Chapter ( 112 ) _ အပြာရောင်ဝေလငါးကြီး

5.1K 926 10
                                    

Chapter ( 112 ) _ အပြာရောင်ဝေလငါးကြီး

ပင်လယ်ကမ်းစပ်ရှိ အောက်သို့ နိမ့်လျောနေသော ချောက်ကမ်းပါးဘေးတွင် ကမ်းခြေမျိုးနွယ်စုမှ လူများ နေထိုင်ကြသည်။ ဒီမှာ သစ်ပင်တွေ အများကြီးရှိတော့ သစ်သားနဲ့ အရွက်တွေနဲ့ အမိုးနိမ့်နိမ့်နဲ့ ရိုးရိုးရှင်းရှင်း အိမ်လေးတွေ ဆောက်ကာ နေကြသလို အခြားသူများက နေထိုင်ရန် ချောက်ကမ်းပါးရှိ လိုဏ်ဂူများကို တိုက်ရိုက်တူး ဖော်ခဲ့ကြသည်။

ဒီနေရာတွင် ပတ်ဝန်းကျင်သည် အလွန်စိုစွတ်နေသော်လည်း ကမ်းခြေရှိလူများက ဒါကို စိတ်မဝင်စားကြပေ။ ဒါဟာ သူတို့အတွက် အလွန်ပုံမှန်ဖြစ်တဲ့အရာပဲ-- သူတို့ရဲ့ တိရစ္ဆာန်ပုံစံတွေဟာ ပင်လယ်ထဲမှာ ဒါမှမဟုတ် ပင်လယ်အနီးမှာ နေထိုင်ကြတဲ့ တိရိစ္ဆာန်တွေဖြစ်ပြီး ဒီလိုမျိုး ပတ်ဝန်းကျင်ကို အရမ်း နှစ်သက်ကြပါတယ်။

ကျိုးကျီ သည် ပင်လယ်ခြင်္သေ့တစ်ကောင်၏ ဆူဖြိုးသောခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင် ရွေ့လျားနေပြီး ပင်လယ်ထဲသို့ ငုပ်ဆင်းရန် ချောက်ကမ်းပါးစွန်းမှ ခုန်ဆင်းသွားသည်ကို မြင်လိုက်ရသောအခါမှ စိတ်ဝင်တစားကြည့်ရင်း ဖြတ်ကျော်လာခဲ့သည်။ အခြားလူ တစ်ဦးလည်း ချောက်ကမ်းပါးစွန်းသို့ တက်လာပြီး ပင်လယ်ထဲသို့ ရေငုပ်ပြီး လမ်းတစ်ဝက်တွင် လင်းပိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"နောက်ဆုံးတော့ မင်း ဒီကိုပြန်ရောက်လာပြီ။ မနှစ်က ဘာလို့မလာတာလဲ"

ကမ်းခြေမျိုးနွယ်စု၏ အကြီးအကဲသည် အစွမ်းထက်ပုံ မပေါ်သော၊ မျက်နှာထက်တွင် အရေးအကြောင်းများ ပြည့်နှက်နေသည့် အဘိုးအိုတစ်ဦးဖြစ်သည်... သူတို့မျိုးနွယ်စု၏ အကြီးအကဲရာထူးကို ဒီအနွယ်တွင် သြဇာအရှိဆုံးသူအား မပေးကြောင်း ထင်ရှားလှသည်။

ဒါကလည်း ပုံမှန်ပါပဲ။ ဒီအမျိုးအနွယ်တွင် အဆီများသည့် ပင်လယ်ဖျံများ၊ ပင်လယ် ခြင်္သေ့များ၊ လင်းပိုင်များနှင့် ဝင်ရိုးစွန်းရေခဲပြင်များတွင်နေထိုင်သည့် အစွယ်ရှည်ဖျံကြီးများ လည်း ပါဝင်သည်... သူတို့သည် တိုက်ခိုက်ရန် အရမ်း ကောင်းသူများ မဟုတ်ကြပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now