Chapter (153 ) _ 153 - ထောင်ချောက်ဆင်ခြင်း

4.9K 1K 39
                                    


(ဇာတ်လမ်း တင်ပေးပြီးလို့ ဖတ်ပြီးပြီးချင်း up လို့ပြောသူများကို mute မည်)


Chapter (153  ) _ 153 - ထောင်ချောက်ဆင်ခြင်း


"ရှုန်းယယ်နဲ့ သူ့အိမ်ထောင်ဖက်က ခွဲလို့မရပေမယ့် ဒီနေ့ နောက်ဆုံးတော့  ခွဲနေကြတယ်။"  

"ဒါကို မြန်မြန်ပြီးအောင် လုပ်ရအောင်။"

"ကျွန်တော်တို့ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဆွဲထုတ်ရမယ်!"

"ငါတို့ ဖြည်းဖြည်းချင်း သွားကြည့်ရအောင်..."

......

ကျိုးကျီသည် သူရဲ့ ဝိညာဉ်စွမ်းအားများမှတဆင့် ရောက်ရှိလာသောသူများရဲ့ မှတ်ချက်ကို ကြားသောအခါ အနည်းငယ် အံ့သြသွားသည်။

ဒီလူတွေက သူ့ကို ဖမ်းဖို့ ဒီကို လာနေကြတယ်။

သားရဲနတ်ဘုရားကျောင်းတော် သည် အဆက်မပြတ် အကောက် ကြံနေမည်ကို သူသိသော်လည်း သားရဲနတ်ဘုရားကျောင်းတော်က သူ့ကို ဦးတည် လာစရာအကြောင်းမရှိပေ။

ရှုန်းယယ်ကို အနိုင်ယူချင်ကြလို့လား။ အကယ်၍ သူတို့က သူ့ကို လုယူသွားလျှင် ရှုန်းယယ်ကို အနိုင်ယူနိုင်ရုံသာမက ရှုန်းယယ်ကိုလည်း အလွယ်တကူ ဖမ်းဆီးနှိပ်စက်နိုင်လိမ့်မယ်။ ဒါမှမဟုတ် အခု လာတဲ့သူတွေက  သားရဲနတ်ဘုရားကျောင်းတော် က မဟုတ်ကြဘူးလား။

ဒါပေမယ့် သူတို့ဟာ သားရဲနတ်ဘုရားကျောင်းတော် က မဟုတ်ရင် စွမ်းအားရှင်တွေ အများကြီးမရှိလောက်ဘူး... ဒီလူတွေထဲမှာ အဆင့်မြင့် သားရဲစစ်သည်စုစုပေါင်း ဆယ်ယောက်ရှိနေတယ်။

ဒီလူတွေက အခု ခပ်ဝေးဝေးက အိမ်မှာ ပုန်းနေကြပြီး ကျူးကျန်း ကို ဘယ်သူ တိုက်မလဲ။ ဘယ်သူက ကျူးယန်ကို ကိုင်တွယ်မလဲလို့ တာဝန်ခွဲနေကြတယ်။
 
ကျိုးကျီသည် ကုတင်ပေါ်မှ မတ်တပ်ထရပ်လိုက်ပြီး သူ့လူများကို သူနှင့်အတူ ခေါ်သွားကာ ထွက်ခွာသွားသင့်လားလို့ တွေးနေတယ်။ ဒုက္ခထဲမှာ သူ မပါဝင်ချင်ဘူး။

ဒါပေမယ့် ဒီလူတွေထဲက တစ်ယောက်က မေးလိုက်သံကို ကြားလိုက်ရသည်။

"ကျိုးကျီကို ဘာလို့ ဖမ်းရမှာလဲ"  

"ကျွန်တော်လည်း မသိဘူး။ ခြင်္သေ့သားရဲဘုရင်နဲ့ ပတ်သက်မှုတစ်ခုခုရှိလောက် တယ်။"
ခေါင်းဆောင်ဖြစ်ဟန်တူသူက ပြောလိုက်သည်။

ကျိုးကျီသည် ထွက်ခွာရန် စိတ်ကူးအားလုံးကို ချက်ခြင်း စွန့်လွှတ်လိုက်သည်--- တကယ်တော့ သူ့အတွက် ကြီးကြီးမားမားပြသနာတော့ မဟုတ်ဘူး။    သူရဲ့ လက်ရှိအင်အားဖြင့် အချိန်မရွေး လွတ်မြောက်နိုင်မည်ဖြစ်ပြီး ရှီလီကို ကြောက်ရွံ့နေရန် မလိုအပ်ပေ။သူ သတိထားရမည့်တစ်ခုတည်းသောအရာမှာ ရုတ်တရက် ရူးသွပ်မသွားဖို့ပဲ ဖြစ်သည်။
 

ဒါပေမယ့် ဒီကိစ္စအတွက်... ကျိုးကျီကတော့ သိပ်စိတ်မပူပါဘူး။

သူရဲ့ လက်ရှိဝိညာဉ်စွမ်းအားဖြင့်၊ သူသည် သားရဲဘုရင်  ကိုပင် ထိန်းချုပ်နိုင်သည်။ သူ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့ လုံးဝ မလိုအပ်ပါဘူး။

ကျိုးကျီက သူ့ကို ဖမ်းချင်နေတာ ဘယ်သူလဲဆိုတာ သိချင်လို့ ပြန်ထိုင်လိုက်တယ်။

ဒါပေမယ့် ကျူးကျန်း နဲ့ တခြားသူတွေ နောက်မှာ ရှိနေရင် သူတို့ ဒုက္ခရောက်လိမ့်မယ် ... ကျိုးကျီက ကျူးကျန်း ကို အမိန့်ပေးလိုက်သည်။

"ကျူးကျန်း ၊ လူတစ်ချို့ကို ခေါ်သွားပြီး ရှုန်းယယ်ပြန်ခေါ်လိုက်ပါ "


"ကောင်းပြီ။" ကျူးကျန်း မတ်တပ်ထရပ်ပြီး သွားရန်ပြင်လိုက်သည်။

ကျိုးကျီ-  "မင်းကို လူတွေကိုပါ ခေါ်သွားလိုက်"

ကျူးကျန်း အနည်းငယ် စိတ်ရှုပ်သွားသော်လည်း ကျိုးကျီက လက်ဟန်ခြေပြ ပြီးနောက် မကြာမီ သူ ထွက်သွားကာ သူ့လက်အောက်ငယ်သားအားလုံးကို သူနှင့်အတူ ခေါ်ဆောင်သွားသည်— ကျိုးကျီ... တစ်ခုခုဖြစ်နိုင်လား?

ဒါကြောင့် ဝက်ဝံကြီးအခြေချနေထိုင်ရာနေရာတွင် ကျိုးကျီအပြင် ကျူးယန် နှင့် တကျူးမျိုးနွယ်ဘုန်းကြီးတစ်ပါးသာ ကျန်တော့သည်။

ကျိုးကျီသည် မကြာသေးမီရက်များအတွင်း ဒီလူနှစ်ဦးနှင့် စကား မပြောဖူးသော်လည်း၊ ထိုအချိန်တွင် သူသည် လူနှစ်ယောက်ဆီသို့ ရုတ်တရက်ကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ ဝက်ဝံကြီးမျိုးနွယ်ကို ဒီလောက်ကောင်းမယ်လို့ မထင်ခဲ့မိဘူး။ ငါ အရမ်းပျော်မိတယ်။"


တကျူးမျိုးနွယ်ရဲ့ ဘုန်းကြီးမှာ မာရှန်ဖြစ်ပြီး သူရဲ့တိရစ္ဆာန်ပုံစံမှာ မြင်းဖြစ်သည်။ ကျိုးကျီရဲ့စကားကိုကြားသောအခါ သူနှင့် ကျူးယန် နှစ်ယောက်လုံး စိတ်ရှုပ်ထွေး နေကြသည်။

ကျိုးကျီက ဆက်ပြောလိုက်သည်။

 "မနေ့က သားရဲနတ်ဘုရား ကျောင်းတော်က လူတွေ ရောက်လာပြီး ခင်ဗျားတို့ကို တွေ့ခဲ့တယ်။ ခင်ဗျားတို့က ငြင်းလိုက်တာ ဆိုတော့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ဆိုရမယ်"


ကျူးယန်နဲ့ မာရှန်က ဒီစကားကို ကြားတော့ ထိတ်လန့်သွားကြသည်။ မနေ့က သားရဲနတ်ဘုရား ကျောင်းတော်က လူတွေက သေချာ သတိထားပြီး သူတို့ကို တိတ်တဆိတ် ဆက်သွယ်လာခဲ့သည်။ ထိုအချိန် သူတို့နားမှာ ဘယ်သူမှ မရှိသလို သူတို့လည်း ဒီသတင်းကို လျှို့ဝှက်ထားလို့ ဘယ်သူမှ မသိနိုင်ဘူးလို့ ယုံကြည် သည်။ ဒါပေမယ့် ကျိုးကျီက သူတို့ကို ခေါ်ပြီး ဒီအကြောင့် တည့်တည့် ပြောခဲ့သည်။


သူတို့တွေက နောက်ဆက်တွဲ ခံစားရမယ့် အရာတွေကြောင့် ဝက်ဝံကြီးမျိုး.နွယ်ကို   သစ္စာမဖောက်ဝံ့ကြသော်လည်း၊ သားရဲနတ်ဘုရားကျောင်းတော် မှလူများသည် ဝက်ဝံကြီး မျိုးနွယ်  အတွက် ပြဿနာရှာနေကြဖို့ မျှော်လင့်မိသည်။ ဝက်ဝံကြီးမျိုးနွယ်က   ဆိုးဆိုးရွားရွား မဖြစ်ရင်တောင်မှ မခံချိမခံသာဖြစ်နေတာကို သူတို့က ကျေနပ်စွာ ကြည့်နေနိုင်မည် ဖြစ်သည်။ ဒါပေမယ့်   သူတို့မှာ ကြည့်စရာ  မရှိခဲ့ရုံတင်မကဘဲ ဝက်ဝံကြီး မျိုးနွယ်  က သူတို့ဘာလုပ်ခဲ့လဲဆိုတာတောင် သိတယ်။

ကျူးယန် နှင့် မာရှန် တို့ရဲ့ ပထမဆုံးတုံ့ပြန်မှုသည် ဝက်ဝံကြီးမျိုးနွယ်ကို သစ္စာ မဖောက်သည့်အတွက် ဝမ်းသာခြင်းပင်ဖြစ်သည်။ မဟုတ်ရင် ... သူတို့ဟာ ဝက်ဝံကြီးမျိုးနွယ်စုက လူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာ သေချာပါတယ်။

မာရှန် -  "အရှင်... ငါတို့က ဝက်ဝံကြီးတွေကို တကယ်ကြိုက်ပါတယ်"

"ဟုတ်တယ်၊ ငါတို့က ဝက်ဝံကြီး မျိုးနွယ်  ကို လုံးဝသစ္စာစောင့်သိတယ်။"
ကျူးယန် ကလည်း သူ့အတွေးနဲ့သူ ဆန့်ကျင်ဘက်စကားတွေ ထုတ်ပြောခဲ့တယ်။  

"မင်းတို့တွေက ဝက်ဝံကြီး မျိုးနွယ်  က လူတွေတောင်မဟုတ်ဘူး။ သစ္စာဆိုတာ ဘာကို ပြောတာလဲ" ကျိုးကျီက ထေ့ငေါ့ကာ မေးလိုက်သည်။

သူ့စကားက မာရှန် နဲ့ကျူးယန်ကို ကြောက်လန့်စေခဲ့သည်။

ကျိုးကျီက ဆက်ပြောတယ်။

 " မကြာခင် တစ်ယောက်ယောက် လာလိမ့်မယ်။ ခုခံဖို့  မလိုပါဘူး၊ ဒါပေမယ့် ဘာပြောရမလဲ ဆိုတာ မင်းတို့ဖာသာ သိထားသင့်တယ်။"


မာရှန် နှင့် ကျူးယန် နှစ်ဦးစလုံး ချက်ခြင်းသဘောတူသည်။ သူတို့လည်း သိချင်နေသည်။ စပ်စုဖို့ --လူတွေ လာနေကြတာလား။ ဘာလို လူမျိုးတွေက လာရဲတာလဲ?  

မာရှန်နဲ့ ကျုးယန်တို့ အကြာကြီး စောင့်ခဲ့သော်လည်း ဘယ်သူမှ မလာခဲ့ကြ။ ကျိုးကျီတစ်ယောက်တည်း စားနေတာကိုပဲ မြင်လိုက်ရတယ်။

ကျိုးကျီသည် ယခင်က သိပ်မစားခဲ့ဘဲ ရှုန်းယယ်စားရန်အတွက် အရာအားလုံးကို ချန်ထားခဲ့သည်။ ထိုအချိန်တွင်၊ ကျိုးကျီသည် သားရဲဘုရင် ဖြစ်လင့်ကစား အစားနည်းနည်းပဲ စားချင်စိတ် ရှိသည် ဟု အားလုံးက ထင်ခဲ့ကြသည်။ မမျှော်လင့်ဘဲ ကျိုးကျီသည် ပဲပုတ်နဲ့ အသားပြုတ် တစ်အိုးလုံး၊ ထမင်းတစ်အိုးနှင့် အအေးသုတ်ထားတဲ့ ဟင်းအချို့ကို တစ်ကြိမ်တည်းနဲ့ ကုန်အောင် စားခဲ့သည်။

သူက တကယ့်ကို စားနိုင်တယ်။
 

သူက  သားရဲဘုရင် ဖြစ်ဖို့ တကယ်ထိုက်တန်သူဖြစ်သည်။ လူတွေ လာနေပေမယ့် မြန်မြန်စား နိုင်ရုံတင်မကဘဲ သူ့စိတ်နေစိတ်ထားကို တစ်ချက်မှ မထိခိုက်စေဘူး!  

သူတို့နှစ်ယောက် ကျိုးကျီကို လေးလေးနက်နက် ကြည့်နေချိန်မှာ လူတွေက ပြေးလာကြတယ်။

ဒီလူတွေက အခန်းထဲမှာ လူ သုံးယောက်ပဲရှိတာကို တွေ့လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ ထို့နောက် သူတို့သည် ကျူးယန် နှင့် မာရှန် တို့ကို ဝိုင်းထားခဲ့သည်–-ကျူးယန် သည်  အဆင့်မြင့် သားရဲစစ်သည်တော် ဖြစ်ပြီး ဘုန်းတော်ကြီး မာရှန်သည် အငယ်တန်း သားရဲ စစ်သည်တော် ဖြစ်နေဆဲဖြစ်ပြီး သူတို့အား ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။

ရလဒ်အနေဖြင့် ကျူးယန် နှင့် မာရှန် တို့သည် လက်နှစ်ဖက်ကို ဆန့်တန်းကာ ခုခံခြင်းမပြုကြောင်းပြသကာ ပြောလိုက်သည်။

 "ငါတို့ကို မထိနဲ့!"

ဒီလူများသည် ကျုးယန်နဲ့ မာရှန်တို့ ရပ်သွားကာ တစ်ယောက်က မျိုးနွယ်စု အကြီးအကဲဖြစ်ပြီး နောက်တစ်ဦးမှာ ဘုန်းကြီးဖြစ်သည်။ မကြာသေးမီ ရက်များအတွင်း သူတို့ကို ဝက်ဝံကြီး မျိုးနွယ်  က အရှက်ရခဲ့ပြီး အရာများစွာကို လုပ်ဆောင်စေ ခဲ့သည်။ ကျိုးကျီကို မကာကွယ်ချင်တာက ပုံမှန်ပါပဲ။  ဒါပေမယ့် ဒီလိုဖြစ်ရင် သူတို့က တိုက်ခိုက်ဖို့ မလိုဘူး။

တကယ်တော့ ကျိုးကျီဟာ တိရိစ္ဆာန်ရုပ်သဏ္ဍာန်အဖြစ်တောင် မပြောင်းလဲနိုင်တဲ့ လူတစ်ယောက်ဖြစ်လို့ အမှိုက်ကောင်သာသာပဲလေ။

ဒီအဆင့်မြင့်သားရဲ စစ်သည်တော်များက ဒီနေရာသို့ရောက်လာသောအခါတွင် ကောင်းမွန်စွာပြင်ဆင်ထားပြီး ယခုအခြေအနေမျိုးနှင့်ရင်ဆိုင်ရသောအခါတွင် သူတို့သည် မသေချာ မရေရာမှု အနည်းငယ်ကျန်ခဲ့သည်။ သို့သော် သိပ်မပင်ပန်းရတော့ ကောင်းတာပေါ့..
 
"သူတို့ကို ကြိုးနဲ့ချည်ပြီး ခေါ်သွား!"

 ကြောက်ရွံကနေပုံဖြင့် ကျိုးကျီကို ကြည့်နေသည့်  ကျူးယန် နှင့် မာရှန် ကို တချက်ကြည့်ကာ သူ့လူများကို အမိန့်ပေးလိုက်သည်။
 
သူ့လူတွေက ခါးမှာပတ်ထားတဲ့ ကြိုးကို ချက်ချင်းဖြုတ်ပြီး ချည်ဖို့သုံးတယ်။ သို့သော် သူတို့ မချည်ခင် ကျိုးကျီက ပြောလိုက်သည်။

"နေပါဦး"

"ဘာလဲ?" ထိုလူက မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော့်ခန္ဓာကိုယ်က အခြေအနေမကောင်းဘူး။ မင်း ငါ့ကို ဒီလို ချည်နှောင်ထား ရင် ငါ အသက်ဆုံးရှုံးနိုင်တယ်။ ငါ နေကောင်းနေရင်တောင် ငါ့ကို ဒုက္ခပေးရင် ရှုန်းယယ်က မင်းတို့ကို ခွင့်မပြုဘူး"

ကျိုးကျီက ပြောသည်။ ဒီလူတွေက သူ့ကို တကယ်ချည်နှောင်ထားချင်နေတယ်ဆို ရင် သူလည်း တချက်ရုန်းရုံနဲ့ ထွက်သွားနိုင်တယ်။

"ဘာဖြစ်သလဲ?"

ထိုအဆင့်မြင့်သားရဲသူရဲကောင်းသည် ကျိုးကျီကို စိတ်မရှည်စွာကြည့်သည်။ သူသည် လူများကိုဖမ်းရန် ဒီနေရာ၌ရှိနေသော်လည်း ရှုန်းယယ်က သားရဲဘုရင်ဖြစ်သည်ကို စဉ်းစားသောအခါ... သူက ဝက်ဝံကြီးမျိုးနွယ်ကို မစော်ကားချင်ဘူး။

ကျိုးကျီ-  "မင်းတို့ ငါ့ကိုသယ်သွားလို့ရတယ်"

"မင်း က ဒါကို အရမ်းမျှော်လင့်နေတာပဲ!" ဒီလူတွေကပြောတယ်။

ကျိုးကျီ- "မင်း ငါ့ကိုဖမ်းချင်တာက ရှုန်းယယ်ကို တစ်ခုခုလုပ်စေချင်လို့ပဲဖြစ်မယ်။ ငါ အဆင်ပြေရင် ရှုန်းယယ်က သဘောတူလိမ့်မယ်။ ဒါပေမယ့် ငါ စိတ်ထိခိုက်ရင်   သူ့ကို မင်းတို့ လုပ်စေချင်တာကို သူက လုပ်ပေးမှာ မဟုတ်ဘူး  "

ဒီလူများသည် ကျိုးကျီရဲ့စကားကို ယုံကြည်ကြသည်။ ဝက်ဝံကြီးမျိုးနွယ်စုမှ လူများသည် လွန်ခဲ့သော သုံးရက်မှ လေးရက်အတွင်း သားရဲနတ်ဘုရား ကျောင်းတော် သို့သာ ရောက်ဖူးသော်လည်း ဝက်ဝံ သားရဲဘုရင် ရဲ့ ချစ်ခြင်းမေတ္တာကို မသိသူ မရှိပေ။

သူတို့ခေါင်းဆောင်က ခဏလောက်စဉ်းစားပြီး နောက်ဆုံးတော့ ကျူးယန် နဲ့ မာရှန် ကို ကြည့်လိုက်တယ်။
 "မင်းတို့နှစ်ယောက်က သူ့ကို သယ်သွားကြတယ်။ မင်းတို့လည်း ငါတို့နဲ့လိုက်ခဲ့!"

မကြာခင်မှာပဲ ကျူးယန် နဲ့ မာရှန်  တို့ဟာ ကျိုးကျီကို မြေပြင်ပေါ်ကနေ ပက်လက်ကုလားထိုင်ဖြင့် ထမ်းကာ ထိုလူတွေနောက်ကနေ လိုက်ခဲ့ရတယ်။
 

ထိုအချိန်တွင်၊ ကျူးကျန်း သည် ရှုန်းယယ်ကို ရှာတွေ့နေပြီဖြစ်သည်။  

ရှုန်းယယ်သည် အသက်နှစ်ဆယ်မပြည့်သေးဘဲ ကမ္ဘာကြီးကို မမြင်ဖူးပေ။ သူသည် ဒီသားရဲ ဘုရားသခင် ပူဇော်ခြင်းကို အလွန်စိတ်ဝင်စားခဲ့သည်။

ပထမတော့ ကျိုးကျီနဲ့ အတူ လာကြည့်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သားရဲနတ်ဘုရားကျောင်းတော် က သားရဲနတ်ဘုရား ပူဇော်ပွဲနဲ့ ပိုနီးစပ်တဲ့ နေရာမှာ သူ့အတွက် ထိုင်ခုံနေရာတစ်ခု ပြင်ဆင်ထားကြောင်း အသိပေးခဲ့ပါတယ်။ သားရဲဘုရားသခင် ပူဇော်ခြင်းတွင် ပါဝင်ခဲ့ကြသူများထံမှလည်း ဝေးကွာလွန်းပါက သားရဲဘုရားသခင် ပူဇော်ခြင်းမှာ ဘာတွေလုပ်နေတယ်ဆိုတာ မမြင်နိုင်ကြောင်းကိုလည်း ကြားသိခဲ့သည်။
 
ထို့နောက် ကျိုးကျီလည်း မသွားချင်ဘူးဆိုလို့ သူလည်း ရှေ့တွင်ထိုင်ကြည့်နိုင်ရန် သူ့ဘာသာသူ သွားတက်ရန် ပြောခဲ့သည်။

ရှေ့မှာ ထိုင်လိုက်တဲ့အခါ အားလုံးကို သေချာမြင်နိုင်လိမ့်မယ်။   လူတွေက တန်ခိုးကြီးသောသားရဲနတ် ဘုရားကို ကိုးကွယ်လိုကြသော်လည်း ရှုန်းယယ်သည် ထိုနေရာတွင် ကျိုးကျီ မရှိသောကြောင့် နည်းနည်းတော့ စိတ်မပါဖြစ်နေသည်။  

သို့သော် ကျိုးကျီ မလာချင်သည်မှာ သာမာန်ဖြစ်သည်။

သားရဲဘုရင်  မှလွဲ၍ ကျန်လူတိုင်းသည် သားရဲနတ်ဘုရားကျောင်းတော် မှ ဘုန်းတော်ကြီးထံ ဒူးထောက်ခဲ့ရသည်...   ကျိုးကျီ သာ ဒီလိုလုပ်ရမယ်ဆိုရင် သူ သည်း မခံနိုင်ပါဘူး။ ကျိုးကျီက  သားရဲနတ်ဘုရားရဲ့တမန်ဖြစ်ပြီး ဒီဘုန်းတော်ကြီးထက် ပိုပြီး လေးစားထိုက်သူဖြစ်ရမည်။ သူ ဘယ်လိုလုပ် အဆင့်နိမ့်ဘုန်းကြီးတွေကို ဒူးထောက်နိုင်မှာလဲ

သားရဲနတ်ဘုရားဗိမာန်တော်ရှိ ဘုန်းတော်ကြီးသည် သီချင်းဆိုကာ ကခုန်ကြကာ ဆုတောင်းစကား များစွာရွတ်ဆိုကြပြီး အားလုံးကလည်း သားရဲဘုရားသခင်ထံ ဆုတောင်းမှု ပြုကြသည်။  

ဘုန်းတော်ကြီးချုပ် ရဲ့ ဦးဆောင်မှုဖြင့် အဖွဲ့လိုက်ဆုတောင်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး မကြာမီ ပြီးဆုံးသွားသော်လည်း အခြားသေးငယ်သော ဆုတောင်းပွဲများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ သားရဲဘုရား ဗိမာန်တော်မှ နတ်ဘုရားရေစင်ကို  ဝေငှပေးသော လူများလည်း ရှိနေသည်။

ရှုန်းယယ်က လေးလေးနက်နက်ကြည့်နေတယ်။

သူသည် တစ်ချိန်က ဘုန်းတော်ကြီးရဲ့ ဆက်ခံသူအဖြစ် အချိန်အတိုင်း အတာ တစ်ခုအထိ လေ့ကျင့်ခံခဲ့ရပြီး ဘုန်းတော်ကြီးရဲ့ အက အားလုံးကို သင်ယူ ခဲ့သည်။ သူတို့ရဲ့ ဘုန်းတော်ကြီး ဖျော်ဖြေသည့် စကားလုံးများနှင့် အကများသည် သားရဲနတ်ဘုရားကျောင်းတော် မှ ရိုးရှင်းသော စကားလုံးများနှင့် အကများ ဖြစ်ကြောင်း သူ သိနိုင်သည်။

ဝက်ဝံကြီး မျိုးနွယ်  သို့ရောက်လာပြီး သူတို့ကို ကူညီပေးခဲ့သော သူတို့ရဲ့ ဘုန်းတော်ကြီးသည် သားရဲနတ်ဘုရားကျောင်းတော် ရဲ့ ဘုန်းတော်ကြီး အဖြစ်စတင်ခဲ့တာ ဖြစ်လောက်သည်။  

ရှုန်းယယ်သည် မသိစိတ်က သင်ယူပြီး အလွတ်ကျက်လုနီးပါး သင်ယူခဲ့ပြီး ပြန်သွားသောအခါ ဘုန်းတော်ကြီးကို သင်ပေးနိုင်စေရန် အနည်းငယ် ထပ်မံလေ့လာရန် ကြံရွယ်ထားသည်။

ဘုန်းတော်ကြီးသည် အလွန်ပျော်နေနေပေမယ့် ရှုန်းဟော်ကတော့ မပျော်လောက်ပေး ရှုန်းယယ်ကြောင့် သူက ပိုလေ့လာရတော့မယ် မဟုတ်လား။
 
ရှုန်းယယ်သည် ဒီ 'ဖျော်ဖြေပွဲ' ကို ကြည့်ရှုနေစဉ်၊ သားရဲနတ်ဘုရားကျောင်းတော် မှ လူများက အခြားသော သားရဲဘုရင် ရှစ်ယောက်ကို ဖယ်ထုတ်ခဲ့သည်။

ကိုးယောက် ရှိသင့်ပေမယ့် ဆင်သားရဲဘုရင်က အခမ်းအနားစပြီးကတည်းက တစ်ခါမှ ပေါ်မလာခဲ့ဘူး...  

ကျိုးကျီရဲ့ တိရိစ္ဆာန်ပုံစံကို မြင်ပြီးကတည်းက ရှုန်းယယ်သည် ရှီလီကို ခေါ်ဆောင်သွားသော ဆင်သားရဲဘုရင်မှာ ကျိုးကျီရဲ့ဖခင်ဖြစ်ကြောင်း သေချာလုနီးပါးဖြစ်သည်။

ထို့အတွက်ကြောင့် ဆင်သားရဲဘုရင် ကြွမလာသည်ကို သတိပြုမိသောအခါ ဆင်မျိုးနွယ်ကို အထူးအာရုံစိုက်ခဲ့သည်။ သူ့အနီးရှိ ဆင်မျိုးနွယ်ရဲ့ အင်အားစုများရဲ့ သူတို့ မျက်နှာများထက်  စိုးရိမ်သော အမူအရာများ ရှိနေသည်ကို မြင်လိုက်ရပြီး အချို့က ရှီလီကို ဖော်မပြနိုင်သော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့ က ရှီလီကို  သိတာဖြစ်နိုင်ပါတယ်။
 
ထိုအချိန်တွင်၊ ရှီလီအား သားရဲနတ်ဘုရားကျောင်းတော် မှလူများက လေးထောင့် ကျောက်များ ဖြင့် ပြုလုပ်ထားသည့် သားရဲနတ်ဘုရား ကျောင်းတော် သို့ ခေါ်ဆောင်သွား ခဲ့သည်။ ဆင်မျိုးနွယ်စုမှ လူများသည် ပို၍ပင် ကယောင်ကတမ်းဖြစ်လာကာ အချင်းချင်း တိုးတိုးပြောလာကြသည်။

ရှုန်းယယ်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး တခြားအရာတွေကို လှမ်းကြည့် လိုက်တော့ အရမ်းအရပ်မြင့်တဲ့ ကျူးကျန်း က လူအုပ်ထဲမှာ  လက်ကို  ဝှေ့ယမ်းနေတာကို သတိထားမိလိုက်တယ်။

ကျူးကျန်း က ကျိုးကျီနဲ့ လိုက်ဖို့ ဈေးထဲမှာ ရှိနေခဲ့တာမလား။ သူ ဒီကို ရုတ်တရက် ဘယ်လိုရောက်လာတာလဲ။

ရှုန်းယယ်မြင့်မားသော စင်မြင့်ပေါ်မှ ခုန်ဆင်းပြီး ကျူးကျန်း ဆီသို့ ဦးတည်သွား ခဲ့သည်။

ထိုအချိန်တွင်၊ သားရဲနတ်ဘုရားကျောင်းတော် တွင် ရှီလီ က ထိုသားရဲဘုရင်များ အား  ပြောနေသည်။

"ဝက်ဝံကြီးမျိုးနွယ်က ကျင့်ကြံနည်းကို ထိန်ချန်ထားတယ်။  ဒီနည်းလမ်းကို လိုက်နာရင် သားရဲဘုရင်ဖြစ်လာဖို့အတွက် သားရဲနတ်ဘုရားအသီးကို စားဖို့ မလိုပါဘူး။"

"အဲဒါမဖြစ်နိုင်ဘူး!" မျောက်ဝံ သားရဲဘုရင် က အော်တယ်။  

ကြံ့ သားရဲဘုရင် ကလည်း ပြောလိုက်သည်။

"ဒီလိုကောင်းတာ ဘယ်လိုရှိနိုင်မလဲ။ ရိုင်းစိုင်းတဲ့စကားမပြောနဲ့!"

ကြံ့ သားရဲဘုရင် က သူ့ကို ကြိမ်းမောင်းဖို့ တွန့်ဆုတ်မနေဘဲ အတွင်းမှာတော့ သူလည်း ထိတ်လန့်သွားတယ်။

ဒီခြင်္သေ့သားရဲဘုရင်က အဲဒါကို ရဲဝံ့စွာပြောနေပေမယ့် ဝက်ဝံကြီး မျိုးနွယ်  မှာ သားရဲဘုရင်  တွေ အရမ်းများနေတယ်။ တကယ်ဖြစ်နိုင်လောက်မလား။

သို့သော် အမှန်ဖြစ်လျှင်ပင် ဝက်ဝံကြီး မျိုးနွယ်  က သူ့ကိုငြင်းဆိုရန် ကူညီပေးပါလိမ့်မည်။

"အဲဒါ အမှန်ပါပဲ။ မဟုတ်ရင် ငါက သားရဲဘုရင် ဖြစ်လာတာကို မင်း ဘယ်လို ထင်လဲ။ ဒီကျင့်ကြံနည်း မရှိရင် ရှုန်းယယ်က သားရဲဘုရင်ဖြစ်လာနိုင်မလား။  သားရဲနတ်ဘုရားအသီးအနှံစားခြင်းက လူတစ်ယောက်ကို သားရဲဘုရင် ဖြစ်လာအောင် တကယ်လုပ်ပေးနိုင်ပေမယ့် သူတို့က အဆင့်မြင့် သားရဲစစ်သည် အဆင့်ရှိနေဖို့ လိုအပ်တယ်။ မဟုတ်ရင်   သားရဲနတ်ဘုရား အသီးကို စားရင်တောင် စွမ်းအားအကုန် မစုပ်ယူနိုင်လို့ ဘာမှမလုပ်ဘဲ သေသွားလိမ့်မယ်။ ရှုန်းယယ်နဲ့ ငါ အသက်ဘယ်လောက်ရှိသေးလို့လဲ။ မင်းတို့တွေက ငါတို့ အသက်အရွယ်မှာ အဆင့်မြင့် သားရဲစစ်သည်ဖြစ်လာနိုင်သေးလို့လား။"
 

သားရဲဘုရင်  တွေက ဒါကိုကြားပြီး စတင်စဉ်းစားတယ်။ ကြံ့သားရဲဘုရင် တစ်ပါးတည်းသာ အခိုင်အမာ ဆက်ပြောလိုက်သည်။

 "ပါရမီရှင်တွေက ဒီကမ္ဘာမှာ ရှိပါတယ်"  

"ကြံ့သားရဲဘုရင်၊ မင်း ဝက်ဝံကြီး မျိုးနွယ်  ထဲ ဝင်သွားပြီဆိုတာ ငါကြားတယ်။ အဲဒီ မင်း အရည်အချင်းကြောင့်လား?"

 ရှီလီက မေးသည်။ ရှုန်းယယ်တွင် အမှန်တကယ် ကျင့်ကြံနည်းစနစ်မရှိသည်ကို သူ သိပြီး ရှုန်းယယ်က သားရဲဘုရင်ဖြစ်လာခြင်းမှာ သူရဲ့ကြိုးစားအားထုတ်မှုနှင့် လုံးဝဆက်စပ်နေ တာဖြစ်သည်။

သားရဲနတ်ဘုရားအသီး ကိုစားရင် ခွန်အားနည်းတဲ့သူတွေဟာ သေဖို့ အရမ်းလွယ်ပေမယ့် သန်မာသူဆိုရင် သူတို့လည်း အသက်ရှင်နိုင်ပါတယ်။  ဒါဆိုရင် ရှုန်းယယ်သည် အလွန်ခံနိုင်ရည်ရှိသူတစ်ဦးဖြစ်သည်။  

သို့သော်၊ ရှုန်းယယ်က ကျင့်ကြံနည်းကို ပိုင်ဆိုင်သည်ဟု စွပ်စွဲရန် ရှီလီ ရည်ရွယ် ထားသည်။ နောက်ဆုံးတွင်၊ ဒီအချက်နဲ့မှ သူက ကျန် သားရဲဘုရင်တွေ ကို ဆွဲဆောင်နိုင်ပြီး ရှုန်းယယ်ကို ဝိုင်းတိုက်အောင် လုပ်နိုင်မည့်  တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

"ရှီလီ မင်းရဲ့စကားအရ ကျင့်ကြံနည်းကိုလည်း မင်း သိတယ်။ ဒီလိုဖြစ်တာကြောင့် ဒီ ကျင့်ကြံနည်းကို သင်ယူချင်တယ်ဆိုရင် ဘာကြောင့် ဝက်ဝံကြီး မျိုးနွယ်  မှာ ပါဝင်ရမှာလဲ။ မင်း ငါ့ကို ပေးခိုင်းလို့ မရဘူးလား"

 ကြံ့ သားရဲဘုရင် က တန်ပြန်မေးခဲ့တယ်။

အခြားသားရဲဘုရင်များကလည်း ဒါကိုတွေးပြီး အားလုံးက ရှီလီကိုကြည့်ကာ မေးလိုက်သည်။

"ခြင်္သေ့သားရဲဘုရင်၊ ဒီလိုနည်းလမ်းကို သိရင် ငါတို့ကို ဘာလို့ ဖုံးကွယ်ထား ရတာလဲ"

"ခြင်္သေ့သားရဲဘုရင်၊ ငါတို့ကို လက်တွေ့ပြပါ၊ ငါတို့ကိုယ်တိုင်တွေ့ကြုံ ခံစားကြည့်မယ်။"  

"ခြင်္သေ့သားရဲဘုရင်၊ မင်း လက်တွေ့ပြပါ"

......

ရှီလီသည် ဒီလူများသည် သူတို့ရဲ့ အမူအရာများက သူ့အပေါ် အလွန်ဖော်ရွေခြင်း မရှိကြောင်း ခံစားနိုင်သည်။ သူချက်ချင်းပြောလိုက်တယ်။

 "လူတိုင်း နားထောင်ကြပါ။  ငါ ရခဲ့တဲ့နည်းလမ်းက ပြဿနာရှိနေတယ်"

"မင်း ဘာကိုပြောနေတာလဲ?" မျောက်ဝံ သားရဲဘုရင် က မေးလိုက်တယ်။

"ဝက်ဝံကြီးမျိုးနွယ်ရဲ့ ကျင့်ကြံနည်းကို မျိုးနွယ်စုအကြီးအကဲကပဲ အသုံးပြုနိုင်ပြီး တခြားသူတွေကို သင်ပေးမှာ မဟုတ်ဘူး။ ရှုန်းယယ်က ငါ့ကို သဘောကျဖူးလို့ နည်းနည်းလောက်ပဲ သင်ပေးခဲ့တယ်"

ရှီလီက ဇာတ်လမ်း ရှင်းပြလိုက်သည်။

ဒီလို ပြဿနာမျိုး တကယ်ရှိခဲ့တာလား။ သားရဲဘုရင်များက  ရှီလီကို အံ့အားသင့်စွာ ကြည့်ကာ သူတို့ရဲ့ဖော်ပြရခက်သည့်အမူအရာများအရ ဒီခြင်္သေ့သားရဲဘုရင်က ဝက်ဝံသားရဲဘုရင်နှင့် ထိုကဲ့သို့သော ပတ်သတ်မှုမျိုး အမှန်တကယ်ရှိဖူးတာလားလို့ တွေးနေသည်။

ရှီလီ-  "ကံမကောင်းစွာပဲ၊ ငါ သိတဲ့ ကျင့်ကြံနည်းက ပြဿနာရှိတယ်။ ဒါကြောင့် ငါ တိုးတက်မှု တချို့ရခဲ့ပေမယ့် ငါ့ရဲ့ခွန်အားနဲ့ပတ်သက်တဲ့ ပြဿနာတချို့ရှိနေ တယ်။  ဒီပြဿနာတွေကြောင့် အရင်က ရှုန်းယယ်ကို တိုက်ဖို့ ငါ ဆန္ဒမရှိခဲ့ဘူး။"

"ဒါက မင်းရဲ့တစ်ဖက်သတ်ဇာတ်လမ်းပဲ!"

ဒီအတောအတွင်းမှာတော့ ကြံ့ သားရဲဘုရင် က ဒီဇာတ်လမ်းကို နည်းနည်းယုံနေ တုန်းပါပဲ။ ရှုန်းယယ်နှင့် ရှီလီ တို့ရဲ့ကိစ္စရပ်များကို မကြာသေးမီရက်များအတွင်းက ဝက်ဝံကြီးမျိုးနွယ်စုမှ လူများကဆီက ကြားခဲ့ဖူးတယ်။ ထိုအချိန်တွင်၊ ဝက်ဝံကြီး မျိုးနွယ်စုမှ လူများသည် ရှီလီတွင် တစ်ခုခုမှားနေပြီဟု ထင်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ရှုန်းယယ်သည် ရှီလီ နှင့် လမ်းခွဲခဲ့ပြီး ကျိုးကျီကို ရွေးချယ်ခဲ့ သည်။

 သူက ရှီလီရဲ့စကားကို နည်းနည်း ယုံကြည်သော်လည်း၊ သူသည် ရှုန်းယယ်နှင့် ကျိုးကျီဘက်တွင်ရှိနေဆဲဖြစ်သည်။

ဟိုင်ဖုန်း က သူ့သားကို အရမ်း သဘောကျတယ်။ ဒီလိုမျိုး ကျင့်ကြံနည်းရှိရင် သူ့သားကို သင်ပေးလောက်တယ် မဟုတ်လား။ ဒီလိုဆိုရင် သူ့သားရဲ့ အနာဂတ်အတွက် လုံးဝစိတ်ပူစရာ မလိုပါဘူး။

အခြားတစ်ဖက်တွင်၊ သူသည် ဝက်ဝံကြီးမျိုးနွယ်ကို ဆန့်ကျင်ခဲ့မည်ဆိုလျှင်၊ သူရဲ့သားသည် လောလောဆယ်တွင် ဝက်ဝံကြီးမျိုးနွယ်နှင့်အတူ ရှိနေသည်။

"ငါ့မှာ သက်သေရှိတယ်။ မင်းကို သိအောင် ငါ ကျင့်ကြံပြ နိုင်တယ်"

ရှီလီသည် သူပြောသည့်အတိုင်း ကျင့်ကြံမှုကို စတင်အသုံးပြုခဲ့သည်။

သားရဲဘုရင်  များသည် သူတို့ပတ်ဝန်းကျင်ရှိ စွမ်းအင်ပြောင်းလဲမှုများအပေါ် အလွန်အကဲဆတ်ကြသည်။ ရှီလီသည် သူတို့ရဲ့ ပတ်ဝန်းကျင်မှ စွမ်းအင်ကို စုပ်ယူနေသည် ကို ရှင်းရှင်းလင်းလင်း သိလိုက်ကြသည်။

***********-*********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now