Stone-age Husband Raising Journal _ Chapter ( 9 ) - Cultivation (U+Z)

7.6K 1.2K 10
                                    

Stone-age Husband Raising Journal _ Chapter ( 9 ) -  Cultivation  (U+Z)

(Cultivation - ကျင့်ကြံခြင်း)

ပန်တာဆယ်ရာတော့ပ်စ် ဒိုင်နိုဆောများသည် ဦးခေါင်းတွေက ကြီးမားပေမယ့် ဉာဏ်ရည်နိမ့်ကျပြီး  ရန်စရလွယ်ကူကာ ဒေါသထွက်လွယ်ကြသည်။  
ပန်တာဆယ်ရာတော့ပ်စ်တွေရဲ့ အနီးတဝိုက်က မြေမျက်နှာပြင် အခြေအနေများအား သေချာ အကဲခတ်ပြီးနောက် ပထမ စီစဉ်ထားသည့်   မီးတုတ်နှင့် မြှားခေါ်မည့်နည်းလမ်းကို စွန့်လွှတ် လိုက်ကာ   နွံအိုင်ဆီ မျှားခေါ်ရန်  ဆုံးဖြတ် လိုက်သည်။ လမ်းတွင် မျှားခေါ်လာသည့် လူတွေကို  ပထမတဖွဲ့မောတာနဲ့ နောက်တဖွဲ့ ချက်ချင်း အစားထိုးခဲ့ကြပြီး ဒိုင်နိုဆောကြီးတွေက လူစားထိုးလိုက်ကြတာကို သတိမပြုမိကြပေ။  ပန်တာဆယ်ရာတော့ပ်စ်များသည် အရှေ့မှ လူစုနောက်ကို ဒေါတကြီး လိုက်ရင်   နွံအိုင်ထဲ ခေါင်းထိုးကျသွားတော့သည်။


ပန်တာဆယ်ရာတော့ပ်စ်များ၏ ဦးခေါင်းထက်မှ ချွန်ထက်သော ချိုများက အန္တာရာယ်ကြီးမားကာ ဒိုင်နိုဆော အရေခွံတွေက မာကျောပေမယ့် နွံထဲကျ သွားချိန်တွင် ဘာမှ ပြန်လုပ်မရနိုင်ကြတော့ပေ။  ရှုန်းယယ်သည် လူအချို့ကို   ခေါ်ကာ သစ်ကိုင်းတွေကို ခုတ်ပြီး နွံအိုင်အပေါ်တင်ကာ နင်းလျှောက်လို့ရသည့် လမ်းဖောက်လိုက်သည်။ မျိုးနွယ်စုဝင် အမဲလိုက် သမားအားလုံး  လက်နက်များ၊ သားရဲပုံစံ များဖြင့် စုပေါင်းတိုက်ခိုက်လိုက်ချိန်မှာ ထိုဒိုင်နိုဆောကြီးက သေဆုံးသွားရတော့သည်။ ဒိုင်နိုဆော အကောင်ကြီးကို အပိုင်းပိုင်းဖြတ်ကာ နွံအိုင်ထဲကနေ အသားတုံးကြီးတွေ ကို ဝိုင်းဝန်းသယ်ထုတ်လိုက်ကြသည်။

 
ရှုန်းယယ်သည် ဒီလောက်ကြီးသော ဒိုင်နိုဆောကြီးကို ပထမဆုံး အမဲလိုက်ဖူးတာ ဖြစ်လို့ အလုပ်မှန်သမျှကို တက်ကြွစွာ ကူညီပေးနေသည်။ ရှုန်းယယ်က ဒီသားကောင်ကို အမဲလိုက်သည့် ဖြစ်စဉ် တစ်ခုချင်းကို မမေ့စေရန် ခေါင်းထဲ သေချာမှတ်သားပြီး လေ့လာလို့နေသည်။ အလုပ်ထဲ စိတ်နှစ်မြှုပ်ထားပြီးနောက် အသားတုံးတွေကို သယ်ရတော့မည့် အချိန်တွင် ခါတိုင်းလို ရှီလီကို ဝမ်းသာအားရ လှမ်းခေါ်လိုက်မိပြီး ချက်ချင်းပင် သူနှင့်ရှီလီ အဆက်ပြတ်သွားပြီဆိုတာ မေ့သွားခဲ့မိသည်။

 "ရှီ...."

 ရှုန်းယယ်သည် မျက်နှာပျက်ကာ ပါးစပ်ပိတ် လိုက်သည်။ အရင်ကဆိုရင်   သားကောင် ရတိုင်း ရှီလီနှင့်   အတူတူ ပျော်ရွင်ခဲ့ကြသည်။ အခုတော့  ရှီလီက  တစ်နေကုန် သူ့နားမကပ်ပဲ ရှောင်နေဲ့သည်။

မျိုးနွယ်စုခေါင်းဆောင် ရှုန်းဟော်က ရှုန်းယယ်၏ ထူးဆန်းသော အပြုအမူကို သတိပြုမိကာ မေးလိုက်သည်။

  "ယယ်လေး.... မင်းနဲ့ ရှီလီ ဘယ်လိုဖြစ်ပြီး မနေ့က ရန်ဖြစ်ကြတာလဲ။ သူက နည်းနည်းအပျင်းထူတယ် ဆိုပေမယ့်   မိတ်ဖက်ပြုဖို့ ရည်ရွယ်ထားကြပြီဆိုတော့ နည်းနည်းပါးပါး သည်းခံလိုက်ပါကွာ "

" ကျွန်တော် သိပါတယ် ဦးလေးဟော်"

ရှုန်းယယ်က ပြန်ဖြေရင်း  သူ့ဆံပင်များကို အလိုမကျစွာ ဆွဲဖွလိုက်မိသည်။ ရှီလီက  သူနှင့် မိတ်ဖက် မဖြစ်ချင်တော့သည့် အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြချင်ပေ။  ဒါကြောင့် လူတိုင်းက သူ ရှီလီကို တမင်သက်သက် အနိုင်ကျင့်ရိုက်နှက်လိုက်သည်ဟု မြင်နေသည်။ ဘာပဲဖြစ်ဖြစ် ရှုန်းယယ်က လူတွေ ဒီလိုထင်တာကိုပဲ စိတ်သက်သာရာရနေမိသည်။

 ရှေ့ဆက် သူ ဘာလုပ်ရမည်ကို မသိဖြစ်ကာ စိတ်ပူနေမိသည်။

ရှီလီ.....  ဘာကို လိုချင်နေတာလဲ?

ရှုန်းယယ်သည် ထိုသို့တွေးရင်း ရှီလီကို မသိစိတ်ဖြင့် လိုက်ရှာလိုက်မိတော့ ခပ်လှမ်းလှမ်းတွင်  မတ်တပ်ရပ်နေရင်း ဘာအလုပ်မှ မလုပ်ပဲ လန်ယင်နှင့်   စကားပြောနေသည်ကို မြင်လိုက်ရသည်။ ရှီလီက လူအသွင်ဖြင့် ရှိနေပြီး သူ့ကိုယ်က သန့်ရှင်းနေကာ  ရွှံ့တစ်စက်ပင် ပေလူးမနေပေ။

 
လန်ယင်သည် ရှုန်းဟော်၏ သမီးကြီးဖြစ်ကာ  ရှုန်းယယ်ထက် တစ်နှစ်ကြီးသည်။ လန်ယင်၏ မိခင်နှင့် ရှုန်းဟော်က မိတ်ဖက်မပြုထားပေမယ့် လန်ယင်မွေးကတည်းက အတူတူနေခဲ့ကြသည်။

 ရှုန်းဟော်၏ ကလေးငါးယောက်တွင် လန်ယင်၏မိခင်မှ သုံးယောက် မွေးဖွားပေးထားခြင်း ဖြစ်ကာ
 လန်ယင်က အကြီးဆုံး၊ အလှဆုံးဖြစ်သလို ရှုန်းဟော် အချစ်ဆုံး၊အလိုအလိုက်ဆုံး သမီးဖြစ်သည်။
 ရှုန်းဟော်သည် မျိုးနွယ်စုခေါင်းဆောင်ဖြစ်ကာ အင်အားအလွန်ကြီးမားသလို  လန်ယင်၏မိခင်လည်း အင်အား မနည်းပေ။ ဒါကြောင့် လန်ယင်က ငယ်စဉ်ဘဝမှ ခုထိ တစ်ခါမှ အစာမငတ်ဖူးပေ။  ငယ်စဉ်ဘဝတွင် ရှုန်းယယ်မှာ စားစရာမရှိလို့ မြစ်ကမ်းဘေးတွင် ဂဏန်းများ၊ ခရုများ ရှာဖွေစားသောက်နေခဲ့ရချိန်တွင် လန်ယင်သည်  ပန်းများ ခူး၍ လိပ်ပြာလိုက်ဖမ်းကာ ဆော့နေခဲ့ည်။  
ရှုန်းယယ်  ကလေးဘဝတုန်းကတော့ လန်ယင်ကို အားကျခဲ့ပေမယ့်  အရွယ်ရောက်လာချိန်တွင် အတွေးပြောင်းသွားလေပြီ။  ဘာကြောင့်လဲဆိုတော့ မွေးကတည်းက အလိုလိုက်ခံထားခဲ့ရသည့် လန်ယင်သည် အမဲလိုက်ရာတွင် အရမ်းကို ညံ့ဖျင်းလှသောကြောင့် ဖြစ်သည်။

 
  အမဲ မလိုက်တတ်ရင်တောင် လန်ယင်က ဘာမှ ပူစရာ မလိုပေ။ သူမ၏ မိဘနှစ်ပါးက သက်ရှိထင်ရှား ရှိသေးသည့်အပြင် သူမကို ပိုးပန်းကာ တာဝန်ယူချင်နေ သည့်  မျိုးနွယ်စုအတွင်းက ယောက်ျား အတော်များများရှိနေသည်။


လန်ယင်သည် ရှီလီကို အရင်ကတည်းက သဘောကျခဲ့ပြီး  ရှီလီထံ အစားအစာ မကြာခဏ သွားပို့တတ်တာကိုလည်း ရှုန်းယယ် သိထားသည်။
ရှုန်းယယ်နှင့် ရှီလီတို့ မိတ်ဖက်ပြုတော့မည်ဆိုသည့်  သတင်းထွက်လာတော့မှ  လန်ယင်က ရှီလီကိုလက်လျှော့ကာ အခြားယောကျာ်းတွေကို အာရုံစိုက်သွားခဲ့သည်။ ဒါပေမယ့် အခု သူတို့ ရန်ဖြစ်လိုက်တာနဲ့ လန်ယင်က ရှီလီဘေးကို ချက်ချင်း ရောက်လာပြန်သည်။ ကြည့်ရတာ ရှီလီက လန်ယင်ကို အရင်သွားရှာတာများဖြစ်နေမလား...


ရှုန်းယယ်က အသည်းကွဲနေသော်လည်း  မျိုးနွယ်စုဝင်များက လတ်တလောဖမ်းမိထားသော 5 တန်ကျော်လေးသည့် ဒိုင်နိုဆောကြီးကို  အမဲဖျက်နေရသည်နှင့် အလုပ်ရှုပ်နေရသဖြင့်  သူတို့ကို အာရုံမစိုက်မိကြပေ။ ရှုန်းဟော်ပင် သူ့သမီးလန်ယင်က ရှီလီဘေး ရောက်နေသည်ကို သတိမထားမိအေပ။

ရှုန်းဟော်က ပန်တာဆယ်ရာတော့ပ်စ်၏ ဦးခေါင်းမှ ခေါင်းခွံ ဒိုင်းကာကို တို့ကြည့်ကာ  ပြောလိုက်သည်။

"ဒီခေါင်းခွံကြီးက တကယ် ဟောင်းလောင်းပေါက်ကြီး ပဲကွ။ ဒီဒိုင်းကြီးက အတော်ကြည့်ကောင်းလို့ မျိုးနွယ်စု ဂူအဝင်ဝမှာ ချိတ်ထားရအောင်"


ရှုန်းပိုင် ခေါင်းပေါ်မှာ ပန်ခဲ့သည့် ပန်းခက်ပန်းနွယ် လေးက ဘယ်အချိန်မှာ ပြုတ်ကျခဲ့မှန်း မသိတော့ပေ။
ရှုန်းပိုင်က ရှုန်းယယ်ဘေးရောက်အောင် လူကြားထဲ တိုးဝင်လာပြီး ဒိုင်နိုဆောကြီးကို သွားရည်ကျစွာကြည့်ကာ ပြောလိုက်သည်။
 
 "ရှုန်းယယ် ပန်တာဆယ်ရာတော့ပ်စ် ဒိုင်နိုဆောရဲ့ အသားက ဘယ်လိုအရသာရှိမယ် ထင်လဲ"

 "အကောင်က ကြီးတော့ မာမယ် ထင်တယ်"

"အို့...ဒါဆို စားလိုက်ရင် ဗိုက်တော်တော်နဲ့ မဆာတော့ဘူးပေါ့...  "

ရှုန်းပိုင်က ပျော်ရွှင်စွာ ပြောလိုက်သည်။


ရှုန်းယယ်တို့ အမဲလိုက်ထွက်ကြချိန်တွင် ကျိုးကျီသည် မျိုးနွယ်စုထဲမှ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အတူ  စားပင်သီးပင်များကို သွားရှာရန် ထွက်လာ ခဲ့သည်။ ဒီနေရာက  အပင်အချို့က သူနေထိုင်ခဲ့သည့်  ကမ္ဘာမြေပေါ်တွင် ရှိပေမယ့်  ကမ္ဘာမြေတွင် မျိုးတုန်းသွားခဲ့သော  သူ မမြင်ဖူးသည့် အပင်များစွာလည်း ဒီနေရာမှာ မြိုင်ဆိုင်စွာ ပေါက်နေသည်ကို တွေ့လိုက်ရသည်။


ကျိုးကျီသည် ထိုစိမ်းစိုလှပသော အပင်လေးတွေကို ကြည့်ရတာ အရမ်းကို သဘောကျနှစ်သက်နေမိသည်။  သူ့စွမ်းရည်နဲ့ ဘယ်အသီးအရွက်က စားလို့ရတယ်၊ မရဘူး၊ အရသာရှိတယ်၊ မရှိဘူးဆိုတာကိုလည်း ခွဲခြားမှတ်သားလိုက်သေးသည်။


အဖွဲ့နောက်မှ လိုက်လာရင်း ကျိုးကျီလည်း သဘာဝပတ်ဝန်းကျင်ရှုခင်းကြောင့် စိတ်လက်ချမ်းသာ နေမိသည်။ ဒါကြောင့် အပင်များကို ရှာဖွေ ခူးဆွတ်နေသူများကို သူ့ရဲ့အပင်စွမ်းအားဖြင့် စားလို့ရသည့် အလေ့ကျပေါက်ပင်များကို ပိုရှာတွေ့နိုင်ရန် ကူညီပေးလိုက်သေးသည်။  -- နွေဦးရာသီဖြစ်လို့ သူတို့ စိုက်ပျိုးထားသည့် အပင်များမှ အရွက်များခူးဆွတ်လို့မရသေးပဲ သဘာဝပေါက်ပင်များကိုသာ ရှာဖွေခူးဆွတ်ရသည်။  
သူ ဒီကမ္ဘာကို ဝိဉာဉ်ကူးပြောင်းလာအဆင့်တွေ ကျသွားခဲ့ကြပေမယ့်  မျိုးနွယ်စုဝင်တွေ ကြိုက်ကြပြီး သိမ်းဆည်းရလွယ်ကူသည့်  အာလူးကဲ့သို့ အပင်များကို   ချက်ချင်း ကြီးရင့်ကာ အာလူးတွေ သီးလာအောင် လုပ်ပေးနိုင်စွမ်းတော့ ရှိသေးသည်။ ဒါပေမယ့် အချိန်မတိုင်ခင် သီးပွင့်နေပါက အခြားလူတွေ သတိထားမိသွားမှာ စိုးလို့ သိပ်မလုပ်ပေးပဲ နည်းနည်းပါးပါးပဲ စွမ်းအားကို ထုတ်သုံးပေးနေသည်။ ပြီးတော့ အခု လက်ရှိအခြေနေမှာ မျိုးနွယ်စုက အစာရေစာ ငတ်ပြတ်သည့် အခြေနေလည်းမဟုတ်လို့    
အပင်တွေ ရင့်လာချိန်ကို စောင့်ပြီးမှ အသီးတွေပိုသီးအောင် လုပ်ပေးတာ ပိုအဆင်ပြေလိမ့်မည်။

 
ကျိုးကျီသည် ပျင်းရိစွာသမ်းလိုက်ပြီး မြက်ခင်းပြင်မှာ   ထိုင်ကာ နေပူစာလှုံနေလိုက်သည်။နွေးထွေးသော
နေရောင်ခြည်၊ သဘာဝအတိုင်းပွင့်လန်းနေသော ပန်းပွင့်များ၊ စိမ်းစိုသော အပင်များနှင့် ရေငွေ့ပါသော လေထုတွေ အားလုံးပေါင်းကာ လူကိုယစ်မူးစေသည့် နွေဦးရနံ့တို့ သင်းကြိုင်လျက်ရှိသည်။ ဒီနေရာက ဘုရားသခင်ကောင်းချီးပေးသည့်နေရာလို အံ့သြဖွယ် ကောင်းလှသည်။

 
ကျိုးကျီသည် တဖြည်းဖြည်း ငိုက်မြည်းလာပြီး မြက်ခင်းပြင်ပေါ် လှဲချလိုက်တော့သည်။
သို့သော် သူ အိပ်ပျော်မသွားခင်  ယခင်နေ့က သူ လွှတ်ပေးလိုက်သည် တီကောင်ကို တွေ့သွားသည့်   ကလေးတွေက  စိတ်လှုပ်ရှားစွာ အော်လိုက်သံကို ကြားလိုက်ရသည်။

 "ဒီနေ့ တီကောင်တွေ အများကြီးပဲ"


 ကလေးတွေက အပင်ကို မခူးဆွတ်ကြတော့ပဲ တီကောင်ကိုသာ ထိုင်တူးနေကြတော့သည်။  တီကောင် မစားတတ်သော  ကလေးတချို့က ချောင်းစပ်နားမှာ   ဂဏာန်းများ၊ ငါးပေါက်စများနှင့် ကျောက်တုံးကြားမှာ ပုန်းနေသည့်   ပုဇွန်များကိုရှာပြီး ဗိုက်ဖြည့်ရန် ကြိုးစားနေကြသည်။ လူကြီးတွေက ကလေးတွေကို အလုပ်ချိန်မှာ ဆော့ကစားခွင့်မပေးပေမယ့် အစာရှာတာကို မတားဆီးကြပေ။

 ခုတလော ခူးဆွတ်လို့ရသည့်  အလေ့ကျပေါက်ပင်များ  ပိုမိုပေါများလာခဲ့သည့်အပြင် အခုလည်း  စားဖို့ လုံလုံလောက်လောက် ခူးပြီးပြီဖြစ်လို့ ကလေးတွေကို အတင်းအလုပ်မခိုင်းတော့ပေ။

 
ကျိုးကျီသည် ထပ်မံသမ်းဝေလိုက်ပြီး တဖက်ကို လှည့်ကာ  အိပ်မောကျသွားပြန်သည်။ ဒါပေမယ့် သူ့စိတ်စွမ်းအားတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ထားပြီး အန္တာရာယ်ရှိမရှိ စစ်ဆေးပေးနေသည်။


 ကမ္ဘာပျက်ကပ်ကာလထဲတွင် ကျိုးကျီကဲ့သို့ စွမ်းအားရှင်များသည် ဖုတ်ကောင်တွေက ရသည့် အမြူတေကနေ လိုအပ်သည့်စွမ်းအင်ကို စုပ်ယူကာ   ကျင့်ကြံခဲ့ကြရသည်။ ဤကမ္ဘာတွင်တော့ ဖုတ်ကောင်အမြူတေများ မရှိသော်လည်း လူတိုင်း၏ကိုယ်ထဲတွင် ဖုတ်ကောင်ခန္ဓာကိုယ်အတွင်းမှ အမြူတေနှင့် တူညီသည့် အမြူတေအလုံးများကို ပိုင်ဆိုင်ထားသည်။ သူ ဒီကို ရောက်လာစက ဒီခန္ဓာကိုယ်တွင်လည်း ကြီးမားအဖြူရောင်ရှိသည့် အမြူတေ တစ်ခုရှိကို တွေ့ထားသည်။ ဒီအမြူတေက ဒီကမ္ဘာက သားရဲလူသားတွေကို စွမ်းအားပေးနေသည့် အဓိက  အရင်းအမြစ်ပင် ဖြစ်လောက်သည်။ ဒီကမ္ဘာက အပင်နှင့် တိရိစ္ဆာန်များအားလုံးတွင် စွမ်းအင်များ ပိုင်ဆိုင်ထားကြပြီး ကမ္ဘာ့လေထုတောင်မှ စင်ကြယ်နေပြီး သန့်စင်သော စွမ်းအင်တို့ဖြင့် ပြည့်နှက်နေသည်။ ဒီလို ကမ္ဘာမြေက တကယ့်ကို ကောင်းကင်ဘုံလို နေရာကောင်းတစ်ခုဖြစ်သည်။

 
ကျိုးကျီ  နှစ်ခြိုက်စွာ အိပ်မောကျနေပေမယ့်  သူ့ခန္ဓာကိုယ်က ပတ်ဝန်းကျင်ထံမှ စွမ်းအင်များကို ဆက်တိုက်စုပ်ယူကာ သူ၏အမြူတေထဲ သိုလှောင် ထားသည်။

 
ကျိုးကျီအနားမှ မျိုးနွယ်စုဝင်လူကြီးတွေက ငိုက်မြည်းနေသော သူ့ကို  ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

 "ကျိုးတော့ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး"

"ဒါပေမဲ့ ဒီလောက် လုပ်ပေးတာပဲ တော်လှပါပြီ။  အရင်ကဆို သူက  ဂူအပြင်ကိုတောင် မထွက်ဘူး"

"သူ့ကို သွားနှိုးလိုက်ရမလား"

"ထားလိုက်ပါ။ သူ နိုးလာလည်း  အလုပ်များများ ကူပေးနိုင်တာ မဟုတ်ပဲ"

"ဒီနေ့ အပင်တွေအများကြီးတွေ့နေပါလား။ လာ...လာ... ထပ်ခူးရအောင်"

.......

ကျိုးက နုံနုံအအနှင့် ဒီအသက်အရွယ်ထိ သားရဲအသွင် မနိုးထသေးသောကြောင့် မျိုးနွယ်စုက လူကုန်က သူ့ကို  အထင်သေးကြသည်။ အရင် မူလကိုယ် ကျိုးကလည်း အသုံးမဝင်သူ လူပို  ဖြစ်ပေမယ့် မျိုးနွယ်စုဝင်တွေက သူ့ကို မစွန့်ပစ်ပဲ ခုထိ ဆက်လက်ကြည့်ရှု စောင့်ရှောက် ထားသည့်အပြင် သနားလို့ပင်နေကြသေးသည်။

 
ကျိုး၏ မိခင် ဆုံးပါးသွားကတည်းက ဘာမှ မလုပ်တတ် သဖြင့် ကျိုးက အစာငတ်သေမလို ဖြစ်ခဲ့ သေးသည်။ နောက်ဆုံးတော့ ဂူပြင် ထွက်လာ ခဲ့သော်လည်း စကားတောင် ကောင်းကောင်း ပြောတတ်ပုံမရေပေ။ ကျိုးက ဘာမှ မသိနားမလည် သူဖြစ်နေတော့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဒီလိုဆက်သွားနေရင် ကျိုးရဲ့ဘဝလည်း ပိုခက်ခဲလာပေတော့မည်။


မျိုးနွယ်စုဝင်များ အပင်များခူးဆွတ်ပြီးချိန်တွင်  ကျိုးက ချက်ချင်း နိုးလာခဲ့လေသည်။
ကျိုးကျီသည် သူနေထိုင်ခဲ့သည့် ကမ္ဘာပေါ်မှ ကြံပင်များကဲ့သို့ အချိုရည် စုပ်ယူလို့ရသော အမြစ်တစ်ခုကို လက်ထဲကိုင်ကာ ဝါးရင်း မျိုးနွယ်စုသို့ ပြန်လိုက်လာခဲ့သည်။

ထိုအမြစ်ကို ကိုက်ကာ အချိုရည်စုပ်နေသည့် သူ့ကို ကြည့်ပြီး ဘေးကလူတွေက သူ့ကိုပိုသနားလာကြသည်။
 
ဒီကလေးက  ဗိုက်ဆာလွန်းလို့ တွေ့တဲ့ မြက်ပင်ကို တောင်  အစိမ်းလိုက် ဝါးစားနေတယ်။ ပြီးတော့ အဲ့ဒီအပင်က ကြေအောင် ဝါးစားလို့မရတဲ့ အပင်ဖြစ်နေလို့  ကိုက်လိုက်တိုင်း အနှစ်တွေ ထွက်လာသည့် အပင်လည်း ဖြစ်နေသေးသည်။

 
စုဆောင်းရေးအဖွဲ့တွေ သူတို့နေထိုင်ရာ နေရာကို ရောက်တော့ အမဲလိုက်အဖွဲ့က အမဲကောင်ကြီးကြီး မိကာ အသားတုံးကြီးတွေကို သယ်ပိုး ပြန်လာသည်နှင့် တိုးတော့သည်။

 
ကျိုးကျီသည် အမဲလိုက်အဖွဲ့ဝင်များ၏ ကျောကုန်းတွင်  သယ်ဆောင်လာကြသည့် ရွှံလူးနေသော အသားတုံးကြီးများကို ကြည့်ကာ အသား စားချင်စိတ်ပင် ပျောက်သွားသည်။  မျိုးနွယ်စုဝင်များနှင့်အတူ လမ်းလျှောက်လာသော ရှုန်းယယ်ကိုလည်း  တွေ့လိုက်ရသည်။ ထိုကောင်လေးက   ပြုံးရွှင်နေပေမယ့် စိတ်မပျော်ပုံပေါ်နေသည်။ မနေ့က ရန်ဖြစ်သည့် အကြောင်းရင်းကို အခြားလူများ မသိပေမယ့် ကျိုးကျီကတော့ ကောင်းကောင်းသိသည်။

 ဟိုခြင်္သေ့ကောင်က  လက်ထပ်ဖို့ နီးလာမှ စီစဉ်ထားသည်ကို ဖျက်သိမ်းချင်နေသည်။  
အဲ့ဒီအချိန်တုန်းက ကျိုးကျီက  ဝက်ဝံညိုကောင်လေးကို နည်းနည်း သနားသွားသည်။ အဲ့ဒီနောက်မှာ ဝက်ဝံညိုနဲ့   ခြင်္သေ့တို့ ချနေသည်ကို သူ အေးဆေး ထိုင်ပြီး  ပွဲကြည့်နေ ခဲ့ရသည်။ ဒီတိုက်ပွဲကို ကြည့်ရတာ အရမ်းကို အားရဖို့ကောင်းလှသည်။   


ထိုဝက်ဝံညိုကောင်လေးက ခြင်္သေ့ကို စိတ်တိုင်းကျ ရိုက်ပစ်လိုက်ပြီး 'ဘာမှ ဂရုမစိုက်ဘူး' ဆိုတဲ့ အမူယာမျိုးလုပ်ပြီးထွက်သွားပေမယ့်  သူ မပျော်ဘူး ဆိုတာ ထင်ရှားနေတာပဲ။

 
 ထိုဝက်ဝံညိုလေးက ဒီပြဿနာကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ်လို့ သူ ယုံကြည်သည်။ ခြင်္သေ့ကောင်က တကယ့် ငရှုပ်ပဲဖြစ်သည်။ အဲ့ကောင်က သူ့ကို မလိုချင်တော့ဘူးဆိုရင် မေ့ပစ်လိုက် ရုံပေါ့...မဟုတ်လား။   ယောက်ျားတစ်ယောက်က အစားအစာထက် ပိုအရေးကြီးနိုင်မယ်တဲ့လား။


 ကျိုးကျီသည် သူ့ဂူထဲကို ပြန်ရောက်တော့ စိတ်စွမ်းအားဖြင့်  စတော်ဘယ်ရီနှင့်တူသော အသီးပင်ကို ချက်ချင်းပေါက်ကာ သီးပွင့်လာစေပြီး  ညစာအဖြစ်စားလိုက်သည်။ ဒီအသီးတွေက ဒီကမ္ဘာမှာ  အတွေ့ရ  များပေမယ့် မူလအရသာသည် နည်းနည်းချဉ်ပေမယ့် ကျိုးကျီက သူ့အပင်စွမ်းအားနဲ့  ရင့်မှည့်ထားတဲ့ အသီးတွေကတော့ အရမ်းကိုချိုသည်။


မျိုးနွယ်စုဝင်များသည် 5 တန်ကျော်လေးသည့် ဒိုင်နိုဆောကြီးကို ဖမ်းမိလာသောကြောင့် ပျော်ရွှင်ကာ  အောင်ပွဲခံနေကြသော်လည်း ရှုန်းယယ်ကတော့ လူအုပ်ထဲတွင် ရှီလီကိုသာ ထပ်ရှာနေမိသည်။

ဒါပေမယ့် ရှီလီက  လန်ယင်နှင့် ထပ်ပြီး ပူးပူးကပ်ကပ် စကားပြောနေသည်ကို မြင်လိုက်ရတော့ ရှုန်းယယ်၏ ဒေါသတွေ ဆူဝေလာပြန်သည်။  သူက ရှီလီကို စကားသွားပြောချင်ပေမယ့် မနေ့က အဖြစ်ကို ပြန်စဉ်းစားလိုက်တော့ စကားပြောချင်စိတ် မရှိတော့ပေ။


ရှုန်းယယ်သည် ချိုင့်ဝှမ်းအပြင်ဘက် ဦးတည်လိုက်ချိန် တယောက်က   လှမ်းမေးသည်။

 "ရှုန်းယယ် ဘယ်သွားမလို့လဲ"

"ရေသွားချိုးမလို့"

"ငါလည်း လိုက်ခဲ့မယ်"

 အမဲအတူလိုက်ခဲ့ကြသော လူတွေ  တစ်ယောက်ပြီး တစ်ယောက် ပြောကာ ရေချိုးပြီး ကိုယ်မှာ ပေရေနေသည့်  ရွှံ့များ ကို ဆေးကြောရန် လိုက်သွားကြသည်။

ရှီလီသည် ရှုန်းယယ်က လူအုပ်ကြီးကို  ဦးဆောင်ပြီး တခြားနေရာကို ခေါ်သွားသည်ကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက ရှုန်းယယ်ကို မိတ်ဖက်ဖို့ကို အပြတ်ငြင်းပစ် လိုက်လို့ ရှုန်းယယ်က အငြိုးထားပြီး သူ့ မကောင်းကြောင်းတွေ လျှောက်ပြောပြီး ဒုက္ခပေးမလားလို့ စိတ်ပူလာမိသည်။


"ရှီလီ ငါ့ကို ရက်ပ်တာ တွေ အကြောင်း ဆက်ပြောပြဦးလေ"

လန်ယင်က ရှီလီရဲ့အကြည့်တွေက ထွက်သွားသည့် ရှုန်းယယ်နောက်ကို လိုက်သွားလို့ ပြောလိုက်သည်။

( raptor = Halszkaraptor သည်မွန်ဂိုလီးယားနိုင်ငံမှ ရေငှက်ကဲ့သို့ dromaeosaurid ဒိုင်နိုဆောများ အမျိုးအစားတစ်မျိုး ဖြစ်သည်။)

ရှီလီက ထိုအခါမှ လန်ယင့်ဘက် ပြန်လှည့်ကာ စကားဆက်ပြေနေတော့သည်။ သူ့အရင်ဘဝက သားရဲဘုရင် အတွေ့အကြုံတွေက လန့်ယင်အပေါ် လွှမ်းမိုးနိုင်ပြီး သူ့အပေါ်ကို  အလွယ်တကူ အထင်ကြီးလေးစားလာစေသည်။ ထို့ပြင် လန်ယင့်ဆီက   လေးစားကြည်ညိုသည့် အကြည့်တွေက သူ့ရင်ကို  အလွန် ကျေနပ်ပီတိဖြစ်စေသည်။ အရင်ဘဝတုန်း ကလည်း  ရှီလီက အသက် ပိုကြီးလာလေ ငယ်ရွယ် နုထွတ်သည့် မိန်းမများကို ပိုသဘောကျလာခဲ့သည်။

 
လန်ယင်က ရှီလီ့ကို အတော် ကြိုက်သည်။ သူမက ရှုန်းယယ်နှင့် မောင်နှမ ဝမ်းကွဲဖြစ်ပေမယ့် သူမရဲ့ဖခင်က ရှုန်းယယ်ကို ပိုအလေးပေးလို့ မကျေမနပ်ဖြစ်ခဲ့ရသည်။  ရှုန်းယယ်ကလွဲရင် ရှီလီက ဒီမျိုးနွယ်စုထဲမှာ အင်အားအကြီးဆုံးဖြစ်သည်။

 
သူမ အရွယ်ရောက်ပြီးနောက်ပိုင်း ယောက်ျားရှာချိန် ရောက်တော့ ရှီလီ့ကို တခါတည်း မျက်စိကျသွား ခဲ့သည်။ ဒါပေမယ့်   ရှီလီသည် ရှုန်းယယ်နှင့် အချိန်ပြည့် အတူရှိနေခဲ့ပြီး သူမအပေါ်  စိတ်ဝင်စားမှု မရှိလို့  လက်လျှော့ထားခဲ့သည်။ ဒီနေ့တော့  ရှီလီက သူမနှင့်စကားပြောဖို့ တက်ကြွနေလို့ အံ့အားသင့်ခဲ့မိသည်။

"ရှီလီ နင်နဲ့ ရှုန်းယယ်  ဘာတွေ ဖြစ်နေကြတာလဲ "

လန်ယင်က ပွင့်လင်းစွာ မေးလိုက်သည်။

"ငါ သူနဲ့ မိတ်ဖက် မလုပ်တော့ဘူး"

 ရှီလီက ပြန်ဖြေလိုက်တော့ လန်ယင်က ခုလို မိတ်ဖက်မယ့် အစီစဉ်ပျက်သွားခြင်းအပေါ် မထူးဆန်းပေ။ အစကတည်းက
 ရှီလီနှင့် ရှုန်းယယ်တို့က နှစ်ယောက်လုံး အင်အားကြီးတဲ့ ယောကျာ်းလေးတွေ ဖြစ်ပါလျက်နဲ့ ဘာကြောင့်မိတ်ဖက်များ ဖြစ်ချင်ခဲ့ကြသည်ကို လန်ယင် နားမလည်တော့ပေ။ သူမတို့ မျိုးနွယ်စုထဲတွင် မိတ်ဖက်ပြုကာ သေတပန်သက်တဆုံးအတူနေကြသည့် အတွဲ 4၊ 5 တွဲ ရှိပေမယ့် ဒီလို တစ်ယောက်တည်းနဲ့ တစ်သက်လုံး အတူတူနေရတာ ပျင်းစရာကောင်းသည် ဟု လန်ယင် ထင်သည်။

 သူမက ရှီလီကို ကြိုက်ပေမယ့် တစ်သက်လုံး  ရှီလီ တစ်ယောက်တည်းနှင့် အတူတူနေမသွားချင်ပေ။ အခြား ချောချော၊တောင့်တောင့် ယောက်ျားများနှင့်လည်း အတူနေ ချင်သေးသည်။  

ပြီးတော့ ရှီလီနှင့် ရှုန်းယယ်တို့ နှစ်ယောက် အတူနေလို့လည်း ကလေးရနိုင်မည် မဟုတ်ပေ။

"နင်က ..ရှုန်းယယ်နဲ့ မိတ်ဖက် မလုပ်တော့ဘူးဆိုရင် ငါနဲ့ အတူနေမလား"

  လန်ယင်က အဖြစ်မှန်ကိုသိသွားတော့ ရှီလီကို  ပွင့်ပွင့်လင်းလင်း  ဖိတ်ခေါ်လိုက်တော့သည်။
________________________________

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now