Chapter (85) - အလုပ်လုပ်ကြခြင်း

6K 1.1K 21
                                    


Chapter (85) - အလုပ်လုပ်ကြခြင်း


ထိုလူများသည် သူတို့ချစ်ရသူ၏ အခြေအနေကို စတင်စဉ်းစားနေချိန်တွင် ဝက်ဝံကြီး  မျိုးနွယ်စုမှလူများ အားလုံးစုပြီး အသားစားကြသည်။  

ရှုန်းယယ်  သည် ကျားကြီးမျိုးနွယ်မှ နှင်ထုတ်ခံထားရသော လူများကို ပြန်ခေါ်လာပြီး အခြေချနေထိုင်ရန် အလုပ်ရှုပ်နေသောကြောင့် ထိုနေ့တွင် အမဲလိုက်ရန် အချိန်မရှိခဲ့ပေ။ သို့သော်လည်း ကျူးကျန်း နှင့် အခြားသူများသည် ထိုနေ့နှောင်းပိုင်းတွင် အမဲလိုက်ကာ  ပြန်လာခဲ့ကြသောကြောင့် ထိုနေ့ညတွင် စားရန် အသားများ ကျန်ရှိသေးသည်။

ကောင်းသောအသားနှင့် ကလီစာများအပြင် ကြီးမားပြီး အရည်အသွေးမြင့်သော မြေဥများကို ဝက်ဝံကြီး  မျိုးနွယ်စုမှ လူများကြားတွင် ဖြန့်ဝေပေးခဲ့သည်။ အခုမှ ရောက်တဲ့ လူတွေကတော့... ပုပ်သိုးနေတဲ့ မြေဥတွေရဲ့ ပုပ်နေတဲ့ အစိတ်အပိုင်းတွေကို လှီးဖြတ်ပြီး  ဘယ်သူမှ မစားချင်တဲ့ အရိုးတွေနဲ့ တခြားကလီစာတွေနဲ့ ချက်ပြုတ်ဖို့ ဘုန်းကြီး က ပြောခဲ့သည်။

ထိုအရာများသည် အလွန်ကြည့်ကောင်းပုံမရသော်လည်း ဝက်ဝံကြီး မျိုးနွယ် ရှိ စုဝေးအဖွဲ့မှလူများသည် ယခင်ကလည်း ထိုကဲ့သို့သောအစားအစာမျိုးကိုသာ စားနိုင်ခဲ့ကြသည်။ ထိုလူများသည်  အရင် လွတ်လပ်စဉ်ကတော့ ထိုကဲ့သို့သော အစားအစာများကို အလေးမထားခဲ့ကြပေမယ့် အခုတော့   သူတို့သည် အရမ်းကို စိတ်လှုပ်ရှားခဲ့ကြသည်-- ဝက်ဝံကြီးတွေက သူတို့ကို တစ်နေ့လျှင် ထမင်းနှစ်နပ် ပေးမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။  

သူတို့သည် မြေဥများနှင့် ဒိုင်နိုဆော ကလီစာများကို ဝံပုလွေများကဲ့သို့ အငမ်းမရ စားကာ မယုံနိုင်လောက်အောင် အရသာရှိကြောင်း ခံစားခဲ့ရသည်။ ဒါပေမယ့် ထိုအချိန်မှာ ခံတွင်းထဲက သွားရည်ယိုစေတဲ့ သင်းတဲ့ ရနံ့တစ်ခုကို  သူတို့ ရလိုက်သည်...။

ကျိုးကျီ သည် ယနေ့ချက်ပြုတ်ရန်အတွက် ငရုတ်သီး အသုံးမပြုထားသော်လည်း သူကိုယ်တိုင်ပြုလုပ်ထားသော သကြားဖြင့် မွှေကြော်ကာ  ဝက်သားနီနှပ်ကဲ့သို့ ဒိုင်နိုဆော အသားပြုတ်ကြော်များကို ပြုလုပ်နေသည်။ သူ အသုံးပြုသောအသားသည် ထိုနေ့သားကောင်၏ အနူးညံ့ဆုံးအပိုင်းဖြစ်ပြီး သကြားကို ကြံမှရသည့် သကြားဖြင့် ပြုလုပ်ထားသည်။ ထို့အပြင် အရသာအတွက် ဟင်းခတ်အမွှေးအကြိုင်အချို့ကိုလည်း အသုံးပြုခဲ့သည်။
 
အသီးအရွက်ကြော်ဖို့ ကျောက်အိုးသုံးတာက နည်းနည်းနှေးပေမယ့် စိတ်ရှည်တယ်ဆိုရင်တော့  အသားပြုတ်ထားတဲ့ အသားပြုတ်ကြော် လုပ်တာက တော်တော်လေးကို ကောင်းလှတယ်။
 ကျိုးကျီ သည် သကြားကို ဖြည်းဖြည်းချင်း အပူပေးပြီး အသားထဲထည့်ကာ  အချိန်အကြာကြီး နှပ်ထားလိုက်သည်။ ဒါကြောင့် အိုးအဖုံးကို မြှောက်လိုက်သောအခါတွင် အလွန်အရသာရှိသော ရနံ့တစ်ခု လေထဲသို့ ပျံ့လွင့်သွားသည်။

သားရဲလူသားတွေရဲ့ အနံ့ခံအာရုံသည် ယေဘူယျအားဖြင့် အလွန်ကောင်းမွန်သောကြောင့်  အောက်ဘက်မှ ညစာ စားနေသည့် သူတိုင်းသည် ထိုရနံ့ကို အနံ့ခံနိုင်သည်။ သူတို့အားလုံး ကျိုးကျီ ဆီသို့ လှမ်းကြည့်ကြသည်။

ဝက်ဝံကြီး  မျိုးနွယ်စုမှလူများသည် ထိုဟင်းကို စားချင်စိတ်မြှင့်တက်လာပြီး တံတွေးပင် မထိန်းနိုင်အောင် ဖြစ်လာကြသည်။
  "ကျိုးကျီ ဒီနေ့ ဘာဟင်း လုပ်နေတာလဲ"

"သူက အသားဟင်းချက်နေတာလား? ပွက်ပွက်ဆူတည်ထားတဲ့  အသားက ဘယ်လိုဖြစ်လို့ အနံ့ကောင်းရတာလဲ"  

"အနံ့က အရမ်းအရသာရှိတယ်!"

......

ကျေးကျွန်များသည် သားရဲနတ်ဘုရား၏တမန်တော်ကို  ပို၍ပင် ကိုးကွယ်ချင်လာကြသည်။
သူသည် သားရဲနတ်ဘုရား၏တမန်တော်ဖြစ်ခြင်းနဲ့ တကယ့်ကို ထိုက်တန်ပါပေတယ်။ ဒါက အမည်သက်သက် မဟုတ်ပဲ  သူစားသော အစားစာများပင် သာမန်လူတွေ စားသည့် အစားစာနဲ့ကွဲပြားအောင် လုပ်နိုင်ပါပေတယ်။ သူတို့ ဘဝမှ  ဤမျှမွှေးကြိုင်သောအစာများကို တစ်ခါမျှ မရရှိဖူးခဲ့ပေ။


လူတိုင်းနီးပါးသည် ကျိုးကျီ ချက်ထားသည့် အစားအသောက်ကို မှုန်ကုပ်ကုပ်သာ စိုက်ကြည့်နေနိုင်သော်လည်း ဘုန်းကြီးအတွက်တော့ မတူပေ။ ဘုန်းတော်ကြီးသည် ပန်းကန်လုံးတစ်လုံးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အခြားတစ်ဖက်နှင့် ဝတ်ရုံစကို စုပင့်လျက် ကျိုးကျီ၏ ဂူဘက်ပြေးလာကာ နှပ်ထားသည့် အသားကိုကြည့်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
 
 "ဒီအသားက အရမ်းမွှေးတာပဲ၊ စမ်းကြည့်ရအောင်!"

ကျိုးကျီ သည် အသားတစ်ပိုင်းကို ကောက်ယူပြီး ဘုန်းတော်ကြီး ၏ ဇလုံထဲသို့ ထည့်လိုက်သည်။

ဘုန်းတော်ကြီးက ထိုအသားဟင်းပူပူကို တစ်ကိုက်တည်းစားလိုက်သည်။

ကျိုးကျီ -  "ကောင်းလား? ငန်လွန်းနေသလား။ နောက်ထပ် ချက်ဖို့ လိုသေးလား"  

ဘုန်းတော်ကြီး -  "အရသာကောင်းတယ်။ အငန်အဆင့်ကတော့ မှန်ပါတယ်။ အသားက အရမ်းနူးညံ့နေပြီး ချက်စရာ မလိုတော့ဘူး"

"အဲဒါ ကောင်းတယ်။" ကျိုးကျီ က ရှုန်းယယ်  ဘက်ကိုလှည့်ပြီး ပြောလိုက်သည်။

 "စားဖို့အဆင်သင့်ဖြစ်ပြီ"
 သူက ဒီဒိုင်နိုဆောအသားကို မကြိုက်သလို မစားချင်တာကြောင့် သူ့အစား ဘုန်းကြီးကို စမ်းကာ မြည်းခိုင်းလိုက်တာ ဖြစ်သည်။ ဘုန်းတော်ကြီးအပြောအရ ဒါက အရသာရှိတယ်ဆိုတာကြောင့် သူက ရှုန်းယယ်ကို စားခိုင်းလိုက်တော့သည်။
 
ကျိုးကျီက ရှုန်းယယ်ရဲ့ပန်းကန်ထဲကို အသားပြုတ်ကြော်နှပ်များနှင့်အတူ မြေဥနှပ်များကိုလည်း ထပ်ထည့်ပေးလိုက်သည်။ ရှုန်းယယ်က ထိုင်ချကာ ပါးစပ်ထဲ အပြည့်သွပ်ထည့်ပြီး အားပါးတရလွေးတော့သည်။

ဒီအသားဟင်းက အရမ်းအရသာရှိတာပဲ!

ဘုန်းတော်ကြီး -  "ငါ့ကိုလည်း အသားတပိုင်းပေးပါဦး !"

ကျိုးကျီက ဘုန်းတော်ကြီးရဲ့ ဇလုံထဲကို အသားနှပ်ပိုင်းအသေးတစ်ခု ထည့်ပေးလိုက်သည်။

ဘုန်းကြီး- "ဘာလို့ ဒီလောက်လေးပဲ ပေးလိုက်တာလဲ။"

"အဘဘုန်းတော်ကြီး၊ တခြားလူတွေလည်း လိုချင်သေးတယ်လေ။ ကျွန်တော်က အဘဘုန်းတော်ကြီးကို နည်းနည်းပိုပေးရင် သူတို့ကိုလည်း ပိုပေးရမယ်၊ ဒါဆိုရင် ကျွန်တော်စားဖို့ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။"

ရှုန်းယယ်  သည် ဘုန်းတော်ကြီးကို အကြောင်းရင်းကို ပြောလိုက်သည်။
 

ရှုံးဟော် နှင့် ရှုန်းယယ်  နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော အခြားအနည်းငယ်သောသူတို့သည် သူ့နောက်တွင် စောင့်နေကြသည်ကို ဘုန်းတော်ကြီးက ယခုမှ သတိပြုမိသည်။ သူ လှည့်ကြည့်လိုက်တော့ ရှုံးဟော် က သူ့ကိုတောင် ပြုံးပြလိုက်သေးသည်။

ဘုန်းကြီးက ဒေါသတကြီး ဖြင့် ထွက်သွားရုံပဲ ရှိတော့သည်။

ရှုန်းယယ်  သည် အခြားသူများ၏ ပန်းကန်ထဲကို ဟင်းတချို့ ဝေမျှ ပေးတတ်ကြောင်း ကျိုးကျီ က သိထားသောကြောင့် အသားကို ခပ်သေးသေးလှီးဖြတ် ထားခဲ့သည်။ ရှုန်းယယ်  သည် အစာတောင်းရန်လာသူတိုင်းကို တစ်တုံးစာ မျှဝေ ပေးပြီးချိန်မှာ သူ့ ပန်းကန်ထဲမှာ မူလထည့်ထားတာရဲ့  ငါးပုံ လေးပုံတော့ ကျန်နေသေးသည်၊  ထို့နောက်တွင် သူ့ ဝေစုကို အသည်းအသန် စားတော့သည်။
 

ဒီအသားက သူအကြိုက်ဆုံး ချိုတဲ့အရသာရှိတယ်။ အထူးသဖြင့် တကယ်မွှေးကြိုင်ကာ အရသာရှိလွန်းနေသည်။
 

ရှုန်းယယ်  အလွန်ပျော်ရွှင်စွာစားပြီး သူ့စိတ်အခြေအနေက မယုံနိုင်လောက်အောင် ကောင်းမွန်နေတာကြောင့် ကျိုးကျီ လည်း စိတ်ကောင်းတွေဝင်နေသည်။

"ငါတို့အတွက် မြေအိုး ကောင်းကောင်း တစ်လုံးရှိမယ် ဆိုရင် မင်းစားဖို့ တခြားအရသာရှိတဲ့ ဟင်းလျာတွေ အလွယ်တကူ လုပ်နိုင်မှာပဲ"

"မနက်ဖြန်သွားလိုက်မယ်။  မင်းအတွက် ကောင်းတဲ့အိုးကို ယူလာပေးမယ် !" ရှုန်းယယ်  က ပြောသည်။  

အားလုံးစားပြီးတာနဲ့ ကောင်းကင်ကြီးက မှောင်နေပြီ။ တစ်ချိန်တည်းမှာပင် အိုးဖုတ်သည့်မြေတွင်းမှ မီးလုံးဝငြိမ်းသွားခဲ့သည်။

တစ်စုံတစ်ယောက်သည် မီးဖိုထဲသို့ ချက်ခြင်းရောက်သွားပြီး ပုံသွင်းထားသည့်အရာအားလုံးကို ထုတ်ပစ်လိုက်သည်။

ကျိုးကျီ သည် ဘေးနားတွင် စောင့်ကြည့်နေသဖြင့် မီးတွင်းရှိ မီးအပူချိန်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လုပ်ငန်းစဉ်များကိုလည်း အချိန်တန်မှ ရပ်တန့်လိုက်သောကြောင့် သူတို့ ထုတ်လိုက်သော အိုးများသည် ... မြေအိုး အကောင်းများအဖြစ် ရရှိလာကြသည်။
 ဒါပေမယ့် ကွဲသွားသည့် မြေအိုးတချို့ကိုတော့ ရှောင်လွှဲလို့ မရပေ။ ကံကောင်းတာတစ်ခုကတော့ သူတို့ဟာ ကြွေဓား တစ်ချောင်းကို လုံး၀ ဖန်တီးနိုင်ခဲ့ခြင်းပါပဲ။ ထိုကြွေဓားကို ကြုံသလို လုပ်၍  မီးတွင်းထဲ ထည့်ကာ ဖုတ်လိုက်တာ ဖြစ်သည်။   မမျှော်လင့်ဘဲ  မီးဖုတ်ခြင်းဖြင့် မြေသားကျက်ကာ ကျစ်လစ်သွားစေသည့် ဖြစ်စဉ်ကို အောင်မြင်အောင် ကျော်လွှားလာ ရရှိလာသည့် တစ်ခုတည်းသော အရာဖြစ်လာခဲ့သည်..။

ထို့အပြင်၊ ထိပ်တွင် ကွဲအက်နေသော်လည်း ခိုင်ခံ့သော မာကြောမှု ကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ထို့အပြင် အသုံးပြုနိုင်သည့် ပန်းကန်များနှင့် အိုးအချို့လည်း ရှိသေးသည်။

ကျိုးကျီ သည် အစောပိုင်းက သူ၏ စိတ်ဝိညာဉ် စွမ်းအားများဖြင့် သူတို့အတွင်းရှိ အရာအားလုံးကို စစ်ဆေး ကြည့်ခဲ့ပြီး ယခု ရလဒ်များကို အကဲဖြတ်ကာ စစ်ဆေးနေသည်။   သူကိုယ်တိုင် ရွှံ့ကိုပုံသွင်းပြီး မီးတွင်းထဲ ထည့်ဖုတ်လျှင်တောင် အိုးအနည်းငယ်ကို အောင်မြင်စွာ ထုတ်နိုင်မည်ဟု  ခံစားမိလိုက်သည်။  

မနက်ဖြန် စမ်းကြည့်နိုင်ပါသေးတယ်လေ။

အားလုံး မကွဲအောင် အောင်အောင်မြင်မြင် မလုပ်နိုင်သေးပေမယ့်  မျိုးနွယ်စုလူများသည် ထိုမြေအိုးကွဲများကို အမျိုးမျိုးသော အသုံးအဆောင်များအဖြစ် ဆက်လက် တီထွင်နိုင်ကြသေးသည်။ ဒါတွေက လုံးဝ မဖြုန်းတီးခဲ့ပါဘူး။


"နောက်တစ်ကြိမ်ဆိုရင် ပြီးပြည့်စုံတဲ့ မြေအိုးကို ဖန်တီးနိုင်လေက်တယ်။ ဒါက တကယ်ကောင်းတာပဲ!"

ဘုန်းတော်ကြီး  - "နောက်ထပ် သတင်းကောင်းလည်း ရှိသေးတယ်။  မြေဥတွေ ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီ!"

မြေဥသည် သုံးလတစ်ကြိမ် ရိတ်သိမ်းနိုင်သော အပင်ဖြစ်သည်။ လွန်ခဲ့တဲ့ သုံးလက သူတို့စိုက်ခဲ့တဲ့ မြေဥတွေက ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။  

"မနက်ဖြန်ကျရင် ကျွန်တော်တို့အဖွဲ့ကို  မြေဥတွေကို သွား စုဆောင်းခိုင်းလိုက်မယ်။ ပြီးရင် နောက်ထပ် သီးနှံမစိုက်ခင်  သူတို့ကို ထယ်ထိုးပြီး မြေသြဇာတွေ ဖြစ်အောင် အရွက်ဆွေးတွေ ထည့်ခိုင်းလိုက်ပါ။ ဒိုင်နိုဆောတွေကို အစာကျွေးဖို့ မြက်တွေ ရိတ်ဖို့ တာဝန်လည်း ပေးလို့ရတယ်..."

ဘုန်းကြီးက မျိုးနွယ်စုမှာ ဒီလူတွေကို ဘယ်လို အလုပ်မျိုး လုပ်ခိုင်းရမလဲ ဆိုတာ စဉ်းစားထားပြီးသားဖြစ်သည်။

ကျိုးကျီ သည် ထိုစီမံမှုများနှင့် ပတ်သက်၍ ထင်မြင်ချက်ပေးစရာ မရှိပေ။

 "အဘဘုန်းတော်ကြီး  ကြိုက်သလို စီစဉ်လို့ရတယ်။  ကျွန်တော် အိပ်တော့မယ်။"

ရှုန်းယယ်  သည် မကြာသေးမီကမှ အားဖြည့်ရန်အတွက် ကျူးကျန်း ၏လက်အောက်ငယ်သားများကို အတူတိုက်ခိုက်ရန်  မကြာခဏ သွားလေ့ရှိသည်။ ရန်ပွဲတစ်ခုပြီးသည်နှင့် သူသည် ဒဏ်ရာအနည်းငယ်ရရှိကာ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ကုန်ဆုံးသွားမည်ဖြစ်သည်။ သူသည် ညဘက်တွင် ရှုန်းယယ်  ပြန်လည်ကောင်းမွန်လာစေရန် ကူညီဖို့ ကျိုးကျီက အခွင့်ရေးရခဲ့သည်။
 

ဒါကတော့ ရှုန်းယယ်  ကို စောစောအိပ်ရာဝင်တာ ဖြစ်သည်။
 
အဲဒါကို ပြောရရင်... ရှုန်းယယ်  ကို မကြာသေးမီက ကျိုးကျီက  အနီးကပ် စောင့်ကြည့်လေ့လာရင်း၊ သူ အရင်က သင်ပေးခဲ့သည့် ကျင့်ကြံရေး နည်းလမ်းများက တိုးတက်ကောင်းမွန်လာနိုင်တယ်လို့ သူ ခံစားခဲ့ရတယ်။ ညဘက်ဆို ပိုကောင်းအောင် ဘယ်လိုပြောင်းလဲ လုပ်ရမလဲဆိုတာကို ပိုစဉ်းစားနိုင်တယ်။

ဘာပဲဖြစ်ဖြစ် သူသည် နေ့ခင်းဘက်တွင် လုံလောက်စွာ အိပ်စက်ခဲ့သည်။

ကျိုးကျီ နှင့် ရှုန်းယယ်  ထွက်ခွာသွားသော်လည်း ဘုန်းတော်ကြီးသည် ဝက်ဝံကြီးမျိုးနွယ်သို့ ရောက်ခါစ လူအားလုံးကို ဖြေရှင်းရန် အလုပ်များနေသေးသည်။ ဒီလူတွေကို အိုးဖုတ်တဲ့ နေရာမှာ ဆောက်ထားတဲ့ ရွှံ့တဲတွေမှာ  ပေးနေခဲ့သည်။
 

ဟုတ်ရှိ သည် တဲတစ်လုံးတွင် သူ့အမျိုးသမီးနှင့်အတူ လဲလျောင်းနေခဲ့သည်။ ထိုတဲသည် မီးဖြင့် ခြောက်သွားသောကြောင့် အတွင်းခန်းမှာ အလွန်စိုစွတ်ခြင်းမရှိပေ။ ဟုတ်ရှိသည် ထောင့်တစ်နေရာတွင် လှဲလျောင်းနေပြီး သူ့စိတ်ထဲတွင် ယနေ့တွေ့ကြုံခဲ့ရသမျှအရာအားလုံးသည် အိပ်မက်တစ်ခုလို ခံစားလိုက်ရသည်။

သူ့ကလေးက မသေသေးဘဲ သူနဲ့သူ့အဖော်က မျိုးနွယ်သစ်တစ်ခုမှာ အခြေချနေထိုင်ခဲ့တယ်... ဒါက တကယ်ကို အံ့သြစရာကောင်းတယ်။

"ငါတို့ အခုလို ကောင်းကောင်းမွန်မွန် ဆက်လက် ရှင်သန်နိုင်မယ်လို့ မထင်ခဲ့မိဘူး"

 ဟုတ်ရှိဘေးက လူကလည်း ပြောသည် ။ သူသည် ဝက်ဝံကြီးမျိုးနွယ်ထံ ချဉ်းကပ်ကာ နောက်ဆုံးတွင် ရှုန်းယယ်  ၏ ဖမ်းဆီးခြင်းကို ခံရစဉ်တွင် သူ သတိလစ်သွားခဲ့သည်။  

သူသည် ဝက်ဝံကြီး မျိုးနွယ် သို့ရောက်ပြီး မြေကြီးဥ စွပ်ပြုတ်နံ့ကို ရသောအခါ သူနိုးလာခဲ့သည်။ ရှုန်းယယ်  စိတ်အနှောက်အယှက်မဖြစ်စေရန်၊ သူ တတ်နိုင်သမျှ အစားအစာများကို အမြန်စားလိုက်သည်။ ရှုန်းယယ်က သူ့ဒဏ်ရာမှ ပုပ်နေသောအသားကို ခြစ်ထုတ်စဉ် အသံမထွက်ပဲ  တိတ်ဆိတ်နေခဲ့သည်။

အဲဒီတုန်းကတော့ စကားများများမပြောပေမယ့် နည်းနည်းတော့ စိတ်ပူနေသေးတယ်။ လှီးဖြတ်ထားတဲ့ အသားက ပြန်မပြည့်လာတော့မှာကို စိုးရိမ်နေပြီး သေတော့မယ်လို့ တွေးမိနေတုန်းပါပဲ။ မထင်မှတ်ဘဲ၊ သူ့အသားကို လှီးဖြတ်ပြီးတဲ့ နောက်မှာတော့ သူ ပိုပိုပြီး စိတ်အေးလက်အေး ခံစားရပြီး  ဆေးရည်နဲ့ ညစာကို စားပြီးတဲ့အခါ... သူ ကောင်းကောင်း အသက်ရှင်သန်နေထိုင်နိုင်လိမ့်မယ်လို့တောင် တွေးခဲ့ပါသေးတယ်။

 ထိုလူ၏အမူအရာမှာ ရွှင်လန်းမှုအပြည့်ရှိသော်လည်း သူ ခံစားရသည့် ပျော်ရွှင်မှုနောက်မှာ ဝမ်းနည်းခြင်းက ကပ်ပါလာခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ခရီးတစ်ဝက်တွင် သေဆုံးသွားခဲ့သော အချစ်ဆုံး  သူငယ်ချင်းတစ်ယောက်ရှိခဲ့သည်။ အကယ်၍ သူသာ ရက်အနည်းငယ်ကြာအောင် တောင့်ခံနိုင်ခဲ့မယ်ဆိုရင်.... သူတို့ အတူတူ ဆက်ပြီး အသက်ရှင်နိုင်သေးသည်။
 

သူတို့ ရွှံ့တဲထဲမှာ အိပ်ကြပြီး နောက်ဆုံးတော့ အိပ်ပျော်သွားကြတယ်။ နောက်နေ့မနက်စောစော မိုးလင်းမှ အပြင်မှာ လူတစ်ယောက်က အော်နိုးလိုက်သံကို ကြားလိုက်ရသည်။

"ထကြတော့...!"

ဒီလူတွေ ထပြီး အပြင်ကို ချက်ချင်း ထွက်သွားကြသည်။  မနေ့ကတွေ့တဲ့ ဘုန်းကြီးက သူတို့ရဲ့တဲရှေ့မှာ ရပ်နေတာတွေ့တယ်။ ဘုန်းတော်ကြီး က အားလုံးကိုပြောလိုက်သည်။

 "မင်းတို့အားလုံး  ငါတို့အနွယ်ဝင်လာကြပြီဆိုတော့ ဒီနေ့ကစပြီး မင်းတို့ အမျိုးအနွယ်အတွက် အလုပ် လုပ်မယ်"  

အလုပ်ကို လုပ်ခြင်းသည် လုပ်သင့်လုပ်ထိုက်သောအရာဖြစ်သည်။ ဒီလူတွေ တယောက်ပြီး တယောက် ခေါင်းညိတ်တယ်။ သူတို့လည်း နည်းနည်းစိုးရိမ်ကြတယ်--အမဲလိုက်ခိုင်းရင် သူတို့က အားနည်းနေသေးလို့ သားကောင်မဖမ်းနိုင်လောက်ဘူး...

သူတို့ စိုးရိမ်နေကြစဉ်တွင် ဘုန်းတော်ကြီးက လုပ်ရမယ့်အလုပ်ကို ပြောခဲ့သည်။

  "ဒီနေ့ မင်းတို့က မြေဥတွေတူးဖို့ ငါ့နောက်လိုက်ခဲ့ရမယ်... မြေကြီးဥတွေ မတူးခင် စားစရာ တွေ စားရမယ် "

သိမ်းထားတဲ့ မြေဥ နောက်ဆုံးလက်ကျန်သည် စားမကုန်နိုင်လို့ တချို့က တပိုင်းလောက် ပုပ်စပြုနေသည်။  ဒါတွေကို  မကြာခင်မှာကုန်အောင် စားပစ်မှဖြစ်မယ်။ ဒါကြောင့်  ဒီလူတွေကို ကျွေးရမယ်။ ... ဒီလူတွေက အလုပ်လုပ်ဖို့ရာ ပိန်လွန်းတဲ့အတွက် သူတို့ကို ကျန်းမာရေး ကောင်းမွန်လာအောင် အရင် ကျွေးပြီး ကူညီရမယ်။

ဘုန်းတော်ကြီးက မြေဥအချို့ကို ယူလာကာ ထိုလူများကို သူတို့ဖာသာ  ကင်ခိုင်းသည်။ ထိုမြေဥများကို ဆုပ်ကိုင်ထားသော လူတွေက ကျေးဇူးတင်ခြင်းအပြည့်ဖြင့် ကြည့်နေကြသည်။ မနေ့က ထမင်းနှစ်နပ်စားပြီး ဒီမနက် ထပ်စားရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။  

ဒါ့အပြင် ဝက်ဝံကြီး မျိုးနွယ် က သူတို့ကို မြေကြီးဥတွေ တူးဖို့ ပြောခဲ့တယ်... ဒီလုပ်ငန်းက လွယ်ရုံတင်မကဘူး၊ သူတို့ က အစာနဲ့တောင် ထိတွေ့နိုင်တယ်။ ဝက်ဝံကြီး မျိုးနွယ် မှလူများသည် သူတို့ကို အလွန်ယုံကြည်ကြပြီး သူတို့ကို ကောင်းမွန်စွာ ဆက်ဆံကြသည်။

ဒီလူတွေက မြေဥတွေကို ကင်ပြီးစားပြီး အလုပ်စလုပ်ဖို့ ဘုန်းကြီးနောက်ကို လိုက်ကြတယ်။ သူတို့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက မပျောက်သေးရင်တောင် အလုပ်ဆက်လုပ်သွားဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေကြတုန်းပါပဲ-- သူတို့ သိပ်မလုပ်နိုင်ပေမယ့် နည်းနည်းတော့ လုပ်နိုင်ပါသေးတယ်။

ဝက်ဝံကြီး မျိုးနွယ် ကို ရောက်ဖူးတဲ့ ဒီလူတွေက မြေဥတွေကို တူးဖို့ ကြိုးစားနေချိန်မှာ ကျိုးကျီ က အိုးတစ်လုံးကို ပုံဖော်နေပါတယ်။ သူ့စိတ်ဝိညာဉ်ကို အသုံးပြုလျှင် အကောင်းဆုံး အိုးခွက်ကို ပုံဖော်နိုင်မည်ဟု သူ ခံစားမိသည်။လိမ်လည်လှည့်ဖြားရန် သူ၏ စိတ်စွမ်းအားကို အသုံးပြုခဲ့မည်ဆိုလျှင်၊ အမှန်မှာ၊ သူက မြေအိုးကို သူ့ လက်တွေနဲ့ ကောင်းစွာပုံဖော်ထားနိုင်ခဲ့သည်။  

လဝက်ကြာအောင် ရွှံ့စေးကို ထုလုပ်ထားသည့် သူ့ပတ်ဝန်းကျင်ရှိ လူများက သူ့ကို ထိုကဲ့သို့ ကောင်းမွန်သော အိုးတစ်လုံးကို လွယ်လွယ်ကူကူ ဖန်တီးနိုင်သည့် ကျိုးကျီကို ကြည်ညိုမှုအပြည့်ဖြင့် ကြည့်နေကြသည်။ ကျိုးကျီ သည် သားရဲနတ်ဘုရား၏တမန်အဖြစ် အမှန်တကယ် ထိုက်တန်ပါပေတယ်။ သူ့ရဲ့ ဖန်တီးမှုစွမ်းရည်တွေက အရမ်းကောင်းပါတယ်။

ထိုလူများ၏ ကြည်ညိုလေးစားသော အကြည့်များအောက်တွင် ကျိုးကျီ သည် အိုးပုံသဏ္ဍာန်မပြီးသေးဘဲ အခြားအရာများကို ဖန်တီးရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။ အတိုချုပ်ပြောရရင် အိမ်မှာသုံးလို့ရတဲ့ အရာတွေကို ဆက်လက်ပုံသွင်းနေသည်။  နောက်ဆုံးတွင်၊ သူ၏စိတ်စွမ်းအားများ၏ အကူအညီဖြင့်၊ သူသည် ရွှံ့နှင့်ဝက်ဝံတစ်ကောင်ကိုလည်း ပုံသွင်းခဲ့သည်။

ပုံသဏ္ဍာန်မျိုးစုံရှိသော အိုးများနှင့် ပန်းကန်များကို ဖယ်ထားသော်လည်း ဝက်ဝံကို ယူသွား၍ ဂူထဲတွင် ထည့်ထားလေ၏။ တွင်းထဲမှာ မြေအိုးတွေကို စီထည့်ကာဖုတ်သည့် အချိန်မှ  ပြန်ထုတ်လာပြီး ဖုတ်ဖို့  စီစဉ်ခဲ့တယ်။

ရွှံ့စေးဖြင့် ပုံဖော်သည့် တာဝန်ပြီးသောအခါ ကျိုးကျီ သည် မြေဥများ တူးနေသည့်နေရာသို့ သွားခဲ့သည်။  

သူ၏ 'အကူအညီ' မရှိဘဲ၊ ထိုရိတ်သိမ်းမှုမှ မြေဥများသည် ယခင်အကြိမ်များကဲ့သို့ မကြီးမားသော်လည်း မြေသြဇာအသုံးပြုမှုကြောင့် ထိုမြေဥများသည် သေးငယ်သည်ဟု မယူဆနိုင်ပေ။ ဒါ့အပြင် သူတို့လည်း  မြေဥများစွာကို စိုက်ပျိုးထားလို့ အထွက်လည်း အတော်လေးကို များလှသည်။
 
မျိုးနွယ်ဝင်အသစ်များသည် သေးငယ်သော မြေဥများကိုပင် ဂရုတစိုက်တူးကာ ချန်ထားခဲ့ခြင်းမရှိပေ။ တူးနေစဉ် ဝက်ဝံကြီးမျိုးနွယ်ရဲ့ လုပ်ရပ်တွေက အံ့သြဖွယ်ကောင်းလောက်အောင်ဖြစ်လို့  သူတို့အားလုံး သက်ပြင်းချခဲ့ကြသည်—ဝက်ဝံကြီး မျိုးနွယ် မှလူများသည် အမှန်တကယ်စားသောက်ဖို့  ဒိုင်နိုဆောများကို မွေးမြူထားကြသည်!

 ကျားကြီးမျိုးနွယ်  က ဝက်ဝံကြီး မျိုးနွယ် ထက် ဘယ်လို ပိုကောင်းပါ့မလဲ။

တစ်ခုတည်းသောအားသာချက်က...  ကျားကြီးမျိုးနွယ်တွင် လူများစွာရှိ၍ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်ပြင်းထန်သည်။ ကျားကြီးမျိုးနွယ်  က ဝက်ဝံကြီး မျိုးနွယ် ကို တိုက်ခိုက်ဖို့ တကယ်ရောက်လာခဲ့ရင်...  

ထိုလူများသည် ဝက်ဝံကြီး မျိုးနွယ် သို့သာရောက်ရှိခဲ့သော်လည်း ဝက်ဝံကြီး မျိုးနွယ် ၏အနာဂတ်အတွက် စိတ်ပူစပြုလာနေပြီဖြစ်သည်။

ဟုတ်တယ်၊ သူတို့က ကြာကြာမစိုးရိမ်ခဲ့ကြပါဘူး—ဝက်ဝံကြီးမျိုးနွယ်ကို သားရဲနတ်ဘုရားက အလွန်ချစ်မြတ်နိုးတယ်။ သူတို့ သေချာပေါက် အဆင်ပြေမှာပါ!

ထိုနေ့တွင် စုပေါင်းအမဲလိုက်ခြင်း မရှိသောကြောင့် ထိုညတွင် အသားမဝေငှသော်လည်း ဘုန်းတော်ကြီး  လူတိုင်းကို မြေဥအချို့ ခွဲဝေပေးသည်။

မြေဥတွေကို ဖြန့်ဝေပြီးတဲ့နောက်... မျိုးနွယ်စုက လူတွေက အခုတလောတွေ့လေ့ရှိတဲ့ နောက်ထပ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ရှုန်းယယ်  က တကျူးမျိုးနွယ်ထဲက လူတွေကို နောက်တစ်ကြိမ် စိန်ခေါ်ဖို့ သွားခဲ့တာဖြစ်သည်။

ဒါတင်မကသေးပါဘူး၊ ဒီတစ်ကြိမ်မှာတော့ ရှုန်းယယ်  က တစ်ယောက်ထဲတင်မဟုတ်ဘဲ နှစ်ယောက်တစ်ယောက် တိုက်ဖို့ စိန်ခေါ်ခဲ့တာပါပဲ ။

ရှုန်းယယ်  က ကျူးကျန်း ရှေ့မှာ ရပ်လိုက်ပြီး ကျူးကျန်း ရဲ့ လက်အောက်ငယ်သားနှစ်ယောက်ကို တစ်ပြိုင်နက် တိုက်ခိုက်ဖို့ အဆိုပြုပြီး ပြောခဲ့သည်။

 "မင်းတို့ နှစ်ယောက် တစ်ယောက် တိုက်ဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ မင်းကို သကြားနည်းနည်းလောက်ပေးလို့ရတယ်!"

ကျူးကျန်း : "......"

သူ ငြင်းချင်ပေမယ့် အခု ရှုန်းယယ်  က သကြာဖြင့် ကမ်းလှမ်းလာသောအခါ သူက  သကြားအရသာကို မြည်းကြည့်ချင်နေပြီ ။ သကြားက အရမ်းအရသာရှိတယ်။ ပျားရည်ထက်တောင် အရသာရှိပြီး ရိုးရှင်းပါတယ်။

ကျူးကျန်း က အံကြိတ်ကာ နောက်ဆုံးတော့ သဘောတူလိုက်သည်။
 "ကောင်းပြီ!"

ရှုန်းယယ်  က တကယ်ကို ပိုပိုပြီး အားကောင်းလာတယ်။ ကျူးကျန်း က ဒီရှုန်းယယ်က သူ့ ကို စိန်ခေါ်ဖို့ မကြာခင်မှာဘဲ  အဆိုပြုလာတော့မယ်လို့ ခံစားရနေတယ်.....

***-***










ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now