Stone-age Husband Raising Journal _Chapter ( 18 ) - ဆားအသင်း

8.2K 1.4K 14
                                    



Stone-age Husband Raising Journal _Chapter ( 18 ) - ဆားအသင်း


တကယ်လို့ ရှီလီက လန်ယင်အပေါ်ကို  ကောင်းကောင်း ဆက်ဆံခဲ့ရင် ရှီလီက ဒီအသားတွေကို စားသည့်အတွက် သူမ စိတ်ဆိုးမည်မဟုတ်ပေ။ အခုတော့ ရှီလီက သူမနှင့် အတူလာနေသည့် ပထမ တစ်ညသာ သူမရဲ့လိုအင်ကို ဖြည့်ဆည်းပေးခဲ့ပြီး ကျန်ရက်များတွင် သူ့ဖာသာ အိပ်ကာ ကျင့်ကြံနေခဲ့သည်။ သူတို့က အခု အတူလာနေမှ ထိတွေ့ကြတာဖြစ်ပြီး ယခင်ကတည်းက သိပ်ပြီးနီးနီးစပ်စပ်မရှိခဲ့ကြပေ။ လန်ယင်က ရှီလီ၏အကျင့်စရိုက်ကို ဘာမှမသိပဲ ရှီလီရဲ့ လည်ဆံမွှေးဖွားဖွားနှင့် ခြင်္သေ့ပုံကို သဘောကျကာ ကလေးရအောင် အတူနေဖို့ ဆုံးဖြတ်တာဖြစ်လို့ သူတို့ကြားတွင် လေးနက်သော ခံစားချက်နှင့် သံယောဇဉ်တို့ မရှိကြသေးပေ။

သူမတို့ အတူနေပြီးနောက် ရှီလီကသာ သူမအပေါ် ကောင်းပေးခဲ့ပါရင် ရှီလီကို လန်ယင်က တကယ်ချစ်မိသွားနိုင်လောက်ပေမယ့် ရှီလီက လန်ယင်ကို တစ်စက်လေးမှ ဂရုမစိုက်ပေ။
"ဒါ ငါ့ရဲ့ အသားဝေစုလေ။ နင့်ကို ဘယ်သူက စားခွင့်ပေးထားလို့လဲ   "
လန်ယင် ဒေါသတကြီးနှင့် ပြောလိုက်သည်။
"ငါတို့ အတူတူနေခဲ့ပြီပဲ။ ဘာကြောင့် သူ့ဟာ၊ငါ့ဟာခွဲနေရဦးမှာလဲ။"

 ရှီလီ၏ မျက်နှာထားက မည်းမှောင်လို့နေသည်။ မသိရင် လန်ယင်ဆီက သူက အမြတ်ထုတ် အခွင့်ရေးယူနေသလိုပင်။ ရှုန်းယယ်က သူ့ကို ဘယ်တုန်းကမှ ခုလို မဆက်ဆံခဲ့ဖူးပေ။ အခုချိန်မှ ရှုန်းယယ်ရဲ့ ကောင်းကွက်ကို ရှီလီ ကွင်းကွင်းကွက်ကွက် မြင်လာခဲ့သည်။

"နင့် အသားဝေစုကို ငါ့ကိုပေးဖူးရင် ငါလည်း နင့်ကို ပြန်ပေးမှာပေါ့။ ဒါပေမယ့် နင့်ဝေစုကို ငါ့ကို ပေးခဲ့ဖူးလို့လား... နင့်ဝေစုကို စားပြီးသွားခဲ့ပြီမဟုတ်လား။ ငါ့ ဝေစုကို လာမစားနဲ့...   "

လန်ယင်က ရှီလီရဲ့လက်ထဲက စားလက်စ အသားတုံးကို ဆွဲယူက မာမာထန်ထန်ပြောလိုက်သည်။ ရှီလီက ခုလို ရင့်သီးရိုင်းပျစွာ ဆက်ဆံမခံခဲ့ရတာ ကြာပြီဖြစ်လို့ လန်ယင်ရဲ့စကားကို ကြားလိုက်ရလို့ မျက်နှာဖြူယော်သွားခဲ့သည်။
ရှီလီ၏  မျက်နှာထားကို မြင်တော့ လန်ယင်၏စိတ်က ပျော့ကျသွားခဲ့ပြီး ကြုံတုန်း ဖိပြောလိုက်သည်။

  "နင်က အတူလာနေကတည်းက ငါ့အပေါ်ကို လုံးဝ ဂရုမစိုက်ခဲ့သလို ငါ့ခံစားချက်ကိုလည်း လျစ်လျူရှုခဲ့တယ်။ ဒါကြောင့် နင့်ကို ငါ စိတ်ဆိုးလို့ပြောမိတာပါ။ နင့်ကို ငါ အသားမပေးချင်လို့မဟုတ်ပါဘူး။  "

အရင်ဘဝတုန်းက ရှီလီက တိုက်ပွဲမှာ ရှုံးသွားရလို့၊ အခြားမျိုးနွယ်စုက မောင်းထုတ်တာ ခံရလို့ အရှက်ရခဲ့တာဖြစ်ပေမယ့်  သားရဲဘုရင်ဖြစ်လာပြီးကတည်းက အရှက်ရစရာလုံးဝ မကြုံခဲ့ရတော့ပေ။ အထူးသဖြင့် မိန်းမတစ်ယောက်ကသူ့ကို ကဲ့ရဲ့ရှုံ့ချတာမျိုးကို မကြုံခဲ့ရဖူးပေ။ သူ့ မှတ်ဉာဏ်များထဲမှ အမြဲတမ်း လှပပြီးသိမ်မွေ့သော မိန်းကလေးက ဒီလိုလူမျိုးဖြစ်မယ်လို့ သူ လုံးဝ မထင်ထားမိပေ။
 
လန်ယင်၏စကားကြောင့် ရှီလီက စိတ်ဆိုးပြီး ထိုနေရာက ချက်ချင်းထွက်သွားချင်ပေမယ့် သူ့အခြေနေကို ပြန်သတိရလာခဲ့လို့ စိတ်ကို ထိန်းလိုက်သည်။ အခုအချိန် သူက ရှုန်းယယ်ကို ရန်စထားမိလို့ ခေါင်းဆောင်ကြီးရဲ့သမီးဖြစ်သူ လန်ယင်ကို ဒေါသထွက်အောင် ဆက်လုပ်လို့မဖြစ်တော့ပေ။ လန်ယင်က အဖြူရောင်ဝံပုလွေ သားရဲလူသားဖြစ်ပြီး အသားဖြူဖြူဖွေးဖွေး၊ အနက်ရောင်မျက်လုံးများဖြင့် အရမ်းလှကာ မျိုးနွယ်စုထဲက ယောကျာ်းအများစုက သူမကို အရမ်းသဘောကျနေကြသည်။ လန်ယင်ကို သူ စွန့်ပစ်လိုက်ရင် မျိုးနွယ်စုထဲက ယောက်ျားအများစုကို ရန်စမိသလိုဖြစ်သွားနိုင်သည်။

ဒါကြောင့် ရှီလီက စိတ်ကို ထိန်းကာ လေသံပျော့လေးဖြင့် ချော့လိုက်သည်။

  " အရင်ရက်က ငါ ဒဏ်ရာရထားလို့ ပြန်သက်သာလာအောင်  "
ဘာမဟုတ်သည့် မိန်းမတစ်ယောက်ရှေ့မှာ အလျော့ပေး ချော့မော့လိုက်ရလို့ ရှီလီရဲ့ရင်ထဲမှာ သေချာမှတ်ထားလိုက်သည်။ သူ့ကျင့်ကြံဆင့်မြင့်လာပြီး အင်အားကြီးလာသည့်အခါ   လန်ယင်ကို ခုလိုပြောခဲ့တဲ့အတွက် နောင်တရအောင် လုပ်ပစ်မည်ဟု တေးထားလိုက်သည်။ သူ အင်အားကြီးလာချိန်မှာ လန်ယင်ကို သူ့နားမှာ ဆက်မထားတော့ဟု ဆုံးဖြတ်ထားသည်။ လန်ယင်က အရမ်းလှပေမယ့် နှစ်ဘဝ အတွေ့အကြုံရှိသည့် ရှီလီ၏ မျက်လုံးထဲတွင် သားရဲနတ်ဘုရားကျောင်းမှ ဘုန်းတော်ကြီး၏သမီးဖြစ်သူလောက် မလှဘူးဟု တွေးနေသည်။
 
လန်ယင်က လောလောဆည် ရှီလီနှင့် လမ်းခွဲရန် မရည်ရွယ်ထားလို့ ရှီလီ ခုလို ချော့လိုက်သည်နှင့် မျက်နှာထားက ပျော့သွားခဲ့သည်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ယခင်လို မဟုတ်တော့ပဲ အက်ကြောင်းထင်သွားခဲ့လေပြီ။
ဒီနေ့က စုပေါင်းအမဲလိုက်မည့် နေ့ဖြစ်လို့ ရှုန်းယယ်က မနက်စောစောထခဲ့စဉ် ကျိုးကျီက အသင့်ကင်ထားပေးသည့် 5 ကီလိုခန့်ရှိမည့် ငှက်သားကင်တုံံးကို ပေးခဲ့သည်။ အသားကင်နံ့ကြောင့်   ရှုန်းယယ် စိတ်တက်ကြွပြီး အသားကင်ကို အားပါးတရကိုက်စားရင်း ပြောလိုက်သည်။
  "ကျိုးကျီ...မင်းလည်း  အသားကင် သွားစားလေ"
"ငါ စားပါ့မယ်မယ်"
  "ငါတို့ ဒီနေ့အမဲလိုက်သွားချိန်  သားကောင်အကြီးကြီး ရလာရင် ကောင်းမှာပဲ"
ကျိုးကျီက ရယ်ပြီး ပြောလိုက်သည်။
"မင်းတို့ သေချာပေါက် ရလာမှာပါ။ စိတ်မပူနဲ့"
ရှုန်းယယ်သည် ကျိုးကျီနှင့် စကားပြောနေရင်း သူ့ ဒဏ်ရာက ပျောက်လုနီးပါးဖြစ်နေသည်ကို သတိထားလိုက်မိကာ အံ့သြတကြီးဖြင့် ပြောခဲ့သည်။
  "အမ်.... ငါ့ဒဏ်ရာက ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန် ကျက်သွားရတာလဲ  "
"မင်းက မနေ့က ကောင်းကောင်းစားပြီး ကောင်းကောင်း အိပ်လိုက်လို့ဖြစ်မှာပေါ့။ ဒဏ်ရာဆိုတာ ခုပြောသလို နေရင် ပျောက်လွယ်တယ်လေ"

ရှုန်းယယ်က ကျိုးကျီပြောတာ ဖြစ်နိုင်သည်ဟု တွေးကာ အသားကင်ကို အမြန်လက်စသတ်ကာ ပြောလိုက်သည်။
  "ငါ အမဲလိုက်သွားတော့မယ်"
  "ဂရုတစိုက်သွားဦး။ မင်း နောက်ထပ် ဒဏ်ရာမရခဲ့စေနဲ့"  
ရှုန်းယယ်က ဂူပေါက်ဝရောက်ချိန်တွင် ကျိုးကျီ သူ့ကိုမှာလိုက်သည့် စကားသံကိုကြားလိုက်ရစဉ် ဘာကြောင့်ရယ်မသိ ရင်ထဲ ဆို့လာခဲ့သည်။ အခု သူ့ကို ဘာမှမဖြစ်စေရန် စိတ်ပူပြီးမှာကြားမည့်သူ ရှိလာလို့ထင်သည်။
 
ကျိုးကျီသည် ရှုန်းယယ် ထွက်သွားသောအခါ သူ့မိခင် ချန်ခဲ့သော ဆားကိုထုတ်ကာ ကျန်နေသည့် ဌက်ကုလားအုတ်အသားကို ဆားသိပ်ကာ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ချိတ်ကာ အခြောက်ခံထားလိုက်သည်။

 
သူ  မနက်စာအဖြစ် ငှက်သားကို မစားချင်ပေ။ ကမ္ဘာပျက်ကပ်အတွင်း သူက အစားအသောက် မရွေးခဲ့ အသက်ရှင်သန်နိုင်စေရန် အကုန်စားခဲ့ရပေမယ့် အခုတော့ ဒီကိုရောက်လာကတည်းက မလတ်သည့်အသားကို လုံးဝမမစားချင်တော့ပေ။ ပြီးတော့ အသားထက်အပင်နှင့်အသီးကို ပိုစားချင်သည်။
 
တိရိစ္ဆာန်အသေကောင်များက ဆိုးဝါးသည့် အတိတ်ကို သတိရစေလို့ စားချင်စိတ်ပျောက်သွားတာ ဖြစ်နိုင်သည်။ ဒါပေမယ့် ရှုန်းယယ်က ပျော်ရွှင်စွာ အားပါးတရစားနေတာတွေ့ရင်တော့ သူလည်း တလုပ်လောက် မြည်းစားကြည့်ချင်စိတ်ပေါ်လာခဲ့သည်။
 
ကျိုးကျီသည်  အသားများကို ဆားသိပ်ပြီးချိန် ဂူထဲကထွက်လာတော့ စုဆောင်းရေးအဖွဲ့က ထွက်သွားနှင့်လေပြီ။ သူ့ကို ဘယ်သူမှ လာမခေါ်ကြပေမယ့် ကျိုးကျီက အေးဆေးစွာပင် တောင်ချိုင့်ဝှမ်းထဲက ထွက်လာခဲ့သည်။ ဒီဝက်ဝံကြီးမျိုးနွယ်စုက အပူအအေး သမမျှတသည့်နေရာမှာ အခြေချခဲ့ပေမယ့် ဆောင်းရာသီရောက်ရင် အစာရေစာတော့ ရှားပါးလေ့ရှိသည်။
 အခု နွေဦးရာသီဖြစ်လို့ အပင်တိုင်း ပန်းဖူးပန်းငုံတို့ဖြင့် မြင်သမျှ ရွက်နုလေးများ ပန်းလေးများဖြင့် သာယာလှပလို့နေသည်။ စုဆောင်းရေးအဖွဲ့တွေရှိသည့်နေရာကိုရောက်တော့ သူတို့က အပင်တစ်မျိုးဆီက ရွက်နုတွေ ခူးဆွတ်နေတာကို တွေ့လိုက်ရသည်။ အပင်က ရှည်လွန်းလို့ စုဆောင်းရေးအဖွဲ့သားများက  သစ်ပင်ပေါ်တက်ခူးကြရသည်။ ကျိုးကျီသည် ဘယ်သူမှ မတက်ရသေးသည့် အပင်တစ်ပင်ဆီ သွားကာ ပင်စည်ပေါ်သို့ လက်တစ်ဖက်တင်ကာ မော့ကြည့်လိုက်သည်။ သူ့စွမ်းအားကို ထုတ်ကာ ထိုအပင်ကို ရွှက်နုလေးတွေ ပိုထွက်လာအောင် လုပ်နေခြင်းဖြစ်သည်။

ဒါပေမယ့် အခြားလူတွေက ကျိုးကျီတစ်ယောက် အရွက်မခူးပဲ အပင်ကို ကိုင်ပြီး ငိုင်နေသည်ဟုသာ မြင်နေခဲ့သည်။ကျိုးကျီက အပင်စွမ်းအားကို ထိန်းကာ အရွက်ကို စားလို့ရသည့် အနေတော် အနုလေးသာ ထွက်အောင်လုပ်နေတာ ဖြစ်သည်။ စုဆောင်းရေးအဖွဲ့နှင့်လိုက်လာသော ဘုန်းတော်ကြိးက ကျိုးကျီကိုတွေ့တော့ အနားကို လျှောက်လာခဲ့သည်။
 
   "ကျိုးကျီ...မင်း ဘာတွေ ကြည့်နေတာတုန်း"
  "ဒီတိုင်း လျှောက်ကြည့်နေတာပါ "
ကျိုးကျီက ခပ်တိုတိုပဲပြန်ဖြေလိုက်သည်။
ဘုန်းတော်ကြီးက သူ့တပည့်ကလေး ၃ ယောက်ကို ခေါ်ကာ စုဆောင်းရေးအဖွဲ့များနှင့် ထိုကလေးတွေကို အပင်များအကြောင်းကို သင်ပြပေးနေခြင်းဖြစ်သည်။ ဘုန်းတော်ကြီးက အပင်များက အကိုင်းကို အကုန်မချိုးဖို့၊ အကိုင်းရှည်ရှည်တွေကို မြေကြီးထဲ ပြန်ထိုးထည့်ထားဖို့ ပြောပြနေသည်။ ကျိုးကျီက ထိုအပင်ကို သေချာကြည့်လိုက်တော့ ကိုင်းကူးစိုက်လို့ရသည်အပင်ဖြစ်နေတာကို တွေ့လိုက်ရသည်။

 "ကျိုးကျီ.....မနေ့က မင်း ခုူးလာတဲ့ အချိုပင်က ဘယ်လိုပုံစံမျိုးလဲ"
 ဘုန်းတော်ကြီးက ပြုံးပြကာ ကျိုးကျီကို မေးလာသည်။ ကျိုးကျီက ဒီလိုမေးမည်ကို ကြိုသိပြီးဖြစ်လို့ တနေရာကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

  "သူတို့က အဲ့ဒီမှာ ပေါက်နေတယ်"
ကျိုးကျီက ဘုန်းတော်ကြီးကို ခေါ်ကာ သူ အချိုချောင်းများ တွေ့သည့်နေရာသို့ ခေါ်လာခဲ့သည်။ တကယ်တော့ ဒီအချိုချောင်းပင်က နွေရာသီမှ ရင့်မည်ဖြစ်ပေမယ့် ကျိုးကျီက မနေ့က အပင်စွမ်းအင်ကို သုံးခဲ့လို့ အတော်ကို ကြီးထွားလို့နေပြီ။ ဘုန်းတော်ကြီးက တပည့်တွေနဲ့ ထိုအပင်ကို သေချာလေ့လာပြီး အရမ်းကို ကျေနပ်လို့နေသည်။ ကျိုးကျီလည်း ဟိုဟိုသည်သည် လျှောက်သွားပြီး သဘောကျသမျှ အကုန်ခူးနေသည်။ ဘုန်းတော်ကြီးလည်းပါနေလို့ မျိုးနွယ်စုဝင်တွေ ခူးလေ့ရှိသည့်အပင်ကိုသာ ခူးဆွတ်ခဲ့သည်။

ဒီနေ့  စုဆောင်းရေးအဖွဲ့က စားစရာ အသီးအရွက် သိပ်မရသလို အမဲလိုက်အဖွဲ့ကလည်း အမဲကောင် သိပ်မရခဲ့ပေ။ အဖွဲ့ခွဲတွေက သားကောင်ငယ်လေးတွေပဲရခဲ့ကြသည်။ ထိုအသားကို ဝေမျှလိုက်ရင် မျိုးနွယ်စုထဲက လူတွေကို တရက်ပဲ ကျွေးလို့ရနိုင်သည်။

 ရှုန်းဟော်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
  "မနက်ဖြန်း အမဲလိုက် ထပ်ထွက်ကြတာပေါ့။  ဒီတစ်ခါ ခပ်ဝေးဝေးကို သွားကြမယ်  "

သူတို့က ရလာသည့် အမဲကောင်တွေကို တာရှည်ခံအောင် မလုပ်နိုင်လို့ တရက်ခြားပဲ အမဲလိုက်ကြတာ ဖြစ်သည်။ ပြီးတော့ မျိုးနွယ်စုနားက အမဲကောင်တွေကို တခါတည်း ပြောင်အောင် လိုက်လို့လည်းမဖြစ်ပေ။ နောင်မှာ အစာငတ်သွားနိုင်သည်။ ဒါပေမယ့် အမဲမလုံလောက်ရင် နောက်နေ့ကို ထပ်ပြီး အမဲလိုက်ထွက်ကြသည်။

"ကျွန်တော်တို့ မနက်ဖန် စောစောထပြီး တောင်ရဲက တစ်ဘက်ခြမ်းကို တစ်ချက်သွားကြည့်ကြတာပေါ့"
 ရှုန်းယယ် ပြောသည့်နေရာက သူတို့နေသည့် တောင်၏အရှေ့ဘက် 3၊ 4 နာရီအကြာသွားရသည့် နေရာဖြစ်သည်။

   "ကောင်းပြီ။ မနက်ဖြန် အဲ့ကို သွားကြတာပေါ့။ "

အားလုံးတိုင်ပင်ကြပြီး နေထိုင်ရာကို ပြန်လာခဲ့ကြသည်။ တချို့က သားရဲပုံစံမှ လူအဖြစ်ကိုပြန်ပြောင်းရင် ပျော်ရွှင်စွာ ပြောလိုက်သည်။

  "မျိုးနွယ်စုထဲက လူတွေရဲ့ အနံ့ရလိုက်တယ်။ ဆားအသင်းဝင်တွေ  ပြန်လာကြပြီကွ"

ရှုံဟယ်လည်း အံ့အားသင့်သွားရသည်။ ဆားအသင်းက ဆောင်းအကုန်မှာ သူတို့ပိုင်ဆိုင်သည့် အရာတွေနဲ့ ဆားလဲလှယ်ဖို့ လွှတ်ခဲ့တာဖြစ်ပြီး အခု သူတို့ပြန်လာပြီဆိုတော့ သေချာပေါက် ပွဲကျင်းပတော့မည် ဖြစ်သည်။

 **-**



Stone-age Husband Raising Journal _Chapter ( 18 ) - ဆားအသင္း

တကယ္လို႔ ရွီလီက လန္ယင္အေပၚကို  ေကာင္းေကာင္း ဆက္ဆံခဲ့ရင္ ရွီလီက ဒီအသားေတြကို စားသည့္အတြက္ သူမ စိတ္ဆိုးမည္မဟုတ္ေပ။ အခုေတာ့ ရွီလီက သူမႏွင့္ အတူလာေနသည့္ ပထမ တစ္ညသာ သူမရဲ႕လိုအင္ကို ျဖည့္ဆည္းေပးခဲ့ၿပီး က်န္ရက္မ်ားတြင္ သူ႔ဖာသာ အိပ္ကာ က်င့္ႀကံေနခဲ့သည္။ သူတို႔က အခု အတူလာေနမွ ထိေတြ႕ၾကတာျဖစ္ၿပီး ယခင္ကတည္းက သိပ္ၿပီးနီးနီးစပ္စပ္မရွိခဲ့ၾကေပ။ လန္ယင္က ရွီလီ၏အက်င့္စ႐ိုက္ကို ဘာမွမသိပဲ ရွီလီရဲ႕ လည္ဆံေမႊးဖြားဖြားႏွင့္ ျခေသၤ့ပုံကို သေဘာက်ကာ ကေလးရေအာင္ အတူေနဖို႔ ဆုံးျဖတ္တာျဖစ္လို႔ သူတို႔ၾကားတြင္ ေလးနက္ေသာ ခံစားခ်က္ႏွင့္ သံေယာဇဥ္တို႔ မရွိၾကေသးေပ။

သူမတို႔ အတူေနၿပီးေနာက္ ရွီလီကသာ သူမအေပၚ ေကာင္းေပးခဲ့ပါရင္ ရွီလီကို လန္ယင္က တကယ္ခ်စ္မိသြားႏိုင္ေလာက္ေပမယ့္ ရွီလီက လန္ယင္ကို တစ္စက္ေလးမွ ဂ႐ုမစိုက္ေပ။
"ဒါ ငါ့ရဲ႕ အသားေဝစုေလ။ နင့္ကို ဘယ္သူက စားခြင့္ေပးထားလို႔လဲ   "
လန္ယင္ ေဒါသတႀကီးႏွင့္ ေျပာလိုက္သည္။
"ငါတို႔ အတူတူေနခဲ့ၿပီပဲ။ ဘာေၾကာင့္ သူ႔ဟာ၊ငါ့ဟာခြဲေနရဦးမွာလဲ။"

 ရွီလီ၏ မ်က္ႏွာထားက မည္းေမွာင္လို႔ေနသည္။ မသိရင္ လန္ယင္ဆီက သူက အျမတ္ထုတ္ အခြင့္ေရးယူေနသလိုပင္။ ရႈန္းယယ္က သူ႔ကို ဘယ္တုန္းကမွ ခုလို မဆက္ဆံခဲ့ဖူးေပ။ အခုခ်ိန္မွ ရႈန္းယယ္ရဲ႕ ေကာင္းကြက္ကို ရွီလီ ကြင္းကြင္းကြက္ကြက္ ျမင္လာခဲ့သည္။

"နင့္ အသားေဝစုကို ငါ့ကိုေပးဖူးရင္ ငါလည္း နင့္ကို ျပန္ေပးမွာေပါ့။ ဒါေပမယ့္ နင့္ေဝစုကို ငါ့ကို ေပးခဲ့ဖူးလို႔လား... နင့္ေဝစုကို စားၿပီးသြားခဲ့ၿပီမဟုတ္လား။ ငါ့ ေဝစုကို လာမစားနဲ႔...   "

လန္ယင္က ရွီလီရဲ႕လက္ထဲက စားလက္စ အသားတုံးကို ဆြဲယူက မာမာထန္ထန္ေျပာလိုက္သည္။ ရွီလီက ခုလို ရင့္သီး႐ိုင္းပ်စြာ ဆက္ဆံမခံခဲ့ရတာ ၾကာၿပီျဖစ္လို႔ လန္ယင္ရဲ႕စကားကို ၾကားလိုက္ရလို႔ မ်က္ႏွာျဖဴေယာ္သြားခဲ့သည္။
ရွီလီ၏  မ်က္ႏွာထားကို ျမင္ေတာ့ လန္ယင္၏စိတ္က ေပ်ာ့က်သြားခဲ့ၿပီး ႀကဳံတုန္း ဖိေျပာလိုက္သည္။

  "နင္က အတူလာေနကတည္းက ငါ့အေပၚကို လုံးဝ ဂ႐ုမစိုက္ခဲ့သလို ငါ့ခံစားခ်က္ကိုလည္း လ်စ္လ်ဴရႈခဲ့တယ္။ ဒါေၾကာင့္ နင့္ကို ငါ စိတ္ဆိုးလို႔ေျပာမိတာပါ။ နင့္ကို ငါ အသားမေပးခ်င္လို႔မဟုတ္ပါဘူး။  "

အရင္ဘဝတုန္းက ရွီလီက တိုက္ပြဲမွာ ရႈံးသြားရလို႔၊ အျခားမ်ိဳးႏြယ္စုက ေမာင္းထုတ္တာ ခံရလို႔ အရွက္ရခဲ့တာျဖစ္ေပမယ့္  သားရဲဘုရင္ျဖစ္လာၿပီးကတည္းက အရွက္ရစရာလုံးဝ မႀကဳံခဲ့ရေတာ့ေပ။ အထူးသျဖင့္ မိန္းမတစ္ေယာက္ကသူ႔ကို ကဲ့ရဲ႕ရႈံ႕ခ်တာမ်ိဳးကို မႀကဳံခဲ့ရဖူးေပ။ သူ႔ မွတ္ဉာဏ္မ်ားထဲမွ အၿမဲတမ္း လွပၿပီးသိမ္ေမြ႕ေသာ မိန္းကေလးက ဒီလိုလူမ်ိဳးျဖစ္မယ္လို႔ သူ လုံးဝ မထင္ထားမိေပ။
 
လန္ယင္၏စကားေၾကာင့္ ရွီလီက စိတ္ဆိုးၿပီး ထိုေနရာက ခ်က္ခ်င္းထြက္သြားခ်င္ေပမယ့္ သူ႔အေျခေနကို ျပန္သတိရလာခဲ့လို႔ စိတ္ကို ထိန္းလိုက္သည္။ အခုအခ်ိန္ သူက ရႈန္းယယ္ကို ရန္စထားမိလို႔ ေခါင္းေဆာင္ႀကီးရဲ႕သမီးျဖစ္သူ လန္ယင္ကို ေဒါသထြက္ေအာင္ ဆက္လုပ္လို႔မျဖစ္ေတာ့ေပ။ လန္ယင္က အျဖဴေရာင္ဝံပုေလြ သားရဲလူသားျဖစ္ၿပီး အသားျဖဴျဖဴေဖြးေဖြး၊ အနက္ေရာင္မ်က္လုံးမ်ားျဖင့္ အရမ္းလွကာ မ်ိဳးႏြယ္စုထဲက ေယာက်ာ္းအမ်ားစုက သူမကို အရမ္းသေဘာက်ေနၾကသည္။ လန္ယင္ကို သူ စြန႔္ပစ္လိုက္ရင္ မ်ိဳးႏြယ္စုထဲက ေယာက္်ားအမ်ားစုကို ရန္စမိသလိုျဖစ္သြားႏိုင္သည္။

ဒါေၾကာင့္ ရွီလီက စိတ္ကို ထိန္းကာ ေလသံေပ်ာ့ေလးျဖင့္ ေခ်ာ့လိုက္သည္။

  " အရင္ရက္က ငါ ဒဏ္ရာရထားလို႔ ျပန္သက္သာလာေအာင္  "
ဘာမဟုတ္သည့္ မိန္းမတစ္ေယာက္ေရွ႕မွာ အေလ်ာ့ေပး ေခ်ာ့ေမာ့လိုက္ရလို႔ ရွီလီရဲ႕ရင္ထဲမွာ ေသခ်ာမွတ္ထားလိုက္သည္။ သူ႔က်င့္ႀကံဆင့္ျမင့္လာၿပီး အင္အားႀကီးလာသည့္အခါ   လန္ယင္ကို ခုလိုေျပာခဲ့တဲ့အတြက္ ေနာင္တရေအာင္ လုပ္ပစ္မည္ဟု ေတးထားလိုက္သည္။ သူ အင္အားႀကီးလာခ်ိန္မွာ လန္ယင္ကို သူ႔နားမွာ ဆက္မထားေတာ့ဟု ဆုံးျဖတ္ထားသည္။ လန္ယင္က အရမ္းလွေပမယ့္ ႏွစ္ဘဝ အေတြ႕အႀကဳံရွိသည့္ ရွီလီ၏ မ်က္လုံးထဲတြင္ သားရဲနတ္ဘုရားေက်ာင္းမွ ဘုန္းေတာ္ႀကီး၏သမီးျဖစ္သူေလာက္ မလွဘူးဟု ေတြးေနသည္။
 
လန္ယင္က ေလာေလာဆည္ ရွီလီႏွင့္ လမ္းခြဲရန္ မရည္႐ြယ္ထားလို႔ ရွီလီ ခုလို ေခ်ာ့လိုက္သည္ႏွင့္ မ်က္ႏွာထားက ေပ်ာ့သြားခဲ့သည္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ယခင္လို မဟုတ္ေတာ့ပဲ အက္ေၾကာင္းထင္သြားခဲ့ေလၿပီ။
ဒီေန႔က စုေပါင္းအမဲလိုက္မည့္ ေန႔ျဖစ္လို႔ ရႈန္းယယ္က မနက္ေစာေစာထခဲ့စဥ္ က်ိဳးက်ီက အသင့္ကင္ထားေပးသည့္ 5 ကီလိုခန႔္ရွိမည့္ ငွက္သားကင္တုံံးကို ေပးခဲ့သည္။ အသားကင္နံ႔ေၾကာင့္   ရႈန္းယယ္ စိတ္တက္ႂကြၿပီး အသားကင္ကို အားပါးတရကိုက္စားရင္း ေျပာလိုက္သည္။
  "က်ိဳးက်ီ...မင္းလည္း  အသားကင္ သြားစားေလ"
"ငါ စားပါ့မယ္မယ္"
  "ငါတို႔ ဒီေန႔အမဲလိုက္သြားခ်ိန္  သားေကာင္အႀကီးႀကီး ရလာရင္ ေကာင္းမွာပဲ"
က်ိဳးက်ီက ရယ္ၿပီး ေျပာလိုက္သည္။
"မင္းတို႔ ေသခ်ာေပါက္ ရလာမွာပါ။ စိတ္မပူနဲ႔"
ရႈန္းယယ္သည္ က်ိဳးက်ီႏွင့္ စကားေျပာေနရင္း သူ႔ ဒဏ္ရာက ေပ်ာက္လုနီးပါးျဖစ္ေနသည္ကို သတိထားလိုက္မိကာ အံ့ၾသတႀကီးျဖင့္ ေျပာခဲ့သည္။
  "အမ္.... ငါ့ဒဏ္ရာက ဘယ္လိုျဖစ္ၿပီး ဒီေလာက္ျမန္ျမန္ က်က္သြားရတာလဲ  "
"မင္းက မေန႔က ေကာင္းေကာင္းစားၿပီး ေကာင္းေကာင္း အိပ္လိုက္လို႔ျဖစ္မွာေပါ့။ ဒဏ္ရာဆိုတာ ခုေျပာသလို ေနရင္ ေပ်ာက္လြယ္တယ္ေလ"

ရႈန္းယယ္က က်ိဳးက်ီေျပာတာ ျဖစ္ႏိုင္သည္ဟု ေတြးကာ အသားကင္ကို အျမန္လက္စသတ္ကာ ေျပာလိုက္သည္။
  "ငါ အမဲလိုက္သြားေတာ့မယ္"
  "ဂ႐ုတစိုက္သြားဦး။ မင္း ေနာက္ထပ္ ဒဏ္ရာမရခဲ့ေစနဲ႔"  
ရႈန္းယယ္က ဂူေပါက္ဝေရာက္ခ်ိန္တြင္ က်ိဳးက်ီ သူ႔ကိုမွာလိုက္သည့္ စကားသံကိုၾကားလိုက္ရစဥ္ ဘာေၾကာင့္ရယ္မသိ ရင္ထဲ ဆို႔လာခဲ့သည္။ အခု သူ႔ကို ဘာမွမျဖစ္ေစရန္ စိတ္ပူၿပီးမွာၾကားမည့္သူ ရွိလာလို႔ထင္သည္။
 
က်ိဳးက်ီသည္ ရႈန္းယယ္ ထြက္သြားေသာအခါ သူ႔မိခင္ ခ်န္ခဲ့ေသာ ဆားကိုထုတ္ကာ က်န္ေနသည့္ ဌက္ကုလားအုတ္အသားကို ဆားသိပ္ကာ ေလဝင္ေလထြက္ေကာင္းသည့္ေနရာတြင္ ခ်ိတ္ကာ အေျခာက္ခံထားလိုက္သည္။

 
သူ  မနက္စာအျဖစ္ ငွက္သားကို မစားခ်င္ေပ။ ကမာၻပ်က္ကပ္အတြင္း သူက အစားအေသာက္ မေ႐ြးခဲ့ အသက္ရွင္သန္ႏိုင္ေစရန္ အကုန္စားခဲ့ရေပမယ့္ အခုေတာ့ ဒီကိုေရာက္လာကတည္းက မလတ္သည့္အသားကို လုံးဝမမစားခ်င္ေတာ့ေပ။ ၿပီးေတာ့ အသားထက္အပင္ႏွင့္အသီးကို ပိုစားခ်င္သည္။
 
တိရိစာၦန္အေသေကာင္မ်ားက ဆိုးဝါးသည့္ အတိတ္ကို သတိရေစလို႔ စားခ်င္စိတ္ေပ်ာက္သြားတာ ျဖစ္ႏိုင္သည္။ ဒါေပမယ့္ ရႈန္းယယ္က ေပ်ာ္႐ႊင္စြာ အားပါးတရစားေနတာေတြ႕ရင္ေတာ့ သူလည္း တလုပ္ေလာက္ ျမည္းစားၾကည့္ခ်င္စိတ္ေပၚလာခဲ့သည္။
 
က်ိဳးက်ီသည္  အသားမ်ားကို ဆားသိပ္ၿပီးခ်ိန္ ဂူထဲကထြက္လာေတာ့ စုေဆာင္းေရးအဖြဲ႕က ထြက္သြားႏွင့္ေလၿပီ။ သူ႔ကို ဘယ္သူမွ လာမေခၚၾကေပမယ့္ က်ိဳးက်ီက ေအးေဆးစြာပင္ ေတာင္ခ်ိဳင့္ဝွမ္းထဲက ထြက္လာခဲ့သည္။ ဒီဝက္ဝံႀကီးမ်ိဳးႏြယ္စုက အပူအေအး သမမွ်တသည့္ေနရာမွာ အေျခခ်ခဲ့ေပမယ့္ ေဆာင္းရာသီေရာက္ရင္ အစာေရစာေတာ့ ရွားပါးေလ့ရွိသည္။
 အခု ေႏြဦးရာသီျဖစ္လို႔ အပင္တိုင္း ပန္းဖူးပန္းငုံတို႔ျဖင့္ ျမင္သမွ် ႐ြက္ႏုေလးမ်ား ပန္းေလးမ်ားျဖင့္ သာယာလွပလို႔ေနသည္။ စုေဆာင္းေရးအဖြဲ႕ေတြရွိသည့္ေနရာကိုေရာက္ေတာ့ သူတို႔က အပင္တစ္မ်ိဳးဆီက ႐ြက္ႏုေတြ ခူးဆြတ္ေနတာကို ေတြ႕လိုက္ရသည္။ အပင္က ရွည္လြန္းလို႔ စုေဆာင္းေရးအဖြဲ႕သားမ်ားက  သစ္ပင္ေပၚတက္ခူးၾကရသည္။ က်ိဳးက်ီသည္ ဘယ္သူမွ မတက္ရေသးသည့္ အပင္တစ္ပင္ဆီ သြားကာ ပင္စည္ေပၚသို႔ လက္တစ္ဖက္တင္ကာ ေမာ့ၾကည့္လိုက္သည္။ သူ႔စြမ္းအားကို ထုတ္ကာ ထိုအပင္ကို ႐ႊက္ႏုေလးေတြ ပိုထြက္လာေအာင္ လုပ္ေနျခင္းျဖစ္သည္။

ဒါေပမယ့္ အျခားလူေတြက က်ိဳးက်ီတစ္ေယာက္ အ႐ြက္မခူးပဲ အပင္ကို ကိုင္ၿပီး ငိုင္ေနသည္ဟုသာ ျမင္ေနခဲ့သည္။က်ိဳးက်ီက အပင္စြမ္းအားကို ထိန္းကာ အ႐ြက္ကို စားလို႔ရသည့္ အေနေတာ္ အႏုေလးသာ ထြက္ေအာင္လုပ္ေနတာ ျဖစ္သည္။ စုေဆာင္းေရးအဖြဲ႕ႏွင့္လိုက္လာေသာ ဘုန္းေတာ္ႀကိးက က်ိဳးက်ီကိုေတြ႕ေတာ့ အနားကို ေလွ်ာက္လာခဲ့သည္။
 
   "က်ိဳးက်ီ...မင္း ဘာေတြ ၾကည့္ေနတာတုန္း"
  "ဒီတိုင္း ေလွ်ာက္ၾကည့္ေနတာပါ "
က်ိဳးက်ီက ခပ္တိုတိုပဲျပန္ေျဖလိုက္သည္။
ဘုန္းေတာ္ႀကီးက သူ႔တပည့္ကေလး ၃ ေယာက္ကို ေခၚကာ စုေဆာင္းေရးအဖြဲ႕မ်ားႏွင့္ ထိုကေလးေတြကို အပင္မ်ားအေၾကာင္းကို သင္ျပေပးေနျခင္းျဖစ္သည္။ ဘုန္းေတာ္ႀကီးက အပင္မ်ားက အကိုင္းကို အကုန္မခ်ိဳးဖို႔၊ အကိုင္းရွည္ရွည္ေတြကို ေျမႀကီးထဲ ျပန္ထိုးထည့္ထားဖို႔ ေျပာျပေနသည္။ က်ိဳးက်ီက ထိုအပင္ကို ေသခ်ာၾကည့္လိုက္ေတာ့ ကိုင္းကူးစိုက္လို႔ရသည္အပင္ျဖစ္ေနတာကို ေတြ႕လိုက္ရသည္။

 "က်ိဳးက်ီ.....မေန႔က မင္း ခုူးလာတဲ့ အခ်ိဳပင္က ဘယ္လိုပုံစံမ်ိဳးလဲ"
 ဘုန္းေတာ္ႀကီးက ၿပဳံးျပကာ က်ိဳးက်ီကို ေမးလာသည္။ က်ိဳးက်ီက ဒီလိုေမးမည္ကို ႀကိဳသိၿပီးျဖစ္လို႔ တေနရာကို လက္ညႇိဳးထိုးျပကာ ေျပာလိုက္သည္။

  "သူတို႔က အဲ့ဒီမွာ ေပါက္ေနတယ္"
က်ိဳးက်ီက ဘုန္းေတာ္ႀကီးကို ေခၚကာ သူ အခ်ိဳေခ်ာင္းမ်ား ေတြ႕သည့္ေနရာသို႔ ေခၚလာခဲ့သည္။ တကယ္ေတာ့ ဒီအခ်ိဳေခ်ာင္းပင္က ေႏြရာသီမွ ရင့္မည္ျဖစ္ေပမယ့္ က်ိဳးက်ီက မေန႔က အပင္စြမ္းအင္ကို သုံးခဲ့လို႔ အေတာ္ကို ႀကီးထြားလို႔ေနၿပီ။ ဘုန္းေတာ္ႀကီးက တပည့္ေတြနဲ႔ ထိုအပင္ကို ေသခ်ာေလ့လာၿပီး အရမ္းကို ေက်နပ္လို႔ေနသည္။ က်ိဳးက်ီလည္း ဟိုဟိုသည္သည္ ေလွ်ာက္သြားၿပီး သေဘာက်သမွ် အကုန္ခူးေနသည္။ ဘုန္းေတာ္ႀကီးလည္းပါေနလို႔ မ်ိဳးႏြယ္စုဝင္ေတြ ခူးေလ့ရွိသည့္အပင္ကိုသာ ခူးဆြတ္ခဲ့သည္။

ဒီေန႔  စုေဆာင္းေရးအဖြဲ႕က စားစရာ အသီးအ႐ြက္ သိပ္မရသလို အမဲလိုက္အဖြဲ႕ကလည္း အမဲေကာင္ သိပ္မရခဲ့ေပ။ အဖြဲ႕ခြဲေတြက သားေကာင္ငယ္ေလးေတြပဲရခဲ့ၾကသည္။ ထိုအသားကို ေဝမွ်လိုက္ရင္ မ်ိဳးႏြယ္စုထဲက လူေတြကို တရက္ပဲ ေကြၽးလို႔ရႏိုင္သည္။

 ရႈန္းေဟာ္က မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။
  "မနက္ျဖန္း အမဲလိုက္ ထပ္ထြက္ၾကတာေပါ့။  ဒီတစ္ခါ ခပ္ေဝးေဝးကို သြားၾကမယ္  "

သူတို႔က ရလာသည့္ အမဲေကာင္ေတြကို တာရွည္ခံေအာင္ မလုပ္ႏိုင္လို႔ တရက္ျခားပဲ အမဲလိုက္ၾကတာ ျဖစ္သည္။ ၿပီးေတာ့ မ်ိဳးႏြယ္စုနားက အမဲေကာင္ေတြကို တခါတည္း ေျပာင္ေအာင္ လိုက္လို႔လည္းမျဖစ္ေပ။ ေနာင္မွာ အစာငတ္သြားႏိုင္သည္။ ဒါေပမယ့္ အမဲမလုံေလာက္ရင္ ေနာက္ေန႔ကို ထပ္ၿပီး အမဲလိုက္ထြက္ၾကသည္။

"ကြၽန္ေတာ္တို႔ မနက္ဖန္ ေစာေစာထၿပီး ေတာင္ရဲက တစ္ဘက္ျခမ္းကို တစ္ခ်က္သြားၾကည့္ၾကတာေပါ့"
 ရႈန္းယယ္ ေျပာသည့္ေနရာက သူတို႔ေနသည့္ ေတာင္၏အေရွ႕ဘက္ 3၊ 4 နာရီအၾကာသြားရသည့္ ေနရာျဖစ္သည္။

   "ေကာင္းၿပီ။ မနက္ျဖန္ အဲ့ကို သြားၾကတာေပါ့။ "

အားလုံးတိုင္ပင္ၾကၿပီး ေနထိုင္ရာကို ျပန္လာခဲ့ၾကသည္။ တခ်ိဳ႕က သားရဲပုံစံမွ လူအျဖစ္ကိုျပန္ေျပာင္းရင္ ေပ်ာ္႐ႊင္စြာ ေျပာလိုက္သည္။

  "မ်ိဳးႏြယ္စုထဲက လူေတြရဲ႕ အနံ႔ရလိုက္တယ္။ ဆားအသင္းဝင္ေတြ  ျပန္လာၾကၿပီကြ"

ရႈံဟယ္လည္း အံ့အားသင့္သြားရသည္။ ဆားအသင္းက ေဆာင္းအကုန္မွာ သူတို႔ပိုင္ဆိုင္သည့္ အရာေတြနဲ႔ ဆားလဲလွယ္ဖို႔ လႊတ္ခဲ့တာျဖစ္ၿပီး အခု သူတို႔ျပန္လာၿပီဆိုေတာ့ ေသခ်ာေပါက္ ပြဲက်င္းပေတာ့မည္ ျဖစ္သည္။

 **-**




ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now