Chapter (142) _ ရှီလီနဲ့ ဆုံတွေ့ခြင်း

4.6K 927 8
                                    


Chapter (142) _ ရှီလီနဲ့ ဆုံတွေ့ခြင်း


ရှီလီရဲ့ အမူအရာက အေးစက်သွားတယ်။ ဝက်ဝံကြီး မျိုးနွယ်စုက လူတွေဟာ အရင်ကနဲ့ အတူတူပဲ။ ရှုန်းယယ် လည်းအတူတူပဲ။ ဒါပေမယ့် ကျိုးကျီကတော့ ပြောင်းလဲနေတယ်။ ကျိုးကျီ ကို တကျူးမျိုးနွယ် ကလူတွေက သယ်လာတာဖြစ်တယ်။

ဒါတင်မကဘဲ သူ့ကိုယ်ပေါ်က သပ်ရပ်တဲ့အဝတ်အစားတွေနဲ့ ဖိနပ်တွေကိုလည်း ဝတ်ဆင်ထားသေးတယ်။ သူ့တစ်ကိုယ်လုံး အရမ်း သန့်ရှင်းပြီး လှပချောမွေ့နေပုံရတယ်။

ကျိုးကျီက သူအရင်ဘဝ ဝက်ဝံကြီးမျိုးနွယ်က မထွက်ခွာခင်မှာ သစ်သားတဲတစ်ခုမှာ တစ်ယောက်တည်း ဆိုးဝါးတဲ့ဘဝမှာ နေထိုင်ခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ရှီလီက အရင်က သူ့ကို သိပ် ဂရုမစိုက်ခဲ့မိပေ။ အခုတော့.....

ကျိုးကျီက ရှုန်းယယ် ရဲ့ ဂူကို ပြောင်းရွှေ့ပြီး အတူနေထိုင်ခဲ့ပြီးနောက် ကျိုးကျီ ကို သူစပြီး သတိထားမိ လာခဲ့တယ်၊ စးင ဝက်ဝံကြီးမျိုးနွယ်က အခြားသူတွေနဲ့ မတူပဲ သူ့ကိုယ်က အရမ်းသန့်ရှင်းနေပြီး ကျိုးကျီက တကယ့်ကို ပြောင်းလဲလို့လာတယ်။ ကျိုးကျီ ရဲ့ ရုပ်ဆင်းသွင်ပြင်ကို မြင်လိုက်ရပြီး ရှီလီက မနာလိုစိတ်တွေ လျှံတက်လာခဲ့တယ်။

သူနဲ့ ရှုန်းယယ်က အရင်ဘဝတုန်းက ဘယ်လိုခါးသီးတဲ့ အတွေ့ကြုံတွေကို ရင်ဆိုင်ခဲ့ရ သလဲ။ ရှုန်းယယ် က သူ့အပေါ် အရမ်းကောင်းပေမယ့် နေ့တိုင်း အမဲလိုက်နေရတာနဲ့ အလုပ်ရှုပ်နေပြီး စားဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့၇တယ်။ နောက်ပိုင်းမှာ သူ့တို့ စားဖို့ အဆင်ပြေလာပေမယ့် တိရိစ္ဆာန်အရေခွံတွေကိုတောင် ကိုယ်ပေါ် မဖုံးနိူင်ကြပေ။ အခုတော့ ကျိုးကျီက ဒီလို လက်ရာမြောက်တဲ့ ဝတ်စုံကိုတောင် ဝတ်ဆင်နိုင်ပြီဖြစ်သည်။

ရှုန်းယယ် က သူ့အပေါ် တကယ်ကို ကောင်းခဲ့တာပဲလား။

ကျိုးကျီက ရှုန်းယယ်ရဲ့ စွမ်းရည်၊ ဝက်ဝံကြီးမျိုးနွယ်၏အင်အားပေါ် ခေါင်းပုံဖြတ်နေလို့ သာဖြစ်ရမယ်။ မဟုတ်ရင် ကျိုးကျီရဲ့ ပင်ကိုယ် စွမ်းရည်နဲ့သာဆိုရင် သူ့ကို သူများ သယ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now