Chapter ( 94) _ Guerrilla Warfare -ပြောက်ကျား တိုက်ပွဲ

5.6K 921 5
                                    

Chapter ( 94) _ Guerrilla Warfare -ပြောက်ကျား တိုက်ပွဲ



မာရှောင် သည် မကြာမီတွင် ခေါင်းဆောင်ကြီး ဟူထျန်း အား ဝက်ဝံကြီး မျိုးနွယ် အကြောင်း သူ ရရှိထားသော အချက်အလက်ကို မျှဝေခဲ့သည်။ ဟူထျန်း ၏အမြင်အရ၊ မာရှောင် ၏အချက်အလက်များသည် ယခင်ကရရှိခဲ့သော မပြည့်မစုဖြစ်နေသော သတင်းအချက်အလတ်များထက် များစွာ ပိုမို ယုံကြည်စိတ်ချ ရသည်။

ဒီသတင်းတွေက အဓိပ္ပါယ်ရှိသည်; ဝက်ဝံကြီးလူမျိုးတွေက တကယ်ကို အားကောင်းရင် ဟူတျောက် နဲ့ တခြားသူတွေကို တွေ့တဲ့အခါ ချက်ချင်း သတ်ပစ်ခဲ့မှာပေါ့။ သူတို့ ထွက်ပြေးချင်ယောင်ဆောင်နေစရာ မလိုတော့ဘဲ ချောင်းမြောင်းပြီး သတ်ပစ်ဖို့ ပြန်လာခဲ့တယ် မဟုတ်လား။

ဘာရိုဆောရပ်စ် ကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မောဝ် ဟောင့် က အနည်းငယ်သာမြင်ခဲ့ရပြီး အခြေအနေအသေးစိတ်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရှိခဲ့ပေ။ ဒိုင်နိုဆောတွေ စုဖို့ သူတို့ရဲ့ အဖိုးတန် ဆေးဖက်ဝင်အပင်တွေကို သုံးခဲ့ပေမယ့် အခုတော့ အားလုံး အလကားဖြစ်ကုန်ပြီ။ ဒိုင်နိုဆောတွေဟာ ဝက်ဝံကြီး မျိုးနွယ် ရဲ့ အစားအစာအဖြစ် အဆုံးသတ်သွား ပါပြီ။ ဒါကို သိလိုက်သည်နှင့် ဟူထျန်း တုန်လှုပ်သွားသည်။

"လူသုံးရာကိုစုပြီး ဝက်ဝံကြီးမျိုးနွယ်ဆီ ခေါ်သွားပါ။" ဟူထျန်း က အမိန့်ပေးလိုက်တယ်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး!"

လွန်ခဲ့သည့်ရက်အနည်းငယ်က ဝမ်းပျက်ဝမ်းလျှောဝေဒနာခံစားနေရသော မာရှောင် က ချက်ချင်း တုံ့ပြန်ခဲ့သည်--ဝက်ဝံကြီးမျိုးနွယ်က သူ့ကို စားဖို့ ပေးခဲ့သော အနံ့အသက်ရှိသော အသားတစ်ပိုင်းက ပြဿနာရှိပုံပေါ်သည်။ သူ့ ဂန္ဓမာပန်းလေးခမျာ ပွင့်ထွက်လုမတတ်ကို အိမ်သာ အကြိမ်ကြိမ်သွားခဲ့ရသည်။

ကျားကြီးမျိုးနွယ်တွင် ကျွန်များမပါဝင်ပဲ လူအင်အား နှစ်ထောင်ကျော်ရှိသည်။ ဒီလူတွေထဲက တစ်ထောင်လောက်က တော်ရုံတန်ရုံ တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိတယ်။ သို့သော်၊ သူတို့သည် အခြားသူများကို တိုက်ခိုက်ရန်သွားသောအခါတွင် လူအင်အား ထောင်ပေါင်းများစွာကို ဟူထျန်း နှင့်အတူ ခေါ်ဆောင်လာရန် မဖြစ်နိုင်ပေ။ သူသည် မျိုးနွယ်စုထဲတွင် သက်ကြီးရွယ်အိုများနှင့် အားနည်းသူများကို ပြုစုစောင့်ရှောက်ရန် လူများကို ချန်ခဲ့ရသလို ကျွန်များကို စောင့်ကြည့်ကာ အမဲလိုက်ခြင်းကို တာဝန်ယူရန် လူများစွာ လိုအပ်သည်။

ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed)Where stories live. Discover now