင်ဖုန်း ကို တိုက်တဲ့ အချိန်တုန်းက သူက ဒီလောက် အစွမ်းထက်ပုံ မပေါ်သေးဘဲ ဟိုင်ဖုန်း နဲ့ သရေကျအောင်ပဲ တိုက်ခိုက်နိုင်ခဲ့တယ်"

ကျူးကျန်း က ရှုန်းချီ ကိုကြည့်ပြီး ပြောလိုက်သည်။

"ကျိုးကျီက ဟိုင်ဖုန်း နဲ့ သရေကျအောင်သာ တိုက်နိုင်မယ်ဆိုရင် ဟိုင်ဖုန်း က သူ့ကို အရမ်းကြောက်နေမှာလား။"

"ကျိုးကျီက သရေကျခဲ့တာ မဟုတ်လား? အဲဒီအချိန်တုန်းက ကျိုးကျီက အရမ်းအားနည်းနေပုံ ရတယ်လေကွာ..."
 ရှုန်းချီ ကပြောသည် ။ ကျိုးကျီက ဟိုတုန်းက တိုက်ခိုက်ပြီးချိန်မှာ အရမ်း မူးဝေနေခဲ့သေးတယ် မဟုတ်ဘူးလား။

ကျူးကျန်း က ဆက်ပြောလိုက်တယ်။

 "ကျိုးကျီက အဲဒီတုန်းက အရမ်းအားနည်းခဲ့တာ သေချာလို့လား။ ခဏလောက် လမ်းလျှောက်ရရင် ပင်ပန်းသလိုမျိုး ရှိဖူးလို့လား။ သူက အရမ်းအားနည်း နေပုံ တကယ်ပေါ်လို့လား။ သူ အားနည်းတယ်လို့ မင်း တကယ်ထင်နေတာလား "  

ရှုန်းချီ: "......"
ဟုတ်ပါတယ်...ဟုတ်ပါတယ်..... ကျိုးကျီက ပုံမှန်အားဖြင့် အားနည်းတာတော့ မဟုတ်ပါဘူး။ ဒါဆို... သူ ဟိုင်ဖုန်း နဲ့ တိုက်ခိုက်ပြီးနောက် တမင်သက်သက် အဲ့လို လုပ်ပြခဲ့တာလား။
 
အဲ့လိုတော့ မဖြစ်နိုင်ဘူးထင်တယ်...

ဝက်ဝံကြီးမျိုးနွယ်စုမှလူများ အားလုံး တိတ်ဆိတ်သွားကြသည်။

ထိုအချိန်တွင်၊ ကျိုးကျီသည် သားရဲနတ်ဘုရားကျောင်းတော် ရဲ့ ဘုန်းတော်ကြီးချုပ် နှင့် တိုက်ခိုက်ရန် သွားနေပြီဖြစ်သည်။  

ကြံ့သားရဲဘုရင်က အတန်ငယ်စိုးရိမ်သွားပြီး ပြောလိုက်သည်။

 "ကျိုးကျီက ဒီလိုလုပ်ရင် သားရဲနတ်ဘုရားကျောင်းတော် ကို စော်ကားရာ ရောက်မှာ မဟုတ်ဘူးလား"

ဟိုင်ဖုန်း -  "ကျိုးကျီက သားရဲနတ်ဘုရားကျောင်းတော် ကို စော်ကားမိမှာကို ကြောက်ရမှာလား?"

 သူသည် မူလက သားရဲနတ်ဘုရားကျောင်းတော် ကို ကြောက်ခဲ့သော်လည်း ယခုတော့ လုံးဝ မကြောက်တော့ပေ။

 ကြံ့ သားရဲဘုရင် : "......"
အမှန်တော့ ကျိုးကျီသည် သားရဲနတ်ဘုရားကျောင်းတော် ကို စော်ကားရန် လုံးဝ မကြောက်ခဲ့ပေ။

ထိုအချိန်တွင် ရှုန်းယယ်က ပြောခဲ့သည်။

 "ကျိုးကျီက အရမ်းစိတ်မကောင်းဖြစ်နေတယ်... ငါ အရမ်းအားနည်းနေပြီး သူ့ကို မကာကွယ်နိုင်ခဲ့ဘူး။ သူကိုယ်တိုင် တိုက်ခိုက်ဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး..."  

ကြံ့သားရဲဘုရင်နှင့် ဟိုင်ဖုန်း နှစ်ယောက်စလုံး ရှုန်းယယ်ကို ထိတ်လန့်စွာ စိုက်ကြည့် နေကြသည်။ ရှုန်းယယ်က ကျိုးကျီကို မကာကွယ်ပေးလို့ သူ့ကိုယ်သူ အပြစ်တင်နေတာလား။ သူ ရူးသွားတာလား?!

ကျိုးကျီက ဘယ်လိုပုံစံနဲ့ အကာအကွယ်လိုအပ်နေမှာလဲ ?

ကျိုးကျီက သေချာပေါက် အကာအကွယ် မလိုအပ်ဘူးလေ။

သားရဲနတ်ဘုရားကျောင်းတော် ရဲ့ အစောင့်များသည် ချိုင့်ဝှမ်းမှ ထွက်ခွာပြီး သားရဲနတ်ဘုရားကျောင်းတော် ဆီသို့ ပြေးနေကြသော်လည်း ကျိုးကျီက သူတို့နောက်မှ လိုက်လာသောအခါ ဝေးဝေး မပြေးနိုင်ခဲ့ကြပေ။  

အစောင့်များသည် ချက်ချင်းတိုက်ခိုက်ရန် အသင့်ဖြစ်ခဲ့သော်လည်း ကျိုးကျီက သူတို့ကို တိုက်ခိုက်မယ့်အစား ရှီလီ ကိုသာ တိုက်လိုက်သည်။ သူ့ နှာမောင်းက  ရှီလီကို တည့်တည့် ချိန်ရွယ်ထားကာ ရိုက်ချလိုက်သည်။

ကျိုးကျီသည် အခြားသော သားရဲဘုရင် များကို တိုက်ခိုက်ရာတွင် ဒီလှုပ်ရှားမှုကို မကြာခဏ ပြုလုပ်ခဲ့သည်။ ထိုသားရဲဘုရင်များသည် ထိုးနှက်ချက်များကို ခံနိုင်ရည်ရှိသော်လည်း ရှီလီကတော့ တချက်လေးတောင် တောင့်မခံနိုင်ပဲ တစ်ခါတည်းကို လေထဲ လွင့်ပျံတက်သွားတော့သည်။
 
ရှီလီက သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို အသုံးချဖို့ ကြောက်ရွံ့နေခဲ့တယ်။ သူ့ရဲ့ အမြူတေက တစ်ခုခုဖြစ်သွားရင် ပေါက်ကွဲပြီး သူ သေသွားမှာကို စိုးရိမ်နေလို့  အခုအချိန်မှာ တစ်စက်လေးတောင် စွမ်းအားနဲ့ မတားဆီးဝံ့ပေ။
 
သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေနဲ့ သူ့ကိုယ်သူ ကာကွယ်ထားပေမယ့် ထိုးနှက်ချက်က အရမ်းပြင်းထန်တဲ့အတွက် ဘာမှလုပ်လို့မရပါဘူး။

ရှီလီက သွေးတွေ ရွှဲနေသည်။  သူက လေထဲ လွင့်ပျံထွက်သွားရုံတင်မကဘဲ သူ့ကိုယ်ထဲက စွမ်းအင်များ အပြင်သို့ ပြန့်ကျဲသွားကာ သူ့ခန္ဓာကိုယ်အတွင်းရှိ အမြူတေတွင် ပြဿနာကြီးတစ်ခု ပေါ်လာသည်။

သူ့ပုံစံအရ ... သူက တော်တော် သန်မာပုံပေါ်နေသေးတယ် ။

ရှီလီကို ပျံထွက်သွားအောင် ရိုက်လွှတ်လိုက်ပြီး မူလက သားရဲ နတ်ဘုရား ကျောင်းတော် ရဲ့အဆင့်မြင့်သားရဲစစ်သည်များနှင့် ရင်ဆိုင်ရန် ပြင်ဆင်နေသည့် ကျိုးကျီသည် ရုတ်တရက် ဦးတည်ချက်ပြောင်းကာ ရှီလီ ဘက်သို့ လှည့်ကာ သူ့ကိုယ်လုံးနှင့် တစ်ကြိမ်ထပ်ရိုက်လိုက်သည်။  

ရှီလီသည် သွေးများ အန်ထွက်ပြီး   ယခုတစ်ကြိမ်တွင် ကျိုးကျီရဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ အခု သူ့အခြေအနေက ရှန့်ထျန်း မသေခင် အခြေအနေ အတိုင်းပဲ။ သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ဘဲ သူ့ အမြူတေထဲက စွမ်းအင် တွေက လျင်မြန်စွာ ပြန့်ကျဲထွက်သွားပြီး ကျိုးကျီရဲ့ တိုက်ခိုက်မှုကို ဟန့်တားတဲ့ လှုပ်ရှားမှုကြောင့်  ကြီးမား ရှုတ်ထွေးတဲ့ စွမ်းအင်ကို ဖန်တီးမိသလိုဖြစ်သွားသည်။

ဟုတ်တာပေါ့...ဒါက ရှီလီအတွက် ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ဘူး။

နောက်ဆုံးတော့၊ သူ့ရဲ့ အမြူတိုင်ထဲက စွမ်းအင်တွေ အားလုံး ပျောက်ကွယ်သွား တဲ့အချိန် သူ့ရဲ့ အမြူတေတွေ   ကွဲအက်သွားပြီးရင်   သူ သေသွားလိမ့်မယ်။  

"မဟုတ်ဘူး! ဟင့်အင်း... မဖြစ်တော့ဘူး!"

ရှီလီက ကြောက်လန့်တကြား အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ သူက မြေပြင်ပေါ်ပြုတ်ကျလာချိန်မှာ သားရဲနတ်ဘုရားကျောင်းတော် မှ လူများနှင့် တိုက်ပွဲအသံကြောင့် ရောက်လာကြသော မျိုးနွယ်စုကြီးများနှင့် အနည်းငယ် နီးကပ်လာခဲ့သည်။

ကျိုးကျီက လေထဲကို ပျံတက်လာပြီး စွမ်းအင်တွေ လွှမ်းခြုံထားတဲ့ ရှီလီကို သူ့ကိုယ်လုံးနဲ့ ရိုက်ချလိုက်ပြန်တယ်...

ရှုန်းယယ် ရုတ်တရက် ပြဿနာတစ်ခုကို သတိပြုမိလိုက်ပြီး အော်ပြောလိုက်သည်။

"ကျိုးကျီက သားရဲနတ်ဘုရားကျောင်းတော် ကို ဦးတည်သွားနေတယ်။ ဟိုမှာ လူတွေ အများကြီး ရှိနေတယ်!"

သူတို့ ဝက်ဝံကြီး မျိုးနွယ်က လူတွေတောင် ရှိနေနိုင်တယ်။ ရှုန်းယယ် ချက်ချင်းပင်   စိတ်ပူလာသည်။  

သို့သော်၊ ဟိုင်ဖုန်း နှင့် ကြံ့သားရဲဘုရင်တို့က ထိုကိစ္စကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။

 "ဒါဆို ဘယ်လိုလုပ်မလဲ။ လူ ဘယ်လောက်ပဲရှိရှိ ကျိုးကျီကို တိုက်ခိုက်ဖို့ မလုံလောက်ဘူးလေ။"

ကျိုးကျီကို တိုက်ခိုက်ရန် နောက်ထပ်လူများ မလုံလောက်သေးသည်မှာ အမှန်ပင်။

ရှုန်းယယ်က  ကျားကြီးမျိုးနွယ်ကိုတစ်ယောက်မကျန် ကျိုးကျီ  သုတ်သင်ပစ်လိုက် သည့်အကြောင်းကို တွေးနေသည်။ ကျိုးကျီရဲ့ လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် သူ ပြေးနေတဲ့ နှုန်းနဲ့ဆိုရင် သူ့လမ်းကြောင်းရှေ့က လူအားလုံး အနင်းခံရပြီး ပြားသွားနိုင်လောက်သည်။ သားရဲနတ်ဘုရားကျောင်းတော် မှ လူတွေက အရေးမကြီးပေမယ့်   ဝက်ဝံကြီး မျိုးနွယ်  မှလူများ  ကျန်နေသေးသည်။

ဝက်ဝံကြီး မျိုးနွယ်  ရဲ့ မျိုးနွယ်စုအကြီးအကဲဖြစ်လို့ သူ့ မျိုးနွယ်က လူတွေကို ဘာမှ အဖြစ်မခံနိုင်ပေ။ ရှုန်းယယ်က သူ့ တိရစ္ဆာန်အသွင်ကို ပြောင်းကာ ကျိုးကျီ ဆီကို ပြေးသွားခဲ့သည်။

ထိုအချိန် ကျိုးကျီသည် ရှီလီ နှင့် ကစားရန် သူရဲ့နှာမောင်းကို အသုံးပြုနေ ဆဲဖြစ်သည်။   

စွမ်းအင်သည် လျင်မြန်စွာ ပျောက်ကွယ်သွားချန် ရှီလီရဲ့ အနားတစ်ဝိုက်တွင် စွမ်းအင်ဘောလုံးတစ်ခု ဖြစ်ပေါ်လာပြီး သူ အချိန်တိုအတွင်း အသေစေဖို့ အကာကွယ် ပြုလုပ်ထားသည်။ ကျိုးကျီသည် အကြိမ်ကြိမ် အဆက်မပြတ် ထိုစွမ်းအင်လုံးကို တိုက်ခိုက်ပြီး ရှီလီရဲ့ စွမ်းအင်အနည်းငယ်ကိုပင် စုပ်ယူနိုင်ခဲ့သည်။

သူ သေခါနီးအချိန်မှာ ရှန့်ထျန်း ခံစားရပုံက ရှီလီ အခု မျက်မြင်  ကြုံတွေ့နေရသည်။ ကျိုးကျီက သူ့ကို ရိုသေလေးစားတဲ့ ဘုန်းကြီးအိုတွေ ဒူးထောက်နေတဲ့ ရှေ့က မြေပြင်ပေါ် ဆင်းသက်ခဲ့ချိန်  သူ့အမူအရာက ထိတ်လန့်စရာကောင်း နေခဲ့သည်။
 

ကျိုးကျီသည် ထိုနေရာသို့သွားခါနီးတွင် သူ့ရှေ့တွင် ဝက်ဝံတစ်ကောင် ရုတ်တရက် ပေါ်လာသည်။

ကျိုးကျီသည် ရှီလီ နှင့်ကစားရန်ပိုမိုအဆင်ပြေစေရန် ကိုယ်ကို ကျုံ့ထားပေမယ့် သူက ဝက်ဝံညိုထက်  အများကြီးပိုကြီးနေသေးသည်... ကျိုးကျီက နှာမောင်းကို မြှောက်လိုက်သည်။
 

"ဒါက ဝက်ဝံ သားရဲဘုရင် ပဲ!"

 ထိုသားရဲတွေက  အော်လိုက်ကြသည်။ ဝက်ဝံ သားရဲဘုရင် သည်လည်း အပြစ်ပေးခံရတော့မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

"ကျိုးကျီက ရှုန်းယယ်ကို တကယ်ကြီး တိုက်လိုက်တာလား?"
ဝက်ဝံကြီးမျိုးနွယ်စုမှလူများ အံ့ဩသွားကြသည်။

ထိုနှာမောင်းသည် ရှုန်းယယ်ရဲ့ခန္ဓာကိုယ်ကို ရိုက်မိပြီး ရှုန်းယယ်မှာ ပြင်းထန်စွာ နာကျင်သွားသော်လည်း သူက ကျိုးကျီကို လုံးဝမကြောက်ပေ။ အဲဒီအစား သူက အဲဒီနှာမောင်းကို ပွေ့ဖက်ပြီး ခေါ်လိုက်သည်။

 "ကျိုးကျီ.....!"

ကျိုးကျီက အတော်လေး ဒေါသထွက်ပြီး သူ့နှာမောင်းကို ဖမ်းဆုပ်ဝံ့တဲ့ ဒီလူကို သတ်ပစ်ချင်ပေမယ့် အကြောင်းတစ်ခုခုကြောင့် သူ့ရဲ့ စွမ်းအင်တွေကို မစုစည်းနိုင်တော့ဘူး။ နောက်ဆုံးတွင် သူရဲ့နှာမာင်းကို ရစ်ပတ်နေသော ဝက်ဝံညိုရဲ့သေးငယ်သော မျက်လုံးများဖြင့် သူရဲ့သွေးနီရဲနေသော မျက်လုံးများ အကြည့်ချင်း ဆုံသွားတော့သည်။

 

*********-**********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now