Chapter ( 118 ) _ ဝန်ခံခြင်း

5.8K 1K 21
                                    

Chapter ( 118 ) _ ဝန်ခံခြင်း


"ငါ အခုအဆင်ပြေပါတယ်။" ကျိုးကျီ က ရှုန်းယယ်ရဲ့လက်ထဲက ဆေးမည်းမည်း အရည်တွေကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြီး အလေးပေး ပြောလိုက်တယ်။

ရှုန်းယယ်က သူ သတိလစ်သွားချိန်မှာ ဆေးများစွာကို တိုက်ကျွေးခဲ့ပြီး သူ့ပါးစပ်ထဲမှာ ဆေးရဲ့ ခါးသက်တဲ့ အရသာတွေနဲ့ ပြည့်နေသေးသည်။ သူ ဒီဆေးကို အခုမှ ထပ်မသောက်ချင်တော့ဘူး။

"ဆေးသောက်ရင် ပိုကောင်းလာလိမ့်မယ်။ ဒီဆေးက သွေးကို ထပ်ဖြည့်တင်းပေးတယ်။"

ရှုန်းယယ်က ပြောသည်။ ကျိုးကျီ သည် သွေးများဖြင့် ရွှဲနေကာ ဒဏ်ရာများဖြင့် တကိုယ်လုံး ဖုံးလွှမ်းနေခဲ့သည်။ ဒါကြောင့် သူတကယ်ကို စိုးရိမ်ခဲ့တယ်။

ကျိုးကျီ က ထပ်ငြင်းချင်ပေမယ့် ရှုန်းယယ်ရဲ့ စိုးရိမ်ပူပန်နေကာ ချောင်ကျနေတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ ရှုန်းယယ်အိပ်မပျော်တာ နှစ်ညရှိပြီ၊ ပင်လယ်ထဲမှာ သူ့ကိုရှာဖို့တောင် ထွက်သွားခဲ့တယ်... သူ ကျိုးကျီ ကို ဆေးကြောပြီး သန့်စင်ပေးခဲ့ပေမယ့် ရှုန်းယယ် ကိုယ်တိုင်ကတော့ ပင်လယ်ရေရဲ့ ရနံ့တွေ ဖုံးလွှမ်းနေဆဲဖြစ်သည်။ သူ့မျက်လုံးတွေ နီရဲနေပြီး လောလောဆယ်တော့ တော်တော်ကို အဆင်မပြေဖြစ် နေပုံရတယ်။

ကျိုးကျီ ၏နှလုံးလေးက သူ့ဝက်ဝံလေးရဲ့ ဒီပုံစံကို မြင်တော့ ချက်ချင်းပင် ပျော့ကျ သွားသည်။ ဒါကြောင့် သူက ဆေးကို မငြင်းတော့ပဲ မော့သောက်လိုက်သည်။ ဒီဆေးက သူ့ကို အထောက်ကူမပြုပေမယ့် ဆိုးကျိုးမပေးနိုင်ပါဘူး။

ဒါကြောင့် သူ ဆေးသောက်ပြီးတာနဲ့ ရှုန်းယယ်ရဲ့ တက်ကြွနေတဲ့ အသံကြီး ထွက်လာတော့သည်။

"ကျိုးကျီ... ကျွန်တော် ဆေးတွေအများကြီး ကြိုထားတယ်။ ငါ မင်းကို နောက်ထပ်ပန်းကန် ထည့်ပေးရမလား"

ကျိုးကျီ : "......"

ဒီလောက်ကြီးမားသော သားရဲဘုရင်ရဲ့ အမြူတေကို စားပြီးနောက် သူက သားရဲဘုရင် ထက်ပင် ပိုမိုအားကောင်းလာခဲ့လေပြီ။ ကျိုးကျီက သူ နောက်တစ်ကြိမ် ထပ်မရူးသွပ်သွားမချင်း ဆေးသောက်ဖို့ကို မေ့ပစ်လိုက်တော့မည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Donde viven las historias. Descúbrelo ahora