Chapter (165-2 ) _ Extra- 4 - : အတူတူအလုပ်လုပ်ကြခြင်း

4.6K 778 6
                                    

Chapter (165-2 ) _ Extra- 4 - : အတူတူအလုပ်လုပ်ကြခြင်း


ရှုန်းမောဝ် က သူတို့စားနေတဲ့အချိန် ရောက်လာတယ်။

ပန်ဒါဝက်ဝံ တိရစ္ဆာန်ပုံစံဖြစ်သော ရှုန်းမောဝ်က ရှုန်းယယ်ကို လေးစားအားကျစွာ ကြည့်ကာ ပြောလိုက်သည်။

"လူမျိုးစုအကြီးအကဲ၊ မင်းက တကယ်ကို အစွမ်းထက်တယ်!"

ထိုသို့ပြောပြီးနောက် ကျိုးကျီ ကိုကြည့်ကာ ထပ်ပြောလိုက်သည်။

"ကျိုးကျီ.....မင်းက ပိုတောင် အစွမ်းထက်တယ်!"

"အဲ့လောက်လည်း မဟုတ်ပါဘူးကွာ"

ကျိုးကျီ က ပြုံးပြီး သူ့ကိုယ်တိုင် ကြော်ထားတဲ့ ငါးသေးသေးနှစ်ကောင်ကို ပေးလိုက်တယ် - ငါးသေးသေးကြော်က အရမ်းအရသာရှိပြီး အပိုလုပ်ထားတာမို့ သူ့ဝက်ဝံညိုလေးကို မကြာခဏ အဆာပြေအဖြစ် ကျွေးနိုင်တယ်။

ရှုန်းမောဝ် သည် သူတို့နဲ့အတူ စားသောက်ရင်း အထူးပျော်ရွှင်နေခဲ့သည်။ ကျိုးကျီ က ရှုန်းမောဝ်ကို ပြောလိုက်တယ်။

"မင်းရဲ့ တိရစ္ဆာန်ပုံစံကို ကြည့်ရအောင် ပြောင်းလိုက်ပါဦး"

ရှုန်းယယ် သည် ရှုန်းမောဝ် ၏ တိရိစ္ဆာန်ပုံစံကို အလွန်နှစ်သက်ကြောင်း သတိရလိုက် မိသည်။

ရှုန်းမောဝ် သည် ဒီစကားကိုကြားတော့ နာခံမှုအပြည့်ဖြင့် ပန်ဒါဝက်ဝံလေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ပန်ဒါဝက်ဝံလေးသည် အနည်းငယ် ကြီးပြင်း လာသော်လည်း အရွယ်ရောက်ပြီးသော ပုံမပေါက်သေးသဖြင့် အရမ်းချစ်စရာကောင်းပုံ ရတယ်... ကျိုးကျီ က ပန်ဒါဝက်ဝံလေးကို ပဲပိစပ်လှော်ထားတာ ကျွေးလိုက်တယ်။

ပန်ဒါလေးတွေက သူ့လက်သည်းလေးတွေပါတဲ့ လက်ဖဝါးလေးကို ဖြန်ပြီး ပဲပိစပ်လှော်ကို လက်ခံကာ တစ်စေ့ပြီးတစ်စေ့ ဝါးစားတော့သည်။ ပဲပိစပ်လှော်က အရမ်းမာပေမယ့် ပန်ဒါလေးတွေရဲ့ သွားတွေက ဝါးပင်တွကိုတောင် အလွယ်တကူကိုက်နိုင်တာမို့ ပဲပိစပ်လှော်က သူ့အတွက် ဘာမှမဖြစ်ပဲ ဝါးနိုင်သည်။

ရှုန်းယယ် သည် ရှုန်းမောဝ် ၏ တိရိစ္ဆာန်ပုံစံကို အလွန်နှစ်သက်ပြီး သူ့မျက်လုံးများက ပဲစိစပ်လှော်စားနေသည့် ပန်ဒါလေးဆီက မခွာနိုင်တော့ပေ။ ဒါကိုမြင်တဲ့ ကျိုးကျီ က သဝန်တိုစွာပြောလိုက်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now