Chapter (50) _ ငါက ကိုယ်ဝန်ရှိတဲ့ မိန်းမနဲ့ မတူဘူးလား...

9.3K 1.5K 51
                                    

Chapter (50) _ ငါက ကိုယ်ဝန်ရှိတဲ့ မိန်းမနဲ့ မတူဘူးလား...



မျိုးနွယ်စုရှိလူများသည် ကျိုးကျီ ထင်သလောက် မပျော်ရွှင်ကြပေ။

မနေ့ကမှ ဧရာမသားရဲကြီးကို တွေ့လိုက်ရလို့ လူတိုင်းက ဆီးသွားရမှာတောင် ကြောက်နေကြပြီး အခု အသားတွေ အရမ်းအများကြီး တွေ့တော့ အားလုံးက ချက်ချင်း ဝမ်းသာသွားတယ်။

သူတို့ဘဝမှာ အသားအများကြီး မမြင်ဖူးသလို အခုက... တောင်တွေ တောတွေထဲမှာ ရှိရှိသမျှ အသားတွေ အရမ်းများများတွေ့လိုက်ရတော့ သူတို့မျက်လုံးကို သူတို့မယုံနိုင်ဖြစ်နေကြတယ်။

မျိုးနွယ်စုရှိ စစ်သည်များသည် အမဲသားကို တစ်ကြိမ်သွားရောက် သယ်ဆောင်ခဲ့ပြီးဖြစ်သည်။ သူတို့နေထိုင်ရာ တောင်ချိုင့်ဝှမ်းဆိကို အသားကို ချပြီးတာနဲ့ တောထဲက သေနေတဲ့ ဒိုင်နိုဆောတွေဆီ ထပ်ခါထပ်ခါ သွားကာ အသားတွေ သယ်ယူကြသည်။ မျိုးနွယ်စုရှိ သက်ကြီးရွယ်အိုများနှင့် အားနည်းသူများက စစ်သည်တော်များ သယ်လာသည့် အသားကို စတင်ကိုင်တွယ်ကြသည်။

ပြန်သယ်လာတဲ့ ဒိုင်နိုဆောတွေရဲ့ကိုယ်ထည်က မပြည့်စုံတော့ဘူး။ ကျန်ရစ်သူတွေက အသားတွေကို ရိုးရိုးရှင်းရှင်း လှီးဖြတ်ပြီးတော့ အသားတစ်ပိုင်းလုံးကို အိုးထဲကို ထည့်ကာ ပြုတ်လိုက်တယ်။

မျိုးနွယ်စုရှိ ကျောက်အိုးကြီးနဲ့ အသားတွေ ထည့်ချက်ဖို့ မလုံလောက်တော့ပေ။ လူတိုင်းက သူတို့လိုဏ်ဂူထဲမှာ အိုးအသေးကို ထုတ်လာကြတယ်။ တစ်ယောက်ယောက်က အရွက်တွေကို ပြန်ကောက်လာပြီး အသားကို အရွက်ဖြင့် ထုပ်ပြီး မီးထဲထည့်ကာ ဖုတ်လိုက်တယ်။

မျိုးနွယ်စုတွေထဲက ရေသိပ်မချိုးကြလို့ အနံ့ဆိုးတွေ ရှိနေတယ်။

တိုတိုပြောရရင် ကျိုးကျီက သူတို့ လူအုပ်နား သွားရတဲ့အချိန် ထိုအနံ့တွေကိုရှုရတာ စိတ်မချမ်းသာခဲ့ပေ။

မာလုတွေနဲ့တိုက်ခိုက်ပြီးနောက် ရှုန်းယယ် က အတော်လေးကို ဗိုက်ဆာနေပြီ။ ခါတိုင်းဆိုရင် ကျိုးကျီက သူ့ကို ချက်ပြုတ်ပေးပေမယ့် ဒီနေ့တော့ ကျိုးကျီက ဖြူယော်ပြီး အားနည်းကာ ဘာမှလုပ်လို့မရတော့ပေ။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now