Chapter (127 ) _ သမိုင်းမတင်မီ အချိန်က ကြံ့ကြီး

5K 1K 36
                                    

Chapter (127 ) _ သမိုင်းမတင်မီ အချိန်က ကြံ့ကြီး


ကျိုးကျီက ထမင်းလည်း ချက်ပြီးမှသာ ထိုလူငယ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဆယ်ကျော်သက်ကောင်လေးက သေချာပေါက် အရွယ်မရောက်သေးပေ။ သူ့အကြည့်တွေက ရှိုးရှင်းလှပြီး တွေတွေငေးငေးလေးဖြစ်နေကာ သူ့ပုံစံလေးက ရိုးသားမှန်းသိသာသည်။ ထို့အပြင် သူ၏ အရေပြားသည် အလွန်ဖျော့တော့ကာ လက်တွင် ဒဏ်ရာများ မရှိသလို သူ့ဆံပင်တွေက အရမ်းသန့်ရှင်းနေသည်။ သူ့သွားတွေခပ်ကြီးကြီးနဲ့ သူက ခုမှ ကြီးကောင်ဝင်စ အရွယ်ရောက်တယ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။

ကျိုးကျီက ဒီလိုပုံစံနဲ့ကောင်လေးက အခြားမျိုးနွယ်စုကြီးတွေမှာဆိုရင် လူငယ်အကြီးအကဲအဖြစ် မြင်တွေ့ရနိုင်သငည်။ ဒါကြောင့် သူ့ရှေ့က ဆယ်ကျော်သက်ကောင်လေးက မျိုးနွယ်စုကြီးတစ်ခုမှ လာသည်ဟုလည်း သံသယဖြစ်မိသည်။ တဖက်လူက သူ မေးခွန်းမဖြေသည်ကို စိတ်ထဲ အငြိုးအတေးထားပုံမရပေ။ ဒါကြောင့် ဒီကောင်လေးနောက်ခံက သေချာပေါက် မရိုးရှင်းနိုင်ပေ။

ကျိုးကျီ သည် သူ့ကို မဆူမငေါက်ပဲ စိတ်ကြိုက်လုပ်ခွင့်ပေးထားလိုက်သည်။ ရလဒ်အနေနဲ့ကတော့ ထိုကောင်ငယ်လေးက မေးခွန်းတွေ ထပ်ပြီးမေးတော့တာပဲ။

"ဌက်ဥခွံကွဲအောင် ဘာကြောင့်လုပ်ဖို့ လိုအပ်တာလဲ"

ကျိုးကျီက ကြက်ဥခွံကို ခွဲလိုက်ချိန်မှာ လူငယ်လေးက ချက်ပြုတ်သည့် ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ကာ မေးခဲ့ပြန်သည်။

ကျိုးကျီ : "......"

ကျိုးကျီ သည် ထိုလူငယ်လေးကို ဘာမှမဖြေပဲ နေသည့်အခါ ရှုန်းယယ် က ဘာမှ မပြောပေမယ့် ဒီကောင်ငယ်လေးက ကျိုးကျီ နားတွင် အဆက်မပြတ် ကပ်နေတာက သူ့ မျက်လုံးများထဲ တခုခုဝင်သလို ခံစားရကာ စိတ်မသက်မသာဖြစ်စေခဲ့သည် ။

သူနှင့် ကျိုးကျီ တို့သည် ကမ်းခြေမျိုးနွယ်စုတွင် နွေးထွေးသော အနမ်းများ ဖလှယ်ခွင့် ပြီးနောက်ပိုင်း ဘာမှ ထပ်မလုပ်ရတော့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ကျိုးကျီ ကိုကြည့်လိုက်တိုင်း ကျိုးကျီ ကို ပွေ့ဖက်ပြီး အကြိမ်အနည်းငယ် နမ်းချင်လွန်းလို့ သူ့ရင်ထဲမှာ ယားယံနေတတ်သည်။ ဒီလိုအခြေအနေမျိုးမှာ တခြားသူတွေကို ကျိုးကျီ အနားကို သူ ဘယ်လိုကပ် ခွင့်ပြုနိုင်ပါ့မလဲ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now