Chapter (32)_ မာလု - ဧရာမမီလီပိဒ်ကြီးများ

8.1K 1.5K 57
                                    

Chapter (32)_ မာလု - ဧရာမမီလီပိဒ်ကြီးများ


ကမ္ဘာကြီး၏အဆုံးသတ်အချိန်ကလို  အရာအားလုံး တိုက်ခိုက်ခြင်းနှင့်သတ်ဖြတ်ခြင်းလိုမျိုးမဟုတ်ပဲ  ရှေးခေတ် လူ့အဖွဲ့အစည်း၏ဘဝသည် အတော်ပင်ငြိမ်သက် လှသည်။  ထိုအချိန်က ကျိုးကျီး ကိုယ်တိုင်လည်း သတ်ခဲ့ရသည်။ အခု ရှုန်းယယ်နှင့် လက်ထပ်ဖို့ နဲ့ လက်ထပ်လက်ဆောင်ပေးဖို့ဆိုတာ မရှိရင် ဒီစွမ်းအားပြည့်လျှံနေတဲ့ အပင်ရဲ့ ဆွဲအားနဲ့ ကျိုးကျီက အနီးကို ကပ်သွားဖို့ စိတ်ကူးမည် မဟုတ်ပေ။

 ဒီမှာက စွမ်းအားတွေပေါများနေတာလို့ သူ ကောင်းကောင်းကျင့်ကြံနိုင်သည်ဖြစ်လို့ ထို သဘာဝရတနာကို သုံးဖို့မလိုပေ။ ဒါပေမယ့်အခု ရှုန်းယယ်တစ်ယောက် ရှိလာခဲ့လေပြီ။

ရှုန်းယယ်၏အင်အားသည်မျိုးနွယ်စုထဲတွင် အားကြီးသော်လည်း သူသာ တနေ့ထွက်သွားခဲ့ရရင်....
 

  ဒီနေရာမှာ Earthquake dragon  ဟုခေါ်သော ဒိုင်နိုဆောတစ်မျိုးရှိသည်။ ထိုဒိုင်နိုဆော၏ ခန္ဓာကိုယ်သည် မီတာလေးဆယ် သို့မဟုတ် ငါးဆယ်ရှိပြီး ကိုယ် အလေးချိန်က တန် လေးဆယ် သို့မဟုတ် ငါးဆယ်လောက် ရှိသည်။ အဲ့ဒီလို ဒိုင်နိုဆောက ဒီစွမ်းအင်ပါ ၀ င်သော အပင်ကို စားမိရင် တန်ချိန်က ရာချီဖြစ်လာနိုင်သည်။

 သူ့ရဲ့အမွေးရှည်ဆင်ရဲ့ပုံက     ဧရာမ အကောင်ကြီး ဖြစ်ကာ ိုကုန်းပေါ်တွင်အကြီးဆုံးနို့တိုက်သတ္တဝါဟု ခေါ်သော်လည်း သူက ရှုန်းယယ်လိုပဲ တစ်ကောင်တည်း ဖြစ်နေသည်။
 

Earthquake dragon ့ဒိုင်နိုဆောများသည်  အုပ်စုလိုက် နေကြသည့် ဒိုင်နိုဆောများ ဖြစ်သည်။ သူတို့က လူတွေကိုအကြောင်းပြချက်မဲ့ တိုက်ခိုက်မှာ မဟုတ်ပေမယ့် သူတို့နဲ့ရင်ဆိုင်ရရင် ဘယ်သူမှ မလွတ်နိုင်ပေ။ သူတို့နဲ့ယှဉ်ရင်  အဲဒီအသားစား ဒိုင်နိုဆောတွေက တကယ်သေးငယ်သွားလေသည်။

     ဒါပေမယ့်အရွယ်အစားကသေးရင်တောင် အဲဒီအသားစားဒိုင်နိုဆောတွေက လူတွေကို သေစေလောက်တဲ့ ထိခိုက်မှုက မနည်းလှပေ။ ကျိုးကျီက အဲ့ဒီ ဒိုင်နိုဆောတွေနဲ့တိုက်ခိုက်ရင် ဒဏ်ရာမရနိုင်သော်လည်း ရှုန်းယယ်က သေသွားနိုင်သည်။

ဒါကြောင့် သူ့ဝက်ဝံလေးအတွက် ဒီစွမ်းအားတွေနဲ့ပြည့်နေတဲ့ အပင်ကို ရအောင် ယူမှဖြစ်မည်။

ကျိုးကျီ၏ခန္ဓာကိုယ်သည်ပတ်ဝန်းကျင်မှ စွမ်းအင်ကို အလိုအလျောက်စုပ်ယူပေးပြီး စိတ်စွမ်းအားကို ဖြန့်ကျက်ကာ လိုဏ်ဂူအတွင်းပိုင်း အခြေအနေကို အမြဲ စောင့်ကြည့်နေလိုက်သည်။

    ဤဂူထဲက အပင်ကို စောင့်နေသည့် ခြေများ တွားသွားကောင် ကင်းခြေများအုပ်စုက လုံးထွေးလို့နေသည်။ အကောင်သေးတွေက အပင်နားကို ကပ်ခွင့်မရပဲ အပင်နားတွင် ကင်းခြေများအကောင်ကြီးတွေ ရှိနေသည်။

    သူ၏မျက်ခုံး အနည်းငယ်တွန့်သွားပြီး အပင်ကို မည်သို့ ရယူရမည်ကို ကြံဆလိုက်သည်။

   အနီးအနားရှိ ဧရာမသစ်ပင်ကြီးအောက်ရှိ အရွက်ကြွေများကြားမှ ထွက်ပေါ်လာသော အလွန်ကြီးမားသော ဆယ်မီတာလောက်ရှည်သည့် ဧရာမ တွားသွားကောင်တစ်ကောင်ကို ရုတ်တရက် ကျိုးကျီ မြင်လိုက်ရသည်။

ကျိုးကျီက စိတ်စွမ်းအားဖြင့် ထိုအကောင်ကို စစ်ဆေးကြည့်ပြီး ဒီကောင်ရဲ့ ပုံစံက မာလု လို့တောင် ခေါ်သင့်နေပြီဟု တွေးလိုက်သည်။

 (Ma Lu - millipede )

 မာလုကို millipede - မီလီပိဒ် လို့လည်းခေါ်သည်။ မီလီပိဒ်က ကျောရိုးမဲ့ အကောင်ဖြစ်ပြီး ထိလိုက်တဲ့အခါ၊ ကြောက်ရွံ့တဲ့အခါ  ခန္ဓာကိုယ်ကို ကွေးကာ ခွေလိပ်လိုက်ကြသည်။ မီလီပိဒ်တွေက  စိုစွတ်ပြီးမှောင်မိုက်သောနေရာတွေကိုနှစ်သက်သည်။ သူတို့က အုပ်စုလိုက်နေတတ်ကြပြီး  ်များသောအားဖြင့် သစ်ရွက်ဆွေးတွေကို စားကြသည်။  

ကမ္ဘာကြီး အဆုံးမသတ်မီ အကြီးဆုံးသော မာလုက  ဆယ်စင်တီမီတာကျော်သာ ရှည်လျားပြီး အချို့မှာ အဆိပ်ရည်များ ထုတ်လွှတ်နိုင်သော်လည်း အများစုမှာက အန္တရာယ်မပေးကြပေ။

 ဒီဧရာမ မာလုကြီးက အလွန်နူးညံ့သိမ်မွေ့ပြီး IQ လည်းမြင့်မားမည် မဟုတ်ပေ။ ကျိုးကျီက   သူ၏ပုံစံကိုမကွယ်ဝှက်ဘဲ နေပေမယ့် မာလုက သူ့ကို  လျစ်လျူရှုခဲ့သည်။

မာလုသည်ရေကန်ထဲသို့ဖြည်းဖြည်းချင်း ဝင်သွားပြီး အက်ကြောင်းများဆီသို့ ကူးခတ်သွားသည်။ တစ်ချိန်တည်းမှာပင် အခြား မာလုသည် နံရံ အက်ကွဲကြောင်း များမှ တက်လာပြီး ဘေး ပတ်ဝန်းကျင်က တောအုပ်ထဲသို့ တရွှေ့ ရွေ့ တက်သွား သည်ကို တွေ့လိုက်ရသည်။ ဧရာမ မာလုအုပ်စုလိုက်ကြီး သွားလာနေသည့်မြင်ကွင်းက ဦးရေပြားပင် ကျိန်းစပ်ထုံကျဉ်သွားအောင် အူယားစရာကောင်းလှသည်။

       ခဏလေးအတွင်းမှာ အက်ကွဲကြောင်းတွေထဲမှာ မာလုတွေနဲ့ ပြည့်နှက်နေပြီး မာလုတွေက သစ်ရွက်ကြွေအောက်ထဲ တိုးဝင်သွားကာ အကြီးဆုံး ဧရာမ မာလုကြီးက အပင်ဘေးတွင် ကပ်ကာ အိပ်လိုက်သည်။

  ဤကျောက်ထရံက အက်ကွဲကြောင်းသည် ဧရာမ မာလုကြီး ဝင်ထွက်နေသည့် နေရာဖြစ်နိုင်သည်။ အခြားအကောင်တွေက ဧရာမ မာလုကြီး အစာရှာထွက်ချိန်မှာ အပင်နားကပ်နေပြီး သူ့သခင်ပြန်လာနေတော့အကုန်ပျောက်ကွယ်ကုန်တာ ဖြစ်နိုင်သည်။

  အရင်ကတော့ ကျိုးကျီက အပင်ကို ဘယ်လို ယူရမလဲ ဆိုတာ ကို စိတ်ပူနေတုန်းဘဲ။ အခု သူ့မှာ အဖြေတစ်ခုရှိလာပြီ။

    ဤကျောက်တောင် အက်ကွဲကြောင်းသည် ကျဉ်းမြောင်းသော်လည်း လူ တကိုယ်စာ ဝင်နိုင်သည်၊ ထို့ကြောင့်ပြားချပ်ချပ်နှင့်ရှည်လျားသော မာလာလည်း ဝင်နိုင်သော်လည်း သူ၏တိရစ္ဆာန်ပုံစံနှင့်ဆိုရင် ဒီထဲကို မ ၀ င်နိုင်လောက်ပေ။ လူသားပုံစံနဲ့ အထဲဝင်ပြီး အပင်ကို ယူဖို့ဆိုရင် သူက ဒီဧရာမ မာလုကို ရင်ဆိုင်ဖို့  သူ့ကိုယ်ပိုင်ပုံစံက အရမ်းအားနည်းနေတယ်။

ကံကောင်းထောက်မစွာနဲ့ သူ့မှာ တိုက်ခိုက်နိုင်တဲ့ စိတ်စွမ်းအားရှိသည်။ ကျိုးကျီ၏စိတ်စွမ်းအားသည် ဧရာမ မာလုကြီး နားကို တိုးကပ်သွားပြီး အချင်းချင်းထိန်းချုပ်ရန်ကြိုးစားလိုက်သည်။

    ဤဧရာမ မာလု၏ခန္ဓာကိုယ်ထဲက အမြူတေသည် သားရဲလူသားတွေရဲ့ကိုယ်ထဲက အမြူတေထက် ပိုကြီးကာ စွမ်းအားလည်းပိုများသည်။ ရှုန်းယယ်၏ ကိုယ်ထဲက အမြူတေထက်ပင် ကြီးကာ စွမ်းအားလည်း ပိုသန်မာနေလေပြီ။

   ဒါပေမယ့် ကျိုးကျီ အတွက် မာလုကို သူက လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ခဲ့သည်။

    ဤ မာလု၏ခန္ဓာကိုယ်သည် ကြီးမားသော်လည်း ဦး နှောက်စွမ်းရည်သည် သေးငယ်ကာ IQ လည်း နိမ့်ကျသည်ဟု ဆိုနိုင်သည်။

ကျိုးကျီသည် မာလုကို  ထိန်းချုပ်ပြီးနောက် သူသည်  အပင်ကိုတူးရန် ညွှန်ကြားလိုက်ကာ မာလုကို  အပင်ကိုယူပြီး ဂူအပြင်ထွက်ခဲ့စေသည်။

   သူက မာလုကို သတ်ဖို့ ရည်ရွယ်ချက်မရှိပေ။  ဒါကြောင့်အပင်ကို ပိုနူးညံ့သိမ်မွေ့တဲ့နည်းနဲ့ ယူဖို့ သူ စီစဉ်ခဲ့တယ်။

    အနာဂတ်တွင်ဤမာလုသည် ပေါကြွယ်ဝသော စွမ်းအင်များ မရှိသော်လည်း အနည်းဆုံးတော့ သူတိုကက ဒီနေရာတဝိုက်မျာ့ကောင်းကောင်းနေနိုင်ပါလိမ့်မည်။

ဒီအကြံက အရမ်းကောင်းသည်ဟု ထင်ခဲ့သော်လည်း အပင်ကို နူတ်လိုက်သည်နှင့်  အပင်မှစွမ်းအင်များ လျော့နည်းသွားသည်ကို တွေ့ရှိရပြီး ကျိုးကျီ မျက်လုံးပြူးသွားသည်။

   ဒီလိုကိစ္စမျိုးဖြစ်လာလိမ့်မယ်လို့သူ မမျှော်လင့်ခဲ့လို့ အံ့သြတုန်လှုပ်သွားခဲ့တယ်။ သူသည် သူ၏အပင်စွမ်းရည်ကို သုံး၍ အပင်ကို ကယ်တင်ချင်လာသည်။

    အပင် စွမ်းအင်က တကယ်ကို အသုံးဝင်သည်။ သူ၏အပင်စွမ်းရည်ကိုစုပ်ယူပြီးနောက်  အပင်မှ စွမ်းအင်များသည် ယိုစိမ့်ခြင်းမရှိတော့ပဲ အပင်ကို ပြန်လည် လန်းဆန်းလာစေခဲ့သည်။ သူ့ဆီက အပင်စွမ်းအင်ကို ရလို့ အပင်က ပိုလို့ ကြီးလာခဲ့သည်။

 ကျိုးကျီက  အနည်းငယ်အံ့သြသွားသော်လည်း  သူ၏အပင်စွမ်းရည်ကို ရပ်တန့်လိုက်ရင် ထိုအပင်က ဟတင်ညှိုးနွမ်းလာလိမ့်မည်ကိုတွေးကာ ကူကယ်ရာမဲ့ဖြစ်လာသည်။

မာလုသည်အပင်ကိုတူးလိုက်စဉ်က အပင်၏ အမြစ်တစ်ပိုင်းကို ကျိုးသွားစေခဲ့သည်။ တခြားအပင်ဆိုရင် အမြစ်ကို ထိခိုက်တာ ဘာမှမဖြစ်နိုင်ပေမယ့် ဒီ စွမ်းအားကြွယ်ဝသည့် အပင်က အထိခိုက်မံနိုင်သည်ပုံပဲ။ ဒါကြောင့် အပင်ဆီက စွမ်းအားတွေ စိမ့်ထွက်ကာ အပင်ကို ချက်ချင်း ညှိုးလာစေခဲ့သည်။

ဒီအပင်ကို အခြားနေရာမှာ ပြောင်းစိုက်လည်း အသုံးမဝင်လောက်ပေ။ ဘာကြောင့်လဲ ဆိုတော့ ဒီမြေအောက်က စွမ်းအင်ကို အပင်က စုပ်ယူပြီးရှင်သန်ကြီးထွားနေပုံရသည်။
 

     ဤအပင်သည် ဒီမြေထဲ၌ပါ ၀ င်သောအရာများမှ ထွက်ပေါ်လာသည့် အပင်စွမ်းရည်ကိုသာ ဆက်လက်သုံးစွဲပြီး ကြီးထွားလာနိုင်သည်။

    အပင်တစ်ပင်စိုက်ရန် မိနစ်အနည်းငယ်သာ ကြာပေမယ့် သူ့လက်ထဲရှိအပင်သည် စိုက်လို့ အဆင်မပြေနိုငပေ။ ဒါကြောင့် မတတ်သာပဲ သူ့ ပတ်လည်က စွမ်းအားအကုန်ကို စုပ်ယူကာ အပင်စွမ်းအင်အဖြစ်ပြောင်းပြီး လက်ထဲက အပင်ကို ကူးပြောင်းပေးလိုက်သည်။


 သူ၏အစွမ်းသည်အပင်ထဲသို့လျင်မြန်စွာ ၀ င်ရောက်ခဲ့ သော်လည်းအပင်သည် အနည်းငယ်သာ ကြီးထွားလာသည်။ ဒါကြောင့် ကျိုးကျီက အပင်စွမ်းအားပို သုံးလိုက် ရသည်။  ဒါတောင်ဒီအပင်က အများကြီး မကြီးထွားလာခဲ့ဘူး။

    သူက ဂျင်ဆင်းပင်ကို စိုက်ခဲ့ရင်တောင် နှစ် 100 သက်တမ်းရှိတဲ့ ဂျင်ဆင်းကို အချိန်တိုအတွင်းရနိုင် ပေမယ့် အခုအပင်က သူ့ အပင်စွမ်းအား အကုန်ပို့ပေးတာတောင် အသီးမသီးခဲ့သေးပေ။

 အခုတော့ သူက အံကြိတ်ကာ ရှိသမျှ စွမ်းအင်ကို အပင်ဆီပို့လွှတ်ကာ အပင် မြန်မြန်ကြီးပြီး အသီးသီးလာအောင် လုပ်ဖို့ပဲ ကျန်တော့သည်။

  ကျိုးကျီ၏ စွမ်းရည်က နည်းသွားတာနဲ့ အပင်က  ညှိုးနွမ်းသွားလိမ့်မည်။ ကျိုးကျီက ဒါကြောင့် ခန္ဓာကိုယ်၌စုဆောင်းထားသောစွမ်းအင်များကို စုဆောင်းနိုင်ပြီး စွမ်းရည်ကိုပြန်လည်ထိန်းသိမ်းရန်နှင့် ဤအပင်ကိုဆက်လက်ထောက်ပံ့နိုင်ရန်  ပတ် ၀ န်းကျင်ရှိကြွယ်ဝသောစွမ်းအင်ကို စုပ်ယူရန်သာ ရှိတော့သည်။

ထိုအခါ ကြီးမားသော မာလုကြီးက သူ့ရဲ့စိတ်စွမ်းအားဖြင့် ထိန်းချုပ်မှု မရှိတော့သဖြင့် ပင်ကိုယ်စိတ်ဝင်လာကာ သူတို့ရဲ့ ရတနာပင်ကို ကိုင်ထားသည့် ကျိုးကျီဆီကို တဟုန်ထိုး  အမြန်ပြေးလာတော့သည်။

ပုံမှန် မာလုဆိုရင် အကောင်များစွာကို ခြေထောက်ဖြင့် နင်းခြေလို့ရပေမယ့် ဒီ ဧရာမ မာလုကြီးကတော့  သတ်ပစ်ဖို့ရာ ကြီးလွန်းနေသည့်အပြင် သူ၏ ကျောပေါ်ရှိ အခွံသည် အင်မတန် မာကြောသည့် ဒိုင်းကာကဲ့သို့ဖြစ်ကာ သူ့ပါးစပ်က သွားတွေလည်း ဓါးကဲ့သို့ ထက်ရှပြီး သူ့ကို  မိနစ်ပိုင်းအတွင်း ဝါးစားပစ်နိုင် သည်။

 ကျိုးကျီ -  "... "

မာလုသည်ပိုးကောင်ကဲ့သို့ IQ အလွန်နည်းသော်လည်း ဦး နှောက် မရှိဟု မဆိုလိုနိုင်ပေ။ အခု သူတို့ ရတနာ အပင်ကို ခိုးယူခဲ့သည့် ကျိုးကျီကို သူက မုန်းနေသည်။

 မာလုက သူ့ကို    တိုက်ခိုက်လိမ့်မယ်ဆိုတာ သိတာနဲ့ သူ၏လက်ဖဝါးပေါ်ရှိ အပင်ကို မိုးပေါ် မြှောက်တင်လိုက်ပြီး စိတ်စွမ်းအားဖြင့် သူ့ အမွှေးရှည်ဆင်ကြီး အဖြစ်ကို အသွင်ပြောင်းလိုက်ကာ အပင်ကို နှာမောင်းဖြင့် ဖမ်းယူကာ ပြေးတော့သည်။



 သူ၏လူသားပုံစံသည်အားနည်းလွန်းပြီး ဆယ်မီတာရှည်သော မာလုကို မထိန်းနိုင်ပေမယ့် အမွှွေးရှည်ဆင် ပုံစံနဲ့ဆိုရင်သူ့ တိုက်ခိုက်အားကို မထိန်းနိုင်ပဲ အကုန် ကို ရိုက်ချိုးပစ်နိုင်သည်။
ကျိုးကျီက အရမ်းစိတ်ဆိုးပြီး အပင်ကို ယူကာ လှည့်ပြေးသွားပေမယ့် မာလုက  အံ့သြသွားပြီး နောက်က ထပ်ချပ်မကွာ လိုက်လာခဲ့တယ်။

 ကျိုးကျီသည် မာလုက သူ့ကို မမီစေရန် ပြေးလွှားနေရစဉ် အပင်ကိုလည်း စွမ်းအင် ထောက်ပံ့ရသေးသည်။ သူ့အစွမ်းအပေးရင် နှာမောင်းနှင့်ရစ်ပတ်ထားသည့် အပင်က ချက်ချင်းညှိုးသွားလိမ့်မည်။
   မင်းရဲ့နှာခေါင်းကိုသုံးပြီး အစွမ်းအစတွေကို သုံးတာက အရမ်းထူးခြားတဲ့ ခံစားချက်တစ်ခုပဲ။

    ပတ် ၀ န်းကျင်ရှိသစ်ပင်များသည် သိပ်သည်းလွန်းနေပေမယ့် အပင်စွမ်းအားရှင် ကျိုးကျီအတွက်  သွားလာရာတွင်အတားအဆီး မရှိပေ။ ဒါပေမယ့် သူ့ရဲ့တိရစ္ဆာန်ပုံစံကြောင့် တောထူရာကို ဝင်ပြေးလို့ အဆင်မပြေဘူး။  ဒါကြောင့် သူက ကွင်းပြင်နားကနေပဲ တရကြမ်းပြေးရတော့သည်။ သူက တောင်ကုန်းလေးတွေကို ရှောင်လိုက်ရသည်။

 သူ၏တိရိစ္ဆာန်ပုံစံ အမွှေးရှည်ဆင်ကြီး၏ကိုယ်က အလွန်ကြီးမားပြီး သူ့နောက်လိုက်နေသည့်မာလုကို နင်းခြေပစ်နိုင်တယ်ဆိုပေမယ့် သူ့စိတ်ဒဏ်ရာကို မကျော်လွှားနိုင်လို့ ကျိုးကျီက သတ်ဖြတ်ဖို့ကို ရှောင်လိုက်ရသည်၊

 သူ့ဆီက အပင်နှင့်စိတ် စွမ်းအားများ ကုန်ဆုံးသွား သောအခါ သူ့နှာမောင်းထဲက အပင်က အသီးနီနီတစ်လုံး သီးလာခဲ့သည်။

     
  ဒီအပင်က အသီးက မှည့်သွားပြီ။ နောက်ဆုံးတော့ သူ့စွမ်းအားကို သုံးစရာမလိုဘူး !!

    အပင်ရင့်မှည့်ချိန်၌၊ ပတ် ၀ န်းကျင်ရှိ စွမ်းအင်အားလုံးသည် အပင်ဆီက စုပ်ယူမှုကို ခံလိုက်ရသည်။
 
 တစ်ချိန်တည်းမှာပင်မူလ စတော်ဘယ်ရီအရွယ် အနီရောင်အသီးသည် ပန်းသီးတစ်လုံး၏ အရွယ်အစားသို့ကြီးလာပြီး အနီရောင်က ပိုမိုတောက်ပလာခဲ့သည်။

    အသီးက ကြီးထွားနေစဉ်အခိုက်အတန့်တွင် မူလက ပုံမှန်မဟုတ်ဘဲ များပြားသည့်စွမ်းအင်ကို စုပ်ယူလိုက်ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် ပျော့ကျ ညှိုးနွမ်းလာကုန်အောင် အပင်စွမ်းအား စုပ်ယူခံလိုက် ရသည်။

အသီး၏အရောင်က ပိုတောက်ပကာ ကျိုးကျီက ဒီအသီးကိုမြင်သောအခါ အသီးကိုစားချင်စိတ်ကို ထိန်းမရအောင် ဖြစ်လာသည်ဟု ခံစားလိုက်ရသည်။

    အဲ့ဒီအချိန်မှာ သူ့ကိုလိုက်ရှာနေသော ဧရာမမာလုကြီးက ရုတ်တရက်ရူးသွပ်လာသလို အရမ်းကို အသည်းအသန်ပြေးလာသလို  တစ်ချိန်တည်းမှာပဲ ပတ်ပတ်လည်ရှိ အရွက်ကြွေများအောက်က ကြီးကြီးသေးသေး မာလုပေါင်းစုံတို့က ခုန်ပျံထွက်လာကာ ကျိုးကျီကို ဝိုင်းတိုက်ခိုက်ကြသည်။

 ကျိုးကျီသည် အခု အမွှေးရှည်ဆင်ပုံဖြစ်နေလို့ ပေါ်လာသည့် မာလု အကုန်ကို နင်းခြေ ပစ်နိုင်သော်လည်း အကောင်တွေက များလွန်းလို့ သူ့မျက်နှာကို ဝိုင်းကိုက်တာ ခံလိုက်ရပြီး    ဒဏ်ရာများစွာရကုန်ကာ အစွမ်းလည်းကုန်ပြီး မောဟိုက်လာသည်။

 ထိုစဉ် ကျိုးကျီ၏မျက်လုံးများသည် နီရဲနေပြီး သူ့မှာဆိုးရွားသော ခံစားချက်များပေါ်လာခဲ့သည်။

    ကမ္ဘာကြီးရဲ့အဆုံးသတ်က လူတွေကို ရူးသွားအောင် တွန်းအားပေးနိုင်ခဲ့တယ်။ ကမ္ဘာပျက်ကပ်မှာ    ဖုတ်ကောင်တွေကို သတ်ခဲ့ရတယ်။ ဖုတ်ကောင်တွေက လူသားပုံလိုဖြစ်တယ်ဆိုပေမယ့် အသက်ရှင်ဖို့ သူတို့ကို သတ်ခဲ့ရတယ်။  အချို့လူများသည် ဖုတ်ကောင်များနှင့်လူသားများအကြား မခွဲခြားနိုင်ပါ။ စိတ်ပျက်အားလျော့စွာဖြင့် သူတို့သည်ပတ် ၀ န်းကျင်ရှိအရာအားလုံး ဖုတ်ဖြစ်စေ၊ လူဖြစ်စေ သတ်ဖြတ်ကာ အသက်ရှင်သန်ဖို့ ရုန်းကန်ခဲ့ရသည်။

 နောက်ဆုံး တိုက်ခိုက်ဖို့ စွမ်းအားကုန်ရင် အသတ်ခံလိုက်ရသည်။

ကျိုးကျီက ပထမ သူ့ရဲ့အပင်စွမ်းရည်က မနိုးထသေးစဉ် လူတွေက သူ့ကို ကူညီပေးခဲ့သည်။ ထိုလူတွေ သေကုန်တော့ သူမှာ အစာမရှိ၊ သန့်ရှင်းတဲ့ရေမရှိ၊ စကားပြောစရာလူမရှိ...အကန့်အသတ်မရှိ စိတ်ပျက်အားငယ်မှုကြောင့် သူသည် စိတ်တို့ ပေါက်ကွဲထွက်လာပြီး စိတ်ကိုလွှတ်ကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို လုပ်ခဲ့သည်။

    နောက်ပိုင်းတွင် သူ့အစွမ်းတွေကို သုံးနိုင်တဲ့နည်းလမ်းတွေကို တတ်ကျွမ်းလာပြီး သဘာဝအလျောက် သုံးလာနိုင်ခဲ့သည်။ နောက်ပိုင်း ဖုတ်ကောင်တွေကို အစုလိုက် အပြုံလိုက် အကုန်သတ်ဖြတ်ချင်လာခဲ့သည်။

    သူ့ စိတ်စွမ်းအားကိုလည်း နိုးထလာနိုင်ခဲ့ပြီး အစုအပြုံလိုက် သတ်ဖြတ်မှုမှာ အားသာလာခဲ့ပေမယ့် သူ့မိဘတွေသာ သက်ရှိထင်ရှားရှိဦးမယ်ဆိုရင် သူ့လုပ်ရပ်ကို ထောက်ခံမည်မဟုတ်ပေ။ ဒါပေမယ့်

အဲ့ဒီအချိန်က ဘယ်သူမှ မကျန်တော့လို့ သူ ဘာလုပ်လုပ် ဘာမှမဖြစ်ပေမယ့်.... အခု ဒီနေရာမှာ သူ့ဆီမှာ ဝက်ဝံလေးရှိနေပြီ။

 ဤလောကသို့ရောက်ပြီးနောက် သူ ခုလို အစုလိုက် အပြုံလိုက် သတ်ချင်စိတ် ရုတ်တရက်  ၀ င်လိမ့်မည်ဟု မထင်ခဲ့မိပေ။ အခု သူ့ စိတ်တွေ ဖောက်ကုန်တော့မလား။ ကျိုးကျီ မကောင်းတဲ့ ခံစားချက် တမျိုးရလာသည်။

 နှစ်လတာကို ဘာကိုမှ မသတ်ပဲ ဖြတ်ကျော်ခဲ့ ပေမယ့် သူ၏ အခြေအနေကို မပြုပြင်နိုင်ဘဲ သူ၏ စိတ်ပိုင်းဆိုင်ရာပြသနာ များလည်း မပျောက်ကင်းခဲ့ပါ။ သူ ရူးတော့မယ် ...

    မိုးရွာနေပြီး မိုးရေစက်တွေက အပေါ်ကနေ ယိုစိမ့်ကျနေတယ်။ နှာခေါင်းဖြင့်ကွေးကာ ထွေးပွေ့ထားသော အပင်သည် ထိုစဉ် အောက်ကို လျှောကာ တကယ်ကျသွားခဲ့သည်။

သူနှာမောင်းချက်ကြောင့် အပင်သည် ချက်ချင်း ညှိုးနွမ်းသွားခဲ့ပြီး အသီးက ကြွေကျသွားတာ ဖြစ်သည်။

  မာလုရဲ့ကိုက်ချက်ကို ရှောင်ရှားစဉ် ကျိုးကျီက နှာမောင်းကို မြှောက်ကာ အသီးကို လှမ်းဖမ်းစဉ် မသိစိတ်ဖြင့် ပါးစပ်ကို ဟကာ ဖမ်းယူလိုက်မိသည်။

     နွေးထွေးသောစမ်းချောင်းတစ်စင်းက ုသူ့ပါးစပ်ထဲတွင်ပေါ်လာပြီး သစ်သီးက အရည်ပျော်ကာ သူ့ပါးစပ်ထဲသို့ တိုက်ရိုက် စီးဝင် သွားခဲ့သည်။

ကျိုးကျီ: "... "  

ရှုန်းယယ်အတွက်မင်္ဂလာဆောင်လက်ဆောင်အတွက်သူ အရမ်းကြိုးစားကာ မာလုတွေ လက်ထဲကနေ လုယူခဲ့ရတယ်။  အခုတော့ပျောက်သွားပြီလား။ !  

    မင်္ဂလာဆောင်လက်ဆောင်ပျောက်သွားရင်တောင် သူက မာလုအုပ်စုကြီးထဲမှာရှိနေဆဲပါ။

   ကြောက်စရာကောင်းသော မာလုကောင်ကြီးများ သည် သက်သတ်လွတ်စားသော်လည်း ဒေါသက အသေကို ကြီးကြတာပဲ...

 ကျိုးကျီက အကူအညီမဲ့သလိုခံစားလိုက်ရသည်။

    ကံကောင်းထောက်မစွာ အသီးကိုစားပြီးနောက် သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့်စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့သည် လျင်မြန်စွာပြန်လည်ကောင်းမွန်လာပြီး ချက်ချင်းနီးပါး အကောင်းဆုံးအခြေအနေကို ပြန်ရောက် သွားခဲ့သည်။

       ဒါကိုသဘောပေါက်ပြီး ကျိုးကျီသည် ရုတ်တရက်လူသားအသွင်သို့ပြောင်းသွားပြီး တောထူသည့်ဘက်သို့ ရွေ့သွားသည်။ သစ်ပင်ထိပ်သို့တက်ကာ သစ်ပင်ထိပ်မှ တပင်ကနေ တပင်ကို ကူးပြီး စိတ်စွမ်းအားဖြင့် ပြေးလွှားခဲ့ရလို့  ကိုယ်စွမ်းအား သိပ်မစိုက်ရတော့ပေ။

    သူ့နောက်မှ မာလုအုပ်စုက အောက်ကနေ ဆက်တိုက် အမီလိုက်လာကြသည်၊ သို့သော် သူတို့အားလုံးသည် တဖြည်းဖြည်း နောက်ကျကျန်ရစ်ခဲ့သည်။

    တစ်နာရီကြာအောင်ပြေးပြီးနောက် ဧရာမမာလု အုပ်စုကြီးကို မျက်ခြေဖြတ်နိုင်ခဲ့သည်။   ဒါတင်မက သူက အဲဒီတောအုပ်ထဲကနေ ထွက်ပြေးလာ နိုင်ခဲ့တယ်။

ကျိုးကျီ စိတ်သက်သာရာရသွားပြီး သူ၏အ ၀ တ်များဆုံးရှုံးသွားသည်ကို စိတ်ပျက် လက်ပျက် တွေ့လိုက်ရသည်။

    ဒါက ဘာပြဿနာမှမရှိပါဘူး၊ သူ့ရဲ့ စိတ်စွမ်းအားတွေကို သိမ်းဆည်းပြီးနောက် အနားမှာ ၂  မီတာ ရှည်တဲ့ မာလု တစ်ကောင် ရောက်နေတာကို တွေ့လိုက်ရလို့ အံ့သြသွားရသည်။

ဒီမာလုက သူ့နောက်ကို လိုက်ခဲ့တဲ့ မာလု အုပ်စုထဲက မဟုတ်ပေ။ အခုမာလုက သူ့ကို တိုက်ခိုက်ဖို့မရည်ရွယ်ဘူး။ ကျိုးကျီက စိတ်စွမ်းအားဖြင့် ထိုမာလုကို ထိန်းချုပ်ကာ ထိုမာလုကို နွယ်ပင်တွေနှင့် ရစ်ပတ်ကာ ပစ်ထုတ်လိုက်ပြီး စိတ်ခံစားချက် နည်းနည်းပိုကောင်းလာခဲ့သည်။
 
 ပြီးတော့ ငါ့ကိုယ်ငါသစ်ရွက်တွေနဲ့ ဖုံးပြီး ဝက်ဝံြ့ီး မျိုးနွယ်စုဆီကို သွားတော့မယ်...။

   အပြစ်မဲ့တဲ့ အဲ့ဒီမာလုလေးခမျာ သူ့ သက်တမ်းက နုနုလေးပဲ ရှိသေးတယ်။ သူက  သူငယ်ရွယ်စဉ်က နေထိုင်ခဲ့သော တောအုပ်ထဲမှ လွှင့်ပစ်ခံလိုက်ရသည်။  သူဒါကိုအလေးအနက်မထားခဲ့ဘူး။ အဲဒီ့မှာ သူ တစ်ခါမှမစားဖူးတဲ့အစားအစာတွေအများကြီးရှိပြီး သူကအရွက်အောက်မှာ စားနေခဲ့စဉ် ့ခြေနှစ်ချောင်းပါတဲ့ လူတစ်ယောက်က သူ့ကို တွေ့ပြီး လွှင့်ပစ်ခဲ့ပြန်တယ်။

ဒါက ဘာမှမဟုတ်သေးဘူး။ နောက်ထပ် လူအုပ်စုတစ်စုရောက်လာပြီး  သူတို့ထဲက တစ်ယောက်က သူအရမ်းနှစ်သက်တဲ့ ပန်းဝတ်မှုန် အနံ့ကောင်းကောင်းရှိနေတယ်။

ဒါကြောင့် မာလုက ထိုလူဆီသို့ အပြေးအလွှားသွား လိုက်သည်။

    ဒီနေ့ အင်းဆက်အမျိုးမျိုးအဖုံဖုံရဲ နှောင့်ယှက် ခံရသောရှီလီ: "... "

ဘယ်လိုကြီးလဲ။

***-***

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now