Chapter ( 115 ) _ သံသယ

5.2K 1K 22
                                    

Chapter ( 115 ) _ သံသယ


ဟိုင် ဖုန်း က ပြောစရာစကားမဲ့သွားတယ်။

ယခင်က ဝက်ဝံကြီးမျိုးနွယ်မှ ထိုလူများကို တိုက်ခိုက်ရန် သွားသောအခါတွင်၊ သူ့ရှေ့ကလူသည် သားရဲနတ်ဘုရား ကျောင်းတော်မှမဟုတ်ကြောင်း ပြောလိုက်သံကို အမှန်ပင်ကြားလိုက်ရသည်။ သို့သော် ထိုအချိန်က သူ့ကို မယုံခဲ့ပေ။

တောရိုင်းတောထဲမှာ ဒီလိုမျိုး စွမ်းအားရှင်တွေ မရှိနိူင်ဘူး။ သားရဲနတ်ဘုရား ဗိမာန်တော်မှ မဟုတ်လျှင် ဒီလူက ဘယ်ကနေ လာခဲ့တာလဲ။ အရင်က သူ့ကို တိုက်ခိုက်ခဲ့သော သားရဲနတ်ဘုရား ကျောင်းတော်သို့ ပြန်သွား ကလဲ့စားချေရန် အာရုံစိုက်ခဲ့လို့ ထိုစကားများကို လုံးဝ လျစ်လျူရှုခဲ့သည်။ ယခုတော့... သူသည် လောလောဆယ်တွင် ချည်နှောင်ခံထားရပြီး သူ့ကို လှည့်စားဖို့ သူ့ရှေ့က လူက မလိုအပ်တော့ပေ။

ထို့ကြောင့်... ဒီလူသည် အမှန်တကယ်ပင် သားရဲနတ်ဘုရား ကျောင်းတော်မှ မဟုတ်နိုင် ပေ။ သူသည် တစ်ဖက်လူကို ဦးစွာတိုက်ခိုက်ခဲ့သူဖြစ်သောကြောင့်၊ ထိုလူလည်း သူ့ကို သေလုမျောပါး ပြန်လည်ရိုက်နှက်ခဲ့တာပေါ့။ ဟိုင် ဖုန်း က ဘယ်လိုအမူအရာမျိုးပြရမလဲ မသိတော့ပေ။

"သားရဲဘုရင်အားလုံးက သားရဲနတ်ဘုရား ကျောင်းတော်က ဖြစ်တယ်" ဟ

ဟိုင်ဖုန်းက မယုံနိုင်အောင် ဖြစ်ကာ ပြန်ပြောခဲ့သည်။ ဒါ့အပြင် မြေအိုးသည် သားရဲနတ်ဘုရား ကျောင်းတော်တစ်ခုတည်းမှာသာ ရှိသောအရာဖြစ်သည်။ သားရဲနတ်ဘုရားဗိမာန်တော်ကနေ လာတာ မဟုတ်ဘူးလို့ ဘယ်သူက ထင်မှာလဲ။

"ငါက တောထဲမှာ အမြဲနေထိုင်တယ်။ သားရဲနတ်ဘုရား ကျောင်းတော်ကို ငါ တစ်ခါမှ မရောက်ဖူးရုံသာမက သားရဲလူသား ကုန်းမြေ ကိုတောင် မရောက်ဖူးဘူး။ မြေအိုးနှင့်ပတ်သက်လို့ပြောရရင် သားရဲနတ်ဘုရားဗိမာန်တော်မှာပဲ ရှိနိုင်တယ်လို့ ဘယ်သူက ပြောခဲ့လဲ။ ငါတို့ မျိုးနွယ်ထဲမှာလည်း ရှိတယ်။"

ကျိုးကျီ ၏ စိတ်သည် ယခုအချိန်တွင် ငြိမ်သက်သွားပေပြီ။ လက်ရှိအခြေအနေပေါ် မူတည်ပြီး တစ်ဖက်က သူ့ထက် ပိုကံဆိုးနေသေးတယ်ဆိုတာ သိလိုက်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now