Chapter (105) _ ဆောင်းခိုခြင်း (Hibernating)

5.7K 928 10
                                    

Chapter (105) _ ဆောင်းခိုခြင်း (Hibernating)

ကျားကြီးမျိုးနွယ်အတွက် အချိန်အတော်ကြာ ကျွန်ခံခဲ့ပြီး ရှုန်းယယ် ပြန်လည် ခေါ်ဆောင်လာလူတွက နောက်ဆုံး ဝက်ဝံကြီးမျိုးနွယ်သို့ ရောက်ရှိလာခဲ့ကြသည်။ အဲဒီနောက်မှာတော့ သူတို့ ဖမ်းမိခဲ့တဲ့ ကျားကြီးမျိုးနွယ်အားလုံးကို သတ်ပစ်ခဲ့ပါတယ်။

ဝက်ဝံကြီးမျိုးနွယ်ကို တိုက်ခိုက်ရန် ဟူထျန်း သူ နှင့်အတူ ခေါ်ဆောင်လာသော လူသုံးရာသည် ကျားကြီးမျိုးနွယ်ရဲ့ အစွမ်းအထက်ဆုံး သူရဲကောင်းများဖြစ်သည်။ ဒီစစ်သည်များသည် ကျားကြီးမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အခြားမျိုးနွယ်စုများကို ကျူးကျော်ဝင်ရောက်ပြီး ကျွန်ပြုရာတွင် အဓိက လုပ်ဆောင်သူများဖြစ်လို့ ယခု မျိုးနွယ်စုဝင် ကျွန်များ အားလုံးရဲ့ မုန်းတီးခြင်း ခံရသည်။

ယခုတော့ ကျားကြီးမျိုးနွယ်စု မှ ကျွန်များသည် ဝက်ဝံကြီးမျိုးနွယ်စုတွင်ပါဝင်လာ နိုင်သောကြောင့် ကလဲ့စားချေချင်တာက သဘာဝကျပါတယ်။ ဒါကို ဘယ်သူမှ မတားဘူး။ တောရိုင်းမြေထဲတွင် ဆယ်စုနှစ်များစွာ သောင်းကျန်းနေထိုင်ခဲ့သော အလွန်အစွမ်းထက် သော ကျားကြီးမျိုးနွယ်သည် အမှန်တကယ်ပင် မီးခိုးကဲ့သို့ လုံးဝပျောက်ကွယ်သွား ခဲ့သည်။

ကျွန်တွေက ဝက်ဝံကြီးမျိုးနွယ်စုသို့ဝင်ရောက်ပြီးနောက်၊ သူတို့ အလုပ်များလာကြသည်။ မြေအိုးသည် မျိုးနွယ်စုရှိ လူများရဲ့ဘဝများကို မြှင့်တင်ပေးနိုင်သော်လည်း အရေးတကြီး မဟုတ်ပေ။ မြေအိုးလုပ်ခြင်းလို ကိစ္စကို ခဏဖယ်ထားပြီး ဆောင်းရာသီအတွက် လူတိုင်း အစားအစာ သိုလှောင်ခြင်း နှင့် ထင်းစုဆောင်းခြင်း လုပ်ငန်းကို အဓိက ထား လုပ်ကိုင်ကြသည်။

ဝက်ဝံကြီးတို့ တည်ရှိရာအရပ်တွင် ဆောင်းရာသီသည် ရက်ပေါင်းတစ်ရာကျော် ကြာမြင့်ခဲ့ပြီး ထိုရက်ပေါင်း ခုနစ်ဆယ့်ရှစ်ဆယ်က အရမ်းအေးလှသည်။ ထိုအချိန်ကာလတွင် အစားအစာကို ရှာဖွေရခက်ခဲပြီး ထိုကာလအတောအတွင်း မျိုးနွယ်စုဝင်တွေက စုပေါင်းအမဲလိုက်ခြင်းကိုလည်း မပြုလုပ်နိုင်ပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now