Chapter (171- 2) _ Parallel World (2) - အပြိုင်ကမ္ဘာ-2

3.1K 651 21
                                    

Chapter (171- 2) _ Parallel World (2) - အပြိုင်ကမ္ဘာ-2


ကျိုးကျီက အိပ်လိုက်ရင် အိပ်မက်ထဲမှာ ရှုန်းယယ် နဲ့ ချစ်ကြည်နူးစွာ အချိန်ဖြုန်းနေတဲ့ အိပ်မက်ထဲက သူ့ရဲ့ တခြားသော ကိုယ်ပွားကို မကြည့်ချင်တာကြောင် ရှီလီနောက်ကို တိတ်တဆိတ် လိုက်သွားခဲ့တယ်။

ရှီလီသည် ရှုန်းယယ် နှင့် အတူူတူ မအိပ်တော့သည်ကို တွေ့ရတော့ သူ စိတ်သက်သာရာရသွားသည်။

သို့သော်လည်း သူ စိတ်သက်သာရာရတာ စောလွန်းသွားခဲ့သည်။

နောက်တစ်နေ့တွင် ရှီလီသည် အပြင်မှာ လှည့်ပတ်ကစားဖို့မသွားတော့ပဲ သူ ရုတ်တရက် ရှုန်းယယ် ကို နွေးထွေးစွာ ဆက်ဆံခဲ့သည့် အပြင် သူသည် သားရဲလူသား ကုန်းမြေမှ လူများထံမှ သတင်းအချက်အလတ်များကို စတင်မေးမြန်းခဲ့သည်။

ရှီလီ၏အခြေအနေကြောင့်် သားရဲနတ်ဘုရားဘုရားကျောင်းမှ ဘုန်းတော်ကြီးချုပ်က ရှီလီအပေါ် သဘောထားမဆိုးလို့ ရှီလီ၏မေးခွန်းများကို ကောင်းကောင်း ဖြေကြားပေးခဲ့သည်။

ရှီလီက မေးခွန်းတစ်ခုပြီးတစ်ခုမေးပြီးနောက်ဆုံးမှာ သူ သိချင်တာကို မေးလိုက်သည်။

"အရှင်ဘုန်းတော်ကြီးချုပ် ၊ သားရဲနတ်ဘုရား ပူဇော်ပွဲနေ့မှာ မိတ်ဖက်ပြုတဲ့သူတွေက သားရဲနတ်ဘုရား ကောင်းချီးပေးတဲ့ လက်တွဲဖော်တွေ ဖြစ်လာတယ်ဆိုတာ တကယ်လား "

"ဟုတ်ပါတယ်။" ဘုန်းတော်ကြီးချုပ် က ပြန်ဖြေလိုက်သည်။

"သူတို့က ခွဲခွာသွားကြမယ်ဆိုရင် သားရဲ နတ်ဘုရားသခင်ကို စိတ်မချမ်းသာအောင် လုပ်မိမှာလား။" ရှီလီက သေချာအောင် ထပ်မေးသည်။

"ဒါ ဖြစ်နိုင်တယ်။ သားရဲ နတ်ဘုရားက သူတို့၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင်သိသူတွေကို နှစ်သက်တယ်လေ။" ဘုန်းတော်ကြီးချုပ် က ပြောလိုက်သည်။

တိတ်တဆိတ် နားထောင်နေသော ကျိုးကျီ : "......"

ကျိုးကျီ သည် သူ နတ်ဘုရား အဖြစ်တင်မြှောက်ခံရပြီး အစောပိုင်းနှစ်များတွင် သားရဲလူသား ကုန်းမြေမှ အကြီးအကဲဘုန်းကြီးများနှင့် ဆက်သွယ်လိုစိတ်ရှိသည့် အချိန်က လက်တွဲဖော်ကို သစ္စာဖောက်သူများကို မကြိုက်ကြောင်း ပြောခဲ့ဖူးသည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now