Chapter ( 92 ) _ မမျှော်လင့်ပဲ ရောက်လာသည့် ဧည့်သည်များ

6K 1K 31
                                    

Chapter ( 92 ) _ မမျှော်လင့်ပဲ ရောက်လာသည့် ဧည့်သည်များ


ဒီတစ်ကြိမ်တွင် ကျားကြီး မျိုးနွယ် မှ လူခုနစ်ဦးသည် ဝက်ဝံကြီး မျိုးနွယ် သို့ ရောက်ရှိခဲ့ကြသည်။ ဒီအချိန်၌ သူတို့ကို ဦးဆောင်သူမှာ မောဝ်ဟောင့် မဟုတ်တော့ဘဲ ဟူထျန်း က လေးနက်စွာ ယုံကြည်ခဲ့သော အခြားသူဖြစ်သည်။

ဒီလူ၏ တိရစ္ဆာန်ပုံစံမှာ ကြံ့ပုံစံ ဖြစ်သည်။ သူ့ပုံစံက အရမ်းကြီးမားပြီး သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းအားက မနည်းပါဘူး။ သူ့နာမည်ကိုတော့ မာရှောင် လို့ခေါ်တယ်။

(河马 – ဟော်မာ၊ မာ - ကြံ့)

မာရှောင် က သူ့မျက်နှာပေါ်မှာ အမြဲပြုံးနေခဲ့တယ်။ သူက စိတ်ကောင်းရှိပြီး လူတိုင်းအပေါ် စေတနာထားတဲ့ပုံပေါ်ပေမယ့် တကယ်တော့ သူက လူကောင်းမဟုတ်ပေ။ သူ့တိုက်ခိုက်ရေးနည်းလမ်းတွေက ရက်စက်ရုံတင်မကဘဲ အလွန်ပါးနပ်လွန်းလှတယ်။

ဟူထျန်း က သူ လိမ္မာပါးနပ်တဲ့အတွက် ဒီတာဝန်ကို ဒီတစ်ကြိမ် သူ့ကို ပေးအပ်ခဲ့ပါတယ်။ ဝက်ဝံကြီး မျိုးနွယ် မှ သူတို့ရရှိခဲ့သော အချက်လက်များသည် ရောထွေးပြီး မတိကျပေ။ ဟူထျန်း က ဘာတွေဖြစ်နေတာလဲ အတိအကျ သိချင်တယ်။ မာရှောင် နှင့်အဖွဲ့သည် အနီးနားသို့ဝင်ရောက်ပြီးနောက် ဝက်ဝံကြီး မျိုးနွယ် ၏နယ်မြေကို စတင်လေ့လာခဲ့သည်။

ဝက်ဝံကြီး မျိုးနွယ် သည် အလွန်ကောင်းမွန်သောနေရာကို သိမ်းပိုက်ထားသည်။ သူတို့အတွက် ဆောင်းရာသီကို ဒီမှာ ကုန်ဆုံးဖို့ ဖြစ်နိုင်ပေမယ့် အားလုံးက ဝက်ဝံကြီး မျိုးနွယ် ရဲ့ အခြေအနေပေါ်မှာ မူတည်ပါတယ်...

မာရှောင် သည် မောဝ်ဟောင့် ၏နောက်တွင်ရှိနေခဲ့ပြီး နံနက်စောစောတွင် သူ၏ညီငယ်နှစ်ယောက်ကို ဝက်ဝံကြီး မျိုးနွယ် ၏နယ်မြေထဲသို့ ခေါ်ဆောင်သွား ခဲ့သည်။ ဝက်ဝံကြီး မျိုးနွယ်စု၏ နယ်မြေအတွင်းတွင် သစ်ပင်များစွာ ခုတ်လှဲ ခံခဲ့ရသည်။ ဆောင်းရာသီအတွက် အဆင်သင့်ပြင်ဆင်ထား ပုံရပြီး-- ဆောင်းရာသီတွင် သူတို့လည်း ထင်းအများအပြား လိုအပ်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now