Chapter (80) - ကနူးလှေ

6.4K 1.1K 24
                                    

Chapter (80) - ကနူးလှေ





ရှုန်းယယ် က ကျူးကျန်း ကို အရမ်းသဘောကျခဲ့သည်။ ကျူးကျန်း သည် အလွန်အားကောင်းပြီး အခြားသူများ၏ အထင်ကြီးလေးစားမှုကို အလွယ်တကူဆွဲယူနိုင်ခဲ့သည်။ ဒါပေမယ့် ဒါတွေအားလုံးက ကျူးကျန်း ဟာ သူ့အိမ်ထောင်ဖက်ကို မမက်မောတဲ့ အခြေအနေမှာ ရှိစဉ်က ဖြစ်သည်။

ကျိုးကျီ က သူ့လူဖြစ်ကြောင်း မျိုးနွယ်စုရှိလူများက သိသောကြောင့် ကျိုးကျီ ကို မည်သူမျှ သူ့ထံမှ ဆွဲထုတ်ရန် မကြိုးစားရဲလို့  ရှုန်းယယ်က ဒီလို အကျပ်အတည်းကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ယခုမူ... ရှုန်းယယ် သည် ကျူးကျန်း ကိုကြည့်သောအခါတွင်၊ သူ့ မိတ်ဖက်ကို ဆွဲဆောင်ချင်သည့် အရာတခုခုရှိနေတယ်လို့ ခံစားလိုက်ရသည်။
 

ကျူးကျန်း က ကျိုးကျီ ကို လိုက်ရှာသင့်တယ်လို့ ဘယ်လိုကြောင့် ထင်နေတာလဲ။ သူတို့ဟာ ဆွေမျိုးတွေမဟုတ်သလို တစ်ယောက်နဲ့တစ်ယောက်တောင် ကောင်းကောင်းမသိခဲ့ကြဘူး။ ရှုန်းယယ် သည် ကျူးကျန်း ကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

ကျူးကျန်း သည် ရှုန်းယယ် ၏ရန်ငြိုးထားရသည့် အကြောင်းရင်းကို နားမလည်ဘဲ သူ့လက်အောက် ငယ်သားများ ရောက်လာပြီး ဆွဲခေါ်သည့် အခါထိ ထိုအကြောင်းကို တွေးကာ စိတ်ရှုပ်ထွေးနေလေသည်။

"အကြီးကဲငယ် ကျွန်တော်တို့ရဲ့ အသားကင် အဆင်သင့်ဖြစ်ပါပြီ။ မြန်မြန်လာ စားပါတော့"

အသားကင်အဆင်သင့်ဖြစ်နေလို့ သူ့လက်အောက်ငယ်သားတွေက သူ့ကိုစားဖို့ခေါ်တာ မဟုတ်ဘူးလို့ ကျူးကျန်း က သိထားတာကြောင့် တခြားတစ်ခုခု ပြောစရာရှိတာ ဖြစ်နိုင်လို့ ကျူးကျန်း သူတို့နောက်ကို လိုက်သွားတဲ့အခါ  ၊ သူ့လက်အောက်ငယ်သားများက တီးတိုးပြောခဲ့သည်။

"သခင်ငယ်..... ရှုန်းယယ် မင်းက ကျိုးကျီ ကို သူ့ဆီကနေ ခိုးယူဖို့ ကြိုးစားနေတယ်လို့ ထင်သွားလိမ့်မယ်"

အခြေအနေကို အပြင်ကလူတွေက ပိုရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ကျူးကျန်း ၏လက်အောက်ငယ်သားက ရှုန်းယယ် သည် ကျူးကျန်းက  ကျိုးကျီ အကြောင်းများစွာမေးခြင်းကို မပျော်ရွှင်ကြောင်း သတိပြုမိပြီးဖြစ်သည်။ သူ့မကျေမနပ်က အခုမှ ပိုသိသာလာတယ်။

ကျူးကျန်း : "......" အဲဒါက ဘာလဲ။ သူက ကျိုးကျီ ကို တကယ်စိတ်မဝင်စားဘူး။ သူ့မှာ သူ့အဖော်ရှိပြီးသားဖြစ်ပြီး၊ တခြားယောက်ျားနဲ့ မိတ်ဖက်ထားတဲ့ ရှုန်းယယ် နဲ့ ကျိုးကျီ တို့လို မဟုတ်ဘူး။ သူ၏အိမ်ထောင်ဖက်သည်  သူတို့ တကျူး မျိုးနွယ် တွင် အလှဆုံးမိန်းကလေးဖြစ်သည်။

ဟုတ်တယ်၊သူ့မိန်းမက သူနဲ့ အတူနေခဲ့တာ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး  အလှဆုံးမိန်းကလေးဟာ ကလေးပေါင်းများစွာကို သူ့ကို မွေးဖွားပေးထားပြီး အလှဆုံးလို့ မသတ်မှတ်နိုင်တော့ဘူး...

"ဘယ်လိုကြီးလဲ.... ဒီလူနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေတဲ့အချက်ကို ရှာတွေ့ပြီး အတူနေကြတယ် မဟုတ်လား။ ငါက သူ့ မိတ်ဖက်ကို စိတ်ဝင်စားရအောင် ဘယ်လိုမျိုး ထူးထူးဆန်းဆန်း တွေးနေရတာလဲ။   ငါ့ကို သတိထားဖို့ တကယ်လိုအပ်သလား" ကျူးကျန်း က ပြောသည်။

ကျူးကျန်း ရဲ့ လက်အောက်ငယ်သား- " ရှုန်းယယ် က ကျူးကျူး အကြောင်း အဆက်မပြတ်မေးပြီး ကျူးကျုး ကြိုက်တဲ့ အစားအစာကို ဖမ်းလာပေးတယ်လို့ ပြောရင်... "
ကျူးကျန်း ရဲ့ အိမ်ထောင်ဖက်က ကျူးကျူး လို့ခေါ်ပါတယ်။

ကျူးကျန်း က ထိုစကားကိုကြားတော့ ဒေါသဖြင့် အော်လိုက်သည်။

"သူ အဲ့လို လုပ်ရဲတဲ့ သတ္တိရှိလို့လား"   

ကျူးကျန်း ၏လက်အောက်ငယ်သားက ကပျာကယာ ဝင်ပြောလိုက်သည်။  "အဲဒီလိုပဲ မဟုတ်ဘူးလား?"

အဲဒါက အမှန်ပဲလေ။ ကိုယ့်မိန်းမကို ဘယ်သူကမှ တရားခွင်မှာ ပရောပရည် လာလုပ် ခွင့်မပြုနိုင်ဘူး...

နောက်ဆုံးတော့ ကျူးကျန်း နားလည်ပြီး သူ့လက်အောက်ငယ်သားတွေဆီ လှည့်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်၊ မင်းကို ဘယ်သူက ဒီလောက် တရင်းတနှီးနဲ့ ကျူးကျုးလို့ ခေါ်ခိုင်းတာလဲ။ သူမကို မရီးလို့ခေါ်.... နောင်ကျရင် ငါ့ကို အစ်ကိုကြီးလို့ပဲခေါ်။  ငါ့ကို သခင်လို့ခေါ်တာ စိတ်မသက်မသာဖြစ်စေတယ်။"

ကျူးကျန်း ၏ လက်အောက်ငယ်သားများ "... အစ်ကိုကြီး။"

သူတို့အားလုံး အတူတကွ ကြီးပြင်းလာခဲ့ကြပြီး သူမကို ကျူးကျုးဟု ခေါ်ကြသော်လည်း ယခုတော့ သူတို့အကိုကြီးက ခုလို ခေါ်ခွင့်မပြုတော့ပေ...

ကျူးကျန်း က ပြောလိုက်သည်။

"ကျုးကျူး က အခု ဘယ်လိုနေလဲဆိုတာ ငါ သိချင်နေတယ်... ငါတို့ အိမ် ပြန်ဖို့ အခွင့်အရေး ရှာလို့ ရမယ်ထင်လား"

"လုံးဝ ရှာလို့မရနိုင်လောက်ဘူး!" ကျူးကျန်း ၏ လက်အောက်ခံများက တညီတည်း ပြောလိုက်သည်။

"မှန်တယ်၊ ကျိုးကျီ မှာ နည်းလမ်းရှိရမယ်!" ကျူးကျန်း က ပြောသည်။

 "ကျူးကျုးအတွက်ကတော့ ကလေးရှိတဲ့မိခင်တွေက အပြင်းထန်ဆုံးပါ။ သူမက အသက်ရှင်သန်ဖို့ ကောင်းကောင်း လုပ်နိုင်လိမ့်မယ်။"

သူ့ ဇနီး ကျူးကျုးသည်ကိုယ်ထည် ကြီးမားပြီး ခွန်အားလည်း ပြင်းထန်သည်။ ဒေါသဖြစ်သောအခါတွင် သူသည် သူမမမြင်စေရန်  မကြာခဏ ပုန်းနေရသည်။ မဟုတ်လျှင် သူမက သူ့ကို ကောင်းကောင်း ရိုက်လိမ့်မည်။
 

ကျုးကျူး ၏ လက်အောက်ငယ်သားများ အားလုံးက သူတို့၏ လေးနက်သော သဘောတူမှုကို ဖော်ပြရန် ခေါင်းညိတ်ကြသည်။ သူတို့အားလုံးလည်း ငယ်ငယ်တုန်းက ကျုးကျူး ကို ကြောက်ခဲ့ကြသည် ။
 

သူတို့ စကားစမြည်ပြောနေကြစဉ် ရှုန်းယယ် က ကျိုးကျီ နှင့် ပြောနေသည်။

 "ကျိုးကျီ ၊ ကျူးကျန်း ကို လျစ်လျူရှုပါ။ သူ့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိမယ် မထင်ဘူး!"


"ကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးလား?" ကျိုးကျီက စိတ်စွမ်းအားဖြင့် ကျုးကျန်းတို့ စကားပြောသည်ကို နားစွင့်လိုက်သည်။ ပြီးတော့ ရှုန်းယယ် ကို ပြုံးရယ်ကာ ကြည့်လိုက်သည်။
 

"ဟုတ်တယ်။ သူက မင်းကို သဘောကျနေတယ်လို့ ငါထင်တယ်။ သူက ငါတို့ မျိုးနွယ်စုကို ရောက်ကတည်းက မင်းကိုပဲ ကြည့်ကြည့်နေတယ်!" ရှုန်းယယ်က ပြောလိုက်သည်။

ကျိုးကျီ သည် ကျူးကျန်း သည် ဤကိစ္စနှင့် ပတ်သက်၍ အနည်းငယ် မှားယွင်းသွားသည်ဟု ခံစားမိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကျူးကျန်း သည် သူ့ကို စိုက်ကြည့်တိုင်း သံသယစိတ်များ ပေါ်လွင်နေခဲ့ပြီး ယနေ့ပင် ... ကျူးကျန်း သူ့ကို သဘောကျသောကြောင့် သူနှင့် စကားပြောရန် သေချာပေါက် လာခဲ့ခြင်း မဟုတ်သော်လည်း သူတောင်းဆိုလိုသော အရာတစ်ခုကြောင့် ဖြစ်သည်။

ဒါပေမယ့် ရှုန်းယယ် အဲဒီလိုခံစားရရင် ဒါကို မလုပ်လည်း ဖြစ်တယ်။
 
ရှုန်းယယ် က ကျိုးကျီကိုပြောလိုက်သည်။

 "ဒါပေမယ့် စိတ်မပူပါနဲ့... မင်းက ငါ့ရဲ့အဖော်ပါ။ သားရဲနတ်ဘုရားရဲ့ကောင်းချီးကို ငါတို့ ရရှိထားပြီးပြီ၊ ငါတို့ကို ဘယ်သူမှ မခွဲနိုင်ဘူး။"

ကျိုးကျီ က ပြုံးပြီး ပြောလိုက်သည်၊

 "တကယ်လား" ရှုန်းယယ် အပေါ် သူခံစားရတာကို သူ အတိအကျ နားမလည်ပေမယ့် သေချာတာတစ်ခုကတော့ ရှုန်းယယ်က သူ့ဘေးမှာ ရှိနေရတာကို သူ သဘောကျသည်။
 

ငရုတ်သီးအချို့ကို ဖားနတ်ဆိုး ထဲသို့ ထည့်ထားသောကြောင့် အထူးစားချင်စရာကောင်းနေသည်။ ကျိုးကျီ က ဒီဟင်းကို နည်းနည်းထပ်စားတယ်။ ရှုန်းယယ် ကတော့ အမြဲတမ်း အများကြီးစားတယ်။

နောက်နေ့တွင် စုပေါင်းအမဲလိုက်ခြင်း မရှိပါ။

ရှုန်းယယ် မနက်စောစောထပြီး ကျိုးကျီ ကို ပြောလိုက်သည်။

 "ဒီနေ့ မင်းစားဖို့ အရသာရှိတဲ့ တစ်ခုခု သွားဖမ်းတော့မယ်"  

ကျိုးကျီ က ရယ်ပြီး မှာလိုက်သည်။  "ကောင်းပြီ။ စောစောပြန်လာပါ။"  

"ကောင်းပြိ!" ရှုန်းယယ် သဘောတူလိုက်သည်။ သူလည်း စောစောထွက်သွားပြီး စောစောပြန်ချင်သည်။ ကျူးကျန်းဘေးကနေ သူ့ကျိုးကျိုး ကို ကာကွယ်ဖို့ လိုတယ် ။

သို့သော်လည်း ရှုန်းယယ် ထွက်သွားပြီးချင်းမှာပဲ ကျူးကျန်း က ကျိုးကျီ ကို လာရှာခဲ့ပါတယ်။ ထိုအချိန်တွင်၊ ကျိုးကျီ သည် မြေအိုးပြုလုပ်သည့်နေရာအနီးတွင် အနားယူနေသည်။

မြေအိုးကို ချိုင့်ဝှမ်းလွင်ပြင်တွင် ပြုလုပ်ခဲ့သည်။ သို့ရာတွင် ရွှံ့နှင့်ပြုလုပ်ထားသော မြေအိုးပုံကြမ်းများကို မိုးရေ မထိနိုင်စေဖို့ ဘုန်းတော်ကြီးက လူများကို ထိုနေရာတွင် တဲများဆောက်ရန် အမိန့်ပေးခဲ့သည်။ ကံမကောင်းစွာပဲ၊ သူတို့မျိုးနွယ်စုက လူတွေဟာ မိုးဒဏ်ခံနိုင်တဲ့ အမိုးအကာတွေ ဆောက်ရာမှာ အတွေ့အကြုံ အလွန်နည်းပါးကြပါတယ်။ သူတို့သည် ဘာမှ မဆောက်နိုင်ပဲ ရက်အနည်းငယ်ကြာအောင် အချိန်ကုန်သွား ခဲ့သည်။  

ကျိုးကျီ သည် ကျောင်းတွင် သင်ယူခဲ့သော ဂီတသင်ခန်းစာကို ရုတ်တရက် သတိရသွားသည်။ ဆရာက သူတို့ကို 'မြေကြီးပေါ် ကခုန်ခြင်း သီချင်း' ဆိုတတ်အောင် သင်ပေးတယ်။ဒီသီချင်း ဘယ်လိုဆိုပြီး ကရ သလဲဆိုတာကို သူ မေ့နေတာ ကြာပါပြီ၊ ဒါပေမယ့် ဆရာပြောခဲ့တဲ့ မြေကြီးကို ခုန်ပေါက်တာ မှတ်မိနေသေးတယ်။

မြေစိုက်တဲ လုပ်ဖို့ အုတ်မြစ်ချသောနည်းကို သုံးရသည်။ ဒီနည်းကို သုံးမယ်ဆိုရင် ရွှံ့နွံကို အဓိကထားကာ တည်ဆောက်ရေး ပစ္စည်းအဖြစ် အသုံးပြုကာ ရွံ့နံရံဖြစ်လာသည်အထိ ခိုင်မြဲစွာ ဖိသိပ်ကာ ဆောက်ရခြင်းဖြစ်သည်။ ဒီနည်းကို ရှေးခေတ်ကတည်းက ဆောက်လုပ်ခဲ့သော အဆောက်အအုံများတွင် အဓိကတွေ့ရသည်။ ဒီလို ဆောက်လုပ်မယ့် နည်းလမ်းကို နှစ်ပေါင်းများစွာ ကြာမှ ရှာဖွေတေ့ရှိကာ အသုံးပြုလာခဲ့မည်ဖြစ်သည်။  

ကျိုးကျီက ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွေ့အကြုံမရှိသောကြောင့်  အိမ်များကို သစ်သားဖြင့်ပြု လုပ်ထားနိုင်သည်ကို သူ သိသော်လည်း အသေးစိတ် ဆောက်လုပ်နည်းကို မသိပေ။ ထို့အပြင် သစ်သားဖြင့် ဆောက်ထားသော အိမ်များသည် မျိုးနွယ်စုများ၏ နွေးထွေးမှု မရှိသည့်အပြင် မြွေများ၊ အင်းဆက်များ၊ ကြွက်များနှင့် အခြားသော ပိုးမွှားများကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ဒါပေမယ့် သူတို့က ရွှံ့နဲ့ နံရံလုပ်ကာ မြေစိုက်တဲတွေကို ဆောက်ရင် ပိုကောင်းမယ် မဟုတ်လား။

ကျိုးကျီ က သူ့အတွေးတွေကို မျိုးနွယ်စုကို ချက်ချင်းပြောပြလိုက်တယ်။

အုတ်တံတိုင်းခတ်ထားသော မြေသားတည်ဆောက်ပုံများသည် အချိန်ကုန်ပြီး ပင်ပန်းခက်ခဲသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်မှာ သေချာသည်၊ သို့သော် ဝက်ဝံကြီး  မျိုးနွယ်စုမှလူများသည် ခွန်အား အရမ်းမစိုက်ထုတ်နိုင်သည့် လူများစွာ ရှိသည့်အပြင် သူတို့ကလည်း အချိန်များစွာရှိနေခဲ့ကြသည်။

ကျိုးကျီ သည် ပထမဦးစွာ ဘုန်းတော်ကြီးကု စတုရန်းမီတာနှစ်ဆယ်ခန့်ကျယ်သော နေရာကို မြေပြင်ပေါ် ရေးဆွဲပေးပြီး ထိုနေရာကို အမိုးလုပ်ဖို့အတွက် သုံးချောင်းထောက် သစ်သားတိုင်စိုက်ဖို့ တွင်း တူးခိုင်းသည်။ သစ်သားချောင်းတွေကြားက နေရာလွတ်တွေကို ရွှံ့တွေလာပုံစေပြီး အလယ်က နေရာကို သိပ်သည်းသွားစေဖို့    လူတွေ အဆက်မပြတ် နင်းခိုင်းတယ်။

ထပ်ခါထပ်ခါ ခေါက်ပြီးရင် ရွှံ့တွေက အရမ်းကျစ်လစ်လာမယ်။ ဤနည်းဖြင့် ဖန်တီးထားသည့် ရွှံ့နံရံသည် လေ သို့မဟုတ် မိုးဒဏ်ကြောင့် လွယ်လွယ် အရည်ပျော်သွားမှာ မဟုတ်ပေ။ တကယ်လို့ ထိုရွှံ့နံရံက ပေါက်သွားလျှင်ည်း အလွယ်တကူ ဖာထေးနိုင်သည်။   ဤပုံစံဖြင့် တည်ဆောက်ထားသော အဆောက်အဦများသည် ဆောင်းရာသီတွင် အလွန်နွေးထွေးပြီး နွေရာသီတွင် အေးမြသည်။

ကျိုးကျီ သည် ဤကဲ့သို့သော တည်ဆောက်ထားသည့် မြေစိုက်ရွံ့တဲတွေမှာ  ပြတင်းပေါက်များကို မည်သို့ဖန်တီးရမည်ကို မသိခဲ့ပေ။

အုတ်တံတိုင်းတစ်ခုကို ကျန်တာထက် ပိုတိုအောင် လုပ်လို့ရလား။ ပြီးတော့ ပြတင်းပေါက်ဘောင်တစ်ခုလုပ်မလား?  

မေ့လိုက်ပါ။ ဒါတွေကို နောက်ပိုင်းမှာ ဖြည်းဖြည်းချင်း စဉ်းစားလို့ရတယ်။ ဘယ်လိုဖြစ်ဖြစ် မီးမဖုတ်ရသေးတဲ့ မြေအိုးခွက် အစိမ်းတွေကို သိမ်းဖို့   နေရာကောင်းတစ်ခုဖြစ်လာသည်။

ကျိုးကျီ သည် သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ မျိုးနွယ်စုလူများ၏ ရွှံ့ပုံသွင်းခြင်းစွမ်းရည်ကို ကြည့်နေသည်။ မျိုးနွယ်ထဲကလူတွေရဲ့ ပုံသွင်းခြင်း စွမ်းရည်က လွန်ခဲ့သောရက်အနည်းငယ်ကထက်စာလျှင် များစွာတိုးတက်နေပြီဖြစ်သည်ကို တွေ့ရှိခဲ့သည်။

အထူးသဖြင့် ရှုန်းယယ်က မွေ့ရာပြုလုပ်ရန် အပ်ခဲ့သည့် မျောက်သားရဲလူသား အဖိုးအိုကြီး လုပ်သည့်  ရွှံ့ပန်းကန်လုံးသည် အကောင်းမွန်ဆုံးဖြစ်သည်။

ဒါပေမယ့် ဒီလူတွေလုပ်ထားတဲ့အရာတွေက မဆိုးပေမယ့် မီးဖုတ်သည့် ဖြစ်စဉ်အတွင်း အများစုဟာ ကွဲသွားနိုင်သည်။ ဟုတ်တယ်၊ ဒါက အရေးမကြီးပါဘူး။ သူတို့ရဲ့ ကျရှုံးမှုတွေကနေ သင်ယူပြီး နောက်ဆုံးမှာ အောင်မြင်မှုတွေ ရလာကြလိမ့်မယ်။  

ထို့အပြင်၊ သူတို့၏မျိုးနွယ်စုတွင် ထင်းရှားပါးမှု မရှိခဲ့ပေ။

အရင်က သူ စိတ်ရိုင်းဝင်ပြီး ဖြတ်သန်းခဲ့ရတဲ့ တောင်ပေါ်ကနေ ရလာတဲ့ ထင်းကို အသုံးမချသေးသလို သစ်ပင်သစ်တွေလည်း ပေါ်ထွက်နေပြီ... ဒီကမ္ဘာကြီးရဲ့ အောက်ဆီဂျင်ပါဝင်မှုက အလွန်မြင့်မားနေတာ မထူးဆန်းတော့ပေ။ အတိအကျပြောရရင် အပင်များနှင့် တိရိစ္ဆာန်တွေက ဒီလောက် ထွားကျိုင်းသန်မာနေ တာက ဒီလောက် များပြားသည့် အောက်ဆီဂျင်ပမာဏ ကို ရှုရှိုက်နေရလို့လည်းပါသည်။
 

ကျိုးကျီ နားကို ကျူးကျန်း ချဉ်းကပ်လာပြီးပြောခဲ့သည်။
"ကျိုးကျီ.... ငါတို့ စကားပြောလို့ရမလား"

"ဘာအကြောင်းပြောချင်တာလဲ" ကျိုးကျီ က မေးသည်။  

"ငါ့ကိုမျိုးနွယ်ကို ပြန်သွားနိုင်မယ့် နည်းလမ်းရှိလား။ ငါဆိုလိုတာက သားရဲလူသား ကုန်းမြေကို ပြန်သွားဖို့ပြောတာ.." လို့ မေးလိုက်ပါတယ်။


သားရဲနတ် ဘုရားကျောင်း က သားရဲလူသားတွေ နေထိုင်သည့် နေရာကို သားရဲလူသားကုန်းမြေ လို့ အမည်ပေးခဲ့ပါတယ်။ ထိုနေရာတွင် မြေသြဇာကောင်းသော လွင်ပြင်များရှိပြီး မျိုးနွယ်စုများစွာ ရှင်သန်ပေါက်ဖွားကာ လူနေမှု အဆင့်တန်း မြင့်မားလာကြသည်။ တစ်ချိန်တည်းမှာပင်၊ တစ်ဖက်ကမ်းမှ မမြင်နိုင်လောက်အောင် ကျယ်ပြန့်သော ရှည်လျားပြီး အဆုံးမရှိသောမြစ်ကြီးဖြင့် သားရဲလူသားကုန်းမြေ မှ ခွဲထုတ်ထားသော ဧရိယာကို တောရိုင်းမြေဟုခေါ်သည်။

သားရဲလူသားများကို ပြည်နှင်ဒဏ်ပေးသောအခါတွင် သူတို့အား ကနူးလှေများပေါ်တင်ပြီး မြစ်ထဲ တွန်းချပြီး မြစ်ကိုဖြတ်ကာ တောရိုင်းမြေဆီသို့ ပို့လိုက်ကြသည်။ ဆယ်ယောက်မှာ ကိုးယောက်က လမ်းမှာသေပြီး ပြန်လာဖို့ အထူးခက်ခဲလှသည်။


ဒီမြစ်ကြီးထဲမှာ ဆယ်မီတာကျော် အရှည်ရှိတဲ့ ဧရာမမိကျောင်းကြီးတွေနဲ့ သားရလူသား တတစ်ကောင်ကို တစ်ခါတည်း မျိုနိုင်တဲ့ ငါးကြီးတွေလည်း နေထိုင်ကြသည်။

ကျူးကျန်း ကို ကနူးလှေပေါ်တင်လိုက်သောအခါ သတိလစ်သွားသော်လည်း ခရီးအကြာတွင် သူနိုးလာပြီး သူ့မျက်လုံးရှေ့တွင် အကောင်ကြီးကြီး တွေပေါ်လာပြီး သူ့လူတွေကို တစ်ကောင်ပြီးတစ်ယောက်  မျိုချလိုက်သည်ကို စောင့်ကြည့်နေရသည်။

 ဧရာမမိကျောင်းကြီးတွေ၊ ငါးကြီးတွေ မရှိခဲ့ရင်တောင်  လှိုင်းလုံးကြီးတစ်ခုက ကနူးလှေကြီးပေါ်မှ ရိုက်ခတ်ကာ လူတွေကို မြစ်ထဲ ရိုက်ချသွား လိမ့်မည်။

ကျိုးကျီ: "......" ကျူးကျန်း ၏ ပြောပြချက်အပေါ်အခြေခံ၍ ထိုအရာက  မြစ်ကြီးတစ်စင်းဖြစ်နိုင်လောက်သည်။ မြစ်ကို ကနူးလှေနဲ့ ဖြတ်ကူးချင်တာက တကယ်တော့ မဖြစ်နိုင်လောက်ဘူး။

 ဒီခေတ်မှာ ကြောက်စရာကောင်းတဲ့ သားကောင်တွေ အများကြီးရှိတယ်ဆိုတာ မပြောနဲ့တော့.... ခြေထောက်နဲ့ နင်းခြေနိုင်သည့် ကင်းခြေများတွေတောင်  ဆယ်မီတာလောက် ရှည်နိုင်တယ် တခြားဘာမှ မပြောနဲ့ဦး

ကျိုးကျီ က အပြတ်ငြင်းလိုက်သည်။
 "မင်းပြန်လာဖို့ ငါကူညီမယ့် နည်းလမ်းရှိတယ်၊ ဒါပေမယ့် အခု မလုပ်နိုင်သေးဘူး"  

"ဘာကြောင့်လဲ?" ကျူးကျန်း က မေးလိုက်သည်။

"နည်းပညာတွေ ပျောက်နေသေးတယ်" ကျိုးကျီ က ပြောသည်။

မြစ်ကိုဖြတ်ချင်ရင် လှေတွေရှိရမယ်။ ဒါပေမယ့် လှေတွေ ဘယ်လိုဆောက်ခဲ့သလဲ ဆိုတာကိုတော့ ဆောရီးပဲ...သူ တကယ်ကို မသိဘူး။

ဧရာမ ဖေါင်ကြီးတစ်ခုကို ဆောက်ပြီး မြစ်ပြင်ကျယ်ကြီးကို  ဖြတ်ကျော်ဖို့ ခွန်အားကြီးတဲ့  တိုက်ခိုက်ရေးသမားတစ်စုကို ရှာတွေ့မယ်ဆိုရင် သူတို့အုပ်စုက  မြစ်ကို ဖြတ်ကူးနိုင်လိမ့်မည် ။ သို့သော် ဖောင်ကောင်းကောင်းမဆောက်နိုင်သောကြောင့် စွမ်းအားရှင်များကို ရှာဖွေဖို့ဆိုတာ အခု ဆွေးနွေးဖို့တောင် မလိုအပ်ပေ။

"ဘာနည်းပညာလဲ" ကျူးကျန်း က မေးသည်။  

"သင်္ဘောကြီးတစ်စင်းဖြစ်အောင် သစ်သားအပိုင်းအစအများကြီးကို တွယ်ဆက်မယ့် နည်းပညာ" ကျိုးကျီ က ရှင်းပြသည်။

ကျူးကျန်း သည် လေးလေးနက်နက် အတွေးထဲသို့ နစ်မြှုပ် သွားခဲ့သည်။

ကျိုးကျီ က ပြောပြလိုက်သည်။

"တုတ်သေးသေးလေးတွေကို ယူပြီးတော့ ကိုယ်တိုင်လုပ်ကြည့်လို့ရတယ်"

ကျူးကျန်း က ခေါင်းညိတ်ပြသော်လည်း သူ့မျက်နှာမှာ ရှုပ်ထွေးနေသည်။ ကျိုးကျီပြောသော  ထိုအရာများကို သူ တစ်ခါမှ မလုပ်နိုင်ခဲ့ဘူးလား။  

ကျူးကျန်း သည် ယခင်က ကျိုးကျီ နှင့် ပြင်ပကမ္ဘာအကြောင်း အကြောင်းအရာများစွာကို မျှဝေခဲ့ဖူးသော်လည်း အသေးစိတ်အချက်များစွာကိုမူ မပြောဖူးပေ။ ဒီတစ်ကြိမ်တွင်၊ သူ သိသမျှကို ပြောပြပြီး ကျိုးကျီ သည် သားရဲလူသား ကုန်းမြေ တွင်ရှိသောအရာများကို ပိုမိုစေ့စေ့စပ်စပ်နားလည်နိုင်စေရန် ခွင့်ပြုပေးခဲ့သည်။

သို့သော် ထိုအရာများကို သိရှိခြင်းက သူ့အတွက် အနည်းငယ်မျှ အဓိပ္ပါယ်မရှိပေ။

သားရဲလူသား ကုန်းမြေ ရှိ သားရဲလုူသားများသည် ပိုမိုဖွံ့ဖြိုးလာသော်လည်း ကျောက်ခေတ်တွင် ဆက်သွယ်ရေးသည် လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းအပေါ် မှီခိုနေရဆဲဖြစ်သည်။ သားရဲလူသား ကုန်းမြေ သည် အလွန်ဝေးကွာသောကြောင့် သူတို့၏ဘဝအပေါ် အမှန်တကယ် သက်ရောက်မှုမရှိပေ။

ဆန့်ကျင်ဘက်အားဖြင့်၊ ကျားကြီးမျိုးနွယ်စုက ပွက်ပွက်လောရိုက်နေသည်။

 
ကျိုးကျီ သည် ကျားကြီးမျိုးနွယ် လာတိုက်မည်ကို စိုးရိမ်နေချိန်တွင် ကျားကြီးမျိုးနွယ် မှ ကျွန်အုပ်စုတစ်စုသည် ဝက်ဝံကြီး  မျျိုးနွယ်  ဆီသို့ လျှောက်သွားနေပါသည်။

အားလုံးတွင် ကျွန်တစ်ရာကျော်ရှိပြီး သုံးပုံတစ်ပုံသည် ချင်းစန်း မျိုးနွယ်ဝင်ဖြစ်သည်။ ကျန်သည့်လူတွေက အခြားမျိုးနွယ်စုများ ဖြစ်ကြသည်။

 ကျားကြီးမျိုးနွယ်သည် သူတို့ တိုက်ခိုက်သိမ်းပိုက်လာသည့် လမ်း ခရီးတွင် ကျွန်အများအပြားကို ဖမ်းဆီးခဲ့ပြီး သူတို့က စုစုပေါင်း တစ်ထောင်ကျော်ရှိသည်။ ဒီအဖွဲ့က ကျွန်အုပ်စုထဲမှာ   အညံ့ဆုံးကျွန်ေတွေ ပါဝင်နေတယ်။

 ကျားကြီးမျိုးနွယ်မှ  သူတို့ ထွက်ခွာလာတာက ရက်အတော်ကြာခဲ့ပြီဖြစ်သည်။ ဒီခရီးမှာ သူတို့ထဲက အနည်းစု ဆုံးပါးသွားခဲ့ပြီး အခုအချိန်မှာတော့ လူတိုင်းရဲ့ အမူအရာတွေ ထုံကျင်နေပြီး မျက်လုံးတွေ က ဝေဝါးနေသည်။   

"မြန်မြန်သွား! မင်း ဝက်ဝံကြီး  မျိုးနွယ်   ကိုရောက်တဲ့အခါ မင်းအားလုံး အနားယူပြီး အသားစားနိုင်လိမ့်မယ်။"
မောဝ်ဟော့ က ပြောသည်။ သူအရင်က ဝက်ဝံကြီး  မျိုးနွယ်   ကို ရောက်ဖူးပြီးဖြစ်လို့ သူကတော့ ဒီလူတွေကို ဒီအချိန်မှာ ဦးဆောင်လာသူ ဖြစ်နေသည်။


မောဝ်ဟော့ ၏စကားကိုကြားသောအခါ ထိုလူများ၏အမူအရာများ ပြောင်းလဲသွားသည်။  ဝက်ဝံကြီး  မျိုးနွယ်   ကိုရောက်ရင် အသားစားနိုင်ပါ့မလား။ ဒီလို အလိမ်အညာမျိုးကို သူတို့ လုံးဝ မယုံဘူး။ဖြစ်နိုင်ချေတစ်ခုက သူတို့ရဲ့ဘဝက ပိုဆိုးလာတာပဲဖြစ်မည်။  ဝက်ဝံကြီး  မျိုးနွယ်   ကို ရောက်တဲ့အခါ သူတို့ အသတ်ခံရလိမ့်မယ်။  အဲဒီစိတ်နဲ့ ဒီလူတွေဟာ စိတ်အားထက်သန်လာတယ်။ အခြေနေကိုမြင်တော့ မောဝ်ဟော့  အနည်းငယ်စိုးရိမ်လာသည်။

ဒီလူတွေဟာ ဝက်ဝံကြီး  မျိုးနွယ်   ကို ရောက်တဲ့အခါ ဝက်ဝံကြီး  မျိုးနွယ်   က ခေါ်ဆောင်သွားပြီး မျိုးနွယ်စုရဲ့ အစားအစာတွေ အကုန်စားတာ ဒါမှမဟုတ် ဝက်ဝံကြီးမျိုးနွယ်ကို တိုက်ခိုက်မယ်လို့ သူက  မျှော်လင့်ခဲ့ကြတာပါ။ ရလဒ်အနေနဲ့ကတော့ အခုလူတွေရဲ့ အသွင်အပြင်ကိုကြည့်ရင်တော့ ဝက်ဝံကြီး မျိုးနွယ်က လူတွေနဲ့ ရန်ဖြစ်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။  

မိုက်မဲလိုက်တာ။ ထားလိုက်တော့....  ဒီလူတွေကို ဘယ်လိုပဲဖြစ်ဖြစ် ဝက်ဝံကြီး မျိုးနွယ်က လူတွေက သတ်ပစ်ကြလိမ့်မယ်။ အသုံးမကျတဲ့ ဒီကျွန်တွေက အသတ်ခံရလည်း အရေးမကြီးဘူး...

မောဝ်ဟော့ နှင့် သူ၏လူအုပ်စုသည် ခရီးဆက်နေကြစဉ် ရှုန်းယယ် သည် မျိုးနွယ်စုဆီသို့ ပြန်ရောက်လာခဲ့သည်။

သူပြန်ရောက်လာတော့ ချက်ချင်းဆိုသလိုပင် သူ့အား ကလေးအုပ်စုက ပြေးလာပြီး သတင်းပို့ခဲ့သည်။

 "အကိုကြီး ရှုန်းယယ်!အဲ့ဒီဝက်က ကျိုးကျီ ကိုရှာပြီး စကားအကြာကြီးပြောခဲ့တယ်!"


***-***

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now