Chapter ( 144) _ ကြံ့မျိုးနွယ်ရဲ့တည်းခိုဆောင်

4.9K 926 15
                                    

Chapter ( 144) _ ကြံ့မျိုးနွယ်ရဲ့တည်းခိုဆောင်


ရှီလီက ဝက်ဝံကြီးမျိုးနွယ်မှာ ရှိစဉ်အခါကတည်းက ရှီလီရဲ့ ဦးနှောက်က ပြဿနာရှိ နေပြီလို့ ရှုန်းယယ် ခံစားနေရတယ်။ ပြီးတော့... အဲ့ဒီလိုဖြစ်တာက ရုတ်တရက် ပေါ်လာသလိုပဲ။ ဘယ်ကနေ ဘယ်လိုစမှားတယ်ဆိုတာတော့ မသိပေမယ့် အကောင်းကြီး အတိုင်းရှိနေရာကနေ တစ်နေ့မှာ ရှီလီက ရုတ်တရက် ပြောင်းလဲလာပြီး လုံးဝ လူသစ် တစ်ယောက်လို ဖြစ်လာတယ်။ သူ့ရဲ့ အတွေးအခေါ် နဲ့ အလေ့အထ တော်တော် များများဟာ သူ နားမလည်နိုင်လောက်အောင် ပြောင်းလဲလာခဲ့ပြီး အခုတော့... အခုတော့ ရှီလီရဲ့ ဦးနှောက်မှာ ဖြစ်နေတဲ့ ပြဿနာက ပိုလို့တောင် ပြင်းထန်လာပုံ ပေါ်တယ်။

"လူမျိုးစုအကြီးအကဲ၊ သူ့ဦးနှောက်မှာ ပြဿနာရှိနေတယ်လို့ ကျွန်တော်လည်း ထင်တယ်။ သူပြောတဲ့ စကားတွေကို သာမာန်လူတွေက နားမလည်ဘူး!"

ရှုန်းချီ က လည်း ဝင် ပြောလိုက်တယ်။ ဒါကြောင့် ရှုန်းယယ်ရဲ့ အထင်က ပိုသေချာလာတယ်။ ခဏလောက်ကြာတော့ သူက ရှီလီကိုတောင် စာနာသနား စိတ်ဝင်လာမိတယ်။

ရှုန်းယယ်၊ ရှုန်းချီတို့ စကားတွေကြောင့် ရှီလီရဲ့ အမူအရာက မည်းမှောင်သွားပြီး ဒေါသတကြီးနဲ့ပြောလိုက်တယ်။

"ရှုန်းယယ်.....မင်း ဘယ်လို ငတုံး စကားတွေကို ပြောနေတာလဲ"

တစ်ယောက်ယောက်က သူ့ဦးနှောက်မှာ တစ်ခုခု မှားနေပြီလို့ ပြောနေတာလား.... ရှီလီက အခု အရမ်းဒေါသထွက်နေပြီး သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်လိုက်တယ်။

ဒီလို အားကောင်းတဲ့ စွမ်းအင်တွေက လူတိုင်းကို ဖိအားတွေ ပေးစွမ်းနိုင်ခဲ့တယ်... လူအများက သည်းမခံနိုင်တော့ဘဲ နောက်ပြန်ဆုတ်သွားပေမယ့် ဝက်ဝံကြီးမျိုးနွယ် နဲ့ တကျူးမျိုးနွယ် တို့ဟာ ဘာက မခံစားရဘူး—- ကြံ့ သားရဲဘုရင် က သူတို့အတွက် ရှီလီရဲ့ ဖိနှိပ်လာတဲ့ စွမ်းအင်အားလုံးကို ပိတ်ဆို့ထားပေးခဲ့တယ်။

"ခြင်္သေ့သားရဲဘုရင်! မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ " ကြံ့သားရဲဘုရင်က ရှီလီကိုကြည့်ကာ တည်ကြည်စွာ မေးလိုက်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now