Chapter (157) _ သားရဲနတ်ဘုရား
သားရဲလူသား ကုန်းမြေတွင် သားရဲလူသားတွေရဲ့ ခွန်အားတိုးလာတာနဲက သူတို့ရဲ့ တိရစ္ဆာန်ပုံစံများက ပို၍ကြီးမားလာမည်ဖြစ်ပေမယ့် သူတို့ ကိုယ်ထည်ကို သေးကျုံ့အောင် လုပ်နိုင်တဲ့နည်းတော့ မရှိပေ။
ဒီအချက်က သားရဲလူသား တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသော အချက်ဖြစ်သည်။သို့သော်၊ ကျိုးကျီက သူ့ကိုယ်ထည်ကို ကျုံ့အောင် လုပ်နေခဲ့ သည်။
ဟုတ်တာပေါ့...လက်ရှိအခိုက်အတန့်မှာတော့ သူကိုယ်တိုင် ဘာလုပ်မိတယ်ဆိုတာ သူ့ ဖာသာ မသိလောက်အောင် သူ့စိတ်တွေက စတင် ရူးသွပ်ကာ အထိန်းကွပ်မဲ့ နေခဲ့သည်။
ဘုန်းတော်ကြီးချုပ်က ဒါကိုမြင်ပြီး အံ့သြသွားသလို အခြား ဘုန်းတော်ကြီး တွေလည်း အံ့သြကုန်သည်။
"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ..."
"အဖေ!"
ရှန်ယွဲ့သည် ဘုန်းတော်ကြီးချုပ် ကို ပွေ့ဖက်ရန် အပြေးအလွှားသွားကာ ဘုန်းတော်ကြီးချုပ် အား တစ်နေရာရာမှာ ပုန်းနေစေချင်ပေမယ့် သူ့အဖေသည် လုံးဝမတုံ့ပြန်ဘဲ ထိုနေရာတွင် တင်းတင်းမာမာ ဆက်လက်ရပ်နေ ခဲ့သည်။
"ဘုန်းတော်ကြီးချုပ် !"
အစောင့်တွေက ကြောက်လန့်တကြားအော်ပြီး ဘုန်းတော်ကြီးချုပ် ကို အနားကို ဆွဲခေါ်ဖို့ လျှောက်သွားခဲ့ပေမယ့် ဆင်ကြီး တစ်ချက်ရိုက်လိုက်ရုံနဲ့ အသားပြားဖြစ်မည်ကို ကြောက်ရွံ့နေကြသည်။ ဒါပေမယ့် ဧရာမဆင်ကြီးသည် သားရဲဘုရင်များကို အာရုံစိုက်ကာ လောလောဆယ်တွင် သူတို့ကို လျစ်လျူရှုထားသည်။
သားရဲနတ်ဘုရားကျောင်းတော် ရဲ့ အစောင့်တွေက ဘုန်းတော်ကြီးချုပ် ကို ထောင့်တစ်ခုထဲကို ဆွဲထုတ်သွားကြကာ ဒီချိုင့်ဝှမ်းထဲမှ လွတ်မြောက်လို သော်လည်း သားရဲဘုရင်များသည် ချိုင့်ဝှမ်း အဝင်ဝတွင် ပိတ်ကာ တိုက်ခိုက်နေကြသည်။
သူတို့ ပတ်လည်ရှိ တောင်များမှ ကျောက်တုံးများသည် တစ်လုံးပြီး တစ်လုံး လိမ့်ကျကာ မြေပြင်ပေါ်သို့ ပြိုကျသွားသည်။ သားရဲဘုရင်တို့ရဲ့ တိုက်ပွဲ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေက လူတွေကို အသားပြားဖြစ်လောက်အောင်ကို ပြင်းထန်နေတယ်။ ဒီနေရာက လွတ်မြောက်ရန် ကြိုးစားရလည်း တိုက်ပွဲကြားကို ညှပ်ပြီး အသတ်ခံရဖို့ သေချာနေသည်။
သားရဲနတ်ဘုရားကျောင်းတော် မှ လူများသည် ချိုင့်ဝှမ်း အစွန်းတွင် ပုန်းအောင်းနေပြီး သူတို့ရဲ့ လုပ်ရပ်များကို နောင်တရနေသည်။ ဝက်ဝံကြီး မျိုးနွယ်က ဒီလောက် အစွမ်းထက်လာမယ်လို့ သူတို့ တစ်ခါမှ မထင်ထားခဲ့ပေ။
ရှုန်းယယ်သည် အလွန်အစွမ်းထက်နေပြီဖြစ်သော်လည်း အခြားသားရဲဘုရင်များ မူးဝေအောင် ဖိချနို်င်သည့် ဟိုင်ဖုန်း တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ ဟိုင်ဖုန်း က လူတွေကို ထိတ်လန့်လောက်အောင်လုပ်နိုင်ပေမယ့် သူ့ထက် ပိုကြောက်စရာ ကောင်းတဲ့ ကျိုးကျီရှိနေတုန်းဘဲ။
ဝက်ဝံကြီးတွေရဲ့ လက်ရှိအခြေအနေအပေါ် အခြေခံပြောရမယ်ဆိုရင် သူတို့ မျိုးနွယ်က ကျင့်ကြံနည်းတစ်ခုရှိမယ်ဆိုရင်လည်း အပြင်လူတွေ ရနိုင်သည့် အရာမဟုတ်တော့ပေ။
ဒီကြောက်စရာလူစုဆီက ကျင့်ကြံနည်းကို သွားလုတဲ့သူတွေက သေချာပေါက် ရူးသွပ်နေလို့ပဲ။ လူတွေကို သားရဲဘုရင်တွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ စွမ်းအားရှိတဲ့ မျိုးနွယ်စုနဲ့ ရင်ဆိုင်ဖို့ သူတို့ ဘာကြောင့် ကြိုးစားခဲ့မိကြတာလဲ။
သူတို့က သားရဲဘုရင်များစွာကို မွေးထုတ်ပေးနိုင်မှတော့ သူတို့ရဲ့ တကယ့် အရည်အချင်း အစစ်အမှန်ကို လူတကာမြင်အောင် ဘယ်လိုပြထားဦးမှာလဲ။
ဒီအရာကို စိတ်ထဲတွေးမိပြီးနောက် သားရဲနတ်ဘုရားကျောင်းတော် မှလူများသည် ရှီလီကို ဒေါသတကြီးစိုက်ကြည့်နေကြသည်—ရှီလီကြောင့် မဟုတ်ရင် သူတို့က ဒီလို ကြောက်စရာ လူစုကို ဘယ်လို ပစ်မှားမိမှာတဲ့လဲ။
သားရဲနတ်ဘုရားကျောင်းတော် မှလူများသည် သူတို့ရဲ့လုပ်ရပ်များကို နောင်တ ရနေရုံသာမက ယခု ကျိုးကျီကို တိုက်ခိုက်နေသော သားရဲဘုရင်များပင်လျှင် ပို၍ ပို၍ နောင်တရနေကြသည်။
ရှီလီရဲ့စကားများကို နားထောင်ပြီး ဝက်ဝံကြီးမျိုးနွယ်ကို အမှန်တကယ် ဆန့်ကျင်ခဲ့မိသည့်အတွက် အရူးလိုဖြစ်ရတယ်ဆိုပြီး နောင်တရနေကြသည်။
ကြံ့ သားရဲဘုရင်က အရမ်း ထက်မြက်တယ်။ သူသည် တုံးအတဲ့ အလုပ်ကို ဘာမှမလုပ်ဘဲ ဝက်ဝံကြီး မျိုးနွယ် နှင့် သူငယ်ချင်းကောင်းဖြစ်လာရန်အတွက် ဝက်ဝံကြီး မျိုးနွယ်စုထဲ ဝင်သွားဖို့ ဆန္ဒရှိခဲ့သည်။
ဝက်ဝံကြီး မျိုးနွယ်က ဒီလို မရိုးရှင်းဘူးဆိုတာ သူသိလို့ ဒီလိုလုပ်ခဲ့တာ မဟုတ်ဘူးလား။ ဒါပေမယ့် သူတို့ က ဘာလုပ်နေမိတာလဲ။ သူတို့က ဝက်ဝံကြီး မျိုးနွယ်နှင့် ပြဿနာဖြစ်ဖြစ်အောင် ရှေ့ကို ထွက်ခဲ့မိတယ် မဟုတ်လား။
ထိုအချိန်တွင် မျောက်ဝံ သားရဲဘုရင်မှာ ငိုချင်လာသည်။
တကယ်ဆိုရင် သူက ကြံ့သားရဲဘုရင်နဲ့ သူငယ်ချင်းတွေဖြစ်လို့ မတိုက်ခိုက်ပဲ သူ နောက်ဆုတ်နေခဲ့မိရင် ကောင်းမှာပဲ။ ဒါပေမယ့် သူက ကျင့်ကြံနည်းကို လောဘ တက်မိလို့ နောက်မဆုတ်ပဲ ရှုန်းယယ်ကို တိုက်ခဲ့မိတယ်။ အခုမှတော့ ဘာမှ လုပ်လို့မရတော့ဘူး။
ကြံ့သားရဲရင်က သူက ဝက်ဝံကြီးတွေနဲ့ရင်းနှီးလို့ မတိုက်ခိုက်ပါနဲ့လို့ လာပြောခဲ့ပေမယ့် သူက နားမထောင်ခဲ့ဘူး။
သူ ဘာလို့ နားမထောင်ခဲ့မိတာလဲ!
မျောက်ဝံ သားရဲဘုရင် သည် နောင်တရနေပြီဖြစ်သော်လည်း တိုက်ပွဲကို ရပ်တန့်ရန် မဝံ့ရဲခဲ့ပေ။
သားရဲဘုရင် ခြောက်ကောင်က သူတို့ရှေ့က ဆင်ကြီးတစ်ကောင်ကို တွန်းလှန်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ သူတို့ထဲက တစ်ယောက်ယောက်က အမှားတစ်ခု လုပ်မိရင်... ဒီဆင်ကြီးဟာ သူတို့အားလုံးကို သတ်ပစ်မှာ သေချာတယ်။
ကျိုးကျီက သူသည် မူလက ရှီလီကို သတ်ပစ်ချင်သည်ဟု ယခင်က ပြောခဲ့ ဖူးသည်... ယခု သူ အားလုံးသတ်ရန် ရည်ရွယ်ထားပြီဆိုတဲ့ သဘောပဲ မဟုတ်လား။
ကျိုးကျီက စိတ်ထိန်းချုပ်နိုင်စွမ်း မရှိကာ ရူးသွပ်သွားသည်ကို မသိသော ဒီသားရဲဘုရင်များရဲ့ မျက်လုံးများတွင် ကျိုးကျီသည် သူတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်ရန် စီစဉ်နေပြီလို့ တွေးနေသည်။ သူတို့အားလုံး မသေမချင်း ရပ်တန့်မယ့် ပုံမပေါ်ဘူး။
ဒီလိုအခြေအနေမျိုးမှာ သူုတို့ ထွက်ပြေးလွတ်မြောက်သွားရင်တောင် ကျိုးကျီက သူတို့ကို သတ်ဖို့ လိုက်ရှာရလိမ့်မယ်။ သူတို့လည်း ဆက်ပြီး တိုက်မယ့်အစား နောက်ဆုတ်ရင်လည်း အသက်ချမ်းသာရာ ရမယ်မဟုတ်ဘူးဆိုတာ ထင်ရှားသည်။
ဘာလို့လဲဆိုတော့ ဒီသားရဲဘုရင် တွေက ပြင်းပြင်းထန်ထန် တိုက်နေလို့ပဲ။ ပြီးတော့ ကျိုးကျီက သူတို့ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူနေတယ်။
ဒီအရာက မဖြစ်နိုင်ဘူးလေ... သူက ဘယ်လို လုပ်နေနိုင်တာလဲ! ဒီလူက အရမ်း အစွမ်းထက်နေပြီဖြစ်သော်လည်း သူက ဆက်လက် ကျင့်ကြံနေသေးတယ်။
ဒီလူ စုပ်ယူလိုက်တဲ့ စွမ်းအင်ဟာ သားရဲဘုရင် ခြောက်ကောင်လုံးကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် သူ အသုံးပြုနေတဲ့ စွမ်းအင်ပမာဏနဲ့ မယှဉ်နိုင်ရင်တောင်မှ ဒါဟာ သူ့ကို ပိုပြီးခံနိုင်ရည်ရှိမှာ သေချာတယ်။ သူတို့ ကို တိုက်ပွဲက ထွက်မသွား နိုင်အောင် တတ်နိုင်သလောက် ကြာကြာအောင် ထိန်းထားနိုင်ရင် တိုက်ပွဲက အနိုင်နဲ့ အဆုံးသတ်သွားလိမ့်မယ်။
ဒီသားရဲဘုရင်အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ကျားသားရဲဘုရင်- " အရှင်သခင် .... မင်းကို စော်ကားဖို့ ငါတို့ မရည်ရွယ်ပါဘူး။ အရှင်သခင်က ငါ့ကို ခွင့်လွှတ်ဖို့ ဆန္ဒရှိမယ်ဆိုရင် နောင်အနာဂတ်မှာ ငါက အရှင့် အမိန့်ကို နာခံဖို့ ဆန္ဒရှိပါတယ်။"
ဆင်ကြီးသည် ဒီစကားကိုကြားပေမယ့် တုံ့ပြန်မှု လုံးဝ မရှိပေ။ ယင်းအစား သူက ကျား သားရဲဘုရင် တိုက်ခိုက်သည့် အရှိန်လျှော့သွားသည်ကို အခွင့်ကောင်း ယူကာ သူ့နှာမောင်းမြှောက်ကာ ရိုက်ပစ်ခဲ့သည်။
ကျား သားရဲဘုရင် သည် သူရဲ့ စွမ်းအင်ကို စုစည်းကာ မလွဲသာလို့ ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။ အခြားသားရဲဘုရင်များကလည်း စိတ်ပျက်နေကြသည်-- ဒီလူက သူတို့အားလုံးကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။
ဒါတွေအားလုံးက ရှီလီကြောင့်ပဲ
သူတို့ ရှုန်းယယ်နဲ့ စကားပြောပြီး အဲ့ဒီမနက်က ဝက်ဝံကြီး မျိုးနွယ် နဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားနေခဲ့တယ် မဟုတ်လား ။ ရှီလီကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့ ဒီလိုမျိုး အဆုံးသတ်မှာတဲ့လား။
"ရှီလီ! ဒီကို ထွက်လာစမ်း!" မျောက်ဝံ သားရဲဘုရင် က ဒေါသတကြီး အော်လိုက် တယ်။
ရှီလီ ထွက်လာဖို့ ငြင်းလိုက်တယ်။
ရှီလီက အခုမှ ထွက်ပြေးချင်နေတာ။ တကယ်တော့ လက်ရှိအခြေအနေကို လက်မခံနိုင်ဆုံး သူကတော့ ရှီလီပါပဲ။
ကျိုးကျီသည် အလွန်အားနည်းပြီး တိရစ္ဆာန်ပုံစံပင်မရှိသည်မှာ ထင်ရှားနေတာပဲ လေ။ အခု သူက သားရဲဘုရင်တွေထက် သူရဲ့ ခွန်အားထက် ဘယ်လိုဖြစ်ပြီး အားကောင်းနေတာလဲ။
ဒါက အရမ်းကြောက်စရာကောင်းပြီး မယုံနိုင်လောက်အောင်ပါပဲ။ သူ့အရင်ဘဝမှာ ဒီလို အရာမျိုး မရှိခဲ့တာ ထင်ရှားပါတယ်။
ကျိုးကျီသည် သူ့မိခင်သေဆုံးပြီးနောက်တွင် သူ နေထိုင်သောဂူကနေ မောင်းထုတ်ခံခဲ့ရပြီး ဆင်သားရဲဘုရင် လာမခေါ်ခင်အထိ နှစ်လကြာအောင် ထင်းထားသည့် ကျိုးကျနေသော တဲထဲတွင် နေထိုင်ခဲ့ရသည်။ ထို့နောက် ... နောက်ထပ် နှစ်နှစ်၊ သုံးနှစ်ကြာပြီးနောက် ဆင်သားရဲဘုရင် ကွယ်လွန်သွားခဲ့သည်။
ဆင်သားရဲဘုရင် ကွယ်လွန်ချိန်တွင် တောရိုင်းမြေထဲတွင် သူနဲ့ ရှုန်းယယ်တို့က လှည့်လည်သွား လာနေကြဆဲဖြစ်သောကြောင့် အခြေအနေအတိအကျကို မကြားခဲ့ရပေ။ သားရဲလူသားကုန်းမြေကို ရောက်သောအခါတွင် ဘယ်သူမှ ရှန့်ထျန်းအကြောင်းကို မပြောတော့လို့ သူတို့လည်း ကျိုးကျီရဲ့ သတင်းကို လုံးဝ မသိခဲ့ကြဘူး။ ဒါကြောင့် သူက ကျိုးကျီကွယ်လွန်သွားပြီဟု အမြဲ ယုံကြည်ခဲ့သည်။
သို့သော် ကျိုးကျီက အရမ်းအစွမ်းထက်လှသည်။ အရင်ဘဝက သူ ဘာကြောင့် သေသွားတာလဲ။ ဒါမှမဟုတ် လက်ရှိ ကျိုးကျီက သူ့အရင်ဘဝက လူ နဲ့မတူဘူးလား။
အတွေးပေါင်းစုံနဲ့ ရှီလီသည် ခေါင်းမူးကာ သူ့ရှေ့က အရာအားလုံးကို လက်မခံနိုင်ပေ။ သို့သော် ဒီအချက်ကြောင့် သူ ကျရှုံးမည်မဟုတ်ကြောင်း သူ ယုံကြည်ခဲ့သည်။
သားရဲနတ်ဘုရားက သူ့ဘဝကို ပြန်စဖို့ အခွင့်အရေး ပေးထားပြီး သူ့ကို သေစေမှာ မဟုတ်ဘူး ဆိုတာ သေချာတယ်။ သားရဲ ဘုရားသခင်က သူ့ကို ကောင်းကင်ပေါ် ကနေ ကာကွယ်ပေးနေတယ်။ သေချာပေါက် အန္တရာယ်ကနေ သူ့ကို ကယ်တင်နိုင်လိမ့်မယ်!
ရှီလီသည် သားရဲဘုရားအကြောင်း တွေးတောနေစဉ်တွင် ဘုန်းတော်ကြီးချုပ်က တုန်ယင်စွာ ရေရွတ်ခဲ့သည်။
"အထက်ကောင်းကင်မှာ ရှိနေတဲ့ သားရဲ...သားရဲနတ်ဘုရားပဲ...ဒါက သားရဲ နတ်ဘုရားပဲ ..."
ချိုင့်ဝှမ်းတွင်ပေါက်သောအပင်များသည် ရုတ်တရက်ကြီးပြင်းလာကာ ချက်ခြင်း အပွင့်ပွင့်လာသောအခါ ဘုန်းတော်ကြီးချုပ်က ကြောက်လန့်တကြား စိတ်မထိန်းနိုင်ပဲ အော်ဟစ်နေသည်။
ဒီချိုင့်ဝှမ်းသည် သားရဲနတ်ဘုရားကျောင်းတော် က မြေအိုးခွက်များကို ဖုတ်သည့် နေရာဖြစ်သည်။ ဒီချိုင့်ဝှမ်းရှိ မြေဆီလွှာသည် မြေအိုးပြုလုပ်ရန် အထူး သင့်လျော်သည်။ အိုးလုပ်ရန်အသုံးပြုသော လယ်ယာလုပ်ငန်းအတွက် လုံးဝ သင့်လျော်ခြင်းမရှိပေ။ ဒါကြောင့် ဒီနေရာမှာ မြေအိုးအတွက် မြေစေးကို တူးဖော် ပေမယ့် အရင်က ဒီမှာ အပင်လုံးဝ မပေါက်ရောက်ခဲ့ပေ။
သို့သော်လည်း ယခုအခါတွင် အပင်များသည် ကျိုးကျီရဲ့ စွမ်းအားကြီးတဲ့ ဖိအားအောက်နေ ပေါက်ဖွားလာခဲ့သည်။ ဒီအပင်များကြားတွင် ဟင်းသီးဟင်းရွက်များ၊ စပျစ်နွယ်ပင်များရှိသည်။ အသီးအရွက်များက သားရဲဘုရင်တွေ နင်းမိလို့ ကြေမွလုနီးပါး ဖြစ်ခဲ့သော်လည်း ထိုစပျစ်နွယ်ပင်များသည် ကျိုးကျီ အနီးပတ်ဝန်းကျင်ရှိ သားရဲဘုရင်များကို စတင်တိုက်ခိုက်လာသည်...
ကျိုးကျီသည် ဒီအပင်မျိုးစေ့များကို သူနှင့်အတူ ယူဆောင်လာခဲ့သည်။ ယခုတော့ သူက အပင်တွေကို သုံးပြီး ရန်သူကို တိုက်ခိုက်ရန် နည်းလမ်းအဖြစ် မသိစိတ်က အသုံးပြုခဲ့လိုက်သည်။
သို့သော် အခြားသူများက ဒါကို မသိကြပါ။ သားရဲနတ်ဘုရားကျောင်းတော် မှ လူများရဲ့အမြင်တွင် အပင်များသည် ကျိုးကျီကို ကူညီနေပုံရသည်။
ဘုန်းတော်ကြီးချုပ် သည် မူလက ပြူးကျယ်သော မျက်လုံးများဖြင့် မြင်ကွင်းကို စိုက်ကြည့်နေပြီဖြစ်သော်လည်း ယခုအခါ သူ့မျက်လုံးများက ပို၍ပင် ကျယ်လာသည်။
ရှီလီသည် ဒီအခြေအနေကို မြင်တော့ ဘာရယ်မသိပဲ ဘုန်းတော်ကြီးချုပ်ကို နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဆင်ပြေပါလိမ့်မယ်။ သားရဲ ဘုရားသခင်က ကျွန်တော်တို့ကို ကာကွယ်ပေးလိမ့်မယ်။"
ဘုန်းတော်ကြီးချုပ် သည် ရှီလီကို သွေးရောင်ရဲသည့် မျက်လုံးများဖြင့် ကြည့်ကာ "သားရဲ...နတ်" ဟု ပြောလိုက်ပြီး ရုတ်တရက် ပါးစပ်မှ သွေးများ ထွက်လာကာ ရှီလီရဲ့ မျက်နှာကို ပက်ဖြန်းလိုက်မိတော့သည်။
ရှီလီရဲ့မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဘုန်းတော်ကြီးချုပ် သည် နောက်ပြန်လဲကျကာ မကျေနပ်လွန်းလို့ မူးလဲသွားတော့သည်။
ဘုန်းတော်ကြီးချုပ် သည် အသက်ကြီး၍ ကျန်းမာရေး မကောင်းသောကြောင့် မူးလဲတာ သေချာသည်... သူရဲ့ အရင်ဘဝမှ ဘုန်းတော်ကြီးချုပ် သည် အခြားသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။
ရှီလီ တွေးနေတုန်းမှာ ဟိုင်ဖုန်းဆီက နှစ်ကြိမ်တိတိ ဖိချ ချေမှုန်းခံခဲ့ရတဲ့ ကျား သားရဲဘုရင် က မထိန်းနိုင်တော့ဘူး။ သူသည် ကျိုးကျီရဲ့နှာမောင်းဖြင့် မျက်နှာကို ရိုက်မိကာ ဘုန်းတော်ကြီးချုပ် ကဲ့သို့ပင် သတိလစ်ကာ တိုက်ပွဲမှ ထွက်သွားရ တော့သည်။
ပတ်ဝန်းကျင်ရှိ သားရဲဘုရင်များသည် ဒီအခြေအနေကိုမြင်ပြီး အားလုံးက 'ငါတို့ ဘဝတော့ ဆုံးပြီ' ဟူသော ခံစားချက်ကို ခံစားခဲရသည်။
အရမ်းကြောက်ကြတယ်၊ အရမ်းကြောက်စရာ ကောင်းလွန်းတယ်။
နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ထွက်ပြေးဖို့ ကြိုးစားတဲ့ သားရဲဘုရင် တွေပင် ရှိလာသည်။
သူတို့ထဲက တစ်ယောက်က ထွက်ပြေးသွားတော့ တခြားသူတွေကလည်း ထွက်ပြေးတော့တယ်-- ဒီလိုမျိုး ဆက်တိုက်နေမယ်ဆိုရင် သေသွားမှာပဲ သေချာတယ်။ အဲဒီလိုဖြစ်တာကြောင့် လွတ်မြောက်ဖို့ ကြိုးစားတာက ပိုကောင်းပါတယ်။
လွတ်မြောက်ရန် လမ်းခွဲကာ ပြေးကြစဉ် ကျိုးကျီသည် သူတို့ထဲမှ တစ်ဦး သို့မဟုတ် နှစ်ယောက်ကိုသာ ဖမ်းနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ သူတို့ထဲမှ အချို့သည် အမှန်တကယ် လွတ်မြောက်နိုင်ပေမည်။
အနာဂါတ်အတွက်... တခြားဘာမှ မလုပ်နိုင်ရင်တောင် သူတို့ တစ်သက်လုံး ပုန်းနေနိုင်တယ်။ သူတို့ ရှင်သန်နေနိုင်သရွေ့ တောရိုင်းမြေထဲမှာ ပုန်းနေရမယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ပုန်းချင်ပါတယ်။
မဟုတ်ဘူး၊ တောထဲတောင်ထဲ မသွားနိုင်ဘူး။ အဲ့ဒါ ကျိုးကျီရဲ့ ပိုင်နက်နယ်မြေပဲ မဟုတ်လား။
အရိုက်ခံရပြီးသော ကျား သားရဲဘုရင် မှလွဲ၍ အခြားသော သားရဲဘုရင် ငါးကောင်သည် တကွဲတပြားဖြင့် လမ်းကြောင်းအမျိုးမျိုးမှ ခွဲကာ ထွက်ပြေးသွား ကြသည်။ သို့ရာတွင်၊ အနည်းငယ်နောက်ကျကျန်နေသော သားရဲဘုရင် များထဲမှ တစ်ကောင်သည် အရိုက်ခံရပြီး သစ်ပင် ပင်စည်ဖြင့် ထိမိပြီးနောက် ကုန်းထကာ ရအောင် ထွက်ပြေးသွားခဲ့သည်။
ထို့နောက်... ကျိုးကျီသည် အလျင်မြန်ဆုံး သားရဲဘုရင်နောက်သို့ လိုက်သွားကာ သူရဲ့ ကျုံ့နေသော တိရိစ္ဆာန်ပုံစံနဲ့ လိုက်မမီနိုင်တော့ကြောင်း သိလိုက်ရကာ သူ ပြေးနေရင်း သူ့ကိုယ်ထည်က တဖြည်းဖြည်း ပိုကြီးလာကာ သူပြေးလေလေ ပိုကြီးထွားလေလေ...ဖြစ်လာသည်။
ကျိုးကျီကို ဖမ်းပြီးနောက် ရှုန်းယယ်ကို တိုက်ခိုက်ရာတွင် ပူဇော်ပွဲကို မထိခိုက်စေဖို့ ဘုန်းတော်ကြီးချုပ် နှင့် ရှီလီတို့က မြေအိုးဖုတ်တဲ့နေရာကို ခေါ်လာခဲ့လို့ ဒီနေရာသည် သားရဲနတ်ဘုရားဘုရားကျောင်းနှင့် သားရဲနတ်ဘုရား ပူဇော်ပွဲကျင်းပရာ နေရာနှင့် အလွန်ဝေးကွာသော်လည်း သားရဲဘုရင် အများအပြား တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အနှောက်အယှက်မှာ အရမ်း ကြီးမားလွန်းလှသည်။
သားရဲနတ်ဘုရားကျောင်းတော် သို့ပြန်ရောက်သောအခါ၊ သားရဲနတ်ဘုရား ပူဇော်မှုကို ဦးဆောင် နေသော ဘုန်းတော်ကြီးများနဲ့ အခမ်းအနားတွင်ပါဝင်နေ ကြသော သားရဲများ အားလုံး စိတ်အနှောင့်အယှက်ဖြစ်ကြပြီး တစ်ခုခုမှားနေပြီဟု ခံစားမိကြသည်။
" ဘာတွေ ဖြစ်ကုန်တာလဲ?"
"သားရဲနတ်ဘုရား စိတ်ဆိုးနေတာလား။ ကမ္ဘာမြေကြီး တုန်လှုပ်နေသလို ခံစားနေရတယ်။"
"အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ"
"သားရဲနတ် ဘုရားက ငါတို့ကို တစ်ခုခုပြောဖို့ ကြိုးစားနေတာလား။"
......
ဒီလူများ အချင်းချင်း အကြည့်ချင်းဖလှယ်ကြပြီး အသံလာရာကို ဦးတည်ကာ အစုလိုက်အပြုံလိုက် လာနေကြပြီး ် ဒီလူများ အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
ယနေ့သည် သားရဲနတ်ဘုရား ပူဇော်သောနေ့ဖြစ်သည်။ သူတို့သည် သားရဲနတ်ဘုရားရဲ့ကောင်းချီးအတွက် ဆုတောင်းနေခဲ့ကြသည်။ ယခုတွင် ထိုသို့သော အနှောက်အယှက်ဖြစ်လာသဖြင့် ဒါက သားရဲနတ်ဘုရားရဲ့ အလိုတော်အတိုင်း ဖြစ်လာတာလား....
သားရဲနတ်ဘုရား ဗိမာန်တော်ရှိ ဘုန်းတော်ကြီးသည် ရှုန်းယယ်ကို ချောင်းမြောင်း တိုက်ခိုက်ရန် ဘုန်းတော်ကြီးချုပ် နှင့် သားရဲဘုရင်ရဲ့အစီအစဉ်ကို မသိခဲ့ ကြသည့်အပြင် သားရဲနတ်ဘုရားကျောင်းတော် နောက်ဘက်သို့လည်း လိုက်လာ ခဲ့ကြသည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်တွင် သားရဲဘုရင်တစ်ပါး ပြေးလာ သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
"အဲဒီ သားရဲဘုရင်၊ သူ ဘာလုပ်နေတာလဲ"
တစ်ယောက်ယောက်က သိချင်လာသည်။ သားရဲဘုရင်နောက်သို့ လိုက်နေသည့် ဆင်ကြီးတစ်ကောင်ကို တွေ့လိုက်ရသောအခါ သူတို့ အံ့ဩသွားကြသည်။
ထိုဆင်ကြီးသည် နောက်ဆုံးတွင် ကြီးမားသည်ထက် ကြီးမားလာပြီး ခြေတလှမ်းတိုင်း အနည်းငယ်ပိုကြီးလာသည်။ ထိုမှသာမကဘဲ၊ သူ့အနီးနားရှိ အပင်များသည် အရူးအမူးကြီးထွားလာကာ နောက်ဆုံးတွင် ရှေ့ရှိသားရဲဘုရင်ကို ထောင်ချောက်ဆင်ကာ ပိတ်ဖမ်း လိုက်ကြသည်။
ထို့နောက် ဆင်ကြီးသည် သားရဲဘုရင်အား နှာမောင်းဖြင့် ဖမ်း၍ ညစ်လိုက်ချိန် ထိုသားရဲဘုရင်က သတိလစ်သွားခဲ့သည်။
သားရဲနတ်ဘုရားကျောင်းတော် မှ ဘုန်းတော်ကြီး အားလုံး အံ့သြတုန်လှုပ်ကြပြီး ခဏတာ မှင်တက်သွားကြသည်။ သူတို့အထဲမှ ထိပ်တန်း ဘုန်းကြီးတစ်ပါး ရုတ်တရက် ဒူးထောက်သွားကာ အော်ဟစ်လိုက်သည်။
"သားရဲ နတ်ဘုရား! အဲဒါ သားရဲနတ်ဘုရားပဲ!"
သားရဲနတ်ဘုရားကျောင်းတော် မှ အဆင့်မြင့် ဘုန်းတော်ကြီးကသာ သားရဲနတ်ဘုရားက ကိုယ်ထည်ကို ပိုကြီးအောင် ပိုသေးငယ်အောင် လုပ်နိုင်စွမ်း ရှိပြီး ခြေလှမ်းတိုင်း ပန်းပွင့်စေသည့် ဒဏ္ဍာရီကို သိနိုင်မည်ဖြစ်သည်။
***-***
YOU ARE READING
ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)
Adventureကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed) Genre _ Adventure , Comedy , Fantasy, Historical ,Romance ,Slice of Life ,Yaoi မေး- မင်း နှစ်သက် သဘောကျတဲ့သူက သစ္စာမရှိတော့တဲ့အခါ မင်း ဘာလုပ်သင့်လဲ။ ဖြေ - နောက်တစ်ယောက်ရှာပါ။ ဒီတစ်ခါတ...