Chapter ( 164-2 ) _ Extra: 3 - ကျိုးကျီ က သားရဲနတ်ဘုရားပဲ

4.6K 853 13
                                    


Chapter ( 164-2 ) _   Extra:  3 - ကျိုးကျီ  က သားရဲနတ်ဘုရားပဲ



ဒီလူတွေက ရှုန်းဟော်ကို ကြည့်နေကြပြီး  မြင်ရတာ သိပ်အဆင်မပြေကြဘူး။

ရှုန်းဟော်ကို ပြစ်တင်ရှုတ်ချပြီး သားရဲနတ်ဘုရား  ရဲ့ နာမည်ကို မခေါ်ဖို့ ပြောချင်ပေမယ့် စောစောက  ဝက်ဝံကြီးတွေရဲ့ လူတွေကို မိုက်မဲတဲ့ ငတုံးတွေလို ဆူငေါက်လိုက်ချိန်မှာ ကျိုးကျီက မြန်မြန် လျှောက်ဖို့ အမိန်ကပေးခဲ့တယ်။ အခု ထပ်ပြောလိုက်ရင်....

သူတို့ သေချာ အာရုံစူးစိုက်ပြီး ရိုင်းစိုင်းတဲ့စကားတွေကို ရပ်လိုက်မှပဲ.....

"ဒီလူတွေက ဘယ်သူတွေလဲ" ရှုန်းဟော်က မေးတယ်။

"သူတို့က သားရဲလူသား ကုန်းမြေက ဘုန်းကြီးတွေပဲ" ကျိုးကျီ  က ပြန်ပြောသည်။

"သူတို့အားလုံးလား?" ရှုန်းဟော်အံ့သြသွားသည်။

"ဘုန်းကြီးအားလုံးက အဖြူရောင် ဝတ်စုံတွေ ဝတ်ထားတယ်။" ကျိုးကျီ  က ပြောလိုက်သည်။

ရှုန်းဟော်က ကြည့်လိုက်တော့ အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ လူနှစ်ဆယ်ကို တွေ့လိုက်ရတယ်။ စိတ်လှုပ်ရှားမှုကြောင့် သူ မူးလဲလုမတတ် ဖြစ်သွားခဲ့သည်။

 "ဒီလူတွေက ဘုန်းကြီးတွေလား"

"ဟုတ်တယ်" ကျိုးကျီ  က ခေါင်းညိတ်လိုက်သည်။

"ကျိုးကျီ .... မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲ!"

ရှုန်းဟော်သည် မျက်ရည်များ ဝဲလျက်ပြောလိုက်သည်။  ကျိုးကျီ  သည် အပြင်လောကတွင်  ရှိနေစဉ် သူ့ကို အထင်သေးပြီး ဘုန်းကြီးများစွာကို ပြန်ခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။


ဒါ အနာဂတ်မှာ သူ ဘုန်းကြီးမလုပ်လည်း ရတယ်လို့ ဆိုလိုတာလား။

ကျိုးကျီ  : "......"

 ဒီဘုန်းကြီးတွေက သူ့ကို မကြာသေးမီက ဒီလိုမျိုး လေးစားကိုးကွယ်သည့် အကြည့်တွေနဲ့ အမြဲကြည့်နေလို့သာ မဟုတ်ရင် ရှုန်းဟော်ရဲ့ စိတ်အားထက်သန်တဲ့ အကြည့်တွေကို သူ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

ကျိုးကျီ  နှင့် အခြားသူများ ဆက်လက်၍ အဖြစ်ပျက်ကိုပြောနေကြသည်။

ရှုန်းဟော်သည် ကျိုးကျီက သားရဲနတ်ဘုရားဖြစ်သည်ဟူသောအချက်ကြောင့် ဗုံးကြဲခြင်း မခံလိုက်ရဘဲ လမ်းတစ်လျှောက်တွင် သူတို့၏အတွေ့အကြုံများအကြောင်း ဝက်ဝံကြီး၏လူများကို စိတ်အားထက်သန်စွာမေးခဲ့သည်။

ဝက်ဝံကြီး မျိုးနွယ်စုမှလူများကလည်း တက်ကြွစွာ  စတင်ဖောက်သည်ချကာ ပြောဆိုကြသည်။

"ဒါဆို ရှုန်းယယ်  နဲ့ ကျိုးကျီ  က တကယ့် သားရဲဘုရင်တွေ တွေလား?"

ရှုန်းဟော်က သေချာအောင် ထပ်မေးလိုက်တယ်။

"ဟုတ်တယ်!" ဝက်ဝံကြီး မျိုးနွယ်  မှ လူက အခိုင်အမာ  ပြန်ဖြေကြသည်။

"သားရဲဘုရင်တင်မကဘူး..."

ဝက်ဝံကြီးမျိုးနွယ်စုက လူတွေက ကျိုးကျီ  ရဲ့ ကိုယ်ပိုင်လက္ခဏာအကြောင်း ပြောပြချင်ကြတယ်။ ရှုန်းဟော်သည် ဒီကိစ္စကို အနှေးနှင့်အမြန်ဆိုသလို သိလာလိမ့်မည်။

သို့သော် သူတို့စကားမပြောမီတွင်ပင် ရှုန်းဟော်က ပေါင်ကို အားပါး တရ ရိုက်လိုက်ပြီး ပြောလိုက်သည်။

"ငါတို့ မျိုးနွယ်မှာ အခု သားရဲဘုရင်နှစ်ယောက် ရှိနေပြီ။ အံ့သြစရာကောင်းလိုက်တာ။ ဒီလိုဆိုရင် ငါတို့တောင်တန်းဝံပုလွေမျိုးနွယ်ကို ကြောက်စရာမလိုတော့ဘူး!"

"တောင်တန်းဝံပုလွေမျိုးနွယ် ဟုတ်လား?" ရှုန်းယယ်  က  ဝင်မေးလိုက်သည်။

"ငါတို့အနွယ်ကို တိုက်ခိုက်ချင်တဲ့ မျိုးနွယ်ရှိနေတာလား"

 သူနဲ့ ကျိုးကျီက ခရီးထွက်နေတာကြနေပြီ။ တကယ်လို့ ဒီကာလအတွင်း ဝက်ဝံကြီး မျိုးနွယ်က ဆင်းရဲ  ဒုက္ခရောက်ခဲ့လျှင် သူ့စိတ်ထဲ  အပြစ်ရှိသလို ခံစား နေရလိမ့်မှာ သေချာသည်။
 

ရှုန်းဟော်-  "အဲဒါတော့ မဟုတ်ဘူး။ သူတို့က ဒီကို ရုတ်တရက် ပြေးလာပြီး အိုးခွက်နဲ့ တခြားပစ္စည်းတွေကို လက်ဆောင်ပေးဖို့ ပြောခဲ့တယ်။ သူတို့ကို ဘယ်လိုလုပ် ငါတို့က တောင်းတိုင်း ပေးရမှာလဲ !"

"ဒါဆို အဲဒါ အခု ဘာဖြစ်သွားသလဲ။  အခု သူတို့ မျိုးနွယ်စုထဲ ရောက်နေပြီလား"
 ရှုန်းယယ်  က မေးတယ်။  

"ဟုတ်တယ်။" ရှုန်းဟော်က ပြန်ဖြေလိုက်တယ်။

"ဒါဆို မြန်မြန်ပြန်ကြရအောင်။"

ရှုန်းယယ်  က ပြောသည်။ သူတို့အနွယ်ကို မဖွံ့ဖြိုးတာကြာပြီ၊ ကျိုးကျီ  နဲ့ သူကလွဲလို့ တခြား စွမ်းကို ရှင်တွေ မရှိဘူး။ တောင်တန်းဝံပုလွေအနွယ်က ရုတ်တရက် ပြဿနာရှာတော့မယ်ဆိုရင် မျိုးနွယ်စုထဲက လူတွေ ခံနိုင်ရည်ရှိမှာကို ကြောက်တယ်။


"ကောင်းပြီ...သွားကြစို့"  ရှုန်းဟော်က ပြောလိုက်သည်။

ရှုန်းဟော်က ပြောပြီးတာနဲ့ စပြီးပြောလိုက်တော့သည်။သူ ခြေလှမ်းအနည်းငယ် ပြေးလိုက်ချိန်မှာ ရှုန်းယယ်က သူ့ကိုကျော်တက်သွားပြီး ဟိုးသစ်တော အစွန်းမှာ လျှပ်တပြက်အတွင်း ရောက်သွားတော့သည်။

ရှုန်းဟော် : "... ရှုန်းယယ် ပြေးတာ မြန်လှချည်လား?"

"ဒါပေါ့...သူက သားရဲဘုရင်ပဲလေ..ဒီလောက်တော့ ရှိတာပေါ့" ရှုန်းချီက ပြန်ဖြေလိုက်သည်။

"ဒါဆို ကျိုးကျီ  က ဒီအတိုင်း မြန်မြန်ပြေးနိုင်မလား" ရှုန်းဟော်က မေးတယ်။  

"သူက ရှုန်းယယ်ထက် ပိုမြန်အောင် လုပ်နိုင်လောက်တယ်။"

 ရှုန်းချီ က ပြောသည်။

 "အိုး ဟုတ်တယ်၊ ရှုန်းဟော်...ခင်ဗျား နောက်ဆိုရင် အရှင့်နာမည်ကို မခေါ်သင့် တော့ဘူးနော်  "

"ဘာလဲ ... ဘယ်က အရှင်လဲ.." ရှုန်းဟော်အံ့ဩသွားသည်။

"ဒါက သားရဲဘုရင်တွေရဲ့ အကြီးကဲ..အရှင် ကျိုးကျီ ကိုပြောတာ!" ရှုန်းချီ က ပြောသည်။

ရှုန်းဟော်နားမလည်တဲ့အတွက် ရှုန်းချီ က သေချာရှင်းပြခဲ့သည်။

 "သားရဲလူသား ကုန်းမြေကို ကျူပ်တို့ရောက်ပြီးနောက် တကယ်တော့ အရှင်က သာမန် သားရဲနတ်ဘုရားတမန်ဖြစ်ရုံမကဘူး။ သားရဲနတ်ဘုရားပါ ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ သားရဲနတ်ဘုရားက သားရဲဘုရင်တွေရဲ့ အကြီးကဲဖြစ်တယ်  "  

ရှုန်းဟော်: "......" နောက်တော့ ရှုန်းဟော်တစ်ယောက်   ကြောင်တက်တက် ဖြစ်ကာ မျက်ဖြူလန်ပြီး လဲကျသွားသည် ။

ဝက်ဝံကြီးမျိုးနွယ်က လူတွေ - "......"

ဝက်ဝံကြီးမျိုးနွယ်သည် ယခုတွင် လူပြတ်လပ်မှုမရှိသော်လည်း ကျိုးကျီ  နှင့် ရှုန်းယယ်  တို့သည် ဝက်ဝံကြီး မျိုးနွယ်၏ ထိပ်တန်းတိုက်ခိုက်ရေးသမားများကို ခေါ်ဆောင်သွားခဲ့ပြီး ကျန်လူများသည် အမဲလိုက်ထွက်သောအခါတွင် သားကောင်ကြီးကို ဖမ်းမမိနိုင်ပေ။  

သူတို့ရဲ့ လူဦးရေ များပြားတာ နဲ့ အမျှ သူတို့ ဟာ သားကောင် တွေကို စားဖို့ လုံလောက်အောင် အမဲလိုက် နိုင်စွမ်း မရှိ ကြဘူး။ ဒါပေမယ့် သူတို့ဆီမှာ   မုယောစပါး၊ မြေဥနှင့် အခြားအပင်အချို့ရှိနေလို့ တော်တော်နဲ့ ဗိုက်မဆာပဲ ဗိုက်ပြည့်အောင် စားနိုင်ခဲ့သည်။

ဒီလိုအခြေအနေမျိုးမှာတောင် ဝံပုလွေမျိုးနွယ်စုကို ကျွေးမွေးဖို့ အသားတွေ ထုတ်လာလို့ မဖြစ်ဘူး။  ဒီလို အထူးနေ့သည် ဝက်ဝံကြီးများအတွက် အမဲလိုက်သည့်နေ့မဟုတ်ပေ။

ဘုန်းတော်ကြီးက  လူတွေကို လတ်ဆတ်တဲ့ မြေဥတွေကို တူးခိုင်းပြီး တောင်တန်း ဝံပုလွေမျိုးနွယ်စုက လူတွေအတွက် ကျပ်တင်ထားတဲ့ အသားတွေနဲ့ ချက်ပြုတ်ပြင်ဆင်ခိုင်းလိုက်တယ်။  

နွေဦးရာသီအစတွင် ရာသီဥတုအနည်းငယ်ပူလာသောအခါတွင် မြေဥများကို စိုက်ပျိုးခဲ့ပေမယ့်  အလွန်ကြီးထွားမှုမရှိသေးပေ။ ဥနုနုတွေကို တူးယူဖို့ ဘုန်းတော်ကြီးက နည်းနည်းတော့ ဝန်လေးသွားတယ်။ သူက လူတွေကို တူးခိုင်းပေမယ့် ဒီလိုပစ္စည်းတွေကို ထုတ်ယူလိုက်ပေမဲ့ တောင်တန်း ဝံပုလွေမျိုးနွယ်စုက အဲဒါကိုမြင်တဲ့အခါ မကျေမနပ်ဖြစ်နေတုန်းပါပဲ။

 "မင်း ငါတို့ကို ဒီလိုအရာတွေနဲ့ ငါတို့ကို ဧည့်ခံဖို့ စီစဉ်နေတာလား။   ငါတို့ကို အသားနဲ့ ဧည့်မခံဘူးလား "

"တောင်းပန်ပါတယ်။ ငါတို့မျိုးနွယ်ထဲမှာ အသားတွေ လုံလုံလောက်လောက်မရှိဘူး..."

"မင်းတို့ အမဲလိုက်လို့မရဘူးလား။ ဘာလို့ ဒီလောက် အသုံးမကျရတာလဲ!"

 လန့်ရှား  က ပြောသည်။ သူပြောလိုက်ပြီး  မြေဥတစ်လုံးကို ကောက်ယူပြီး ဘုန်းကြီးထံ ပစ်လိုက်သည်။

ဘုန်းတော်ကြီးသည် ရှောင်တိမ်းကာ မြေဥကို ပြန်ပေးလိုက်သည်။ ဒါပေမယ့် ဘုန်းကြီးက လန့်ရှားရဲ့အော်သံထွက်လာတော့ သူ ပြန်ပစ်ပေးလိုက်တဲ့ မြေဥက လန့်ရှားကို မှန်သွားတယ်ထင်ပြီး လန့်ကာ ခြေလှမ်းများစွာကိုပင် နောက်ပြန်ဆုတ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ ရှုန်းယယ်  ရဲ့အသံက ထွက်ပေါ်လာသည်။

 "မင်းဖာသာ အမဲမလိုက်နိုင်ဘူးလား။ ဒါတောင် မင်းက အသုံးမဝင်ဘူးလို့ ဘာလို့မပြောတာလဲ။"

"ဘယ်သူက ငါ့ကိုရိုက်ရဲလဲ!"

လန့်သခင်လေးက ခုနက မြေဥ ထိမှန်ခဲ့တဲ့ သူ့နဖူးကို အုပ်ပြီး ရှုန်းယယ်  ကို ကြည့်လိုက်ကာ မာန်ဝံ့စွာ မေးလိုက်သည်။

"မင်းကဘယ်သူလဲ"

"ငါက ဝက်ဝံကြီး မျိုးနွယ်စုရဲ့ အကြီးအကဲပဲ။"  

"မင်းရဲ့ ဝက်ဝံကြီးမျိုးနွယ်က သတ္တိကောင်းတာပဲ၊ မင်း ငါ့ကို တစ်ခုခုနဲ့ ရိုက်ဖို့တောင် သတ္တိရှိနေတယ်..."

လန့်ရှား  က ဒေါသတကြီးနဲ့ သူ့ဘေးနားက လူတွေကို အမိန့်ပေးလိုက်တယ်။

"ဒီလူကို သင်ခန်းစာ သင်ပေးလိုက်စမ်း! သြ... အရင်ဆုံး  သူ့အဝတ်တွေကို ချွတ်လိုက်စမ်း... အဲ့ဒါတွေကို  ဝတ်ချင်တယ်!"

"ဟုတ်ကဲ့ပါ အကြီးကဲငယ်!"
 တောင်တန်းဝံပုလွေမျိုးနွယ်စုမှ လူများက ချက်ချင်း ဖြေကာ အချို့မှာ ရှုန်းယယ်ကို ဆွဲလိုက်ဖို့ လုပ်နေကြသည်။

"ရှုန်းယယ် ၊ သတိထား!"

ဘုန်းကြီးက အလန့်တကြား သတိပေးလိုက်သည်။  အဲဒီနောက်မှာတော့  ဘာဖြစ်သွားမှန်း သူ သေချာ မသိပေမယ့် တောင်တန်း ဝံပုလွေမျိုးနွယ်စုက   လူတွေ မြေပြင်ပေါ် လဲကျသွားကာ ရှုန်းယယ်က မတ်တပ်ရပ် ကျန်ရစ်ခဲ့တယ်။

ဘုန်းတော်ကြီးသည် ရင်ထဲ အနည်းငယ် ဗြောင်းဆန်နေသေးသော်လည်း တောင်တန်းဝံပုလွေမျိုးနွယ်စု၏ လူငယ်အကြီးအကဲက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်လိုက်သည်—သူသည် သံပြားကို ကန်မိလိုက်တာပဲ...!  
(သံပြားကို ကန်မိလိုက်ခြင်း - အင်အားကြီးသူကို ရန်စမိခြင်း)

သံပြားကို ကန်မိရင် ဘာလုပ်သင့်လဲ။ လန့်ရှား  က ချက်ချင်းပြောလိုက်သည်။

"ရပ်...ရပ်... ငါ့အဖေက အဆင့်မြင့် သားရဲစစ်သည်တော်ပဲ!"

"အိုး...ဟုတ်လား..ငါက သားရဲဘုရင်ပဲ" ရှုန်းယယ်  က တည်ငြိမ်စွာ ပြောလိုက်သည် ။  

ဘာ...?
လန့်ရှား သည် ဒီလူကို ကြောင်တက်တက်ဖြင့် ကြည့်ကာ သူ နားကြားမှားသွားမိသည်ဟု သုူ့ဖာသာ သံသယရှိနေသည်။

ဒီလူက သားရဲဘုရင်လို့ ပြောခဲ့တာလား။  

သူ ရူးနေသလား။ သူ ဘယ်လို သားရဲဘုရင် ဖြစ်လာနိုင်မှာလဲ။

"ရှုန်းယယ် ၊ မင်း တကယ်ပဲ သားရဲဘုရင်လား"

ဘုန်းကြီးက အံ့သြမှုအပြည့်နဲ့ မေးလိုက်တော့ ရှုန်းယယ်  က ခေါင်းညိတ်လိုက်သည်။

"ငါ့ဆရာက သားရဲဘုရင်တွေ တွေက အစွမ်းထက်ဆုံးလို့ ပြောခဲ့တယ်။ ငါတို့ မျိုးနွယ်စုမှာ ဒီလောက် အစွမ်းထက်တဲ့သူ ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး! ဟား..ဟား...ဟား"

ဘုန်းကြီးက အရမ်းစိတ်လှုပ်ရှားသွားတယ် ။

မျိုးနွယ်စုထဲမှာ ကျန်နေသေးတဲ့ လူတွေလည်း ရောက်လာပြီး  ဝိုင်းပြောကြသည်။

"အကြီးအကဲ၊ မင်းက အရမ်းအံ့သြဖို့ကောင်းတယ်။ မင်းက လူတွေအများကြီးကို မြန်မြန် ရိုက်လိုက်နိုင်တယ်။"

"လူမျိုးစုအကြီးအကဲ၊ နောက်ဆုံးတော့ မင်းပြန်လာပြီ။ ငါတို့ မင်းကို စောင့်နေတယ်!"

"ဒီလူတွေကို ငါတို့ ဘာလုပ်သင့်လဲ အကြီးအကဲ"

......

ရှုန်းယယ်  သည် လန့်ရှား  နှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။

 "သူတို့ကိုအားလုံးကို ဖမ်းထားလိုက်ပါ"  

"မင်း ငါတို့ကို ဖမ်းချင်နေတာလား။"

လန့်ရှား  က သူ့နောက်ကလူတွေကို အမိန့်ပေးလိုက်သည်။

 "မြန်မြန်သွားပြီး မင်းတို့ အစွမ်းကို ပြပြီး သူ့မှာ အစွမ်းသတ္တိရှိလားဆိုတာ ကြည့်ရအောင်"

ထိုစကားကိုကြားပြီးနောက် လန့်ရှား ၏နောက်ကွယ်မှလူ အချို့သည် ချက်ချင်းပင် သူတို့၏တိ ရစ္ဆာန်ပုံစံအသွင်ပြောင်းကာ တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် အချို့သော သူများမှာ တုံ့ဆိုင်းသွားသည်-- ဒီဝက်ဝံကြီးမျိုးနွယ်စု၏ မျိုးနွယ်စုအကြီးအကဲသည် အမှန်တကယ် သားရဲဘုရင်မဟုတ်ခဲ့လျှင်ပင်၊ သူသည် တန်ခိုးရှင်တစ်ဦးဖြစ်နေဆဲဖြစ်ပြီး သူတို့က သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ပေ။


ရှုန်းယယ်  သည် ထိုလူများကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။  

ဒီလူတွေက ဒီနေရာ၌ ရှုပ်ယှက်ခတ်နေခြင်းသည် ဝက်ဝံကြီးမျိုးနွယ်၏ ပုံရိပ်ကို ထိခိုက်စေလိမ့်မည်... သူသည် တောင်တန်းဝံပုလွေမျိုးနွယ်စုမှ လူများကို တိုက်ခိုက်ပြီး ထိုလူများကို တစ်ခါတည်း လွင့်ပစ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။

ဘုန်းကြီး- "......"

ဘယ်လောက် လန်းဆန်းတက်ကြွလိုက်သလဲ...! အရမ်းမိုက်တယ်။

"ဒီလူတွေကို ငါတို့ ဘာလုပ်သင့်လဲ" ဘုန်းကြီးက မေးလိုက်တယ်။

"သူတို့ကို မျိုးနွယ်စုအပြင်ကို လွှင့်ပစ်လိုက်ပါ။"

 ရှုန်းယယ်  က ပြောသည်။ ဒီလူတွေက အရမ်းစိတ်အနှောက်အယှက်ဖြစ်ပေမဲ့ သူတို့ကို သတ်ဖို့ မလိုပ်သေးလို့ အပြင်မှာပစ်ချတာက လုံလောက်ပြီ။ t

"သူတို့ပြန်လာပြီး ငါတို့ကို ဒုက္ခပေးမှာလား။"

ဘုန်းကြီးက စိတ်ပူသွားတယ်။ ဒီလူတွေ ဒုက္ခပေးဖို့ ပြန်လာရင် ချိုင့်ထဲမှာနေတဲ့လူတွေ အဆင်ပြေလိမ့်မည် မဟုတ်ပေ၊ ရှုန်းယယ်  လိုမျိုး စွမ်းအားရှင်တွေက ဘာမှမဖြစ်ပေမယ့် ကျန်တဲ့ အားနည်းသူတွေက   တိုက်ခိုက်ခံရဖို့ အလားအလာရှိတယ်...

"ဒါဆို သူတို့ကို အလုပ်သွားလုပ်ခိုင်းလိုက်ပေါ့။" ရှုန်းယယ်  က ပြောသည်။

"ကျွန်ုပ်တို့ ဝက်ဝံကြီးမျိုးနွယ်စုမှာ လူတွေ အများကြီးရှိလာတော့မယ်။ လက်ရှိအိမ်တွေက သူတို့နေထိုင်ဖို့ မလုံလောက်ဘူး။"

"ကောင်းပြီ။"

ဘုန်းကြီးက ခေါင်းညိတ်ပြပြီး သတိလစ်နေတဲ့သူတွေကို ဂူထဲကို အရင်ပြန်ခေါ်ကာ ချုပ်ထားခိုင်းလိုက်တယ်။

ဒီအခြေအနေကိုမြင်တော့ ရှုန်းယယ်  က ပြောလိုက်သည်။

"အဘ ဘုန်းတော်ကြီး၊ ကျွန်တော် အဘကို ပြောစရာရှိတယ်။ သိပ်စိတ်မလှုပ်ရှားပါနဲ့။"  

"ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ရတယ်..ပြော..." ဘုန်းကြီးက ချက်ချင်းပြောလိုက်သည်။
 

"ဒါဟာ ကောင်းတဲ့အရာပဲ!" ရှုန်းယယ်  က ပြောသည်။

"မြန်မြန်ပြောလေ...ငါကြားချင်လှပြီ!"

"ဒီလိုပါ... ကျိုးကျီ  က သားရဲနတ်ဘုရား ဖြစ်တယ်"

"ကျိုးကျီ  လည်း သားရဲဘုရင်လား...ဒါကို ငါ စောစောက ကြားဖူးတယ်... ခဏနေဦး... မင်းက  သားရဲဘုရင်လို့ မပြောလိုက်ဘူး မလား...."

 ဘုန်းကြီးက နားကြားမှားတယ်လို့ သံသယရှိနေတယ်။

"ကျိုးကျီ  က သားရဲနတ်ဘုရားပဲ " ရှုန်းယယ်  ထပ်ခါထပ်ခါပြောလိုက်သည်။

ဘုန်းကြီးက အံ့သြသွားတယ်။ ခဏအကြာတွင် သူက ပြောခဲ့သည်။

 "ငါ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ နှလုံးခုန်တာ အရမ်းမြန်လို့ မခံနိုင်တော့ဘူး..."

တစ်ဖက်တွင်၊ ရှုန်းယယ်  သည် အလွန်တည်ငြိမ်နေပြီး ဆက်ပြောခဲ့သည်။

 "တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး။ ကျိုးကျီ  က မူလ ကျိုးကျီ ပါပဲ"

တကယ်လည်း ကျိုးကျီက တစ်နေ့တာလုံး စားဖို့နဲ့ အိပ်ဖို့ တွေးနေသည့်အပြင် နောက်ထပ်  'သူနဲ့ အိပ်' တဲ့ ကိစ္စကိုလည်း တွေးနေခဲ့တယ်။  

"ကျိုးကျီ  က သားရဲနတ်ဘုရားဖြစ်သွားပြီ၊ ဒါက ဘာမှမဖြစ်နိုင်ဘူးလား။ အော် ငါ့နှလုံးသားလေ... ငါ့ စကားနားမထောင်ဘူးလား...ငြိမ်စမ်းပါ.... "

ဘုန်းတော်ကြီးက  သူ့ရင်ဘတ်ကို ဖိကာ ကတုန်ကယင် ပြောလိုက်သည်။
 
ဒီနေ့ ချိုင့်ထဲမှာ လူတွေအများကြီးရှိတယ်။ ယခုအချိန်တွင် ရှုန်းယယ်  ၏ စကားကို ကြားလိုက်ရသူတိုင်းသည် ဘုန်းတော်ကြီး ကဲ့သို့ပင် ခံစားခဲ့ရသည်။ သူတို့နှလုံးတွေ ခုန်မြန်လွန်းလို့ မခံနိုင်ဖြစ်သွားတယ်။

သူတို့သည် သားရဲဘုရင်တွေ အကြောင်း ကျူးကျန်း ထံမှ သင်ယူခဲ့ပြီး ရှုန်းယယ်က  ယခုအခါ သားရဲဘုရင်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဒါ့အပြင်  ယခု   သူတို့၏မျိုးနွယ်တွင် သားရဲနတ်ဘုရား  အမှန်တကယ်ရှိနေပြီလား။  

ဒါပေမယ့် တချို့လူတွေက စိတ်လှုပ်ရှားနေချိန်မှာ တခြားသူတွေက ငိုချင်နေ ကြတယ်။

ယန်ယင်းနဲ့ ယန်ဆုက  ငိုချင်လာသည်။

ကျိုးကျီ  နဲ့ ရှုန်းယယ်  နှစ်ယောက်စလုံးကို သူတို့က အများကြီး  စိတ်အနှောင့်အယှက် ပေးခဲ့ကြတယ်။

ကျိုးကျီ  က သူတို့ကို ကလဲ့စားချေဖို့ သူတို့ကို သတ်မှာလား။  

ယန်ဆုသည် အံ့သြလောက်အောင် ဝမ်းနည်းသွားသည်။ တစ်နေ့ကျရင် ဒီအရာတွေ ဖြစ်လာမယ်ဆိုတာ သူ ကြိုသိခဲ့ရင် ကျိုးကျီ  ကို ဘယ်တော့မှ တံတွေးနဲ့ သွားသွား ထွေးမှာ မဟုတ်ဘူး။

****-**************

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now