Chapter (134) _ နေအိမ်များကို သိမ်းပိုက်ခြင်း

4.6K 916 12
                                    

Chapter (134) _ နေအိမ်များကို သိမ်းပိုက်ခြင်း


တကျူးမျိုးနွယ် သည် လူဦးရေ ခြောက်ထောင် သို့မဟုတ် ခုနစ်ထောင်ရှိသော ကြီးမားသော မျိုးနွယ်ဖြစ်သည်။ မျိုးနွယ်စုတွင် လူမည်မျှရှိသည်ကို မျိုးနွယ်စု အကြီးအကဲကိုယ်တိုင်ပင် အတိအကျ မသိနိုင်ပေ။ သူတို့မှာ လူတွေအများကြီးရှိ ရုံတင်မက ဒီမျိုးနွယ်စုဟာ အလွန်ရှည်လျားတဲ့ သမိုင်းကြောင်းလည်း ရှိခဲ့တယ်။ ပြီးတော့ တကျူးမျိုးနွယ် ရဲ့ အခြေချနေထိုင်တဲ့နေရာကို ပတ်လည်ကာရံထားတဲ့ တံတိုင်းတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ ခိုင်ခံ့လာပြီး တဖြည်းဖြည်း ကြီးမားလာပြီး ဒိုင်နိုဆော တိုက်ခိုက်မှု အများစုကိုပင် ခံနိုင်ရည်ရှိခဲ့သည်။

တကယ်လို့ တစ်စုံတစ်ယောက်က တကျူး မျိုးနွယ်စုအတွင်းသို့ နံရံကိုကျော်တက်ခဲ့ မည်ဆိုလျှင် ဒါက သာမန်ပဲလို့ လူတိုင်း ခံစားရလိမ့်မည်။ သို့သော်လည်း လက်ရှိ အခြေအနေမှာ... သူတို့၏ တံတိုင်းကြီး ပြိုကျလာပြီး ဒါကလည်း လူတစ်ယောက်က အလွယ်တကူ တွန်းချခံခဲ့ရသောကြောင့် ဖြစ်သည်။

သူတို့ရဲ့ နံရံတွေက ချို့ယွင်းချက်ရှိနေလို့တော့ မဖြစ်နိုင်ဘူး။ တစ်စုံတစ်ယောက်က အနီးနားက နံရံကို တွန်းကြည့်ဖို့ကြိုးစားပေမယ့် နံရံကြီးက တုတ်တုတ်မှ မလှုပ်ခဲ့ဘူး။

နံရံတံတိုင်းပြိုလို့ တကျူးမျိုးနွယ်စုဝင်တွေ တွေဝေ မိန်းမောနေတုန်း ဝက်ဝံကြီးရဲ့ လူတွေက ကျူးယန် နဲ့ တခြားသူတွေကို ဦးဆောင်ပြီး ပြိုကျတဲ့တံတိုင်းကို ဖတ်ပြီး တကျူးမျိုးနွယ် ထဲကို ခေါ်လာလိုက်ကြတယ်။

တကျူးမျိုးနွယ် မှ လူများသည် ဒီအခြေအနေကိုမြင်ပြီး အားလုံးက တိုက်ခိုက်ရန် အသင့်ပြင်ကာ သူတို့၏တိရစ္ဆာန်ပုံစံများအဖြစ်သို့ ပြောင်းလဲလာကြသည်။

ဟိုင်ဖုန်း သည် ချက်ချင်း စိတ်လှုပ်ရှားလာပြီး သူ့မွေးစားမြေးလေးကို ပြောလိုက်သည်။

"ပေါင်ပေ့၊ မင်းအဖိုးက လူတွေကို လွှင့်ပစ်ပြမယ်... မင်းကြည့်ဖို့ ဝက်တွေကို ဖမ်းလိုက်မယ်!"

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now