Chapter ( 113 ) _ ပင်ကိုယ်ဇစ်မြစ်ကို ထုတ်ဖော်မိခြင်း

4.8K 931 18
                                    

Chapter ( 113 ) _ ပင်ကိုယ်ဇစ်မြစ်ကို ထုတ်ဖော်မိခြင်း

ဒီအပြာရောင် ဝေလငါးကြီးက အရမ်းကြီးတယ်။ တကယ်လို့ သူ့ရဲ့တိုက်ခိုက်မှုကိုသာ ခံရရင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားမှာ သေချာတယ်။ ကျိုးကျီ သည် သူ့ရဲ့ ပင်ကိုယ် ဗီဇအရ ပြန်လည် တုံ့ပြန်ခဲ့ပြီး တဖက်လူကို ဟန့်တားရန် သူ၏ ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ အတားအဆီးတစ်ခု ဖန်တီးခဲ့သည်။ တစ်ချိန်တည်းမှာပဲ အော်ပြောလိုက်သည်။

"ငါတို့က သားရဲနတ်ဘုရား ကျောင်းတော်က မဟုတ်ဘူး"

သူက သားရဲဘုရင်နဲ့ မတိုက်ချင်ဘူး။ သူ့စကားကြောင့် သတ်ဖြတ်လိုရိပ် အနည်းငယ် လျော့သွားပေမယ့် သူ့စိတ်စွမ်းအား အကာရံနဲ့ ဝေလငါးကြီး ရဲ့ အားတွေ ထိပ်တိုက်တွေ့လိုက်တဲ့အချိန်မှာ ဝေလငါးပြာကြီးရဲ့အော်သံက ကောင်းကင်တစ်ခုလုံး ဟိန်းသွားခဲ့သည်။

" မင်းက တကယ့်ကို သားရဲနတ်ဘုရား ကျောင်းတော်ကလူတွေပဲ!"

ကျိုးကျီ : "......"

သူက သားရဲနတ်ဘုရား ကျောင်းတော်မှ တစ်စုံတစ်ယောက်ဖြစ်သည်လို့ ဘာကို ကြည့်ပြီး သတ်မှတ်နေရတာတုန်း။ ဒါပေမယ့် အခုချိန်မှာ ပြန်ဖြေရှင်းခွင့်တောင် မရပေ။

ကြီးမားသော ဖိအားလှိုင်းလုံးကြီးများ နှင့်အတူ အပြာရောင်ဝေလငါးကြီး မှုတ်ထုတ်လိုက်သည့် ကြီးမားသောရေလှိုင်းလုံးကြီးများက ဆက်တိုက်ရောက်ရှီလာသည်။ ဒါကို သူ မရပ်တန့်နိုင်ရင် ရှုန်းယယ်နှင့် အခြားလူများ သေချာပေါက် သေဆုံးရလိမ့်မည်။

အဆုံးမရှိသော စွမ်းအားတစ်ခုက ဝက်ဝံကြီး လူမျိုးစု ၏လူများရှေ့တွင် ဖြစ်ပေါ်လာပြီး အကာအကွယ်တစ်ခုအဖြစ် ပေါင်းစပ်သွားပြီး အပြာရောင်ဝေလငါးရဲ့ စွမ်းအားတွေကို ရပ်တန့်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝက်ဝံကြီးမျိုးနွယ်စုမှ လူများသည် ပြေးထွက်သွားကြပြီး ရှုန်းယယ်က ကျိုးကျီကို ပွေ့ချီကာ တခါတည်း လှည့်ကာ ထွက်ပြေးသွားခဲ့သည်။ ဒါပေမယ့် ဝေလငါးပြာကြီးလက်က ဘယ်လိုလွတ်နိုင်မှာလဲ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now