(U+Z) Chapter (45)_ လျှို့ဝှက်သော လူသား

8.1K 1.5K 30
                                    

Chapter (45)_  လျှို့ဝှက်သော လူသား
 



ရှန်းထျန်းရဲ့ ရုတ်တရက် ရောက်လာပြီး ပြန်ထွက်သွားတာ ဝက်ဝံကြီး မျိုး၊နွယ်စုအပေါ်ကို သက်ရောက်မှု အများကြီးရှိစေတယ်။


 

ရှီလီပြောခဲ့တဲ့ စကားတွေက သူတို့ကို ပိုမို အံအားသင့်စေတယ်။ ကျိုးကျီရဲ့ ဖခင်က ဒီလို   တန်ခိုးကြီးသူ တစ်ဦးဖြစ်မယ်လို့ သူတို့ မထင်ခဲ့ကြဘူး။


ရှုန်းဟော်က ကျိုးကျီကို စိတ်ရှုပ်ထွေးစွာ ကြည့်ခဲ့တယ်။

 

 ကျိုးကျီရဲ့ အမေက သူတို့ မျိုးနွယ်ထဲကမှာ နာမည်ကြီးသည်။ သူမက ရုတ်တရက် ကလေးရလာတော့  မျိုးနွယ်စုထဲက လူတော်တော်များများက ကလေးရဲ့အဖေက ဘယ်သူလဲဆိုတာ သိချင်နေကြပေမယ့် ဘယ်သူမှ မသိခဲ့ကြဘူး... သူတို့မျိုးနွယ်ထဲက လူတွေတော့ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒါပေမယ့် ကျိုးကျီ ရဲ့အဖေက အရမ်းသန်မာတယ်ဆိုရင် ကျိုးကျီ ရဲ့အမေက သူနဲ့ ကလေးယူလိုစိတ်ရှိတာ ပုံမှန်ပါပဲ။



ဒါပေမယ့် မွေးလာတဲ့ ကျိုးကျီက အားနည်းလွန်းလှတယ်။
 


ရှုန်းဟော် က ဒီအကြောင်းကိုတွေးပြီး ကျိုးကျီ ကို သနားစပြုလာတယ်။


ဤအချိန်တွင် မျိုးနွယ်စုရှိ အခြားလူများက ခုနက လူအကြောင်းကို ပြောဆို ပြောနေကြသည်-


"ဒီလူက အစွမ်းထက်လွန်းတယ်၊ ငါ အရမ်းကြောက်တာပဲ!"



"ငါက သေတော့မယ်တောင် ထင်တယ်"



"ဒီကမ္ဘာမှာ ဒီလောက် သန်မာတဲ့သူတွေ ရှိတယ်။ သူက ဗိုက်ဆာမှာကို ဘယ်တော့မှ စိတ်ပူစရာ မလိုဘူး မဟုတ်လား"



"ဒီလောက် အစွမ်းထက်နိုင်ရင် ကောင်းတာပေါ့!"


"ကံကောင်းတာက သူ ငါတို့ကို မခေါ်သွားဘူး"

......



ဝက်ဝံကြီး မျိုးနွယ်စုက လူတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ကံကောင်းမှုတွေ ရရှိခဲ့ပါတယ်။ ရှီလီရဲ့ မိခင်ကတော့  ရူးလုမတတ်ဖြစ်နေပြီ-



"သူ ရှီလီကို ဖမ်းခေါ်သွားတယ် ဟုတ်လား... အကြီးအကဲ၊ ရှင်... ရှီလီကို တွေ့ပြီလား!"



သူမသည် ရှီလီနှင့် မကြာသေးမီက ငြင်းခုံနေသော်လည်း ယန်ယင်က ရှီလီကို သူ့အပေါ် အခုထက် အနည်းငယ် ပိုကောင်းစေချင်သည်။ သူတို့သားအမိ နှစ်ယောက်ထက်  စားဖို့ အစာကို ပိုပေးနိုင်မယ်လို့ သူမ မျှော်လင့်နေခဲ့မိတယ်။ ရှီလီ မတော်တဆဖြစ်မှာကို သူမ အရမ်းကြောက်နေတယ်။   ရှီလီကို ဘာမှ မဖြစ်စေချင်ဘူး။
 


သူတို့က ဒီဝက်ဝံကြီး မျိုးနွယ်စုထဲက မဟုတ်ကြဘူး။  ရှီလီ အမဲလိုက်နိုင်တာကြောင့် မဟုတ်ရင်  ဒီလူက သူတို့ကို လက်ခံဦးမှာလား။ အခု ရှီလီ က အဖမ်းခံလိုက်ရပြီ။ ကျန်ရစ်တဲ့ သူတို့သားအမိကို  နှင်ထုတ်တော့မှာလား။ ဒါဆိုရင် သူတို့သားအမိ  ငတ်သေကြတော့မှာလား။


"သူက အဲ့ဒီလူ အကြောင်းပြောမိလို့ အဖမ်းခံလိုက်ရတာပဲ။ သူ့ကို ဘယ်လိုပြန်ရအောင် လုပ်နိုင်မှာလဲ"



ရှုန်းဟော်က ယန်ယင်းကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည် ။



ရှုန်းဟော် ရဲ့ ဒေါသက အရမ်း အရှိန်ကောင်းနေတယ်။ သူက နှစ်ပေါင်းများစွာ အကြီးအကဲဖြစ်ခဲ့ပေမယ့် ဒီလိုမျိုး ဒေါသထွက်တာ မြင်ရခဲ့သည်။ သူ့သမီးကို ရှီလီက လှည့်စားခဲ့စဉ်ကပင် ရှီလီကို ရိုက်ပစ်ချင်လောက်အာင် ဒေါသထမထွက်ခဲ့ပေမယ့် အခုတော့ သတ်ပစ်ချင်လောက်အောင် တကယ်ကို ဒေါသထွက်နေမိသည်။သို့သော် ယခုတစ်ကြိမ်တွင် ရှီလီ ကို မုန်းတီးရွံရှာသွားမိသည်။



ဒီလူက မာလုအကြောင်းကို မေးခဲ့သည်။ သူသာ အဖြေမတတ်ရင်   သူတို့ မျိုးနွယ်စုက လူတွေ ဒုက္ခရောက်မှာကို   သူက သိနေ တယ်။


ဒါပေမယ့်လည်း ရှီလီက မာလုကို ဆွဲဆောင်နေလို့ ထွက်လာပါတယ်လို့ မပြောခဲ့ဘူး၊ ဒီလူက ရှီလီကို အာရုံစိုက်မိတဲ့အချက်က အကြောင်းရာ တခုထက်မက ပိုတယ်လို့ ရှုန်းဟော် ခံစားလိုက်ရသည်။ ဒါပေမယ့် ရှီလီက သူ့ကို သတိပြုမိစေဖို့ သူ့ဖာသာ ထွက်လာပြီး ပြောလိုက်တာ ဖြစ်သည်။



ယခုအချိန်တွင် ရှုန်းဟော် သည် ရှီလီကို အလွန်ရွံရှာနေပြီး ကျိုးကျီ အတွက်. စိတ်မကောင်းဖြစ်မိသည်။


ကျိုးကျီ ၏မျက်နှာကိုကြည့်လိုက်တော့ သူ ဘာမှမသိကြောင်း သိလိုက်သည် ။ သူထင်တာက သူ့မှာ ဒီလောက် တန်ခိုးကြီးတဲ့ ဖခင်တစ်ယောက်ရှိပေမယ့် ဂရုစိုက်မှု တစ်ကြိမ်မှ မရခဲ့ဘူး။ ဒီ တောင်ချိုင့်ဝှမ်းထဲမှာ တုံးအတဲ့ ကောင်လေးကို ထိုလူက သားအဖြစ် အသိမှတ်မပြုပဲ ပစ်ပယ်လိုက်ပြီဆိုတာ ထင်ရှားသည်။
 


ရှုန်းဟော်က ကျိုးကျီအကြောင်းကို တွေးလေ ပို၍ပင် စာနာသနားလေဖြစ်လာသည်။


ယန်ယင်းသည် ရှုန်းဟော်၏ တုန့်ပြန်မှုကြောင့် အံ့အားသင့်သွားသောအခါ သူမသည် စကားအလွန်အကျွံ မပြောဝံ့ပေ။ ဤအချိန်တွင် ဘုန်းတော်ကြီးက ဝင်ပြီး ပြောလိုက်သည်။



"နောက်ရက်အနည်းငယ်အတွင်း လူတိုင်း သတိထားပြီးနေသင့်တယ်။ ထပ်ပြီး ပြသနာ မဖြစ်စေနဲ့ "  



နောက်ဆုံး ဘုန်းကြီးက သူ့ဂူကနေ အပြင်ကနေ ထွက်လာတယ်။ ဘုန်းကြီးက သူ့ပါးစပ်ကနေ သူက အပြင်လောကအကြောင်း သိတယ်လို့ပြောခဲ့ပေမယ့် တကယ်တော့ သူလည်း သိပ်မသိပေ။
 


ထိုလူသည် သန်မာလွန်းလှပြီး ဘုန်းတော်ကြီးရဲ့တာဝန်က ထိုလူကို ရင်ဆိုင်ဖို့ မဟုတ်ပဲ သူတို့ မျိုးနွယ်စုက လူတွေကို  ဘဝနေ့ရက်များကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်အောင် ကြည့်ရှုကူညီဖို့ပဲဖြစ်သည်။



ဒီလို တွေးမိပြီး ဘုန်းကြီးက ပြောလိုက်သည်။



 "အရင်တုန်းက မင်းတို့နေခဲ့သလိုပဲ နောင်လည်း အဲ့လို နေကြရမယ်။ တကယ်လို့ သူစိမ်းတွေရောက်လာရင်၊ ဒီနေ့ လုပ်သလို စကားတွေ လျှောက်မပြောပဲ ဖာသိဖာသာပဲ နေကြ...ဟုတ်ပြီလား...."


"ဟုတ်ကဲ့ပါ.. အဘဘုန်းတော်ကြီး "

မျိုးနွယ်စုက လူတွေက ဖြေလိုက်သည်။

 
"ရှီလီရော...သူက ဘာဖြစ်သွားမလဲ"
ယန်ယင်းက မနေနိုင်ပဲ မေးလိုက်သည်။


"ငါတို့ သူ့ကို ပြန်ခေါ်ဆောင်ပေးဖို့ အရည်အချင်း မရှိကြဘူး။ မင်းမှာ အရည်အချင်းရှိရင် သူ့ကို မင်းကိုယ်တိုင် ပြန်ခေါ်လာနိုင်တယ်"


ဘုန်းကြီးက ပြောလိုက်တယ်။



ရှီလီကို ဖယ်ထုတ်လိုက်တာက သူ့အပြစ်ကြောင့်ပဲ။ အခုအချိန်တွင် ဘုန်းကြီးများက ရှီလီက စိတ်ထား မကောင်းဘူးလို့ ခံစားလိုက်ရသည်။



မကြာသေးမီက ရှီလီ သည် အလွန်ပြောင်းလဲသွားခဲ့ပြီး ကျိုးကျီ ၏ဖခင်နှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခုကို သိရှိထားပြီး ဖြစ်သည်... ဤကိစ္စကို သူပင် မသိလိုက်ပေ။ ရှီလီက ဘယ်လိုသိတာလဲ။



ရှီလီက ကျိုးကျီ ရဲ့အမေ ဆီက သိတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါကို သူ မယုံဘူး။



ကျိုးကျီ ရဲ့အမေက ဘုန်းကြီးဖြစ်တဲ့ သူ့ကို ယုံကြည်ခဲ့တယ်။ သူက ကျိုးကျီရဲ့အမေကို ပထမဆုံးမေးခဲ့တာက သူ့ခင်ပွန်းက ဘယ်သူလဲ ဆိုတာပဲ။



ဒါပေမယ့် ကျိုးကျီရဲ့ အမေက သူ့ခင်ပွန်းရဲ့အမည်ကို မသိဘူးလို့ ပြောခဲ့တယ်။ သူက အစွမ်းထက်တဲ့ သားရဲလူသားဆိုတာ သူမလည်း မသိခဲ့ဘူး။
 


ပြောရလျှင် ရှီလီသည် အလွန်ပြောင်းလဲသွားသည့် အပြင် အခုလာခဲ့သည် လူကို ဘယ်လိုလူလဲဆိုတာ သိနေတယ်။ ဒါတောင် ဆင် သားရဲလူသားကို ဆန့်ကျင်ရဲသေးတာလား။



ထိုအရာကို စိတ်ထဲတွင် တွေးတောရင်း၊ ရှီလီသည် ဒီမှာ ဆက်နေပါက ဝက်ဝံကြီး မျိုးနွယ်စုကိုပင် ဖျက်ဆီးပစ်လောက်သည်ဟု ဘုန်းတော်ကြီးက တွေးနေမိသည်။

 

မျိုးနွယ်စုရှိလူများသည် ဆူညံနေသော်လည်း ရှုန်းယယ် သည် ကျိုးကျီအတွက် အနည်းငယ်စိတ်မကောင်းဖြစ်ကာ နှစ်သိမ့်ပေးလိုက်သည်။



 " မင်း .... စိတ်မကောင်း မဖြစ်ပါနဲ့။"



သူ့ဖခင်က သားဖြစ်သူ ကျိုးကျီကို ဂရုမစိုက်ဘဲ ကျိုးကျီဆီမှာ ခုထိ သားရဲပုံစံ မရသေးဘူးလို့ သိရတော့ အရမ်းကို စက်ဆုပ်သွားသည်မှာ ထင်ရှားသည်။ ဒါကို မြင်ရတော့ ကျိုးကျီလည်း အရမ်းဝမ်းနည်းနေမှာပဲ။
 


"စိတ်မကောင်း မဖြစ်ပါဘူး။"


ကျိုးကျီက သူတကယ် စိတ်မကောင်း မဖြစ်ပါဘူး၊ သူ အနည်းငယ်ပဲ အံ့သြနေမိတယ် ။မူလကိုယ်က  ဒီလို ဖခင်မျိုး အမှန်တကယ်ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။



သို့သော် သူသည် မူလပိုင်ရှင်မဟုတ်၊ သူ့မိဘလည်း မဟုတ်လို့ သူက ဂရုမစိုက်ပေ၊  ဖခင်နှင့် ပတ်သက်၍ ဘာမှ မခံစားရသော်လည်း   အခြားလူ ရှာတွေ့ထားသည့် အသီးကို စားခံမိလို့ နည်းနည်း ရှက်ရွံ့အားနာနေမိသည်။

 

ကျိုးကျီ သည် အပြင်ထွက်၍ မူလကိုယ်ရဲ့ ဖခင်ကို ရှာရမလားလို့ စဉ်းစားနေသည်။ ဒီလူရဲ့ကိုယ်ထဲက စွမ်းအင်တွေက ဖရိုဖရဲဖြစ်နေသည်။ သူက ကြာရင် သေသွားနိုင်တယ်။ သူက သွားကူညီပေးတာ ကောင်းမလား။ အခု သူဝင်နေတဲ့ ကိုယ်နဲ့ အဲ့လူက သွေးသားတော်စပ်သေးတယ် မဟုတ်လား။



ကျိုးကျီ အရမ်း တည်ငြိမ်နေတာတွေ့မှာ ရှုန်းယယ်လည် စိတ်ပူတာလျော့သွားခဲ့သည်။



ရှီလီက ကျိုးကျီက အဲ့လူရဲ့ကလေးလို့ ပြောလိုက်တဲ့အချိန်က သူ တကယ်ကို စိတ်ပူသွားခဲ့သည်။ ကျိုးကျီက အဲ့လူနဲ့ရုပ်ချင်းလည်း အတော်ကို ဆင်လို့ ကျိုးကျီကို အဲ့လူ ခေါ်သွားမှာကို ကြောက်နေမိသည်။



ကံကောင်းလို့ အဲ့လူက ကျိုးကျီကို ခေါ်မသွားခဲ့ပေ။



 
"ငါတို့ အမဲလိုက်သွားတော့မယ်၊ အမဲလိုက်ပြီးပြန်လာတာကို စောင့်ဦး။"



 ရှုန်းယယ်က ဒီနေ့ ဒီလိုအဖြစ်မျိုးကြုံလိုက်ရပေမယ့် သူက အမဲလိုက်သွားရဦးမည်ဖြစ်သည်။  ဒါက အစာအိမ်နဲ့ပတ်သက်တဲ့ ကြီးမားတဲ့ အကြောင်းအရာပဲလေ ။


"ကောင်းပြီ။"

ကျိုးကျီက ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။



ရှုန်းယယ်က ဒါကိုမြင်ပြီး မျိုးနွယ်စုက ထွက်သွားစဉ် အခြားလူတွေက အလုပ်ရှုပ်နေခဲ့တယ်။



ရှေးခေတ်လူတွေက သေခြင်းတရားနဲ့   လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းတွေ မြင့်မားပြီး အရမ်းသန်မာတယ်... ဘုန်းကြီးရောက်လာတဲ့အခါ ကျိုးကျီက ဒါကို စဉ်းစားနေတယ်။


ကျိုးကျီ-  "..." သူက ဘုန်းကြီးဆီမှာ ထပ်ပြီး  အဖမ်းခံ လိုက်ရပြန်တယ်။



မျိုးနွယ်စုက လူတွေ ကြောက်လန့်နေပေမယ့် နေရောင်က တောက်ပနေဆဲဖြစ်တယ်။



ဒါပေမယ့် ရှီလီက သိပ်အဆင်မပြေဘူး။ ရှီလီက အဲ့လူရဲ့ ပစ်မှတ်ဖြစ်နေသည်။ ဒီသားရဲဘုရင်က ဒီလိုရက်စက်ကြမ်းကြုတ်သော အကျင့်မျိုး ရှိသူ မဟုတ်ကြောင်း သူသိပြီး သားဖြစ်သည်။ ဒါတွေကို အရင်ဘဝက အတွေ့အကြုံအရ အတည်ပြုနိုင်သည်။



ထို့အပြင် ရှန်းထျန်း သည် မကြာမီသေဆုံးတော့မည်ကို သူသိပြီး သူ၏နေ့ရက်များက ဘုန်းတန်ခိုးထွားစရာ သိပ်မမြင်နိုင်တော့ပေ။


ဒီလိုအရာမျိုးက အရင်ဘဝက ကျိုးကျီ ပိုင်ဆိုင် ကြုံတွေ့ရမယ့် အရာတွေဖြစ်တယ်။ အခု ဘယ်လိုဖြစ်ပြီး ဒီလူက သူ့ကို ခေါ်လာ၇တာလဲ။  လူတစ်ယောက်ရဲ့ တုံ့ပြန်မှုဟာ သူ ထင်ထားတာနဲ့ လုံးဝမတူပါလား။
 အရင်ဘဝတွင် ရှန်းထျန်းက ကျိုးကျီကို အရမ်းအာရုံစိုက်ခဲ့ပေမယ့် အခုဘဝမှာတော့ သူက ကျိုးကျီကို တချက်တောင် မကြည့်ခဲ့ဘူး။
 


ဒါက ဘယ်လိုဖြစ်နိုင်မလဲ။


ရှန်းထျန်းရဲ့  တုံ့ပြန်မှုသည် ပုံမှန်ဖြစ်သည်ဟု ပြောရသည်မှာ မှန်သော်လည်း သူ့ အရင်ဘဝနှင့် ယှဉ်လျှင် အလွန်ပြောင်းလဲသွားလို့ ရှီလီမှာ စိတ်မသက်မသာ ဖြစ်နေသည်။


ရှန်းထျန်းက  ရှီလီ ဘာတွေတွေးနေမှန်း မသိဘူး။ သူက ရှီလီကို ခေါ်သွားပြီး ဝက်ဝံကြီး မျိုးနွယ်နဲ့ ခပ်ဝေးဝေးတစ်နေရာကို သွားခဲ့တယ်။ ထို့နောက် သူက ရှီလီကို မြေပြင်သို့ တိုက်ရိုက်ပစ်ချလိုက်သည်-



"ပြောလေ၊ မင်း ငါ့ကို ဘယ်လိုသိတာလဲ"



ရှီလီက လိမ်ပြောလိုက်သည်။



 "ဒါက ကျိုးကျီရဲ့ အမေ ပြောခဲ့တာ "



ရှီလီ၏ အသံထွက်လာသောအခါ သူ့ကို ရှန်းထျန်းက ကန်ပစ်လိုက်လို့လွင့်သွားခဲ့သည်။
 


- "မှားတယ်။ သူက ငါ ဘယ်သူဆိုတာ မသိဘူး!"



ရှီလီ၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်သွားသောကြောင့် မျက်လုံးများကျယ်လာပြီး အရင်ဘဝတွင် ရှန်းထျန်း  ပြောခဲ့သည့် စကားများနှင့် အခုက ခြားနားနေသည်။ နောက်ဆုံးအကြိမ်တုန်းက သူက ကျိုးကျီ၏အမေကို အလွန်နှစ်သက်ကြောင်းပြောခဲ့သည်။ မျိုးနွယ်ထဲမှာ တစ်ခုခု လုပ်စရာရှိနေလို့ နှစ်အနည်းငယ်ကြာအောင် သူ ထွက်သွားခဲ့ရသည်။ နောက်ပိုင်း အခြေနေ ငြိမ်သွားမှ  ပြန်လာပြီး ထို သားအမိအတွက် လာခေါ်မယ်လို့ ပြောခဲ့သည်။



အခုဘဝမှာ ဘာတွေ မှားသွားတာလဲ။



သူ့ထိန်းချုပ်မှုအောက်တွင်မရှိသော ဒီလိုဖြစ်ရပ်မျိုးကြောင့်  ရှီလီကို စိတ်မသက်မသာဖြစ်လာသည်။ ထိုအချိန်တွင် ရှန်းထျန်း က နောက်ထပ် ကန်ချက်တစ်ချက် ထုတ်လိုက်ပြီး စစ်မေးလိုက်သည်။


 "ပြောလေ!"


ရှီလီ က ချက်ချင်းပြောလိုက်သည်။ ၏


 "ကျိုးကျီ..ကျိုးကျီက ကျွန်တော့် အဖော်ကို  အမိဖမ်းထားတယ်။ သူ့အဖေက အရမ်းတန်ခိုးကြီးတယ်လို့ ပြောတယ် ... "



"မလိမ်နဲ့!"
 ရှန်းထျန်း က သူ့ကို ထပ်ကန်တယ်။



ရှီလီက သူပြောတာကို ယုံမှာမဟုတ်ဘူးဆိုတာ သိပေမယ့် သူ ပြန်မွေးဖွားလာလို့ ဒါကို  သိပါတယ်လို့ မပြောနိုင်ပါဘူး။


"မပြောရင် လက်ခြေတွေ ချိုးပစ်မယ်" ရှန်းထျန်းက ရက်စက်စွာ ပြောလိုက်သည်။



"ကျွန်တော်..ပြောပါ့မယ်..ကျွန်တော့ကို ဒီအကြောင်း ပြောပြတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ဘယ်သူလဲဆိုတာ ကျွန်တော်လည်း မသိဘူး"



ရှီလီသည် အခြားသားရဲဘုရင်များကို ဆွဲထည့်ကာ ယုံလာအောင် လုပ်ကြံပြောလိုက်သည်။ သူ့ကိုပြောပြသည့် သားရဲဘုရင်နာမည်ကို သူ မသိကြောင်း တစ်ခါတည်း ပိတ်ပြောထားလိုက်သည်။




ရှန်းထျန်း  သူ့ကိုသတ်မည်ကို ကြောက်သဖြင့် ရှန်းထျန်း ၏အမည်ကို ပြောပြသော လျှို့ဝှက်ဆန်းကြယ်သော သားရဲဘုရင် တစ်ဦးရှိနေသည်ဟုသာ ပြောနိုင်သည်။ သူ့ကို ထိုသို့ပြောရန် သင်ပေးခဲ့တယ်လို့သာ ပြောလိုက်သည်။



ရှန်းထျန်းသည် အကြိမ်အနည်းငယ် ထပ်မံကန်လိုက်သော်လည်း ရှီလီက ဘာမှပြန်မပြောပေမယ့် သူက သေချာပေါက်  တစ်စုံတစ်ခုကို သိနေပုံရသည်...



ရှန်းထျန်း သည် စိတ်ရှည်သူ မဟုတ်ပါ။ ရှီလီကို ရုတ်တရက် သတ်ပစ်ချင်လာသည်။ သို့သော် ထိုအချိန်တွင် ရှီလီ့ကိုယ်ထဲက စွမ်းအင်တွေက မူ မမှန်ကြောင်း သူ ရုတ်တရက် တွေ့ရှိခဲ့သည်။



သူ....ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်နေတာလား။



သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေဟာ ပြိုကျလုနီးပါး ပြန့်ကျဲနေပြီး အဲဒီစွမ်းအင်တွေကို ရှီလီက စုပ်ယူလိုက်ပါတယ်။



ရှန်းထျန်း အံ့သြသွားပြီး ရှီလီကို ကြည့်လိုက်ပြီးနောက် ရှီလီကို ရိုက်နှက်လိုက်သည်။



ရှီလီ မေ့လဲသွားပြီးနောက် ရှန်းထျန်း သည် ဝက်ဝံမျိုးနွယ်စုကြီးဆီသို့ ထပ်သွားခဲ့သည်။



ဒါပေမယ့် ဒီတစ်ခါတော့ ကြီးကြီးကျယ်ကျယ် မထွက်ဘဲ တိတ်တိတ်လေး ထွက်သွားတယ်။



သူသည် ဝက်ဝံကြီးမျိုးနွယ်စု အကြောင်း တစ်ခုခုသိချင်နေသည်။



ရှန်းထျန်း သည် ဝက်ဝံကြီးမျိုးနွယ်သို့ ရောက်ရှိလာပြီး အမဲလိုက်ရန် ထွက်လာသော လူအချို့ကို စူးစမ်းရှာဖွေခဲ့သည်။ ဒီလူတွေရဲ့ အချင်းချင်း ပြောဆိုသည့် စကားတွေကို တိတ်တဆိတ် နားထောင်ကာ  မကြာခင်မှာ တစ်ခုခုကို သူ သိလာတယ်။



ဥပမာ၊ ရှီလီသည် မကြာသေးမီက   ပြောင်းလဲလာခဲ့သည်။


ဥပမာအားဖြင့်၊ သူ၏တုံးအသော သားသည် အလွန်ကံကောင်းပြီး ရှုန်းယယ် ၏အဖော်ဖြစ်လာသည်။



ရှီလီမှလွဲ၍ ဝက်ဝံကြီး မျိုးနွယ်စုရှိလူများသည် သံသယဖြစ်စရာ မရှိပါ။ သူ့သားကတော့... .. ငယ်ငယ်က တုံးတုံး အအ ဖြစ်ခဲ့ပေမယ့် အခု  သူကြီးပြင်းလာတဲ့အခါ ဒီလောက်မတုံးအတော့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါကြောင့် အားနည်းတဲ့လူတွေက အတူနေဖို့ မိန်းမ မရနိုင်ပဲ ၊ ယောက်ျားကို ရှာခဲ့တာဖြစ်သည်။
 


သူ့အသက်ကို ဆက်လက်ရှင်သန်အောင် မွေးမြူဖို့ ခုလို လုပ်တာ  ပုံမှန်ပါပဲ။ ဒီလိုသားကို ယောကျာ်းတစ်ယောက်အောက် ရောက်စေတာက ရှက်စရာကောင်းပေမယ့် ဒါက သူ့သားမို့ ဘာမှ သူက ဘာမှ မလုပ်ပါဘူး။



  အထူးဆန်းဆုံးကတော့ ရှီလီက ရက်စက် ကြမ်းကြုတ်လာတာ ဖြစ်တယ်။ သူက ရှုန်းချီဆိုတဲ့လူကို ကျိုးကန်းလုနီးပါး ထိုးနှက်ခဲ့တယ်။



ရှန်းထျန်းက ဝက်ဝံကြီးမျိုးနွယ်စုက  ပြန်လာပြီးနောက် ရှီလီကို ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ရန် ကြံရွယ်ပြီး သူ့ပတ်ဝန်းကျင်မှ စွမ်းအင်များကို အဘယ်ကြောင့်စုပ်ယူနိုင်သည်ကို သိအောင် လုပ်ဖို့ ကြံနေစဉ် ရုတ်တရက် လူတစ်ဦးရောက်လာသည်။



မျက်နှာဖုံးစွပ်ထားသော ထူးထူးခြားခြား သစ်ရွက်ခြောက်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး။  



သူသည် သားရဲဘုရင် ဖြစ်ပြီးနောက်ပိုင်း  သူ့နားကို အခြားလူက မသိအောင် ကပ်မလာနိုင်ခဲ့ပေ။



ဒီလူက ဘယ်သူလဲ။



🧁🧁🧁🧁🧁🧁🧁

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now