Stone Age Husband Raising Journal - Chapter (4)_ (z+u)

9.5K 1.2K 14
                                    

Stone Age Husband Raising Journal - Chapter (4)_ (z+u)  


ကျိုးကျီသည် ရှုန်းယယ်ရဲ့အမေးကို ဘာမှ ပြန်မဖြေပေမယ့်   
ရှုန်းယယ်က 'ကျီ' ဆိုသည့် တိရိစ္ဆာန်မျိုးနဲ့ နိုးထလာတာ မရှိဘူးဟု တွေးနေမိသည်။ မျိုးနွယ်စုထဲက လူတိုင်းက  နာမည်နှစ်လုံးနဲ့မှည့်ခေါ်လို့ ကျိုးလည်း အားကျပြီး  သူ့ကိုသူ ကျိုးကျီဟု နာမည်ပေးလိုက်ခြင်း ဖြစ်ရမယ်လို့ ယူဆလိုက်သည်။

တစ်နေ့ကုန် အမဲလိုက်ခြင်း၊ သစ်ခုတ်ခြင်းဖြင့် အလုပ်ရှုပ်ခဲ့ပြီးနောက် ရှုန်းယယ်သည် သစ်တုံးကြီးများကို ဂူပေါက်ဝဆီ တစ်ခုပြီးတစ်ခု ဆွဲလာခဲ့သည်။ ဂူကို ပြန်ရောက်တော့ အပင်ပန်းခံနိုင်သော  ရှုန်းယယ်မှာ မောပန်းစွာဖြင့် မြက်ခြောက်ပေါ်လှဲချလိုက်သည်နှင့် တခါတည်း အိပ်မောကျသွားတော့သည်။
နောက်နေ့ ရှုန်းယ်နိုးလာသေချာအချိန်တွင် မိုးများ အဆက်မပြတ်  ရွာချနေခဲ့သည်။ ရှုန်းယယ် ဂူတံခါးကို ဖွင့်လိုက်သောအခါ မျက်နှာကို မိုးရေစင်လာသဖြင့် ချမ်းလို့ တုန်သွားခဲ့သည်။

ကျိုးကျီလိုမျိုး  ခန္ဓာကိုယ်အပေါ်ပိုင်းမှာ တိရိစ္ဆာန်သားရေတွေ ပတ်ပြီး ဝတ်ထားရင်ကောင်းမလားလို့  တွေးပေမယ့် အမဲလိုက်ရင် ဒီသားရေတွေနဲ့ ရှုပ်နေမည်ကို တွေးပြီး  ထိုအကြံကို  စွန့်ပစ်လိုက်သည်။
ဒါ့အပြင်  အမဲလိုက်တိုင်း သူက ဝက်ဝံပုံစံနဲ့ပဲ အမဲလိုက်နေကျဖြစ်လို့ ထိုအချိန်တွင်  အအေးဒဏ်ကို မခံစားရတော့လို့ သားရေပတ်တွေဝတ်ရင်  အနှောင့်အယှက်တောင် ဖြစ်နေဦးမည်။
ရှုန်းယယ်၏ဂူက တောင်ဘက်အရပ်သို့ မျက်နှာလှည့်ထားလို့ လေဝင်လေထွက် ကောင်းပြီး အတော်မြင့်မားသည့်နေရာတွင် ရှိနေလို့  တော်ရုံလူ ဝင်ရောက်ဖို့ မလွယ်ပေ။ သူ ဒီနေရာကို မရွှေ့လာခင်က  သူနေသည့် ဂူပေါက်ဝရှေ့တွင် လမ်းကျဉ်းလေးတစ်ခုပဲ ရှိခဲ့ပြီး အဲ့နေရာကို တက်ဖို့  လှေကားတောင် မရှိသေးပေ။ သူ ပြောင်းလာပြီးနောက်ပိုင်းမှ ဂူရှေ့လမ်းကို ကျယ်အောင်တိုးချဲ့ခဲ့သလို သူ့ဂူကိုလည်း ပိုကျယ်အောင် ဆက်လက်ထွင်းခဲ့တာဖြစ်သည်။

 
ညက  ဂူပေါက်ဝတွင် သစ်တုံးများ ပုံချထားခဲ့လို့ အတက်အတင်း လုပ်ရခက်သွားခဲ့သည်။ ဒါပေမယ့် ရှုန်းယယ်က သစ်ပင်တက် ကျွမ်းတဲ့ ဝက်ဝံလေးဖြစ်လို့ ဒီနေရာကို တက်ဆင်းလုပ်ဖို့က မခက်ပေ။ ဒါကြောင့် အချိန်တို အတွင်း သူ   တောင်ခြေကို  ရောက်ရှိသွားခဲ့ သည်။


သူ ရှီလီကို သွားရှာပြီး အမဲလိုက်ဖို့ ခေါ်ရမည်။
မျိုးနွယ်စု  အမဲလိုက်အဖွဲ့က တစ်ရက်ခြားသာ အမဲလိုက်ထွက်ကြပြီး  ကြားရက်များတွင် ရှုန်းယယ်နဲ့ ရှီလီက အတူ အမဲထွက်လိုက်လေ့ရှိသည်။ ရှုန်းယယ်၏ ဝက်ဝံပုံစံက ရှီလီရဲ့ ခြင်္သေ့ပုံစံထက် ပိုလေးပြီး
 အင်အားလည်း ပိုကြီးသည်။ ဒါပေမယ့် လှုပ်ရှားမှုတွေမှာ ခြင်္သေ့ပုံက ပိုလျင်မြန်သည်။ ဒါကြောင့် ရှုန်းယယ်ရဲ့  တိုက်ခိုက်နိုင်စွမ်းက  ရှီလီထက် သိပ်မသာပေ။


အရင်က ရှန်းယယ်နဲ့ရှီလီတို့က တိရိစ္ဆာန်ပုံစံဖြင့် အမဲလိုက်ရာတွင်   နေရာကောင်းတစ်ခုမှာ ချုံခိုစောင့်နေပြီး သားကောင်ရောက်လာသည်နှင့် ရှီလီက သားကောင်ပေါ်ကို ခုန်တက်ကာ လည်ပင်းကို ကိုက်ခဲထားပြီး ရှုန်းယယ်က သားကောင်ရဲ့ဘေးကို ဝင်ရောက် တိုက်ခိုက်သည်။ သားကောင်ရဲ့ ခြေထောက် မြေကြီးပေါ်က လွတ်အောင် မြှောက်နိုင်ရင် သူတို့ဘက်က အနိုင်ရစမြဲဖြစ်သည်။ ဒီလို အချိတ်ဆက်မိမိနဲ့ နှစ်ယောက်သား နှစ်ပေါင်းများစွာ အမဲလိုက်နေကျဖြစ်လို့ သားကောင်များစွာကို ရရှိခဲ့ကြသည်။

 ဒါပေမယ့် ရှီလီက မျိုးနွယ်စုဝင်အဖြစ် ရောက်ရှိလာပြီး အစာမငတ်တော့ နောက်ပိုင်းမှာ ပျင်းရိလာခဲ့သည်။ ဒါက ခြင်္သေ့တွေရဲ့ သဘာဝဖြစ်သည်။ သူတို့ကို ကြပ်မတ်ပေးသူမရှိရင် ဗိုက်ဝရင် လှဲအိပ်လေ့ရှိကြသည်။

 
ရှုန်းယယ်က  သို့လှောင်ထားသည့် စားစရာမရှိရင် မနေတတ်တော့ပေ။ ရှီလီက အပျင်းကြီးနေပေမယ့် သူ့မှာ ။  ထောက်ပံ့ရမည့် အမေနှင့် ညီရှိနေသေးသည်။
မျိုးနွယ်စုထဲက အခြားလူများနှင့် ယှဉ်ရင်  ရှီလီက မိဘကို ထောက်ပံ့နေတာနဲ့ပင်  သိတတ်လှပြီဟု ပြောနိုင်သည်။ လူအများကဆိုရင် သိုးအဖြစ် နိုးထလာသော ညီငယ်ကို ဆက်လက်ကျွေးမွေးထားမည် မဟုတ်ပေ။ 13 နှစ် အရွယ်နဲ့ဆိုရင် သူ့ညီက အစာငတ်ပြီး မသေနိုင်တော့ပေ။ ဒါ့အပြင် ဒီအရွယ်ဆိုရင်  အပြင်ထွက်ပြီး မျိုးနွယ်စုရဲ့ အလုပ်များကို ကူညီနိုင်နေပြီ။

 
ဒါပေမယ့် ရှီလီက သူ့ညီကို အလုပ်မလုပ်ခိုင်းပဲ သူ့ အမေနဲ့ ညီကို ကောင်းကောင်းထားပြီး ရလာသည့် အသားတွေကို သူ မစားပဲ အငတ်ခံပြီး   ကျွေးတတ်သည်။ ရှီလီရဲ့ညီ ယန်ဆုက အရွယ်ရောက်စပြုလာလို့ စားသည့် အသားက ပိုများလာသဖြင့် ရှီလီအတွက်  အသားရဖို့ ပို လိုအပ်လာသည်။   


ရှုန်းယယ်က ရှီလီရဲ့ ဂူပေါက်ဝကို  ရောက်လို့  အော်ခေါ်လိုက်တော့ ယန်ဆု  တံခါးလာဖွင့်ပေးသည်။
ယန်ဆု ကလေးတုန်းကတော့ သူက  ရှုန်းယယ်အပေါ် အမြင်ကြည်ပေမယ့်  အသက်ဆယ်နှစ်တွင် သိုးတစ်ကောင်အဖြစ် နိုးထခဲ့ပြီးနောက်  ရှုန်းယယ်အပေါ် ထားသည့် သဘောထားက ဆိုးဝါးလာခဲ့သည်။ ဘာကြောင့်ခုလို ဖြစ်သည်ကို ရှုန်းယယ်က နားမလည်သဖြင့် ရှီလီကိုမေးကြည့်တော့ ယန်ဆုက  သိုးတစ်ကောင်အဖြစ် နိုးထခဲ့လို့ စိတ်မပျော်ဖြစ်ပြီး ရှုန်းယယ်ကို အပြစ်တင်နေတိာလို့ ရှီလီက ပြောပြခဲ့သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now