Chapter ( 162 ) _ Extra-1: ဆင်ပေါက်စလေး

6.3K 1K 27
                                    

Chapter ( 162 ) _   Extra-1: ဆင်ပေါက်စလေး

ကျိုးကျီ က တစ်ရက်တည်းသာ လုံ့လစိုက်ထုတ်ခဲ့ပြီး ရှုန်းယယ်ကို ထိုတစ်နေ့လုံး သူ့နောက်ကျောပေါ်တင်ကာ ခရီးဆက်ခဲ့သည်။ နောက်တစ်နေ့တွင်တော့ ထမ်းစင်ထိုင်ခုံပေးတွင် လဲလျောင်းနေပြန်သည်။

သို့သော်၊ သူက သူ့အချစ်ကို ထိုကဲ့သို့ ထုတ်ဖော်ပြသပြီးနောက်တွင်၊ မည်သူကမှ ရှုန်းယယ်ကို   ပြစ်တင်ရှုံ့ချသည့် မျက်လုံးများဖြင့် နောက်တစ်ကြိမ် မကြည့်ခဲ့တော့ပေ။ ရှုန်းယယ်ကို အထင်သေးဟန်ဖြင့်ကြည့်တာ  ဒါက ပထမဆုံးနဲ့ နောက်ဆုံးဖြစ်နိုင်သည်။  နောက်ဆုံးတော့လည်း ရှုန်းယယ်က သားရဲဘုရင်ဖြစ်တယ်လေ... သားရဲဘုရင်ကို ဘယ်သူက နှိမ့်ချဆက်ဆံဝံ့မလဲ။

သားရဲလူသား ကုန်းမြေမှ ထွက်ခွာပြီးနောက် တကျူးမျိုးနွယ် သို့ ဦးစွာ သွားရောက်လည်ပတ်ခဲ့ကြသည်။

ကျိုးကျီ  သည် မူလက တကျူးမျိုးနွယ်မှာ ခဏနေဖို့ ဆန္ဒရှိခဲ့သော်လည်း မထင်မှတ်ဘဲ   နေရန်ဆန္ဒမရှိသဖြင့် ဆက်လက်ထွက်ခွာဖို့လုပ်စဉ် တကျူးကလူတွေက အော်ဟစ်ကာ သူ့နောက်ကို လိုက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။ ဝက်ဝံကြီးမျိုးနွယ်  က သူတို့ကို  ဂရုစိုက်ဖို့ မလိုအပ်ဘဲ သူတို့ကို နောက်က လိုက်ခွင့်ပြုလိုက်ဖို့ပဲ ပြောခဲ့သည်။

ဒီလူတွေက သူတို့နောက်ကို လိုက်ချင်တာကြောင့် သူတို့ကို လိုက်ခွင့်ပြုကာ ကျိုးကျီ  က သူတို့ကို မတားတော့ပေ။ ထို့နောက် သူတို့သည် ကြံ့ကြီး မျိုးနွယ် သို့သွားကြသည်။

သတင်းအချက်အလက်များက မျိုးနွယ်စုများကြားတွင် အလွန်နှေးကွေးစွာ ပျံ့နှံ့ချိန်ဖြစ်လို့ ကြံ့သားရဲဘုရင်သည် အချို့ အရာများကို စီစဉ်ခဲ့ပြီး ထိုဒေသသို့ ရောက်ရှိချိန်တွင် ကြံ့ကြီးမျိုးနွယ်က လူတွေက သားရဲနတ်ဘုရား ကျောင်းတော်မှာ ဘာဖြစ်ခဲ့သည်ကိုပင် မသိရသေးပေ။

သူတို့သည် သူတို့၏ အထောက်အထားကို မဖော်ထုတ်ဘဲ ကြံ့ကြီးမျိုးနွယ်ထဲသို့ပင် မဝင်ခဲ့ကြပေ။ သူတို့သည် ထိုဒေသတွင် တစ်ညတာနေထိုင်ပြီးနောက် ထွက်ခွာသွား သော်လည်း ကြံ့သားရဲဘုရင်သည် နောက်တွင်ကျန်ရစ်ခဲ့သည်-- သူသည် ကြံ့ကြီး မျိုးနွယ် ကို ရှင်းလင်းရန် စီစဉ်ခဲ့သည်။

 ကြံ့ကြီးမျိုးနွယ်စုမှ လုပ်စရာရှိပြီး ဆက်လက် ထွက်ခွာလာသောအခါ...

"ချောင်မျိုးနွယ်ရှိတဲ့နေရာကို ဖြစ်သွားရမယ် မဟုတ်လား။ ဒီည အဲဒီကို သွားရအောင်။"
ကျိုးကျီ  က ဦးတည်ချက် ညွှန်ပြသည်။ သူ အရင်တခါ လာတုန်းက ချောင်မျိုးနွယ်က  ဟင်းသီးဟင်းရွက်တွေ အများကြီးစိုက်ထားတာကို သူ သတိထားမိလိုက်တယ်။ ထိုအပင်တွေ ကြီးပြင်းလာမလားဆိုတာ သူ သိချင်တယ်။

"ဟုတ်ကဲ့ပါ အရှင် ။" ရှုန်းချီ က ချက်ချင်းပြန်ဖြေတယ်။

အစပိုင်းတွင်၊ ကျိုးကျီ  သည် ' သားရဲနတ်ဘုရား  ' ဖြစ်သည်ကို သူတို့သိလာသောအခါ ဝက်ဝံကြီး မျိုးနွယ်စုမှလူများသည် အဖြစ်မှန်ကို နားလည်လက်ခံဖို့ အနည်းငယ် ခက်ခဲနေခဲ့သည်။ သူ့တို့မျက်စိအောက်မှာ ကြီးလာသည့် သားရဲပုံစံတောင် မရှိသည့် လူကြောက်သည့် ကျိုးကျီက သူ့အမေ သေပြီး ဂူအပြင်ကို မောင်းထုတ်ခံရသည့် နောက်ပိုင်း မျိုးနွယ်စုထဲက အတော်ဆုံးလူငယ် ရှုန်းယယ်ရဲ့ ကယ်တင်ခြင်းခံရပြီး မိတ်ဖက် ဖြစ်လာခဲ့သည်။ နောက်ပိုင်း ကျိုးကျီက ရုတ်တရက် သားရဲနတ်ဘုရားရဲ့တမန်တော် ဖြစ်လာပြီး အသိဉာဏ်ရင့်သန်ကာ သူတို့ မျိုးနွယ်ကို စားစရာ အသစ်များစွာကို ရှာပေးနိုင်ခဲ့ရုံသာမက အိုးလုပ်နည်း၊ စိုက်ပျိုးနည်းကို သင်ပေးခဲ့သည်။ ဟော... နောက်ပိုင်း ဆားလဲလှယ်ရေး ထွက်လာပြီးနောက် ကျိုးကျီက ကျားကြီးမျိုးနွယ်ကို ရှင်းလင်းပေးခဲ့ပြီးနောက် သူက ဧရာမ ဆင်ကြီးဖြစ်သည်ဆိုတာ သိရပြန်သည်။ ထို့နောက် သူက သားရဲဘုရင်တစ်ယောက်ကို အနိုင်တိုက်ပြီး သူ့လက်အောက်ငယ်သား အဖြစ် သိမ်းသွင်းခဲ့ပြန်သည်။ ရှုန်းယယ်ကို သားရဲဘုရင်ဖြစ်အောင် လုပ်ပေးခဲ့ပြီးနောက် သားရဲလူသားကုန်းမြေကိုရောက်ပြီးနောက် ကျိုးကျီက သားရဲနတ်ဘုရား ဖြစ်လာပြန်သည်။

ဒီလိုအဖြစ်ပျက်ကို ကြုံရသည့် ဘယ်သူမဆို ရုတ်တရက် လက်ခံဖို့ အတော်ကြိုးစား ရလိမ့်မည်ဆိုတာ သေချာသည်။

ယခုတော့ သူတို့အားလုံး သားရဲနတ်ဘုရား  ဘုရားကျောင်းမှ ထွက်လာသည်မှာ တစ်လခွဲရှိနေပြီဖြစ်သည်။ ကျိုးကျီ  သည် ယခင်ကဲ့သို့ပင်ဖြစ်ပြီး လုံးဝ ပြောင်းလဲခြင်း မရှိကြောင်း သူတို့ မြင်ခဲ့ရသောကြောင့် ဝက်ဝံကြီးမျိုးနွယ်စုမှ လူများသည် တဖြည်းဖြည်း စိတ်တွေ အေးချမ်းငြိမ်သက်သွားပြီး ကျိုးကျီ  ကို မကြောက်တော့ပေ။ ဒါပေမယ့် သူ့ကို ကျိုးကျီ  လို့ ဘယ်သူမှ မခေါ်ကြတော့ဘူး။

သားရဲလူသား ကုန်းမြေမှ ဘုန်းတော်ကြီးတွေ နဲ့ တိုင်ပင်ပြီးနောက်၊ နောက်ဆုံးတွင် သူတို့သည် ထူးခြားသော အခေါ်ဝေါ်တစ်ခုကို ဆုံးဖြတ်ခဲ့ကြသည်—- အဲ့ဒါကတော့  အရှင် .... ဆိုသည့်ဝေါဟာရဖြစ်သည် ။

ဒီလိုနဲ့ ကျိုးကျီ  သည် သားရဲဘုရင်တွေရဲ့ အုပ်ချုပ်သူ တစ်ပါး ဖြစ်လာခဲ့သည်။  

ရှုန်းချီ ပြန်ဖြေတာကိုမြင်တော့ ကျိုးကျီ  က စီစဉ်လိုက်သည်။
 "လူလွှတ်ပြီး ငါတို့လာမယ်ဆိုတာ ကြိုအသိပေးထားလိုက်...။"

 ချောင်မျိုးနွယ်က လူတွေက အရမ်းကြောက်တတ်ကြတယ်။ သူတို့ကို မကြောက်အောင် ကြိုပြီး သတင်းပို့ထားတာက ပိုကောင်းပါတယ်။

"ငါ သွားလိုက်မယ်!" ရှုန်းချီ က   ဝမ်းသာအားရ ထွက်သွားတယ်။

ထို့ကြောင့် ပင်မအဖွဲ့ရောက်လာသောအခါ   ချောင်မျိုးနွယ်က လူတွေက စောင့်မျှော်နေကြပြီး ခြံပေါက်ဝတွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။  

ချောင်မျိုးနွယ်က လူများသည် ဝက်ဝံကြီး မျိုးနွယ်စုမှလူများကိုမြင်သည်နှင့်တပြိုင်နက်  ဝမ်းသာစွာ ပြောလိုက်ကြသည်။

"ကြိုဆိုပါတယ်သူငယ်ချင်း!"

ရှုန်းချီ က ချောင်မျိုးနွယ်  တွေကို သူတို့  ပြန်လာပြီးတည်းခိုမယ်လို့သာ ပြောခဲ့ပြီး ကျိုးကျီ  ဟာ သားရဲနတ်ဘုရား ဖြစ်ကြောင်း ဘာမှ မပြောခဲ့ဘူး။ ထို့အတွက်ကြောင့် ချောင် မျိုးနွယ် ၏  အကြီးအကဲသည် သူတို့ကို  နှုတ်ဆက်သောအခါတွင် အံ့သြခြင်းမရှိဘဲ သူ့မျက်လုံးများတွင်က ပျော်ရွှင်တွေနဲ့ ပြည့်နေခဲ့သည်။

ကျိုးကျီ  ကိုမြင်သောအခါ  စိတ်ရင်းဖြင့်ပြောလိုက်သည် ။

"ကျိုးကျီ ၊ မင်းရဲ့ ထိုင်ခုံအသစ်က တကယ်လှတယ်!"


ကျိုးကျီ  -  "ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်။"

သားရဲလူသား ကုန်းမြေမှ လက်သမားဆရာများသည် ကျွမ်းကျင်အဆင့်မှာ ရှိပြီး သစ်သားများကို လှပစွာ ထွင်းထုရန်  သင်ယူထားပြီးဖြစ်သည်။ လျောင်းစက်လို့ရသည့် ကုလားထိုင်တွင် ကျောက်မျက်ရတနာများစွာကို ထည့်သွင်းထားပြီး ကျောက်မျက်များသည်  အလွန်လှပကာ မျက်စိပသာဒ ဖြစ်လှသည်။

"မင်းတို့ရဲ့ ဝက်ဝံကြီးမျိုးနွယ်က တကယ်ချမ်းသာတယ်... မင်းရဲ့နောက်က လိုက်လာတဲ့ လူတွေက ဝက်ဝံကြီးမျိုးနွယ်ရဲ့ အသစ်ရောက်လာသူတွေလား။"
 ချောင်မျိုးနွယ်  ၏ မျိုးနွယ်စုအကြီးအကဲက မေးမြန်းလိုက်သည်။

ကျိုးကျီ  က ခေါင်းညိတ်လိုက်တော့ ချောင်မျိုးနွယ်  ၏ အကြီးအကဲသည် ဒီလူတွေကို မနာလိုစွာ ကြည့်နေပြီး ဝေဖန်လိုက်သည်။

"အချို့က အရမ်း တန်ခိုးကြီးပုံပေါက်ပေမယ့် အချို့က အရမ်း အားနည်းပုံရတယ်။ တချို့လူတွေက အိုမင်းလို့နေပြီ။ မင်းတို့ရဲ့ ဝက်ဝံကြီး မျိုးနွယ်  က လူမျိုးစုံကို လက်ခံနေတာလား"
 
အစွမ်းထက်ပုံပေါ်တဲ့ အဆင့် မြင့်မားတဲ့ သားရဲစစ်သည်တာ်တွေက သူတို့ရဲ့ ရင်ဘတ်တွေကို ပင့်ကာ ဂုဏ်ယူနေကြသည်။

ရုပ်ရည်ပြေပြစ်ကာ အားနည်းဟန်ပေါ်သည့် ဘုန်းတော်ကြီးတွေ - "......"

သူတို့က ဘုရားကျောင်းထဲ နေ့တိုင်း ဘုရားဝတ်ပြုနေတဲ့အတွက် သူတို့မှာ ကြွက်သားတွေ မရှိဘူး။ အိုမင်းနေပုံရသည့် သူတွေက တကယ်တော့ ကျိုးကျီက မသတ်ပဲ အသက်ချမ်းသာ ပေးခဲ့တဲ့ သားရဲဘုရင်တွေဖြစ်သည်။

အဲဒီတုန်းက ကျိုးကျီ  က ရဲဘုရင်တွေကို တိုက်ခိုက်ခဲ့ပြီး သူတို့ထဲက နှစ်ယောက်ကို မတော်တဆ သတ်ခဲ့ပေမယ့် လေးယောက်က မသေခဲ့ဘူး။ သူသည် ဒီသားရဲလေးပါးကို အခြေခံကုသနည်းအချို့ကို ပေးခဲ့ပြီးမှ သူတို့ကို   သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။

သူသည် သူတို့ကို သတ်ရန် အစီအစဉ်မရှိသော်လည်း သူတို့ကို လွှတ်ပေးဖို့ မဖြစ်နိုင်ပေ။ သူတို့က သားရဲဘုရင်တွေဖြစ်လို့ သူတို့သာ ထပ်ပြီး ပြဿနာလာရှာရင် ရှင်းလို့ လွယ်မည် မဟုတ်ပေ။ ဒါကြောင့် သူနဲ့အတူ သားရဲဘုရင်လေးပါးကို ခေါ်ဆောင်ကာ မျက်စိအောက်မှာပဲ ထားရှိခြင်းဖြစ်သည်။ ထိုလူတွေကို အိမ်မှုကိစ္စအချို့ကို ကူညီရန် အမိန့်ပေးလိုက်သည်။  

 အစွမ်းထက်တဲ့ သားရဲဘုရင်တွေ တွေဟာ တကယ်ကို အစွမ်းထက်ပါတယ်။ ဒီ သားရဲဘုရင်တွေ ကို ရရှိပြီးကတည်းက အရင်က ဒီအလုပ်ကို ဒိုင်ခံလုပ်ရတဲ့ ဟိုင်ဖုန်းက အားလပ်ချိန်ရသွားပြီး သူ့မွေးစားမြေးလေး ရှီပေါင်ပေ့  ကို ပြုစုပျိုးထောင်ရန် အာရုံစိုက်နိုင်လာခဲ့သည်။

ဒီသားရဲဘုရင်တွေက ချောင် မျိုးနွယ် ၏လူမျိုးစုအကြီးအကဲ စကားကြောင့် ရင်နာကုန်တော့သည်။

သူတို့က သားရဲဘုရင်တွေပါ...အရင်တုန်းက ဒီလို မျိုးနွယ်စု ငယ်တွေဆီကို လာတဲ့အချိန် သူတို့ နာမည်ကို ပြောလိုက်တာနဲ့ လူတွေက သူတို့ လိုအပ်သမျှ အကုန်ပေးပြီး အလုပ် ကျွေး ပြုကြရတယ်။ အခုတော့ ဒီမျိုးနွယ်စုငယ်က လူတွေက သူတို့ကို လူအိုတွေဆိုပြီး အထင်မြင်သေးနေကြတာလား....!

သားရဲဘုရင်တွေက စိတ်ဓါတ်ကျနေချိန် ကျိုးကျီက ပြောလိုက်တယ်။

 "မင်းတို့ လေးယောက် အပြင်ထွက်ပြီး အမဲလိုက်ကြ။ ငါတို့ ဒီည ဒီမှာ နားကြမယ်။ ငါ ဘာကြိုက်တတ်တယ်ဆိုတာ မင်းတို့ သိတယ် မဟုတ်လား?"  

"ကျွန်တော်တို့ သိပါတယ် အရှင်"
သားရဲဘုရင် လေးပါးလုံးက သူ့ကို  ပြန်ပြောပြီးနောက် မျက်လုံးထဲတွင် မျက်ရည်များဝဲကာ ထွက်သွားကြသည်။

ချောင်မျိုးနွယ် ၏ အကြီးအကဲက အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ ပြောလိုက်သည်။

 "ဟေ့ကောင်... သက်ကြီးရွယ်အိုတွေကို အမဲလိုက်ဖို့ ဘာလို့ ပြောနေတာလဲ"

ထွက်သွားတော့မည့် 'သက်ကြီးရွယ်အို' များက ထိုစကားကြောင့် လုံးလုံး တုန်လှုပ်သွားကြသည်။

ဟိုင်ဖုန်း က ဒါကိုကြားတော့ ကျယ်လောင်စွာ ရယ်မောလိုက်သည် ။ သူ ရယ်မောလိုက်သောအခါတွင် သူ့ဘေးနားရှိ ရှီပေါင်ပေ့   လည်း လိုက်ကာ ရယ်မောလိုက်လေသည်။  

ချောင်မျိုးနွယ် ၏ အကြီးအကဲ- "......"
သူပြောတာ ရယ်စရာတစ်ခု ဖြစ်ခဲ့သလား။

ချောင်မျိုးနွယ် သည် အလွန်ဆင်းရဲပြီး ကျိုးကျီ  နှင့် အခြားသူတို့ကို ဧည့်ခံရန်အတွက် ဟင်းသီးဟင်းရွက်မျိုးစုံကိုသာ ထုတ်ယူနိုင်ခဲ့သည်။ ဒီအသီးအရွက်တွေက ကျိုးကျီ  ကြိုက်တဲ့ အစားအစာတွေဖြစ်လို့ အဆင်သင့်သွားခဲ့သည်။

သို့သော် ကျိုးကျီ  မချက်ပြုတ်မီတွင် သူတို့သည် မြေကြီးတုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။  ချောင်မျိုးနွယ်မှ လူများသည် မသိစိတ်က လာမယ့် ဘေးကနေ လွတ်မြောက်ဖို့   စတင်ထွက်ပြေးနေပြီဖြစ်သော်လည်း ခဏအကြာတွင် ... တစ်စုံတစ်ခု မမှန်ကြောင်း ရုတ်တရက် သိရှိသွားကြသည်။

သူတို့ရှေ့မှာ ပေါ်လာတဲ့ အနေအထားက အရမ်း ရင်းနှီးပြီးသား မြင်ကွင်းတွေပဲ...

ဝက်ဝံကြီးက လူတွေ သူတို့ထံ အရင်အကြိမ်ရောက်လာသောအခါ ဟိုင်ဖုန်း သည် အမဲလိုက်ထွက်ခဲ့ပြီး   မိကျောင်းကြီးနှစ်ကောင်ကို ပြန်လည် သယ်ဆောင်လာခဲ့သည်။ ဒီတစ်ခါ ဆူညံသံက အရင်တစ်ခါနဲ့ အရမ်းတူနေသလိုပဲ...

ချောင်မျိုးနွယ် အကြီးအကဲသည် ဝက်ဝံကြီးမျိုးနွယ်စု၏ လူများကို ကြည့်လိုက်စဉ် ထိုလူတွေ အလွန်ငြိမ်သက်နေကြောင်း တွေ့ရှိခဲ့သည်။ သူက ချက်ချင်း စိတ်လျှော့ပြီး သူ့နောက်ကလူကို တစ်ချက်ကြည့်လိုက်ပြီး နှစ်သိမ့်လိုက်သည်။

 "စိတ်အေးအေးထားပါ၊ စိတ်လျှော့ထားပါ။ အမဲလိုက်ရာက ပြန်လာတဲ့  ဝက်ဝံကြီး မျိုးနွယ်က လူတွေဖြစ်မှာပါ... မကြောက်ပါနဲ့။"  

ချောင်မျိုးနွယ်မှ လူများသည် သူတို့၏ မျိုးနွယ်စုအကြီးအကဲက  အော်ပြောလိုက်သံကြောင့်  အမှန်တကယ်ပင် စိတ်အေးသွားခဲ့ကြသော်လည်း၊  ကျိုးကျီက ထိုလူအို လေးဦးကို အမဲလိုက်ရန် စေလွှတ်လိုက်ခြင်းသာ ဖြစ်ပေမယ့်  အဲဒီ သက်ကြီးရွယ်အိုတွေက သားကောင် အကြီးကြီး တစ်ကောင်လုံးကို ပြန်ယူလာခဲ့တာလား။

ဟုတ်တာပေါ့...အဲဒီလူကြီး လေးယောက်က အကောင်ကြီးတွေကို ဖမ်းမိခဲ့တယ်။ အခြားအရာများကိုလည်း ဖမ်းမိခဲ့ကြသေးတယ်။ ထိုအုပ်စုထဲတွင် လူများစွာရှိကြပြီး   အားလုံးလောက်ဌအောင် စားဖို့ ဒိုင်နိုဆောအသားများစွာ လိုအပ်သည်။ ကျိုးကျီ  သည် ဒိုင်နိုဆောအသားကို မကြိုက်သောကြောင့် စတက်ဂိုဆောရပ်စ် ဒိုင်နိုဆော  ကို သတ်ပြီးနောက် နောက်ထပ် အခြားအရာများကိုသာ လိုက်ရှာခဲ့သည်။

ဒိုင်နိုဆောဥများ၊ ငှက်များ၊ ငါးများ... သားရဲဘုရင်လေးပါးသည် လုပ်ငန်းကိုခွဲခြမ်းကာ အားလုံး အနည်းငယ်စီ ရရှိခဲ့သည်။

သူတို့သည် သားရဲဘုရင်တွေ ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သားရဲဘုရင်တွေ ဖြစ်လာပြီးနောက် သူတို့သည် အမဲလိုက်ခြင်းကို လုံးလုံးရပ်တန့်သွားသည်ဟု မပြောနိုင်သော်လည်း သူတို့သည် မကြာခဏဆိုသလို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်လေ့မရှိပေ။ ယခုဆိုလျှင် နေ့တိုင်း အမဲလိုက်ကြရသည်။  

စတက်ဂိုဆောရပ်စ် ဒိုင်နိုဆောကို ကိုင်ဆောင်ထားသော မျောက်ဝံကြီးတစ်ကောင်သည် လူအုပ်ကြီးရှေ့တွင် ပေါ်လာပြီး နောက်ထပ် လူ ၃ ဦး ပေါ်လာပြီး လူအသီးသီး လက်ထဲတွင် ကိုင်ဆောင်ထားသော အရာများကို ချလိုက်ကြသည်။

ထိုမျောက်ဝံကြီးသည် မျောက်ဝံ သားရဲဘုရင်၏တိရစ္ဆာန်ပုံစံဖြစ်သည်။ မျောက်ဝံကြီးသည် မျောက်ဝံမျိုးစိတ်များထဲတွင် အကြီးဆုံးဖြစ်သည်။ သူတို့သည် ဂေါ်ရီလာများ၏ အရပ်နှစ်ပြန်မြင့်ကာ အလေးချိန် သုံးဆ ပိုလေးသည်။ သူတို့သည် မတ်တပ်ရပ်နေချိန်တွင် အမြင့် ၃ မီတာကျော်အထိမြင့်ပြီး သူတို့ကိုယ်က လေးလံလွန်းသောကြောင့် သစ်ပင်များကို မတက်နိုင်ပေ။

သို့သော် သူတို့၏ တိုက်ခိုက်ရေးစွမ်းက ဆင်ကြီး သို့မဟုတ် ကြံ့ကြီးထက် များစွာ မြင့်မားသည်က သံသယ မရှိနိုင်ပေ။  

ယခင်က သူသည် ကျင့်ကြံနည်း၏သွေးဆောင်မှုကို မခုခံနိုင်ခဲ့ဘဲ ရှုန်းယယ်  ကို တိုက်ခိုက်ခဲ့ဖူးသည်။ အဲဒီနောက်မှာတော့ သူဟာ ကျိုးကျီ  ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပေမယ့် သူ့အသက်ကို ထိန်းထားနိုင်တာ ကံကောင်းတယ်။ ယခု၊ သူက ကျိုးကျီအတွက် နေ့တိုင်းလိုအပ်သောအရာများကို ရှာဖွေရာတွင် ကူညီခဲ့သည်။

သားရဲလူသား ကုန်းမြေက ထွက်သွားပြီးကတည်းက မျောက်ဝံသားရဲဘုရင် နဲ့ တခြားသူတွေက လဝက်လောက် နေ့စဉ် အမဲလိုက်နေကြသည်။ သူတို့သည် ဒီအရာများကို လုပ်ဆောင်လေ့ရှိသော်လည်း ချောင်မျိုးနွယ် မှ လူများသည် သူ၏တိရစ္ဆာန်ပုံစံကို မြင်သောအခါ ထိတ်လန့်သွားကြသည်။

ချောင်မျိုးနွယ် ၏ မျိုးနွယ်စုအကြီးအကဲသည် သူ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်အုပ်ကာ မျောက်ဝံဘုရင်နှင့် အခြားသားရဲဘုရင်များကို မယုံကြည်နိုင်စွာ စိုက်ကြည့်ကာ တုန်လှုပ်စွာ မေးလိုက်သည်။

"ဒီလောက်ကြီး... ဘာလို့ ဒီလောက်ကြီးနေရတာလဲ"

"သူတို့က သားရဲဘုရင်တွေလေ။ ဒါကြောင့် သူတို့က ကြီးတာပေါ့ကွ။"
ဟိုင်ဖုန်း က ရယ်မောကာ ဖြေလိုက်သည် ။

ချောင်မျိုးနွယ် ၏ အကြီးအကဲ- "......"

နောက်ဆုံးအကြိမ် ဝက်ဝံမျိုးနွယ်က သူ့ဆီရောက်လာတဲ့အခါ ရှုန်းယယ်  က သူဟာ မျိုးနွယ်စုအကြီးအကဲဖြစ်ပြီး  သားရဲဘုရင်ဖြစ်တယ်ဆိုတာ မျိုးနွယ်စုအကြီးအကဲက မယုံဘူး။ ယခုတော့ကား...

ချောင်မျိုးနွယ် ၏ အကြီးအကဲသည် ဟိုင်ဖုန်း ကိုကြည့်ရန် ခေါင်းကို  လှည့်လိုက်သည်။
"သူက သားရဲဘုရင်၊ မင်းလည်း သားရဲဘုရင်ပဲ"

"ဟုတ်တာပေါ့!" ဟိုင်ဖုန်း က ပြောသည်။ "အရင်က ငါပြောဖူးတယ်လေ!"


ချောင်မျိုးနွယ် ရဲ့ အကြီးအကဲက သူ့ခြေထောက်တွေ အားနည်းသွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ် ဒူးထောက်လုနီးပါး ဖြစ်သွားတယ်။ သူက တုန်လှုပ်သွားပြီး အလန့်တကြား မေးလိုက်သည်။

 "မင်း... မင်းတို့ကောင်တွေ... မင်းက ဘယ်သူလဲ"  

ဟိုင်ဖုန်း က ဆက်ပြောတယ်။ "ငါတို့အားလုံးက ဝက်ဝံကြီးမျိုးနွယ်ကပါ"

ချောင်မျိုးနွယ် ၏ အကြီးအကဲသည် ကြောင်တက်တက် ဖြစ်နေသည်။ ကမ္ဘာကြီးအကြောင်း သူ သိတာ နည်းလွန်းနေသလား။ ဝက်ဝံကြီး မျိုးနွယ်တွင် သားရဲဘုရင်တွေ များစွာ ရှိသော်လည်း သူတို့အကြောင်းကို ယခင်က ဘာကြောင့် မကြားခဲ့ဖူးတာလဲ။

ချောင်မျိုးနွယ် ၏ မျိုးနွယ်စုအကြီးအကဲသည် သတင်းပိုမိုရရှိရန် မနက်ဖြန်တွင် ကြံ့ကြီးမျိုးနွယ်သို့ သွားရောက်လည်ပတ်ရန် ချက်ချင်းဆုံးဖြတ်ခဲ့သည်။

သားရဲနတ်ဘုရား  ပူဇော်ခြင်း ပြီးဆုံးပြီးကတည်းက အချိန်အတော်ကြာခဲ့ပြီဖြစ်၍ ကြံ့ကြီးမျိုးနွယ်စုမှ လူများသည် ယခုအချိန်တွင် ပြန်လည်ရောက်ရှိလောက်ပြီ။ သားရဲ  နတ်ဘုရား  ပူဇော်ခြင်း မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို သူလည်း မေးမြန်းနိုင်တယ်လေ။

ချောင်မျိုးနွယ်မှ လူများသည် သားရဲနတ်ဘုရား  ပူဇော်ခြင်းတွင် ပါဝင်ရန် အခွင့်အလမ်း မရှိသော်လည်း သူတို့က ထိုပူဇော်ပွဲကို  သွားရန်အမြဲတမ်းဆန္ဒရှိခဲ့ကြသည်။ ချောင်မျိုးနွယ် ၏ အကြီးအကဲသည် ဒီအရာများကို တွေးတောနေသေးသော်လည်း ကျိုးကျီ  သည် စတင်ချက်ပြုတ်နေပြီဖြစ်သည်။

ဒီနေ့ သူလုပ်နေတာက ခရမ်းသီးကြော်နှပ်ဖြစ်တယ်။ သူသည် ခရမ်းသီးအချို့ကို စိုက်ပျိုးပြီးနောက် အပိုင်းများခွဲကာ ပါးပါးလှီးထားသော အသားများကို အိုးတစ်လုံး၌ မကြော်မီ အလယ်တွင် ကပ်ထားသည်။ ပြီးရင်တော့ အရသာပိုရှိအောင် မွှေပေးနေတယ်... ဆီနဲ့ချက်ထားတဲ့ ဒီဟင်းမျိုးက အရမ်းမွှေးတာ သိသာတယ်။

ဝက်ဝံကြီးမျိုးနွယ်စုမှလူများသည် လုပ်ငန်းစဉ်ကိုကြည့်ရင်း မျက်တောင်တောင်မ ခတ်ဘဲ စိုက်ကြည့်ရင်း ကျိုးကျီ  အစားအစာပြုလုပ်ပုံကို လေ့လာရန်ကြိုးစား ကြသည်။ အခြားတစ်ဖက်တွင်မူ ချောင်မျိုးနွယ်မှ လူအားလုံး ငိုကြွေးမြည်တမ်းနေကြသည်။ ကျိုးကျီ ချက်နေသည့် ဟင်းက အစာနည်းပါးသော်လည်း အသားနှင့်ဆီများစွာကို အသုံးပြုကြသည်။ မည်မျှ ဖြုန်းတီးလိုက်သလဲ ဆိုပြီး ရင်နာလို့နေသည်။

သားရဲလူသား ကုန်းမြေမှ ဘုန်းတော်ကြီး များလည်း ကျိုးကျီ ဟင်းချက်နေတာကို မြင်တော့ တုန်လှုပ်ကုန်သည် . . . . . .။ သားရဲနတ်ဘုရားသခင်သည် သားရဲနတ်ဘုရားဖြစ်ရန် အမှန်တကယ်ထိုက်တန်သည်။ သူ သိတာများလွန်းတယ်။   သားရဲနတ်ဘုရား မဟုတ်ရင် ဒီလိုအလုပ်ကို ဘယ်သားရဲဘုရင်မှ လုပ်နိုင်မည် မဟုတ်ပေ။
 
"အရှင် ၊ ကျွန်တော်တို့ ဟင်းချက်တဲ့ အလုပ်ကို ထမ်းဆောင်ခွင့်ပြုပါ"

"ကျွန်တော်လည်း လုပ်နိုင်ပါတယ်!"

"ကျွန်တော်လည်းပဲ!"

......  

ဘုန်းတော်ကြီးတွေအားလုံးက   ထိုအလုပ်ကို လုပ်ရန် အလုအယက်ကမ်းလှမ်းကြသည်။

"မင်းတို့လုပ်ထားတဲ့ ခရမ်းသီးက ငါ့လက်ရာလောက်အရသာရှိမှာလား" ကျိုးကျီ  က မေးလိုက်သည်။

ဘုန်းကြီးတွေငြိမ်သွားတယ်။ သေချာတာတော့ သားရဲဘုရင် လုပ်သလောက် လုံးဝ အရသာ မရှိနိုင်လောက်ဘူးလေ!

တကယ်တော့ သူတို့မှာ အရင်တုန်းက အသားကင်တာတောင် မလုပ်ဖူး သလောက်ပါပဲ။   ဘုန်းတော်ကြီးတွေ အနေနှင့် သူတို့ကို လုံးတွင် သူတို့ကို လုပ်ကျွေးပြုစုရန် ကျွန်များ ရှိသည်။

"မင်းတို့က ကောင်းကောင်းချက်မတတ်ဘူးဆိုတာ မင်းတို့ သိနေပါလျက် မင်းတို့ လက်ရာကို ငါ စားမယ်လို့ မျှော်လင့်နေတာလား"

ကျိုးကျီ  က တည်ငြိမ်စွာ မေးလိုက်တော့ ဘန်ုးတော်ကြီးများ   ရှက်ကုန် ကြသည်။ ဘုန်းတော်ကြီးတွေ အနေနှင့် သားရဲနတ်ဘုရားသခင်ကို ကောင်းစွာ မစောင့်ရှောက်နိုင်ခြင်းမှာ သူတို့အတွက် အမှားလုပ်ရာ ကျနေသည်။
 
မဟုတ်ဘူး၊ သူတို့ကိုယ်သူတို့တောင် ဂရုမစိုက်နိုင်လို့ သားရဲနတ်ဘုရား  ကို ဂရုစိုက်နိုင်ယ်လို့တောင် မပြောသင့်ဘူး... ခရီးတစ်လျှောက်မှာ လမ်းလျှောက်ရင်း မောပန်းနေပြီဖြစ်ပြီး ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မလဲဆိုတာ သူတို့ဖာသာလည်း မသေချာဘူး။  

"ဘုန်းတော်ကြီးတို့...မင်းတို့က အသက်အရွယ်အရ အတွေ့ကြုံအများကြီးလည်း ရှိနေကြတယ်။ ဒါကြောင့်   သာမာန်သားရဲလူသားတွေနဲ့ ပိုပြီး ထိတွေ့ ဆက်ဆံ သင့်တယ်။ ဒါမှ သားရဲနတ်ဘုရားရဲ့ ဘုန်းတန်ခိုးကြီးမားကြောင်းကို ပိုမို ပြန့်ပွားအောင် လုပ်နိုင်လိမ့်မယ် "

ကျိုးကျီ  က သူတို့ကိုအလုပ်ပေးဖို့ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင် !"

 ဘုန်းကြီးတွေက ချက်ချင်း သဘောတူတယ်။ သူတို့သည် ရှက်စိတ်ဖြင့် မျက်နှာတွေ ပူကုန်သည်။ သူတို့သည် သားရဲဘုရား၏ဗိမာန်တော်တွင် အမြဲနေခဲ့ကြပြီး၊ အခြားသူများထက် အဆင့်တန်း မြင့်မားစွာနေထိုင်ကြပြီး သာမန်လူများကို လျစ်လျူရှုကာ သားရဲနတ်ဘုရား၏ ဘုန်းတော်ကို ကောင်းစွာ မပြန့်ပွားနိုင်ခဲ့ကြပေ။

ဘုန်းတော်ကြီးတွေ သည် အနာဂတ်တွင် အရည်အချင်းပြည့်မီသော ဘုန်းတော်ကြီးတွေ ဖြစ်လာရမည်ဟု လျှို့ဝှက်ကျိန်ဆိုကြသည်။ အရည်အချင်းပြည့်မီသော ဘုန်းတော်ကြီးတွေ ဖြစ်လာရန်၊ ချောင်မျိုးနွယ်မှ  ဒီလူများနှင့် စတင်သင့်သည်။  

ကျိုးကျီ  သည် သားရဲလူသား ကုန်းမြေမှ ဘုန်းတော်ကြီး အယောက်နှစ်ဆယ်ခန့် ပါလာခဲ့ သည်။ ဒီအခိုက်အတန့်တွင် သူတို့အားလုံးသည် ချောင်မျိုးနွယ်မှ လူများဆီသို့ ပြေးသွား ကြသည်။

ချောင်မျိုးနွယ်မှ လူများသည် အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးခဲ့ကြသော်လည်း များမကြာမီတွင် သူတို့ကို လုံးဝ အံ့အား သင့်သွားကြသည်—ဒီလူတွေက ဘုန်းကြီးတွေ ဖြစ်နေပါလား...!

ဘုန်းကြီးနှစ်ဆယ်ကျော်တောင်မှလား..။ ဘုန်းတော်ကြီး အယောက်နှစ်ဆယ်ကို တစ်ပြိုင်နက် တွေ့နိုင်လိုက်တာလား...။

သို့သော်၊ ဒီအရာက သူတို့ကို ပို၍ပင် စိတ်ရှုပ်ထွေးစေခဲ့သည်။   ချောင် မျိုးနွယ် ၏ မျိုးနွယ်စုအကြီးအကဲသည် နောက်ဆုံးတွင် မအောင့်နိုင်တော့ပဲ ထုတ်မေးလိုက်ရ တော့သည်။

 "ကျေးဇူးပြုပြီး ဒီဝက်ဝံကြီးမျိုးနွယ်က ဘယ်လိုလူမျိုးလဲဆိုတာ အတိအကျ ပြောပြနိုင်မလား။"

ဘုန်းတော်ကြီး တစ်ယောက်က "ဒါက သားရဲနတ်ဘုရားရဲ့အနွယ်တော်ပဲ" ဟု စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ချောင်မျိုးနွယ်မှ လူများ- သားရဲနတ်ဘုရား၏အနွယ်တော်လား... အဲဒါဘာလဲ?

ထိုဘုန်းတော်ကြီးက  ဆက်ပြောပြလိုက်သည်–
"ဟုတ်တယ်၊ မင်းတို့ကို လုံးက သားရဲနတ်ဘုရားရဲ့ နာမည်နဲ့ တိုက်ရိုက် ခေါ်ဖို့ သတ္တိရှိကြတယ်။ ဒါက တကယ်ကို မသင့်လျော်ဘူး... အနာဂတ်မှာ မင်းတို့က  သားရဲနတ်ဘုရားကို  ရိုသေရမယ်..."  

ချောင် မျိုးနွယ် ၏ မျိုးနွယ်စုအကြီးအကဲသည် သူ့ရင်ဘတ်ကို တစ်ဖန် လက်နှင့် အုပ်ကာ သူ့ရင်ဘတ်ထဲမှ နှလုံးခုန်ထွက်တော့မည်ဟု ခံစားရသည်။

 "သားရဲနတ်ဘုရားက...?"

"သူပဲလေ...." ဘုန်းကြီးက ကျိုးကျီ  ကို လက်ညှိုးထိုးပြသည်။

"ဒါဆို တခြားသူတွေ..." ချောင် မျိုးနွယ်စုအကြီးအကဲက အသက်ရှုကျပ်တယ်လို့ ခံစားလယရတယ်။

"အစောပိုင်း စတက်ဂိုဆောရပ်စ် ဒိုင်နိုဆောကို ဖမ်းမိလာတဲ့သူက မျောက်ဝံ  သားရဲ ဘုရင် ဖြစ်တယ်။ အဲဒီ့မှာ ငှက်တွေရဲ့ အမွေးတွေကို နူတ်ပေးတဲ့သူကတော့ ကျား သားရဲ ဘုရင်ပဲ။  ထမင်းထုပ်လုပ်တဲ့သူက ဝက်ဝံသားရဲဘုရင် ..."  

ချောင်မျိုးနွယ် ၏ အကြီးအကဲသည် ထိုစကားကို ကြားတော့ မူးလဲသွားသည်။

ချောင်မျိုးနွယ်မှ  အခြားလူအများအပြားလည်း လိုက်၍ မူးလဲသွားကာ အချို့တို့သည် ကြောက်လန့်မှုကြောင့် ဖြူဖျော့သော ယုန်ငယ်များပင် ဖြစ်လာကြသည်။

ရှုန်းယယ်  တုန်ယင်နေသည့် ယုန်လေးတွေကို မြင်တော့ ဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ နူတ်မှ ထုတ်ပြောလိုက်မိတော့သည်။

 "ဘယ်လောက်ချစ်စရာကောင်းလဲ!"

ကျိုးကျီ : "......"
ယုန်တွေဘာတွေ အရမ်းချစ်စရာကောင်းနေတာလဲ။ ယုန်တွေဆိုတာ အစာတွေပဲလေ... စားလို့မရတဲ့ ယုန်အမျိုးအစားလေးက ချစ်စရာကောင်းတာတော့ မဟုတ်ဘူးလေကွာ!  

ကျိုးကျီ  သည် ခရမ်းသီးတစ်ခြမ်းကို ရှုန်းယယ်  ၏ပါးစပ်ထဲသို့ ထည့်လိုက်ကာ အာရုံလွဲအောင် ပြောလိုက်သည်။

"ဒါကို မြည်းကြည့်စမ်းပါ။"

ရှုန်းယယ်  သည် ယုန်များကိုကြည့်နေတာကို ချက်ချင်းရပ်လိုက်သည်။

"ငါ မင်းကို နောက်ထပ် ကြက်ဥပန်ကိတ်လုပ်ပေးမယ်။" ကျိုးကျီ  က ဆက်ပြောလိုက်သည် ။

ဒီနေ့ သူတို့မှာ ဒိုင်နိုဆောဥတွေရှိတယ်။ သူတို့က ကြက်ဥထမင်းကြော်ကို ကြိမ်ဖန်များစွာ ပြုလုပ်ပြီးပြီမို့ ကြက်ဥပန်ကိတ်လုပ်တာက အပြောင်းလဲဖြစ်ပြီး တကယ့်ကို စားလို့ကောင်းမှာပဲ။
 
ဒိုင်နိုဆောဥတစ်လုံးထဲကို ဂျုံမှုန့်နည်းနည်းထည့်၊ ကြက်သွန်မိတ် လှီးထားတာကို ဖြူးပြီး ဆီနည်းနည်းနဲ့ ဒယ်အိုးထဲထည့်ကြော်လိုက်ရင် ကြက်သွန်မိတ်ပန်ကိတ် ရပြီလေ...

ရှုန်းယယ်  ၏ မျက်လုံးများက ကျိုးကျီရဲ့ စကားကြောင့် တောက်ပနေခဲ့သည်။

တခြားလူတိုင်းက ကျိုးကျီ ကြက်ဥပန်ကိတ် လုပ်နေသည့် အနံ့ကို ရတော့ ခက်ခက်ခဲခဲ တံတွေးကို မြိုချနေမိတယ်။ - ဒါက အရမ်းမွှေးလွန်းတယ်။

သားရဲ  နတ်ဘုရား က အားလုံးကို သိနေတာပဲ...

တခြားသူတွေက ကြက်သွန်မိတ် ကြက်ဥပန်ကိတ်က အရမ်း မွှေးကြိုင်တယ်လို့ ခံစားရရင်တောင် သူတို့က တောင်းမစားမိအောင် ဒီအချိန်မှာ ချုပ်တည်းမှုစွမ်းအားကို  ပြင်းပြင်းထန်ထန် ကျင့်သုံးနေကြတယ်။ ရှီပေါင်ပေ့   တစ်ယောက်သာ ရှေ့ကို တက်လာပြီး ကျိုးကျီ  ကို ကြည့်ကာ တောင်းဆိုလိုက်သည်။

 "သားရဲ  နတ်ဘုရား ၊ ကျွန်တော် ကြက်ဥပန်ကိတ် စားချင်တယ်"

"မင်းအဘိုးက မင်းအတွက် လုပ်ပေးလိမ့်မယ်"

ကျိုးကျီ  က ချက်ချင်း ပြောလိုက်သည်။ ဒီကြက်ဥပန်ကိတ်က ရှုန်းယယ်  စားဖို့တောင် မလုံလောက်ဘူး။ သူ ဘာလို့ တခြားသူတွေကို ပေးရမှာလဲ။

နောက်ဆုံးတွင်၊ ခရမ်းချဉ်သီးချက် သို့မဟုတ် ကြက်ဥပန်ကိတ်ဖြစ်ပါစေ၊ သူတို့အားလုံးက  ရှုန်းယယ်  ၏ဗိုက်ထဲသို့ ဝင်သွားကြသည်။

ရှုန်းယယ်က ဗိုက်အပြည့် စားပြီးနောက် ကျိုးကျီ  က သူ့ကို လက်သမားဆရာတွေကို ဆောက်ခိုင်းထားတဲ့ သစ်သားတဲဆီကို ခေါ်သွားခဲ့တယ်။  

တဲက ကြီးကြီးမားမားမဟုတ်ပေမယ့် အတွင်းပိုင်းမှာတော့ တိရိစ္ဆာန်အရေခွံတွေနဲ့ ဖုံးအုပ်ထားပြီး အရမ်းနွေးထွေးတာကို တစ်ချက်ကြည့်လိုက်တာနဲ့ သိသာပါတယ်။

"အဲ့ဒီယုန်ကို မင်း အရမ်း သဘောကျနေခဲ့တာလား" ကျိုးကျီ  က သူ့ကို မေးသည်။

"သူ့တိရစ္ဆာန်ပုံစံက နည်းနည်းတော့ ချစ်ဖို့ကောင်းတယ်လို့ ငါ ထင်တယ်"

ရှုန်းယယ်  က ရိုးသားစွာ ပြောလိုက်သည်။ သူ ဒီယုန်ကို ကြိုက်နေပြီဆိုတာ သေချာပေါက် တော့ မဟုတ်ပေမယ့် အကောင်ပေါက်စလေးတွေကို သဘောကျတဲ့ စိတ်က ရှုန်းယယ်ရဲ့ စိတ်ထဲကနေကို စွဲနေသည်။
 
"ငါ့တိရိစ္ဆာန်ပုံစံက ချစ်စရာ မဟုတ်လို့လား"

ကျိုးကျီ  က ရှာလကာရည် နံ့ တသင်းသင်းနဲ့ မေးလိုက်သည်။  
(ရှာလကာရည်နံ့သင်းခြင်း - သဝန်တိုခြင်း)

ရှုန်းယယ်  : "......"
ဒီလို အကောင်ကြီးကြီး က ချစ်ဖို့ကောင်းတယ်လို့ ဘယ်လိုပြောနိုင်တာလဲ။  ကျိုးကျီ  ၏ တိရစ္ဆာန်ပုံစံသည် အစွမ်းထက်သည်ဟုသာ ဖော်ပြနိုင်သည် မဟုတ်လား။

"ဒီလိုဆိုရင် ချစ်စရာကောင်းနေတာ မဟုတ်ဘူးလား"

ကျိုးကျီ  ရုတ်တရက် မေးလိုက်သည်။ ရှုန်းယယ်  ခဏလောက် ထိတ်လန့်သွားပြီး ကျိုးကျီ  ကို ဘယ်မှာမှ ရှာမတွေ့တော့တာ သိလိုက်ရတယ်။ မြေပြင်ပေါ်တွင် အဝတ်တစ်ထည်သာ ကျန်တော့သည်။

"ကျိုးကျီ .....?"

 ရှုန်းယယ်  အံ့သြစွာအော်လိုက်သည်။ သူက  ကျိုးကျီ  ကို စတင်ရှာဖွေတော့မယ့်အချိန်မှာ   ကြမ်းပြင်ပေါ်တွင် အဝတ်အစားမှ ထွက်လာသော လက်ဖဝါးအရွယ် ဆင်ငယ်လေးကို တွေ့လိုက်ရသည်။

ဆင်ငယ်လေးသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အမွေးများပါရှိသော်လည်း အဝတ်အစားများထဲမှ ထွက်လာချိန်မှာ ရှုန်းယယ်က လုံးဝကို ကြောင်သွားခဲ့သည်။ သူက    လက်ချောင်းအရွယ် ကိုယ်လုံးတွေကို ခါယမ်းကာ ရှုန်းယယ်ရဲ့ လက်ဖဝါးထဲ တက်လိုက်ပြီး  ရှုန်းယယ်  ကို ကြည့်ပြီး မေးလိုက်သည်။

"ငါက ချစ်စရာ မကောင်းဘူးလား"  

ရှုန်းယယ်  က သူ့နှလုံးသားလေးခမျာ ဒီအမွေးထူဆင်ပေါက်စလေးကို ချစ်လွန်းလို့ အရည်ပျော်ကျမတတ်ခံစားလိုက်ရသည်။
 
 "ချစ်စရာကောင်းတယ်... အရမ်း ချစ်စရာကောင်းတယ်...!!"

ဒီကမ္ဘာမှာ ကျိုးကျီလောက် ချစ်စရာကောင်းတဲ့ အရာ ဘယ်လိုရှိနိုင်ဦးမလဲ။ ရှုန်းယယ်  က ဆင်ငယ်လေးကို သူ့လက်ထဲမှာ ကိုင်လိုက်ပြီး အကြိမ်ပေါင်းများစွာ နမ်းလိုက်တယ်။

ကျိုးကျီ : "... သတိထားစမ်းပါ။  ငါ့အစွယ်နဲ့ မင်းကို မထိစေနဲ့!"

သူ့ဆီမှာ ကြီးကြီးမားမား အစွယ်ရှည် နစ်ချောင်းရှိတာကို သူနည်းနည်းမှ သတိမထား မိဘူးလား...

"အဆင်ပြေပါတယ်!"
 ရှုန်းယယ်  က ပြောလိုက်ကာ ဆင်ပေါက်စလေးကို  အကြိမ်အနည်းငယ် နမ်းလိုက်ပြီး ကျိုးကျီ  ၏ ကိုယ်လုံးကို  အနမ်းတွေနဲ့ပွအောင် လုပ်ပစ်လိုက်တော့သည်။ သေချာတာတော့ ကျိုးကျီရဲ့ ဌက်လေးကိုလည်း နမ်းမိတော့တာပေါ့....


ကျိုးကျီ : ငါ့မိန်းမက တကယ်ကို စိတ်အားထက်သန်လွန်းတယ်။

သူ့ကို ပြန်ပြီး လက်စားချေဖို့ သေချာပေါက် လိုအပ်တာပေါ့.....

 ကျိုးကျီ  -  "မင်းကို ငါ့ဆင်ငယ်လေးကို ငါပြပြီးပြီမို့ မင်းရဲ့ဆင်ငယ်လေးကို ငါ့ကို မြင်ခွင့်ပေးသင့်တယ်"

"မင်း ပြောနေတာ မှားနေပြီလား? ဝက်ဝံလေးကို ပြောချင်သလား။ ငါ့ကိုယ်ငါ  သေးသေးလေးဖြစ်အောင် မလုပ်နိုင်ဘူး။"

ရှုန်းယယ်  က ပြောသည်။

ကျိုးကျီ  - "ငါပြောတာ  စကားမမှားပါဘူး။ ငါ ပြောနေတာက ဆင်လေးတွေအကြောင်းပါ... ငါ့ရဲ့ မူရင်းကမ္ဘာမှာ၊ ကလေးတစ်ယောက်ဟာ သူ့ရဲ့ 'ညီလေး' ရဲ့ ဘေးမှာ နားရွက်နှစ်ချောင်း တွဲလောင်ကျနေတာလေးကို ဆွဲထားတဲ့ ကာတွန်းရုပ်ရှင်တစ်ခုရှိတယ်၊ အဲဒါက ဆင်ငယ်လေးပဲ..."  

ကျိုးကျီ  က အဲဒါကို အသေးစိတ်ရှင်းပြပြီး ပြောလိုက်သည်။

"မင်းရဲ့ ဆင်လေးကို  ငါ လက်ဆွဲပြီး နှုတ်ဆက်ဖို့ ကူညီပေးရမလား"

ရှုန်းယယ်  : "......" ကျိုးကျီ  က ဘယ်လို ပြောင်းလဲလာတာလဲ?

တကယ်လို့ သူတို့ရဲ့ သားရဲနတ် ဘုရားက ဒီလိုလူမျိုးဆိုတာ အပြင်လူတွေက သိသွားရင် သေချာပေါက် ငိုကြလိမ့်မယ်။ ဒါက သေချာတယ်!!!

********-*********

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now