Chapter ( 53 -2) _ အင်အားနည်းတဲ့ ကျိုးကျီက သေချာပေါက် သေရလိမ့်မယ်.....

7.6K 1.3K 24
                                    

Chapter ( 53 -2) _ အင်အားနည်းတဲ့ ကျိုးကျီက သေချာပေါက် သေရလိမ့်မယ်.....








ဘုန်းတော်ကြီးက ဆားအသင်း ခရီးထွက်စဉ်  မတော်တဆဖြစ်မည်ကို သူ စိုးရိမ်ခဲ့သော်လည်း ယခုအခါ သားရဲနတ်ဘုရား သည် ကျိုးကျီ နှင့်အတူ ရှိနေလိမ့်သည်။ ဒါဆိုရင် ဆားအသင်းလည်း  လုံခြုံလိမ့်မယ် မဟုတ်လား။



ဘုန်းတော်ကြီးသည် လာမည့် ဆားအသင်းက အောင်မြင်စွာ လဲလှယ်ပြီး ပြန်လာနိုင်လိမ့်မယ်လို့ လုံးဝကို  ယုံကြည်မှုအပြည့်ရှိသည်။ စုဆောင်းရေးအဖွဲ့ရဲ့ ခေါင်းဆောင်က ကျိုးကျီကို ကြည့်ကာ တောင်းပန်လိုက်သည်။


 "ကျိုးကျီ...  ငါ မင်းကို အရင်က မှားယွင်းပြောဆို ခဲ့ဖူးတယ်၊ ငါ မင်းကို  တောင်းပန်ပါတယ်"

ကျိုးကျီ သည် သားရဲနတ် ဘုရား ချစ်မြတ်နိုးသော ပုဂ္ဂိုလ်ဖြစ်သည်။ စုဆောင်းရေးအဖွဲ့၏ ခေါင်းဆောင်သည် ယခုအခါ အလွန်ကြောက်လန့်နေပြီဖြစ်သည်။ အရင်က ကျိုးကျီကို စော်ကားခဲ့ဖူးတာကို  သူမ သတိရလာသည်။

     

"ဘာမှမဖြစ်ပါဘူး။"

ကျိုးကျီ က ဒီလူ ပြောတဲ့ အဓိပ္ပါယ်ကို နားလည်ပြီးသားဖြစ်လို့ သူက  ဂရုမစိုက်ဘူး။

     သူသည် ကမ္ဘာပေါ်ရှိ အရာအများစုကို သိပ်ဂရုမစိုက်ပေ။

   "ကျိုးကျီ.... မင်းက အရမ်းတော်တဲ့လူပဲ"

စုဆောင်းရေးအဖွဲ့မှ ခေါင်းဆောင်က ပြောသည်။

"ကျိုးကျီ ဟာ တကယ်ကို လူကောင်းတစ်ယောက်ပဲ။ သူ့ကို သားရဲနတ် ဘုရားဆီက လက်ဆောင်တစ်ခု ရခဲ့ပြီး ဒါကို ကိုယ်ကျိုးမငဲ့ဘဲ မျိုးနွယ်စုအတွက် အသုံးပြုခဲ့တယ်။"


ဘုန်းတော်ကြီးက ထိုသို့ပြောပြီး ကျိုးကျီ အား  တေးသီးချင်း သီကျူးကာ ကိုယ်ကျိုးမငဲ့သူဟု ချီးကျူးခဲ့သည်။

ကျိုးကျီ - "..." ဒီသီချင်းကို  ဘုန်းတော်ကြီးက ဝက်ဝံကြီးမျိုးနွယ်ရဲ့ ဘိုးဘေးတွေကို   ချီးမွမ်းတဲ့နေရာမှာ သီဆိုခဲ့တဲ့ သီချင်းမဟုတ်ဘူးလား။


 

စုဆောင်းရေးအဖွဲ့ မှလူများက ကျိုးကျီ ကိုကြည့်ကာ ပိုအံ့သြသွားကြသည်။

   အရင်က မြက်ပင်တွေကို မြေသြဇာကျွေးဖို့ ဘာအကြောင်းမှ မရှိဘူးလို့ ခံစားနေကြတုန်းပါပဲ။ ယခု ထိုအရာသည် သားရဲဘုရား၏ အလိုတော်ဖြစ်နေတယ်ဆိုတာ လုံးဝ မထင်ခဲ့ပေ။
 

  အဘယ့်ကြောင့်ဆိုသော် မြေကြီးထဲက ဥတွေ မျိုးအောင်ခြင်းသည် ကောင်းစွာ အပြုစုသောကြောင့် မကြီးထွားနိုင်ခြင်းကြောင့် ဖြစ်ရမည်။

စုဆောင်းရေးအဖွဲ့ မှလူများက သူတို့ဖာသာ စူးစမ်းလေ့လာပြီး ထိုအကြောင်းကို ဆွေးနွေး နေကြသည်။

"မိတ်ဖက်ပွဲ  အခမ်းအနားမတိုင်ခင် ကျိုးကျီက ရုတ်တရက်  ဖျားသွားခဲ့တာက သားရဲနတ်ဘုရားက သူ့ကို စမ်းသပ်တာ ဖြစ်နိုင်တယ်  "



"လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ မောပန်းနွမ်းနယ်ပြီး မူးမေ့လဲနေခဲ့တယ်၊ သူ မနိုးသေးတာက  သားရဲနတ်ဘုရားကို သွားတွေ့ဖို့ ဖြစ်နိုင်တယ်"


"ဟုတ်တယ်၊ ကျိုးကျီက ငတုံး မဟုတ်ဘူးဆိုတော့ မျိုးနွယ်စုထဲက ငါတို့တွေ အများကြီး အကျိုးရှိပြီပေါ့ !"

"သူဟာ သားရဲနတ် ဘုရား င်ရဲ့ ချစ်မြတ်နိုးခြင်းကို ခံရမှာ သေချာပါတယ်။

...

အရာအားလုံးက  ကျိုးကျီရဲ့ စိတ်ကူးထက် ပိုချောမွေ့နေခဲ့တယ်။

ဘုန်းတော်ကြီက မြေကြီး ဥများစွာကို တူးဖော် စုဆောင်းပြီး ဥများနှင့်အတူပြန်လာသောအခါ၊ ကျိုးကျီကို ဥများ လက်ဆောင်ပေးရုံသာမက ဆားအသင်းထဲကို ထည့်ပေးမည်ဟု ပြောခဲ့သည်။

 

"မဟုတ်ဘူး အဘဘုန်းတော်ကြီး၊ ကျိုးကျီက ဘယ်လိုလုပ် ဆားအသင်းနဲ့ လိုက်ပါနိုင်ပါ့မလဲ  "


ဒါကိုကြားတော့ ရှုန်းယယ်က  ကန့်ကွက်ချင်သည်။

"သူ သွားရမယ်၊ ဒါက သားရဲနတ်ဘုရားရဲ့ အမိန့်ပဲ။  မင်းသွားတဲ့အခါ ကျိုးကျီ ကို ကာကွယ်ပေးလို့ရတယ် မဟုတ်လား "

ဘုန်းကြီးက အရမ်းစိတ်လှုပ်ရှားသွားတယ်။

အမဲလိုက်အဖွဲ့ထဲက လူတွေက နည်းနည်းတော့ အံ့သြသွားတယ်။

ဘုန်းတော်ကြီးက နောက်ထပ် တမျိုး ဆိုပြန်သည်–

"သားရဲနတ် ဘုရားက ငါတို့  အမျိုးအနွယ်အတွက် မြေကြီး ဥတွေကို ကြီးထွားဖို့  ဖန်ဆင်းပေးခဲ့တယ်။  ပြီးတော့ ဆားအသင်းနဲ့လိုက်သွားတဲ့လမ်းမှာ ကျိုးကျီက နောက်ထပ် စားပင် ၊သီးပင်ကို ရှာတွေ့လိမ့်မယ်လို့ သားရဲနတ်ဘုရားက ပြောခဲ့တယ်တဲ့
 !"

ဘုန်းကြီးသည် ကျိုးကျီကိုကူညီရန် အားမစိုက်ဘဲ သီချင်း စားသား အနည်းငယ်ရေးနေခဲ့သည်။ စာသားတွေက ရိုးရိုးရှင်းရှင်းနဲ့ တကယ်ကို နားထောင်ရတာ မိုက်တယ်။

 
ကျိုးကျီက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူက ဘယ်လိုဖြစ်ဖြစ် ဆားအသင်းနဲ့လိုက်ဖို့  ဆုံးဖြတ်ပြီးပြီ။

ဒါတင်မကဘဲ ဘုန်းကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်လည်း အခု သူက လူတိုင်းဆီက ပိုပြီး အာရုံစိုက်ခံနေရတယ်။

ကျိုးကျီက ဒါတွေကို  မကြိုက်ပေမယ့် အခြားလူတွေကို မထိခိုက်လို့ လက်မခံနိုင်လောက်တဲ့ အထိတော့ မဟုတ်ပါဘူး။

 
 မြေကြီးဥတွေက ဝက်ဝံကြီး မျိုးနွယ်စုရှိ လူများအတွက် အလွန်တန်ဖိုးရှိပြီး အလွန်ကျော်ကြားပြီး မျိုးနွယ်စုရှိလူများသည် ချက်ချင်း ပွဲတော်တစ်ခု ကြုံနေရသလို ပျော်နေကြသည်။


 

ဒါပေမယ့် ရှုန်းယယ်က မပျော်ဘူး။



ကျိုးကျီသည် သားရဲဘုရားသခင်ဆီက လက်ဆောင်ရထားတာဖြစ်သည်ကို အရင်ကတည်းက သူ ရိပ်မိထားပြီး ဖြစ်သည်။ ဒါကြောင့် ကျိုးကျီက  အရသာရှိသောအပင်များစွာကို အမြဲရနိုင်သည်ဟု ခံစားမိသည်။


သို့သော်လည်း သားရဲနတ်ဘုရားထံမှ လက်ဆောင်ကို ရရှိခဲ့သော်လည်း ကျိုးကျီ သည် အလွန်အားနည်းနေသေးသည်။ ဆားအသင်းနဲ့လိုက်ရင် လမ်းမှာ  အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်သည်။


 

"ငါတို့က သွားတော့မယ်။  မင်းရော သွားရမှ ဖြစ်မှာလား"

ရှုန်းယယ်က မနေနိုင်ပဲ ထပ်မေးလိုက်သြည်။


 

ကျိုးကျီ - "ဒါက သားရဲနတ်ဘုရားရဲ့ ဆန္ဒပဲ"




ကျိုးကျီ၏အမူအရာသည် အလွန်ရှုပ်ထွေးနေသည်။



ကျိုးကျီက ဒါကို အရမ်းကျေနပ်နေတယ်။ မနေ့က သူ တော်တော် စိတ်ရှုပ်သွားတယ်။ ဒီနေ့က ရှုန်းယယ် ရဲ့အလှည့်ပဲ။

ကျိုးကျီ သည် ယနေ့ညနေပိုင်းတွင် စောစော အိပ်ရာဝင်ခဲ့သည်။

ရှုန်းယယ်သည် သူ့ဘေးတွင် လဲလျောင်းနေပြီး ဟိုဘက် သည်ဘက် လူးလိမ့်နေပေမယ့် အိပ်မပျော်ပေ။

 

ခါတိုင်း ခေါင်းချတာနဲ့ ကောင်းကောင်းအိပ်ပျော်တဲ့ ရှုန်းယယ်က ဒီနေ့ ဘာဖြစ်နေ တာလဲ။

ရှုန်းယယ် ထူးဆန်းနေတာကိုတွေ့တော့ ကျိုးကျီက အိပ်ချင်ယောင်ဆောင်လိုက်သည်။ သူ အိပ်ပျော်သွားတယ်လို့ ထင်ပြီး ရှုန်းယယ်က တိတ်တဆိတ် တွားသွားပြီး လှိုဏ်ဂူအောက်ကို ဆင်းသွားတာ၊ နောက်တော့ ဝက်ဝံပုံစံပြောင်းလဲလိုက်ပြီး သစ်ပင် ပင်စည်ပေါ်မှာ သူ့လက်သည်းတွေနဲ့ ကုတ်ခြစ် တိုက်ခိုက်တာကို  လေ့ကျင့်ရင်း နေတယ်။

    ရှုန်းယယ်သည် သူ့ကိုယ်ထဲက စွမ်းအားကို  ထိန်းကိုင်ထားပြီး တိုက်ခိုက်ရေးစွမ်းအားကို ကျင့်သုံးနေသည်မှာ သံသယဖြစ်စရာ မရှိပေ။

 

သို့သော် ရှုန်းယယ်က ဒဏ်ရာများက ကောင်းကောင်း မပျောက်သေးလို့ ခုလို လေ့ကျင့်တာက ဒဏ်ရာကို ပိုတိုးလာစေပြီး အကျိုးမရှိပေ။


ကျိုးကျီက မာလုနှင့် တိုက်ခိုက်နေစဉ် ဝက်ဝံညိုကြီးကို ဆွဲမကာ ပစ်ထုတ်လိုက်သဖြင့် ရှုန်းယယ်က ဒဏ်ရာပိုရခဲ့တာဖြစ်သည်။


ရှန်းထျန်းက သူ့အဝတ်ကို သတိမထားမိခင် သူက ခြောက်လွှတ်လိုက်သဖြင့် ရှန်းထျန်းက ရှီလီကို ခေါ်ကာ ထိုနေရာနှင့် ဝေးရာကို တရကြမ်း ခရီးနှင်ကာ ထွက်သွားခဲ့ကြသည်။



     

   သူတို့ဒီလမ်းမှာရှိစဉ် ရှန်းထျန်းက ရှီလီကို ပြင်းပြင်းထန်ထန် နှိပ်စက်နေပေမယ့် ရှီလီက စွမ်းအင်စုပ်ယူတဲ့နည်းလမ်း တစ်ခုအပြင် ကျန်တာကို ဘာမှ မသိခဲ့ပေ။

 ရှန်းထျန်းက လေထဲက စွမ်းအားကို စုပ်ယူသည့် ဒီနည်းလမ်းကို လိုချင်တဲ့အတွက် ခြင်္သေ့ကို မသတ်ခဲ့ပေမယ့် ခြင်္သေ့နဲ့ တရင်းတနှီးမနေပေ။ ထို ခြင်္သေ့ကို သူတို့မျိုးနွယ်စု၏ ညစ်ပတ်သော အကျဉ်းခန်းလေးထဲ ထည့်ကာ ပိတ်လှောင် ထားခဲ့သည်။  

ရှီလီသည် မစင်များစွာဖြင့် ညစ်ပတ်ပေကြံနေသည့် အချုပ်ခန်းထဲတွင် ထိုင်နေပြီး မအန်ပဲ မနေနိုင်တော့ပေ။


 

     သူ့ဘဝတလျှောက် အများကြီး ဒုက္ခရောက် ခဲ့ရပေမယ့် ဒီလို စော်ကားမှုမျိုး တစ်ခါမှ မကြုံဖူးသလို ဒီလို ပတ်ဝန်းကျင်မှာ မနေဖူးပေ။



       လွန်လွန်းတယ်!!



ရှီလီက ရှန်းထျန်းကို မုန်းခဲ့ပြီး ကျိုးကျီ ကိုတောင် ပို မုန်းခဲ့တယ် - ကျိုးကျီကြောင့် မဟုတ်ရင် ရှန်းထျန်းက သူ့ကို ဘယ်လို ဖမ်းလာမှာလဲ။

     မုန်းတီးစွာနဲ့ ရှီလီက ဟစ်အော်လိုက်သည်။

ကျိုးကျီ...မင်း အသက်ရှည်ရှည် မနေစေရဘူးကွ.....



 

ချင်းစန်းမျိုးနွယ်ကို သိမ်းပိုက်ခဲ့သော  ကျားကြီးမျိုးနွယ်သည် စစ်ပွဲကို နှစ်သက်သော လူမျိုးဖြစ်သည်။ အကြိုက်ဆုံးကတော့ တခြားမျိုးနွယ်စုတွေကို ကျူးကျော်ပြီး တခြားမျိုးနွယ်တွေကို ကျွန်ပြုခြင်းပဲဖြစ်သည်။


 

အရင်ဘဝတုန်က ဝက်ဝံကြီးမျိုးနွယ်ရဲ့ ကပ်ဆိုးကြီးက  ကျားကြီးမျိုးနွယ်ကြောင့်ဖြစ်သည်။



ကျားကြီးမျိုးနွယ်သည်  ချင်းစန်းမျိုးနွယ်တွင် အခြေချနေထိုင်ပြီးနောက် ဝက်ဝံကြီး မျိုးနွယ်၏တည်ရှိမှုကို သိရှိပြီး ဆားလှဲရန် လာခဲ့သည့် ဝက်ဝံကြီးမျိုးနွယ်ထဲက  ဆားအဖွဲ့ဝင်အချို့ကို သတ်ပစ်ခဲ့သည်။

ထို့နောက် ဆားအသင်း သည်  လူအင်အား မလုံလောက်တော့ဘဲ ရှုန်းချီနှင့် နျုံအာလည်း သေဆုံးခဲ့ရသည်...

    မကြာခင် အချိန်တွင်၊ ဘုန်းကြီးနှင့် ရှုန်းဟော်တို့က  မျိုးနွယ်စုရှိဆားမလုံလောက်ကြောင်း သိလိုက်ရပြီး ရှုန်းယယ်လည်း ဆားအသင်းနဲ့ ထွက်သွားပြီး ဆားလဲလို့ရမည့် အခြားနေရာ   အသစ်ကို ရှာကြည့်လိုက်သည်။

  ထိုအချိန်တွင်၊ ရှုန်းယယ်သည် ဆားလဲလှယ်ဖို့ ရှောင်ရှီးမျိုးနွယ်ကို လာခဲ့ပေမယ့် ထိုနေရာကို ကျားကြီးမျိုးနွယ်က သိမ်းပိုက်ပြီးသား ဖြစ်နေတာကို တွေ့ခဲ့ရသည်။ ဒါကြောင့် ရှုန်းယယ်က ဆားမလဲနိုင်ပဲ ပြန်လာခဲ့ရသည်။


ူသူတို့က ဘာမှ မလုပ်ရသေးပေမယ့် ကျားကြီးမျိုးနွယ်က သူတို့ ဝက်ဝံကြီးမျိုးနွယ်ကို တိုက်ခိုက်ဖို့ အစပြုလုပ်ခဲ့လေပြီ။ ကျားကြီးမျိုးနွယ်က ဒိုင်နိုဆောတွေကို သူတို့ ဝက်ဝံကြီးမျိုးနွယ်ရှိရာကို ခြောက်လှန်းမောင်း သွင်းလာခဲ့သည်။



 

ဝက်ဝံကြီးမျိုးနွယ်စုက လူအများစု ဒဏ်ရာရပြီးနောက်၊ ထိုဆောင်းရာသီတွင် ဝက်ဝံကြီးမျိုးနွယ်စုကို သူတို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

ဝက်ဝံကြီးမျိုးနွယ်က လူတွေက  ဒုက္ခများစွာနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး ကျိုးကျီ သည် အလွန်အားနည်းသောကြောင့်  ထိုတိုက်ပွဲတွင် အနှေးနှင့်အမြန်ဆိုသလို သေဆုံးရမှာ သေချာသည်။


*-*-*-*-*

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now