Chapter (108) _ တဖက်လပ် ဝံပုလွေ

5.4K 952 16
                                    

Chapter (108) _ တဖက်လပ် ဝံပုလွေ


ဝက်ဝံကြီးမျိုးနွယ်စု ရဲ့ဆားအဖွဲ့က စတင် ထွက်ခွာပြီးနောက် အလွန်လျင်မြန်စွာ ခရီးဆက်ခဲ့ကြသည်။ ယခုအချိန်သည် နွေဦးပေါက်ရာသီဖြစ်သဖြင့် တောင်ပေါ်မှ နှင်းများအရည်ပျော်ကာ တောင်ထိပ်မှ ဖြည်းညှင်းစွာစီးကျလာပြီး စမ်းချောင်းတစ်ခုထဲသို့ စီးဝင်လာသည်။ စိုစွတ်သော မြေဆီလွှာသည် စေးကပ်နေသောကြောင့် လူများရဲ့ ခြေရာများ ထင်စေခဲ့သည်။

ဒိုင်နိုဆောများစွာသည် သူတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပြီး ဆောင်းရာသီတွင် ပုန်းအောင်းနေတတ်သည်။ ခုအချိန်က သူတို့အားလုံးသည် တစ်ဖန်ပြန်၍ ဝဖြိုးလာစေရန် အကိုင်းအခက်များကို စားသောက်နေကြပြန်သည်။ ပိန်လှီသော ဒိုင်နိုဆောများကို မြင်ရသောအခါ ရှုန်းယယ် သည် ပြီးခဲ့သည့် ဆောင်းရာသီတွင် သူ တကယ်ကို သက်တောင့်သက်သာ ဇိမ်ရှိရှိနေနိုင်လွန်းသည်ဟု ခံစားလိုက်ရသည်—ဆောင်းရာသီ ကုန်သွားသော်လည်း သူ ပိန်မသွားရုံသာမက၊ ပို၍ ကြီးထွားလာခဲ့သည်။

ဒါက သူ့အတွက် အရင်က တစ်ခါမှ မဖြစ်ဖူးတဲ့အရာပဲ။ ကျိုးကျီ ကြောင့် အဲ့လို နေရတာလည်း ပါတယ်။ ကျိုးကျီ က သူတို့ကို မုယောစပါးနဲ့ မြေဥ စိုက်ပျိုးနည်းကို မသင်ပေးဘူးဆိုရင်၊ သူတို့မျိုးနွယ်စုက လူအများကြီး စုဆောင်းရနိုင်ရင်တောင် စားဖို့ အသား လုံလောက်မှာ မဟုတ်ဘူး။

သူတို့ခရီးကို အချိန်အများကြီး မဖြုန်းချင်ကြသောကြောင့် တစ်နေကုန် ခရီးဆက်ကြပြီး ညနေပိုင်းမှ စခန်းချကာ အစားအသောက်ပြင်ဆင်ရန် ရပ်နားလိုက်ကြသည်။ ပထမညတွင် သူတို့သည် မျိုးနွယ်စုနှင့် သိပ်ဝေးဝေး မရောက်သေးပေ။

ဆားရောင်းဖို့ ရှုန်းယယ် နဲ့ အတူ ထွက်လာခဲ့တဲ့ ရှုန်းချီ ဟာ တစ်နေ့တာခရီးကို ရပ်တန့်လိုက်ချိန်မှာတော့ ကျိုးကျီ အနားကို ရောက်လာပြီး မေးခဲ့သည်။

"ကျိုးကျီ ငါ မင်းကို ကူညီပေးနိုင်တာ တစ်ခုခုရှိလား"

ရှုန်းချီ က အကူအညီပေးဖို့ ကမ်းလှမ်းလာတဲ့အတွက် ကျိုးကျီ က မငြင်းခဲ့ပါဘူး။ အသီးအရွက်တွေကို ဆေးကြောပြီး ရေယူခိုင်းခဲ့တယ်။ ထို့နောက်တွင်၊ ကျိုးကျီ အတွက် ထင်းရှာရန် အခြားလူများက လုပ်ပေးခဲ့သည်။ ထိုလူတွေက အရင်တခေါက်တုန်းက ရှုန်းယယ် နှင့် ကျိုးကျီ တို့နှင့်အတူ ဆား လဲလှယ်ထွက်ခဲ့ကြသော အခြားသူများဖြစ်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now