Stone-age Husband Raising Journal _ Chapter (15) - ဌက်ကုလားအုတ်

8.5K 1.5K 83
                                    

Chapter (15) - ဌက်ကုလားအုတ်

ကျိုးကျီသည် ဒီနေ့ မိုးရွာနေသောကြောင့် တနေကုန် အပြင်မထွက်ပေ။ ရှုန်းယယ်နှင့် အခြားလူများ အမဲလိုက်ရာမှ ပြန်လာကြသည်ကို တွေ့သောအခါ ကျိုးကျီသည် ရှုန်းယယ်၏ ပန်တာဆယ်ရာတော့ပ်စ် အသားကင် လက်ကျန်ပေါ်တွင် ပျားရည်သုတ်ကာ အမွှေးအကြိုင်တချို့ကို သုတ်လိမ်းကာ မီးပေါ်မှာ ပြန်ကင်ပေးလိုက်သည်။

ဝက်ဝံကြီးမျိုးနွယ်စုထဲမှာ အသားတာရှည်ထားဖို့ ဆားသိပ်တာနဲ့ မီးနဲ့လှော်တဲ့နည်းကို သုံးကြသည်။

အချိန်အကြကြီး သိုလှောင်ချင်ရင် ဆားနဲ့သိပ်ကာ ေ လေဝင်လေထွက်ကောင်းသော အရိပ်ထဲမှာ ခြောက်သွေ့အောင် လေသလပ်ထားကြသည်။ ခဏလောက်ပဲ ထားချင်ရင် မီးပေါ်မှာ လှော်တာ၊ ကင်တာ လုပ်ကြသည်။

ဒီနှစ်နည်းလုံးကို ကျိုးကျီ သဘောမကျပေ။ ပြီးတော့ ဆားက အရမ်းရှားပါးပြီး တန်ဖိုးရှိလို့ ဆားများများမသုံးနိုင်ကြသဖြင့် မျိုးနွယ်စုထဲက အသားဆားနယ်တွေမှာ အောက်သိုးသိုးနှင့် နည်းနည်းပုပ်သည့် အရသာမျိုး ရှိနေသည်။ ကင်ထား၊ လှော်ထားသော အသားကတော့ ရက်အတန်ကြာအောင် ထားရင် လုံးဝ စားလို့ မကောင်းတော့ပေ။ ဒါပေမယ့် ဆားရှားလို့ မလွဲသာပဲ ကင်လှော်တဲ့နည်းကိုပဲ သုံးနေရသည်။

ကံကောင်းလို့ လတ်တလော ရာသီဥတုက အေးမြနေဆဲ ဖြစ်လို့ အသားများကို အခြောက်ခံသိမ်းဆည်းဖို့ လွယ်ကူနေသည်။ အသားများကို မီးဖိုပေါ်ထဲ ပြန်ကင်ပေးပြီးနောက် ကျိုးကျီသည် ရှုန်းယယ် သူ့ကို ပေးထားသည့် ဆားသိပ်ထားသော ဆဲလီဒိုဆောရပ်စ် အသားကို မှိုတချို့နှင့် ရောကာ ထည့်ပြုတ်လိုက်သည်။ မျိုးနွယ်စုဝင်များသည် မှိုတွေကို စားလို့ရ၊မရ မခွဲခြားနိုင်ကြသေးလို့ ရှုန်းယယ်က မှိုဟင်းကို စားဖူးမှာ မဟုတ်ပေမယ့် သူချက်တာကို ကြိုက်မှာသေချာသည်။

ကျိုးကျီသည် ရှုန်းယယ်အတွက် ချက်ပြုတ်ပေးပေမယ့် ထိုဟင်းတွေကို သူ လုံးဝ မတို့ပေ။ အသီးနှင့် အရွက်များကို ကြီးထွားစေပြီး ပါးစပ်ထဲ ထည့်ကာ စားနေခဲ့သည်။ ဒီနေ့တော့ ဒိုင်နိုဆောအသားပဲ ရှိလို့ သူ အသားကို မစားချင်ပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now