Chapter (56) - ရှောင်ရှီမျိုးနွယ်စု သိမ်းပိုက်ခံလိုက်ရခြင်း

7.6K 1.3K 35
                                    

Chapter (56) - ရှောင်ရှီမျိုးနွယ်စု သိမ်းပိုက်ခံလိုက်ရခြင်း



ဒီနေ့ ကျိုးကျီက အဝတ်အစားအသစ် ထပ်ဝတ်ထားခဲ့ တယ်။

စပျစ်နွယ်ပင်တွေကနေ ခွာယူထားတဲ့ လျှော်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေဖြစ်တယ်။ အပင်ကရတဲ့ အမျှင်များသည် မူလက အဖြူရောင်ဖြစ်ပေမယ့် အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်၊ အမျှင်တွေက ညိုလာပြီး ဂုန်လျှော်ရောင်ဖြစ်လာခဲ့သည်။

သို့သော် ယေဘူယျအားဖြင့်၊ ထိုသို့သောအဝတ်အစားများသည် ဒိုင်နိုဆောများ၏ အရေခွံနှင့်လုပ်ထားသည်နှင့် တူနေပြီး ကျိုးကျီက ထိုအမျှင်များကို သူ့စွမ်းအားဖြင့် ပျော့ပျောင်းစေရန် လုပ်ဆောင်ထားသဖြင့် ခန္ဓာကိုယ်တွင် ဝတ်ဆင်ရန် အလွန်အဆင်ပြေသည်။

သို့သော် သူ့တွင် အဝတ်အစားများ ရှိသော်လည်း အတွင်းခံ မရှိဖြစ်နေသည်။

ခရီးစထွက်မယ်လုပ်တော့... သူ့ကို ရှုန်းယယ်ရဲ့ကိုယ်ပေါ် တက်စီးခိုင်းနေခဲ့ကြတယ်။

ဝက်ဝံစီးပြီး ခရီးထွက်ရမှာလား....

ကျိုးကျီက အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

"ကျိုးကျီ... ရှုန်းယယ်က မင်းကို သယ်သွားတာကို ခွင့်ပြုလိုက်ပါ!"

ဘုန်းကြီးနဲ့ မျိုးနွယ်စုထဲက လူတွေက ဝိုင်းပြောနေခဲ့သည်။

"ကျိုးကျီ....ဒီအချိန် အပြင်ထွက်တာ အရေးကြီးတဲ့အလုပ်ကို လုပ်စရာရှိတယ်၊ မင်း တို့ ဆားလဲလှယ်ရေးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်တောင်မှ ကျိုးကျီကို ဘေးမသီရန်မခ ပြန်ခေါ်လာနိုင်ရမယ် !"

ဆားသည် အလွန်အရေးကြီးသော်လည်း ဆားမရှိလို့ မသေနိုင်ပါ။ ဒီနှစ်မှာ မြေဥတွေ ရိတ်သိမ်းနိုင်ရင် နောက်နှစ်မှာ ဆားသွားလဲလှယ်ဖို့လည်း အဆင်ပြေတယ်။

အမှန်တော့ အဓိက ကျတဲ့လူက ကျိုးကျီဖြစ်တယ်။ သားရဲနတ်ဘုရားရဲ့ တမန်တော်ဖြစ်တဲ့ ကျိုးကျီက တခုခုဖြစ်ခဲ့မယ်ဆိုရင် သားရဲနတ်ဘုရားက သူတို့ကို စိတ်ဆိုးသွားလိမ့်မယ်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now