Chapter (51) _ အသားကျပ်တင်ခြောက်

8K 1.3K 16
                                    

Chapter (51) _ အသားကျပ်တင်ခြောက်



ရှေးကျသည့် လူသားများက တကယ့်ကို ချစ်စရာကောင်းလှသည်။ သူတို့စိတ်ထဲ တခုခုအတွေးပေါ်လာတာနဲ့ ရှက်စရာကောင်းသည်ဟု သဘောမထားပဲ တိုက်ရိုက်ပြောဆိုတတ်သည်။

ရှုန်းယယ်က အခု သူက အစားများပြီး ဗိုက်ဖောင်းလာသည်ကို ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်တူသည်ဆိုပြီး ရယ်မောပြီး ပြောဆိုနေသည်။

ကျိုးကျီက သူ့ကို လုပ်စရာလုပ်ဖို့ တိုက်တွန်းလိုက်သည်။ အခု ရှုန်းယယ်က အရမ်းတက်ကြွနေတယ်ဆိုပေမယ့် ဒီကနေ သူက ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်။ ကျိုးကျီက ရှုန်းယယ် ရဲ့ ခေါင်းကို အသာထိပြီး ပြောလိုက်တယ်။

"သွားအိပ်တော့?"

"ကျိုးကျီ...နောင်မှာ ငါ့ခေါင်းကို ထိလို့မရဘူး !"

ရှုန်းယယ် က မျက်မှောင်ကြုတ်ပြီးပြောလိုက်ပေမယ့် ကျိုးကျီက သူ့ခေါင်းကို အသာလေး ထိကိုင်တာကို ထပ်ခါထပ်ခါလုပ်နေတယ်၊ ဘယ်နှစ်ခါမှန်းကို မသိတော့ဘူး!

"ကောင်းပြီ။"

ကျိုးကျီက ဒါကိုဆက်မလုပ်ဖို့ သဘောတူလိုက်တယ်။

"ငါ့အတွက် ခံစားလို့ကောင်းအောင် ငါ့ကို လုပ်ပေးပါဦး။ မင်း အဲ့ဒါ လုပ်ပေးတာကို ငါ လိုချင်တယ်"

ရှုန်းယယ်ကပြောလိုက်တယ်။ ကျိုးကျီက အရင်က သူ့ဗိုက်ကို အသာလေးပွတ်ပေးခဲ့တယ် မဟုတ်လား။

"မေ့လိုက်တော့"

ကျိုးကျီက ရှုန်းယယ် ကို တိတ်တိတ်ဆိတ်ဆိတ် အိပ်ရာထဲ တွန်းလှဲလိုက်ပြီးအိပ်ခိုင်းလိုက်သည်။ ထိုအချိန်မှာ ရှုန်းယယ်၏ ကျောပြင်မှာ ဒဏ်ရာတွေ ရနေသေးတာကို တွေ့လိုက်ရသည်။ အဲ့ဒါက ရှုန်းယယ် အတွက် အတော့်ကို ဆိုးလွန်းနေတယ်။

ရှုန်းယယ် လည်း လှဲအိပ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။ သူကိုယ်တိုင်လုပ်ချင်ပေမယ့် လက်မောင်းမှာ ဒဏ်ရာတွေ ပါရနေတယ်။ ပြီးတော့... သူက တကယ်ကို အဆင်မပြေဘူး။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now