Chapter (63)_ သဝန်တိုခြင်း

7.3K 1.3K 28
                                    

Chapter (63)_ သဝန်တိုခြင်း

အပင်စွမ်းရည်ဖြင့် အခွံခွာထားသော မုယောစပါးအစေ့များကို ကျောက်အိုးတစ်လုံးတွင် ထည့်ပြီး မီးအေးအေးဖြင့် မုယောဆန်ကို ပြုတ်ထားလိုက်သည်။ ဒီဆန်ကို အချိန်တိုအတွင်း ချက်လို့မရပေ။ ကျိုးကျီက မျိုးနွယ်စုတွင် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းကို ကြည့်နေရင်း ရံဖန်ရံခါ မီးထိုးပေးကာ ယာဂုကျက်မယ့်အချန်ကို ဖြည်းဖြည်းချင်း စောင့်ရမည်။

ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက သူစိမ်းတွေမြင်ရတာ ရှားတဲ့အတွက် လူတိုင်းက အရမ်းပျော်ကြပြီး တချို့လူတွေက စကားစမြည်ပြောကာ အတူတွဲစပြုလာကြတယ်။ ရှုန်းချီနှင့်ပေါင်းယွီတို့ နှစ်ယောက်က အရမ်းရင်းနှီးပြီးသားဖြစ်သည်။

လမ်းတစ်လျှောက်မှာ အဆင်မပြေခဲ့ကြပေမယ့် ဒီနေ့ည သူတို့ရဲ့ စကားတွေအရတော့ တစ်ခုခုကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ သိသာပါတယ်။

ကျိုးကျီက ပေါင်ချိန် နဲ့ တခြားသူတွေကို စစ်ဆေးဖို့ စိတ်စွမ်းအားကို သုံးခဲ့ပြီး ပေါင်ယွီဆီမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဟုတ်တယ် ...ဒီအချက်ကို တကယ်တော့ သူ မသိသင့်ဘူး.။ ရှုန်းချီက .. လှည်းကျိုးထမ်းရတဲ့ အဖေဖြစ်ရတော့မယ်။

ဒါပေမယ့် ဒီအချိန်မှာ လူတွေက ဒါတွေကို တန်ဖိုး မထားဘူး။

အခြားသူ၏ သားသမီးဖြစ်လျှင်ပင်၊ ထိုသူသည် ဖခင်ဖြစ်ကြောင်း ကလေးက သတ်မှတ်သရွေ့ ဖခင်ဖြစ်သူသည် ငယ်စဉ်ကတည်းက ထိုကလေးကို ပြုစုစောင့်ရှောက်ပေးလိမ့်မည်။ ရှေးခေတ်က လူတွေရဲ့စိတ်ထားက ပိုမိုပွင့်လင်းကြသေးသည်။

ဒီကိစ္စမှာ ကျိုးကျီ က ဘာမှ မပြောတော့ဘူး။

ကျိုးကျီ သည် တိတ်ဆိတ်ခြင်းကို နှစ်သက်သော်လည်း အခုလိုအချိန်မှာ တိတ်နေတာက အလွန်အမင်း လွန်ကဲနေပြီဆိုတာ ထင်ရှားသည်။

"ကျိုး.... သားရဲနတ်ဘုရားက မင်းကိုရှာခိုင်းတဲ့ အစာက ဘာလဲ။ အဲ့ဒါကို ချက်ထားတာလား။ ငါ မြည်းကြည့်လို့ရမလား"

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now