Chapter (11) - အသား ပေးပို့ခြင်း(U+Z)

8.2K 1.3K 58
                                    

Chapter (11) - အသား ပေးပို့ခြင်း(U+Z)

ရှုန်းယယ်သည် အသားဝေစုရရန်ကျန်အဖွဲ့သားများနှင့် သွားတန်းစီလိုက်သည်။ ဒီနေ့ရသည့် သားကောင်ကို ရေဆေးပြိး အသားများကို တုံးတစ်ကာ ခုတ်ထားသည်။

ပန်တာဆယ်ရာတော့ပ်စ်ဒိုင်နိုဆောကြီးကို အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရခဲ့သဖြင့် ဘယ်သူက ပိုလုပ်တယ်လို့ မရှိပေ။ ဒါကြောင့် အမဲလိုက် အဖွဲ့ဝင်တိုင်း အသားကို ညီတူမျှတူရကြမည်ဖြစ်သည်။

သို့သော် ရှုန်းဟော်သည် အမဲလိုက်သည့်အချိန်အတွင်း အလုပ်ပိုလုပ်ခဲ့သူများကို သေချာစောင့်ကြည့် ထားပြီးဖြစ်လို့ ထိုလူများကို ပိုကောင်းသော အသားများကို ပေးလိုက်သည်။ ဒါကြောင့် ရှုန်းယယ်က ဝေစုအသားအပြင် အသည်းတုံး ကြီးကြီးတစ်ခုကိုရ လိုက်လေသည်။ ယနေ့အသားဝေစုက ပုံမှန်ထက် ပိုများသောကြောင့် မျိုးနွယ်စုဝင်များအတွက် ပွဲတော်နေ့လို ပျော်ရွှင်လို့နေသည်။

ဒီနေ့ ရလိုက်သည့် 5 တန်အထက် လေးသည့် ဒိုင်နိုဆောကြီးကို အရိုးနှင့်အရေခွံများ ဖယ်လိုက်ပြီးနောက် အသားချည်း ကီလို သုံးထောင်ခန့် ထွက်ရာ မျိုးနွယ်စုဝင်များကို အတော်များများ ဝေပေးလို့ရသည်။

အမဲလိုက်အဖွဲ့ဝင်ဖြစ်သော ရှုန်းယယ်က အသားဝေစု ကီလိုနှစ်ဆယ်ခန့် ရရှိပြီး သက်ကြီးရွယ်အိုနဲ့ ကလေးများပင် တစ်ယောက်လျှင် ငါးကီလိုခန့် ရကြသည်။ ဒါ့အပြင် ဒီနေ့ မျိုးနွယ်စုအားလုံးအတွက် ဒိုင်နိုဆော အရိုးစွပ်ပြုတ် တအိုးကြီးလည်း သောက်နိုင်အုံးမည်။ စွပ်ပြုတ်ပြုတ်ရန်အတွက် မျိုးနွယ်စုထဲက ရတနာလို တန်ဖိုးထားသည့် ကျောက်တုံးကြီးကို ထွင်းထားသည့် ကျောက်အိုးကြီးများဖြင့် ချက်ပြုတ်ကြသည်။

ယခင်ဘုန်းတော်ကြီးကတော့ အခြားနေရာများတွင် ဒီလို ကျောက်အိုးတွေထက် ပိုပေါ့ပြီးချက်ပြုတ်ရ တာပိုကောင်းတဲ့ ရွှံ့စေးအိုးများ ရှိတယ်လို့ ပြောခဲ့ပေမယ့် ဝက်ဝံကြီးမျိုးနွယ်စုတွေက ဒီကျောက်ဆိုးမျိုးကသာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးလို့ ယူဆထားကြသည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now