Chapter (128 ) _ခရီးပြင်းနှင်ကြခြင်း

4.6K 992 35
                                    

Chapter (128 ) _ခရီးပြင်းနှင်ကြခြင်း


"ငါက အကြီးဆုံးပဲ ဟုတ်တယ်မလား"

မရေမတွက်နိုင်သောသစ်ပင်များကို ဖိပြားကာ လှဲချပစ် ခဲ့သော အပြာရောင် ဝေလငါးကြီးသည် တောထဲတွင် မလှုပ်မယှက် လှဲလျောင်းနေသော်လည်း သူ၏အသံမှာ ဂုဏ်ယူမှုအပြည့်နဲ့ ထွက်ပေါ်လာသည်။

ကျိုးကျီ သည် ဒီဇာတ်ဝင်ခန်းကို ဆက်လက်ကြည့်ရှုရန် အနည်းငယ်ခက်ခဲသွားသလို စားလိုက်ရသည်။ ဟိုင်ဖုန်း သည် သားရဲဘုရင်ဖြစ်နေပေမယ့် ဆယ်ကျော်သက် ကောင်လေးနဲ့ ပြိုင်ဖို့ တကယ်ကြီး သူ့ရဲ့ ဝေလငါး အသွင်ကို ပြောင်းလဲလိုက်သည်။ ဒါကဘယ်လောက်တောင် "တုံးအ" ပြီး ရယ်ချင်စရာကောင်းနေခဲ့လဲ။

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ဝက်ဝံညိုလေးက ဟိုင်ဖုန်းလောက်တော့ မတုံး ခဲ့ပေ။

ကျိုးကျီ က ရှုန်းယယ် မေးလိုက်သံကို ကြားလိုက်ရသည်။

"အဲဒီလူငယ်ရဲ့ တိရစ္ဆာန်ပုံစံက ဘာလဲ။ အရမ်းကြီးတယ်!"

ကျိုးကျီ : "ငါလည်းကြီးတာပဲလေ!"

သူ့မူလ အမွေးရှည်ဆင်ကြီးက အရပ် သိပ်အရပ်မရှည်ပေမယ့် အလေးချိန်ကတော့ ကြံ့နဲ့အတူတူပါပဲ။

သူတို့စကားပြောနေစဉ် လူငယ်လေးသည် သူ၏လူ့ပုံစံသို့ ပြန်ပြောင်းသွားပြီး သူ၏တိရစ္ဆာန် အရေခွံ ခါးဝတ်ကို ကောက်ယူကာ သူ့ကိုယ်သူ ပတ်လိုက်သည်။

"ခင်ဗျားရဲ့ကိုယ်ထည်က အရမ်းကြီးတယ်၊ ကျွန်တော် အဖေထက်တောင် ကြီးတယ်။"

ဟိုင်ဖုန်း လည်း လူအသွင် ပြန်ပြောင်းသွားတယ်။

"တကယ်ပဲမဟုတ်လား...အာ..နေဦး .... ငါ့ခန္ဓာကိုယ်မှာ ဘာကြောင့် သွေးတွေ ပေနေတာလဲ။ ငါက တစ်စုံတစ်ယောက်ကို ဖိသတ်လိုက်မိသိလိုပဲ။"

ဟိုင်ဖုန်း သည် ဝက်ဝံကြီးမျိုးနွယ်စု၏ လူများဆီသို့ ချက်ချင်းကြည့်လိုက်သည်။ ဘယ်သူ့ကို သူ ဖိမိပြီး နှိပ်စက်ခဲ့မိတာလဲ။ ဘယ်သူကိုမှ သူ မသတ်ချင်ခဲ့ပါဘူးနော်...

ကျိုးကျီ - "အဆင်ပြေပါတယ်။ မင်း သေတဲ့အထိ နှိပ်စက်လိုက်တဲ့သူတွေက ငါတို့လူတွေ မဟုတ်ဘူး။ ခရီးဆက် ရအောင်။"

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now