Chapter (72.1) - ရိုးသားဖြူစင်သော ဝက်ဝံညိုလေး

6.5K 1.1K 41
                                    

Chapter (72.1) - ရိုးသားဖြူစင်သော ဝက်ဝံညိုလေး

ဘုန်းကြီးက ရှုန်းချီနှင့် တခြားသူတွေကို အခုလေးတင် ရထားတဲ့ ငရုတ်သီးဆော့စ်အနည်းငယ်ကို မျှဝေလိုက်ပြီး ကျေနပ်သွားခဲ့ကြတယ်။ သူတို့ပြန်သွားပြီးနောက် ရှုန်းယယ် နဲ့ ကျိုးကျီ က ဆက်စားနေခဲ့တယ်။

ရှုန်းယယ်သည် ထိုနေ့က သူ့ဝေစု အသားအားလုံးကို စားပြီးသောအခါတွင် သူ ဖမ်းမိသော ဌက်ကြီးအသား လေးပုံတစ်ပုံမှာလည်း ပျောက်ကွယ်သွားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ဒါက... ဒီနေ့ သူစားခဲ့တဲ့ ပမာဏထက် မနည်းဘူး! ကျိုးကျီက ဌက်ကြီးသားတွေကို သူတစ်ယောက်တည်း လေးပုံတစ်ပုံ ကုန်အောင် စားပစ်လိုက်တာလား။

ရှုန်းယယ်က အတွေးတွေနဲ့ရှုပ်နေတုန်း ကျိုးကျီက သူတို့၏အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီးခေါ်လိုက်သည်။

"အိပ်ရအောင်"

ရှုန်းယယ်က အတွေးစကို ရပ်လိုက်ကာ အိပ်ယာပေါ်ကို လာခဲစဉ် ကျိုးကျီ ရဲ့ဗိုက်က တကယ်ဖောင်းနေတာကို သတိထားမိလိုက်တယ်။ သူက ကျိုးကျီ ရဲ့ဗိုက်ကိုထိပြီး ပြောလိုက်သည်။

"ကျိုးကျီ.... မင်း ဒီလိုဗိုက်ဖောင်းနေတော့... ကလေးမွေးတော့မယ့်ပုံပဲ!"

ကျိုးကျီ : ရှုန်းယယ်က ဒီဗိုက်တွေကိုမြင်ရင် ဒီလိုပဲ ဖော်ပြနိုင်တာလား။ သူ့ရဲ့ ဝေါဟာရနဲ့ ဘာသာစကားက ညံ့ဖျင်းလို့လား။

ထိုညတွင် ရှုန်းယယ်က ဂူကို ပြန်မလာမီ နာရီအနည်းငယ်ကြာ အပြင်တွင် ကျင့်ကြံရန် ထွက်သွားခဲ့သေးသည်။

ကျိုးကျီက ဒီည ရှုန်းယယ်ကို ပွေ့ဖက်ပြီး အိပ်ပျော်သွားသည် ။ နောက်တစ်နေ့နံနက်တွင် ကျိုးကျီသည် ငှက်အသားအချို့ကို ကြော်ရန် ငရုတ်သီးကိုအသုံးပြုကာ ရှုန်းယယ်အတွက် နံနက်စာပြုလုပ်ရန်အတွက် မြေဥ နဲ့ ကြက်ဥကိုမွှေကြော်ပေးလိုက်သည်။

ရှုန်းယယ်လည်း ကျိုးကျီ ပြင်ပေးသော မနက်စာကြောင့် ကျေနပ်သွားသည် ။ ဒီငရုတ်သီးက တကယ်အရသာရှိတယ်။ ပူပူစပ်စပ် အစားအစာကို စားပြီးနောက် နွေးနွေးထွေးထွေး ခံစားခဲ့ရသည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now