Stone-age Husband Raising Journal _ Chapter (14) - ငါး စွပ်ပြုတ်က အရသာရှိတယ်

8.5K 1.5K 38
                                    

Chapter (14) -  ငါး စွပ်ပြုတ်က အရသာရှိတယ်

ရှုန်းယယ် အောက်ကိုဆင်းပြီး ရေသွားခပ်သည်နှင့်   ကျိုးကျီက ငါးတွဲကို ကြည့်လိုက်သည်။ ဒီကို ကူးပြောင်းမလာခင် ကမ္ဘာပျက်ကပ်ရောက် လာချိန်တုန်းက  သူ ကောလိပ်တက်နေဆဲဖြစ်သည်။
သူ့မိဘနှစ်ဦးလုံးက သုတေသနပညာရှင်များ ဖြစ်ကြပြီး သူတို့က အိမ်မှာနေဖို့ အချိန်မရှိကြလို့ ကျိုးကျီအတွက် ကလေးထိန်းတစ်ယောက် ဌားကာ ထားပေးခဲ့သည်။ ဒါကြောင့်  ကောလိပ်မတက်ခင်နှင့် ကောလိပ်တက်ပြီး ချိန်အထိ ကျိုးကျီက မီးဖိုချောင်ထဲ မဝင်ဖူးပေ။ ကမ္ဘာပျက်ဖြစ်ပြီးနောက်  သူ့ဖာသာ တစ်ယောက်တည်း ရုန်းကန်နေရချိန်မှာ အစားအစာ ချက်ပြုတ်နည်းကို လေ့လာတတ်မြောက်ခဲ့ပေမယ့်  ရှိသမျှအကုန် ရောထည့်ပြီး ချက်တဲ့အဆင့်သာဖြစ်သည်။

အခုတော့ ဒီငါးကို သူ ဘယ်လို ချက်စားရမလဲ...ဆိုပြီး စဉ်းစားနေသည်။ နောက်ဆုံး ရေထည့်၊ ငါးထည့်ပြီး စွပ်ပြုတ်လုပ်သည့် အရိုးဆုံးနည်းဖြင့် ချက်ရန်သာ ဆုံးဖြတ်လိုက်သည် ။

 
 ဒါဆိုရင် ငါးညှီနံ့ပျောက်အောင် ကြက်သွန်နီ၊ဂျင်းတို့နဲ့ ဆီသတ်ဖို့ လိုဦးမလား။  ကြက်သွန်နီ၊ဂျင်းတို့ကို ရှာလို့ရနိုင်ပေမယ့် ဆီကတော့ မလွယ်ပေ။  နံရံတွင် ချိတ်ထားသော ရှုန်းယယ်၏အသားတုံးတွေမှာ  အဆီရှိပေမယ့်  တိရိစ္ဆာန်ဆီတွင် အခြားအရသာ၊ အနံ့များ ပါမည်စိုးလို့ ဆီမထည့်ရန် ဆုံးဖြတ်လိုက်သည်။  ကံကောင်းထောက်မစွာ သူ တောထဲ လှည့်လည်သွားရင်း ဆီထွက်မည့် အသီးနှံတစ်မျိုးကို တွေ့လို့ ဆီထွက်အောင် ကြိတ်ကာ စုဆောင်းထားခဲ့တာ ရှိသေးသည်။  သူ စားနေကျ သဘာဝပေါက်ပင် အရွက်အချို့သည် အစိမ်းစားလျှင် အရသာမရှိလို့  ရေနွေးဖျောပြီး ဆီနည်နည်းနဲ ကြော်စားရလို့ ဆီကိုရအောင် လုပ်ထားတာ ဖြစ်သည်။

 
ကျောက်အိုးကို ဆေးပြီး ကျိုးကျီက အိုးထဲ ဆီအရင် ထည့်လိုက်သည်။ ရှုန်းယယ်ပြန်ရောက်လာချိန်တွင်  ချက်ပြုတ်ဖို့ အကုန်အဆင်သင့်ဖြစ်နေပြီ။
ရှုန်းယယ်သည် ထင်းချောင်းများအပြင် ရေတစ်ပုံးပါ သယ်လာခဲ့သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now